← Chapters

တိမ်ပင်လယ်အတွင်း ပိတ်မိခြင်း။

Vol. 8 Ch. 92

တိမ်ပင်လယ်အတွင်း ပိတ်မိခြင်း။

Vol. 8 Ch. 92

များမကြာခင် ကူချန်တစ်ယောက် တိမ်ပင်လယ်အတွင်း နစ်မြုပ်သွားတော့၏။ မြေပြင်မှ မော့ကြည့်စဉ်က ထိုတိမ်ပင်လယ် မရှိချေ။ ထူးဆန်းလှ၏။

ဤဖြစ်စဉ်သည် အနည်းငယ် ထူးဆန်းလှသဖြင့် လက်ချောင်းများထိကာ ရေတွက်ကြည့်၏။

“ ကြယ်တွေမရှိရင် ... ကောင်းကင်တာအို ပေါင်းစည်းခြင်းက သက်ရောက်မှု မပေးနိုင်ဘူး ဒါပေမယ့် ဒီမှာနေမင်းကို မမြင်ရပေမယ့် အလင်းရောင်တော့ရှိနေပါသေးတယ်။ ”

တိမ်ထုကြီးကို မော့ကြည့်ကာ ညည်းတွားလိုက်၏။ နေ၊ လ၊ ကြယ်များ၏ အလင်းရောင်ရှိသည့် မည်သည့်အရပ်တွင်မဆို နက္ခတ်ဗေဒကို သူ သုံးနိုင်သည်။

ယခုမူ ကောင်းကင်ဘုံသည် လျှို့ဝှက်ချက်များကို လုံးလုံးလျားလျား ဖုံးကွယ်ပေးထားနေ၏။

တိမ်ပင်လယ်အတွင်း မည်မျှအထိ မြင့်မားသည်ကို မသိနိုင်သော တောင်တန်းကြီး တစ်ခုကို သတိထားမိလာသည်။

“ ဒါက မြူခိုးတွေနေရောင်ကို ဖုံးကွယ်နေလို့များလား။ ”

အတွေးတစ်ခုပေါ်လာပြီး တိမ်ပင်လယ်ကြီးနှင့်လွတ်ကင်းရာ ကောင်းကင် ပေါ်သို့ ချက်ချင်းပျံသန်းလိုက်သည်။

“ ထွက်သွားခွင့် မပေးဘူးလား။ ”

မြေပြင်နှင့် ကွာဝေးလာသည်နှင့်အမျှ ပို၍လေးလံလာသည်။ မြေကမ္ဘာမဟုတ်သော ဆွဲငင်အားတစ်ခုမှ ချုပ်နှောင်ထားချေ၏။

“ စိတ်ဝင်စားစရာပဲ။ ”

ထို့ကြောင့် ပတ်ဝန်းကျင်ရှိ တိမ်ပင်လယ်ကြီးကိုကြည့်ပြီး သူ့မျက်နှာ၌ အပြုံးတစ်ပွင့် ပေါ်လာ၏။

တိမ်မြူအတွင်း သစ်ပင်ရိပ်များသည် တစ္ဆေများနှင့်တူသည်။ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်နေခဲ့ကာ ပိုးမွှားအော်သံ များကိုသာ ကြားနေရ၏။

ဤနေရာတွင် အန္တရာယ်ရှိသည်လော။ မရှိနိုင်ဟု မြင်၏။ အတွေးဖြင့် တောင်တန်းပေါ် ဆင်းသက်လိုက်သည်။ ချက်ချင်း တိမ်မြူများ ရစ်သိုင်းလာ၏။ သတိမထားမိဘဲ တစ်စုံတစ်ရာ အသက်သွင်းမိလိုက်ပုံရ၏။

အိမ်မက်တစ္ဆေရေကန်ကြီးအတွင်း အဆိပ်ပြင်းသော တိမ်မြူများရှိသည်။ သို့သော် ထိုသို့သော အဆိပ်မြူများသည် အရောင်အသွေးစုံလင်၏။

ဤသို့ လွယ်လင့်တကူ သူ့ကိုဖမ်းမိနိုင်မည် မဟုတ်ချေ။ ဝိညာဉ်အသိကို စမ်းသပ်ဖြန့်ကျက် ကြည့်မိ၏။ သို့သော် ငါးမီတာအရောက်တွင် တစ်စုံတစ်ခုမှ ဟန့်တားထား၏။

“ ဝင်္ကပါပဲ ... ။ ”

အဖြေတွက်ထုတ်နိုင်ပြီးနောက် ကံကြမ္မာမျက်လုံး အသက်သွင်းကာ တိမ်မြူများ အတွင်း ဖြတ်ကြည့်လိုက်သည်။

