← Chapters

ဓားဝိညာဉ် မိန်းကလေး ... ။

Vol. 8 Ch. 91

ဓားဝိညာဉ် မိန်းကလေး ... ။

Vol. 8 Ch. 91

တခြားသူများနှင့် ခွဲခွာပြီးနောက် ကူချန်တစ်ယောက် တောအုပ်များအနှံ့ လှည့်ပတ်သွားလာနေခဲ့သည်။

သူသည် လျှို့ဝှက်ဆန်းကြယ်သော အသံရှင်၏ သဘာဝရတနာ တည်နေရာကို ကောင်းကင်တာအို ပေါင်းစည်းခြင်းဖြင့် တွက်ချက်ကြည့်နေ၏။

သို့တိုင် အဖြေမထွက်ချေ။ သဘာဝ ရတနာ၏အဆင့်သည် မြင့်မားသောကြောင့် ဖြစ်နိုင်ပေမည်။ မဟုတ်သော် ထိုလျှို့ဝှက် ဆန်းကြယ်သောအသံသည် သူ့ကို ပြောပြမည်မဟုတ်ချေ။

သဘာဝရတနာများ၏ ဝိညာဉ်ရေး အဆင့်မြင့်မားသည်နှင့်အမျှ ကောင်းကင်နှင့် မြေကြီးကြား ဆယ်နွယ်မှု ပြင်းထန်သည်။ ဆိုလိုသည်မှာ ပို၍လျှို့ဝှက်နေ၏။

“ လဝက်နေလို့မှ ... သဲလွန်စ မတွေ့တော့ရင် ဒီကနေထွက်သွားမယ်။ ”

ဆုံးဖြတ်ချက် ချလိုက်သည်။ သဘာဝ ရတနာများသည် အတွင်းဧရိယာတွင် ရှိနေသော် ဝင်ရောက်ရန်ဆန္ဒမရှိချေ။ ရေကန်ဧရိယာကို အပြင်၊ အတွင်းနှင့်၊ ဗဟိုနယ်မြေအဖြစ် ပိုင်းခြားထားသည်။။

ဗဟိုနယ်မြေတွင် မြင့်မားသော တောင်တန်းများနှင့် ရေကန်ငယ်များစွာရှိပြီး ယွမ်ဖူနယ်ပယ်အထက် သားရဲများရှိ၏။

အတွင်း ဧရိယာတွင်မူ ယွမ်ဖူနယ်ပယ်သည်သာ အများဆုံးဖြစ်သည်။ အနည်းငယ်မျှသာ ယွမ်ဖူထက်ကျော်လွန်၏။

ရှည်လျားသော သက်တမ်းအရ ကျင့်ကြံမှုသည် မလွဲမသေ မြင့်မားလာနိုင်မည်။ ထို့ကြောင့် စွန့်စားရန် မလိုအပ်ချေ။

အတွင်းအပြင်နယ်စပ်၌ ဆယ်ရက်ခန့် ရှာဖွေမှုပြုလုပ်ခဲ့၏။ အသုံးဝင်သော အရာများ မရရှိခဲ့ဘဲ ယွမ်ဖူနယ်ပယ် သားရဲအချို့ကိုသာ ဆုံတွေ့ခဲ့ရသည်။

ထိုသားရဲများသည် စပါးအုံးမြွေနက်နှင့် နှင်းမိကျောင်းတို့ထက် အားနည်း၏။ ၎င်းတို့၏ နတ်ဆိုးဆေးပြားတန်ဖိုးမှာ ငါးထောင်ခန့်သာ တန်ပေမည်။

သာမာန်အားဖြင့် ယွမ်ဖူနယ်ပယ် ကျင့်ကြံသူသည် တူညီသောနယ်ပယ်ဖြစ်သော သားရဲတစ်ကောင်ကို အနိုင်ယူရန် မလွယ်ကူချေ။

သားရဲများသည် သဘာဝအတိုင်း ခံနိုင်ရည်ရှိကြပြီး မျိုးဆက်သွေးအစွမ်းများကို အသုံးပြုနိုင်ကြ၏။

၎င်းတို့နှင့် ရင်ဆိုင်ရာတွင် အကောင်းဆုံးနည်းလမ်းမှာ လျှို့ဝှက်နည်းစနစ် သို့မဟုတ် ဝိညာဉ်ရေးလက်နက် စသည်တို့ဖြင့် အသုံးပြုခြင်းသည်သာ လုံခြုံပေမည်။

သို့သော် ပြင်ပအရာများအပေါ် အားကိုးခြင်းသည် တိုက်ပွဲတွင် ကြာရှည်ခံမည် မဟုတ်ချေ။ ဆိုလိုသည်မှာ ခွန်အားသည်သာ အရာရာဖြစ်သည်။

လူသားကျင့်ကြံသူများတွင် ရုပ်ခန္ဓာကျင့်ကြံသူများ ရှိသော်လည်း တွေ့ခဲ၏။ အဘယ်ကြောင့်ဆိုသော် ကျင့်ကြံမှုနယ်ပယ် မြင့်မားလာသည်နှင့်အမျှ ရုပ်ခန္ဓာသည်လည်း အလိုလိုသန်မာလာပေမည်။

“ နောက်ထပ် တစ်ရက်ထပ်ရှာမယ် မတွေ့ရင် ပြန်ရအောင် ... ။ ”

အတွင်းဧရိယာကို အပေါ်မှ မြင်နိုင်သော တောင်ထိပ်တစ်ခုပေါ်တွင် ရပ်ကာ အဝေးသို့ ငေးကြည့်လိုက်သည်။ ဤနေရာမှနေ၍ ဗဟို ဧရိယာရှိ တောင်တန်းကြီးများကို မြင်နိုင်၏။

ထိုတောင်တန်းကြီးများသည် ကောင်းကင်ပေါ် ဖောက်ထွက်နေသကဲ့သို့ မြင့်မား ကြီးမားလွန်းချေပြီ။

“ ဝှစ် ... ။ ”

တောင်ထိပ်အများစုသည် တိမ်ပင်လယ်အတွင်း ပျောက်ကွယ်နေချေ၏။ အတွေးများ ရုတ်သိမ်းကာ တောင်ပေါ်မှ ခုန်ချလိုက်သည်။

ဤနေရာရှိ ရေများသည် ရေများ ခန်းခြောက်သွားခဲ့သည်မှာ ကြာမြင့်နေချေပြီ။ မြေပြင်၌ စိမ်းလန်းစိုပြေသော မြက်ပင်များ ဖုံးလွမ်းနေ၏။

မဝေးလှသောအရပ်မှ ရေကျသံများ တောင်ကြားလွင်ပြင်အနှံ ပဲ့တင်ထပ်နေသည်။ ထိုအရပ်သို့ လျှောက်လှမ်းသွားပြီး ယုန်သားကို ဆေးကြောသန့်စင်ကာ မီးကင်လိုက်၏။

မကြာခဏဆိုသလို သိုလှောင်လက်စွပ် အတွင်းမှ ဟင်းခတ်အမွေးအကြိုင်များ ထုတ်ပြီး ပက်ဖြန်းပေးနေသည်။

ယွမ်ဖူနယ်ပယ်သည် တိမ်နှင့်လေကို စားသုံးနိုင်သော်လည်း သာမန်လူများနည်းတူ အသားကင်စားခြင်းသည် ပို၍ ခံစားချက် ကောင်းစေသည်။

လူတစ်ဦးအတွက် အကြား၊ အနံ့၊ အရသာ၊ အမြင်၊ အထိအတွေ့၊ အသိဟူသော အာရုံ(၆)ပါး ခံစားနိုင်သည်။ အရသာသည် ထိုခြောက်ပါးထဲမှ တစ်ခုလည်းဖြစ်၏။