အချိန်အနည်းငယ်ကြာ လှည့်ပတ်ကြည့်လျက် မှိန်ဖျော့နေသော အလင်းပျပျကို မြင်နိုင်လာ၏။

“ ဒီမှာလား ... ။ ”

ယင်းသည် ဝင်္ကပါမျက်လုံးဖြစ်သည်။ ထိုစဉ်အကြည့်များက ကျောက်တုံးတစ်တုံးပေါ် ကျရောက်သွား၏။ လျှောက်လှမ်းသွားကာ ကျောက်တုံးကို ရိုက်ချလိုက်သည်။

“ ချပ် ... ။ ”

ချက်ချင်းပင် တိမ်မြူများ ပျောက်ကွယ်သွားချေ၏။ တောင်တန်းပေါ်ရှိ သစ်ပင်များ၊ ဝါးများ၊ ကျောက်တုံးနှင့် ရေကန်ကို အခြေပြုကာ တည်ဆောက်ထားခြင်းပေပင်။

“ ဘာအတွက်လဲ ... ။ ”

ထိုမေးခွန်းသည် အရေးကြီး၏။ ဤမျှ ကြီးမားသော ဝင်္ကပါကို တည်ဆောက်ခြင်းသည် အဘယ့်ကြောင့်နည်း။

များမကြာခင် တိမ်မြူများသည် ပြန်လည်ရောက်ရှိလာပြီးနောက် ယခင်အတိုင်း တိမ်ပင်လယ်ကြီးဖြစ်တည်လာ၏။

ဝင်္ကပါမျက်လုံးကို မြင်သော်လည်း ဖျက်ဆီးရန် ဆန္ဒမရှိတော့ချေ။ ဤဝင်္ကပါသည် အချိန်ကြာမြင့်စွာတည်းကပင် သဘာဝနှင့် တသားတည်း ဖြစ်နေ၏။

ထို့ကြောင့် ဗဟိုချက်ကို ဖျက်ဆီးခြင်းဖြင့် အကျိုးဆက်တစ်ခု ဖြစ်လာနိုင်မည်။ ၎င်းသည် အန္တရာယ်မရှိချေ။ အမြင်အာရုံကို ဝေးဝါးစေပြီး ဝိညာဉ်အသိကို ပိတ်ဆို့ရန်သာ ရည်ရွယ်၏။

သန်မာသော ဝိညာဉ်အသိနှင့် ကံကြမ္မာမျက်လုံးကဲ့သို့ အခြားပညာရပ်များ နားလည်ထားနိုင်သော် အလွယ်တကူ ဖြတ်မြင်နိုင်ပေမည်။

“ ထွက်ပေါက်ရှာရမယ်။ ”

အတွေးဖြင့် နောက်ကွယ်မှ တရားခံကို သိချင်လာသည်။ တိမ်ပင်လယ်၌ ကန့်သတ်ချက် ရှိရပေမည်။ ဦးတည်ရာတစ်ရပ်ထံ သွားခြင်းဖြင့် အပြင်သို့ရောက်နိုင်၏။

ထိုသို့ မရောက်ရှိသော် ဤဝင်္ကပါသည် အသက်ဝင်နေဆဲဖြစ်ပြီး နောက်ကွယ်မှလူသည် သူ့ကို စောင့်ကြည့်နေပေမည်။

“ ဝှစ် ... ။ ”

အတွေးပေါ်သည်နှင့် ဦးတည်ရာ တစ်ရပ်ထံသို့ ချက်ချင်း ပျံသန်းလိုက်တော့၏။ ဆယ်မိုင်ခန့် ပျံသန်းပြီးနောက် တိမ်မြူများ ပါးလျလာသည်ကို မြင်လာရသည်။

တိမ်မြူအစပ် ရောက်ချိန်၌ ချက်ချင်းရပ်နားကာ ပြုံးပြီးပြင်ပသို့ လှမ်းထွက် လိုက်လေသည်။

“ ဟမ့် ... ။ ”

သို့သော် အမြင်အာရုံ မှုန်ဝါးလျက် လေဟာနယ်ဖရိုဖရဲဖြစ်လာကာ ခြေဖျားမှာ လေထဲရပ်တန့်သွားတော့၏။

“ ဘာလဲ ... ။ ”

ချက်ချင်းပင် ပတ်ဝန်းကျင် ပြောင်းလဲသွားသည်ကို သတိထားမိလာခဲ့သည်။ ဤနေရာတွင် မြူများထူထပ်ပြီး ဗဟိုချက် ဖြစ်နေကြောင်း သိရှိလိုက်၏။