အစားအသောက်များသည် အရသာ မရှိဟူသော စကားကို နေရာတိုင်း၌ ကြားနိုင်၏။ သို့သော် ထိုအစားအစားကို မစားသော် ပို၍ အရသာကို မသိနိုင်တော့ချေ။

သည့်ပြင် အာရုံးခြောက်ပါးတွင် တစ်ပါးချို့တဲ့နေသူနှင့် ကွာခြားတော့မည်လည်း မဟုတ်ကြောင်း ပြောနိုင်သည်။

ယုန်သားကင်ရနံ့များ မွှေးကြိုင်လာ၏။ ကျင့်ကျိဓားထုတ်ယူလိုက်ကာ ယုန်သားကင်ကို ဖြည်းညှင်းစွာ လှီးဖြတ်လိုက်သည်။

“ ဘရူး ... ။ ”

ကျင့်ကျိဓားမှ မကျေနပ်စွာဖြင့် တုန်ခါပြလာ၏။ သူသည် လူသတ်ဓားဖြစ်၏။ အသားလှီးဓား မဟုတ်ချေ။ ကူချန်မှ ပြုံးပြီး ပွတ်သပ်လိုက်ကာ၊

“ တိတ်တိတ်နေ ... ဘာအတွက်ပဲ သုံးသုံး ... ဓားဆိုတဲ့ရည်ရွယ်ကို မပျောက်စေဖို့ပဲလိုတယ်။ ”

-ဟု နှစ်သိမ့်လိုက်သည်။

“ ဘရူး ... ။ ”

( မင်းနည်းနည်းလောက် ... လေးစားသမှုထားလို့ မရဘူးလား။)

သို့တိုင် ကျင့်ကျိမှ မကျေနပ်ကြောင်း ထပ်မံတုန်ခါပြ၏။ ကူချန်က ညစ်ကျယ်ကျယ်ပြုံးပြီး၊

“ မင်းဆန္ဒမရှိရင် အခြားဓားနဲ့ လဲလိုက်မယ်။

“ ဘရူး ... ။ ”

( မလုပ်နဲ့ ... ။ )

ကျင့်ကျိဓားသည် ရုတ်တရက် တုန်ခါမှုရပ်သွား၏။ တစ်ဖက်လူမှ ဆန္ဒမရှိသော် အခြားသောအဖော်များကဲ့သို့ မှောင်မိုက် ကျဉ်းမြောင်းသောအခန်းထဲတွင် သိမ်းထားခံရပေမည်။

“ ဟား ဟား ဟား ... ။ ”

ကူချန်မှ ရယ်မောလိုက်၏။ ဤဝိညာဉ်ရေးဓားသည် အမှန်ပင် ဝိညာဉ်ရေး လက်နက်အဖြစ် ခေါ်ထိုက်ချေပြီ။

၎င်းတွင်ရှိသော ဝိညာဉ်သည် တစ်ခါတစ်ရံတွင် ကလေးငယ်တစ်ယောက် ကဲ့သို့ အသိဉာဏ်အနည်းငယ်ရှိ၏။

ကလေးငယ်ဆိုသည့်အတိုင်း အနည်းငယ်မျှပင် ကလန်ကဆန် ပြုမူနေတတ် ချေပြီ။ ကြောက်အောင်ခြောက်ရန်လည်း လွယ်ကူသည်။ ယုန်သားကင်ကို ပါးစပ်ထဲ ထည့်ကာ ဝါးလျက်၊

“ အကောင်းဆုံး ... ဝိညာဉ်ရေး လက်နက်တွေက သာမန်လူသားတစ်ယောက် နီးပါး အသိဉာဏ်ရှိတယ်လို့ ကြားဖူးတယ် အဲဒါမှန်နေပုံရမယ်။ ”

-ဟု ရေရွတ်လိုက်သည်။

ထို့နောက် ပထမဆုံးသွန်းလုပ်ထားသည့် ကျင့်ကျိဓားထံ ပြန်ငုံ့ကြည့်၏။ ဝိညာဉ်အဆင့်ကို ယေဘုယျအားဖြင့် မပြောင်းလဲနိုင်သော်လည်း ချွင်းချက်မရှိဟု မဆိုလိုချေ။

‘ကောင်းကင်နှင့်မြေကြီး ဆေးအိုးကြီး ဓားသုတ္တန်’သည် ဝိညာဉ်ရေးလက်နက်များ သွန်းလုပ်ရန် ကျမ်းဖြစ်သည်။

ကောင်းကင်နှင့်မြေကြီးကို အရည်ပျော်သောမီးအိုးအဖြစ် အသုံးပြုသည်။ ထို့ကြောင့် ဂုဏ်သတ္တိတိုင်းကို အရည်ဖျော်လျက် ဝိညာဉ်ဖြင့်တစ်သားတည်း ဖြစ်စေမည်။

ဆိုလိုသည်မှာ ၎င်းကျမ်းသည် ဝိညာဉ်ရေးလက်နက်များ၏ ဝိညာဉ်အဆင့်ကို မြှင့်တင်ပေးနိုင်၏။ ထို‌ကြောင့် ကျင့်ကျိဓားသည် သူ့ဘဝတစ်လျှောက် လိုက်ပါလာနိုင်စေရန် သဘာဝအတိုင်း မျှော်လင့်ထားသည်။

ကျင့်ကျိဓားဝိညာဉ်သည် မည်သည့် လိင်အမျိုးအစား ဖြစ်မည်ကို သူ မသိနိုင်ချေ။ ကြည့်ရသည်မှာ က္ကတ္ထိလိင်ဖြစ်ပုံရ၏။ အနည်းငယ် ဇီဇာကြောင်သည်။

“ မိန်းကလေးလား ... အမျိုးသမီလား ... ။ ”

ကူချန်မှ ပြုံးလျက် ညည်းတွားလိုက်စဉ် ဦးခေါင်းအထက်မှ လေခွင်းသံတိုးတိုးကြားလိုက် ရသဖြင့် ချက်ချင်း မတ်တပ်ထရပ်ကာ ဘေးသို့ ခုန်ရှောင်လိုက်ရသည်။

‘ ဝှစ် ... ။ ”

ခန္ဓာကိုယ်အနှံ့ အနီရောင်အမွှေများဖြင့် တောက်ပနေသော ငှက်တစ်ကောင် ဖြစ်သည်။ ၎င်းက ယုန်သားကင်ကို ဖမ်းဆွဲသွား၏။

“ ဟမ့် ... ။ ”

မျက်မှောင်ကြုတ်ပြီး မော့ကြည့်လိုက်စဉ် အနီရောင်ငှက်သည် ယုန်ကင်ကို မြှောက်ကာ တကျိုက်တည်း မျိုချလိုက်၏။

ဤသည်မှာ မီးလျှံသိမ်းငှက်ဖြစ်သည်။ မကြာမကြာ ပြိုင်ဘက်များအပေါ် တိုက်ခိုက်ပြီး လုယက်နိုင်ခဲ့ပုံရ၏။ ယုန်သားကင်ကို လုယူ စားသောက်ရာတွင် အတွေ့အကြုံရှိနေသည်။

“ ရွှပ် ... ။ ”

အဆုံးတွင် သူ့ရှေ့ထားကာ ယုန်ကင်ကို စားသောက်ပြနေသော အသွင်က အနည်းငယ် သည်းမခံနိုင်စရာကောင်းနေ၏။

“ ဖရူး ... ။ ”

ဓားအလင်းတစ်လက် ကျင်းကျိဓားထံမှ ပြေးထွက်သွားသည်။ မီးလျှံသိန်းငှက်ကြီးက လျင်မြန်စွာ ရှောင်တိမ်းလိုက်၏။

“ ဘုတ် ... ။ ”

ဓားအလင်းသည် အတောင်ပံကိုသာ ထိမှန်လျက် အမွေးများ လွင့်ပျံသွားလေသည်။ သွေးထွက်နေသော ဒဏ်ရာတစ်ခု ကျန်ရစ်၏။