ထိုစည် တိမ်မြူအတွင်း မှုန်ဝါးဝါး အရိပ်တစ်ရိပ် ဖြစ်ပေါ်လာသည်။ ရင်ဘတ်တွင် (V)ပုံသဏ္ဍာန် အမွေးဖြူဖြူများ ပါရှိနေသည့် အနက်ရောင်ဝက်ဝံကြီးဖြစ်၏။

အရပ်သည် (၇)ပေကျော်ကာ ၎င်းက ပတ်ဝန်းကျင်ထံ လှည့်ပတ်ကြည့်တော့သည်။ သူ့ကို မြင်ပုံမရချေ။ ထို့ကြောင့် လက်ဦးမှု ရယူလိုက်၏။

“ ရွှပ် ... ။ ”

“ ဝူး ... ။ ”

( ငါ ဘယ်သူလဲ။ )

( ငါ ဘာလို့ဒီမှာရှိတာလဲ။)

( ငါရှေ့မှာ ဒီလူက ရုတ်တရက် ဘယ်လို ပေါ်လာရတာလဲ။)

( ငါ့ကို ဘာလို့သတ်ရတာလဲ။)

ဝက်ဝံနက်မှ အော်ဟစ်လိုက်၏။ ဤဒေသမှ ထွက်ပြေးလွတ်မြောက်တော့မည့် အချိန်တွင် အမြင်အာရုံ မှုန်ဝါးကာ နတ်ဆိုးတစ်‌ကောင် ပေါ်လာပြီး သတ်ခြင်းခံလိုက်ရ၏။

တစ်ချက်တည်းဖြင့် နှလုံးသားကို ထိုးဖောက်သွားခြင်းပေပင်။ ထို့ကြောင့် သေဆုံး သည့်တိုင် သူ့အကြည့်များဗလာ ဖြစ်နေသည်။

ကူချန်မှ ဓားကို သိမ်းလျက် ဝက်ဝံအလောင်းထံ ကြည့်လိုက်လေသည်။ ဤသားရဲသည်လည်း တည်နေရာ ရွေ့ပြောင်း ခံလိုက်ရပုံပေပင်။ ကံကောင်းထောက်မစွာဖြင့် သူ ဦးစွာမြင်ကာ လျင်မြန်စွာ လှုပ်ရှားနိုင်ခဲ့၏။

မဟုတ်သော် ဝက်ဝံနက်၏ ပါးရိုက်သတ်ခြင်းခံရပေမည်။ မသေဆုံးခင် ဝက်ဝံနက်၏ အကြည့်များသည် တိမ်မြူတွေ အကြောင်း စဉ်းစားနေပုံရ၏။

ထို့နောက် ဝက်ဝံနက်၏ နတ်ဆိုးဆေးပြား ထုတ်ယူကာ တိမ်မြူများထံ လေးလေးနက်နက် စိုက်ကြည့်လိုက်သည်။

ဤမြူများထဲတွင် ပိတ်လှောင်ထားရန် မျှသာမက တည်နေရာရွေ့ပြောင်းခြင်း အစီရင် တစ်ခုကိုလည်း ခင်းထားပုံရ၏။

“ ဝှစ် ... ။ ”

နည်းနည်းတော့ ဒုက္ခဖြစ်ပေမည်။ အသက်ပြင်းပြင်းရှူလျက် မြူခိုးများအတွင်း အခြားသော အရပ်သို့ ပျံသန်းကြည့်၏။

“ ချပ် ... ချပ် ... ။ ”

ပြင်ပနေရောင်ကို မြင်ချိန်တိုင်းတွင် အကြိမ်ကြိမ် ပြန်ပို့ခံနေရသည်။ ပြန်ပေးပို့သည့် ဒေသများမှာ ကွဲပြား၏။ ကျပန်း ပို့‌ဆောင်နေပုံပေပင်။

ဤနည်းဖြင့် ဝင်္ကပါဖုံးအုပ်ထားရာ ဧရိယာအပေါ် တွက်ဆလာနိုင်၏။ ယင်းသည် မိုင်သုံးဆယ်ပတ်လည်မျှသာ ကျယ်ဝန်းပြီး အချိန်ယူသော် သူ လွတ်မြောက်နိုင်၏။

သို့သော် သူ့အတွက် မေးခွန်းသည် ဤဝင်္ကပါကြီးကို တည်ဆောက်ထားရသည့် ရည်ရွယ်ချက်ပေပင်။ ယင်းသည် ဤနေရာ၌ အဘယ့်ကြောင့် တည်ဆောက်ထားသနည်း။ သတ်ဖြတ်ရန် အတွက်ပင်လော။

“ စိတ်ဝင်စားစရာပဲ။ ”

***

All Chapters