ထင်ထားသည်ထက် ပါးနပ်နေချေပြီ။ သားကောင်သည် သာမန်မဟုတ်သည်ကို သိပြီး မီးလျှံသိန်းငှက်က ချက်ချင်း ဆုတ်ခွာတော့၏။

“ ဝူး ... ။ ”

အမွေးအတောင်များ မီးတောက်လောင်လျက် အရှိန်သည်ရုတ်တရက် နှစ်ဆမြင့်တက်လာသည်။ ခဏအတွင်း ရှေ့ကနေ ပျောက်သွား၏။

“ မင်း ... ရွေ့လျားမှုခြင်း ပြိုင်ချင်တာလား။ ”

လှောင်ပြုံးဖြင့် ကျင့်ကျိဓားပေါ် ခုန်တတ်လိုက်ပြီး အဟုန်ကို သုံးဆတိုးမိသည်။ မီးလျှံသိမ်းငှက်က သူ့ကို လည်ပြန်ငုံကြည့်ပြီး ဦးခေါင်းပြန်မော့လျက် တိမ်ပင်လယ်အတွင်း ပြေးဝင်တော့၏။

​( ဒီကောင် ... လူလား ... ငှက်လား။ )

ထို့နောက်တွင် လူတစ်ယောက် ဓားပျံစီးလျက် မီးတောက်နေသော သိမ်းငှက် တစ်ကောင်ကို လိုက်ဖမ်းနေသည့် မြင်ကွင်းမျိုး ထွက်ပေါ်လာသည်။

( ဒီကောင် နတ်ဆိုးပဲ။ )

မီးလျှံသိမ်းငှက်ခမျာ အနည်ငယ် ထိတ်လန့်သွားပြီး ပျံသန်းမှုလမ်းကြောင်းကို ချက်ချင်း ပြေားလဲလိုက်၏။

“ ခရစ် ... ။ ”

သို့သော် ပျံသန်းရာ လမ်းကြောင်းအတွင်း လေဟာနယ်အက်ကွဲလျက် အေးစက်လွန်းသော ဓားတစ်လက် တိုးထွက်လာပြီး သူ့ခေါင်းကို ဖြတ်ချသွားသည်။

( ငါ ... သေပြီလား။ )

အတွေးမဆုံးခင် တစ်ဖက်လူသည် သူ့ခန္ဓာကိုယ်အတွင်းမှ နတ်ဆိုးဆေးပြားကို နှိုက်ယူသွားသည်ကို မြင်လိုက်ရ၏။

ယုန်သားကင်တစ်လုတ်အတွက် အသက်ပေးခြင်းမည်ချေနေပြီ။ ယင်းသည် သူ့ကိုများစွာ နောင်တရစေ၏။

မီးလျှံသိမ်းငှက်၏ နတ်ဆိုးဆေးပြားကို လေထုအလယ်နှိုက်ယူလျက် သိမ်းဆည်းလိုက် လေသည်။ ဤသည်မှာ မီးစွမ်းအင်ပါရှိသော နတ်ဆိုးဆေးပြား ဖြစ်နေချေ၏။ မမျှော်လင့်ထားချေ။

မီးလျှံသိမ်းငှက်၏ ခန္ဓာကိုယ်ကြီးနှင့် ဦးခေါင်းပြုတ်ကျနေသည်ကို လျစ်လျူရှုလျက် ပတ်ဝန်းကျင်ထံ ဝေ့ကြည့်လိုက်ကာ မျက်မှောင်ကြုတ်သွားသည်။

သူ့ ပတ်ဝန်းကျင်အတွင်း တိမ်မြူများ ရစ်သိုင်းလာပြီး အိမ်မက်တစ္ဆေရေကန်ကြီး၏ မြင်ကွင်းများ ပျောက်ကွယ်လာ‌နေတော့၏။

“ ဘာဖြစ်တာလဲ။ ”

***

All Chapters