မင်းသားမင်ဝမ် ... ။
Vol. 8 Ch. 95
(၆)လကြာပြီးနောက် အေးချမ်းနေသော ဖူစုနိုင်ငံသည် ကမောက်ကမ ဖြစ်နေပြန်သည်။ ကူချန်တွက်ချက်ထားသည်မှာ မှန်နေ၏။
တော်ဝင်မိသားစုတွင် သန်မာသော ကျွမ်းကျင်သူများရှိချေပြီ။ ခရမ်းရောင်နေမင်း နယ်ပယ် ကျင့်ကြံသူပင် ရှိနိုင်၏။
ယွမ်ဖူနယ်ပယ် ကျင့်ကြံသူ လက်မှ ကာကွယ်နိုင်ရန် အဆောင်အချို့ကို သူ့အဖေနှင့် ချန်ယွင်ထံ ပေးခဲ့သည်မှာ ကံကောင်းချေပြီ။ မဟုတ်သော် သူ နောင်တရနိုင်၏။
တစ်ဖက်တွင် တော်ဝင်မိသားစု၏ အဝေါးများကို မှန်းဆရခက်နေသည်။ လက်ရှိ အခြေအနေအရ အနည်းငယ် အန္တရာယ်ရှိ၏။
အနည်းငယ် စဉ်းစားပြီးနောက် ခေါင်းယမ်းကာ နန်နဂါးမြို့တော်ထံ မျှော်ကြည့် လိုက်သည်။ ထိုပြဿနာကို နောက်မှ သူ့ဖခင် ဖြေရှင်းပေမည်။ လက်ရှိအချိန်၌ ရှေ့တန်း စစ်မြေပြင်သည် အရေးကြီးနေသည်။
ပြည်နယ်များ ဆက်တိုက် လက်လွှတ်ပြီးနောက် အောင်ပွဲကို အရေးတကြီး လိုအပ်၏။
နတ်နဂါးမြို့တော်အတွင်း လေထုသည် မှုန်မှိုင်းလျက် ကုန်သွယ်ရေးသည် သုံးပုံတစ်ပုံ လျော့နည်းနေပြီဖြစ်သည်။
ကူချန်တစ်ယောက် လေထဲရပ်နားကာ မြို့တော်သို့ ငုံ့ကြည့်၏။ ထိုပြောင်းလဲမှုများကို သာမန်မျက်စိဖြင့်ပင် မြင်နိုင်သည်။
“ ဝှစ် ... ။ ”
“ ရပ် ... ။ ”
ထို့နောက် လူတိုင်း အထိတ်တလန့် မဖြစ်စေရန် သူ့ဖခင်၏ နေအိမ်သို့ တိုက်ရိုက် ဆင်းသက်လိုက်၏။
အနက်ရောင် ချပ်ဝတ်တန်ဆာကို ၀တ်ဆင်ထားပြီး ဓားရှည်များကိုင်ထားသော အစောင့်တပ်သား ဆယ်ယောက်ကျော်သည် အနည်းငယ် ထိတ်လန့်နေ၏။
လက်ရှိ အခြေအနေသည် မြို့တော်၏လေထုကို တင်းမာနေစေသည်။ ထို့ကြောင့် ရုတ်တရက် ဤသို့ကူချန် ထွက်ပေါ် လာခြင်းသည် သူ့ကို သံသယဝင်စေ၏။
ထို့ပြင် လူပေါင်းဆယ်ယောက်ကျော် ရှိနေသော်မှ တစ်ဖက်လူရောက်ရှိလာသည်ကို မသိခဲ့သည်မှာ စိုးရိမ်စရာပေပင်။
“ နေဦး ... မင်းတို့ရဲ့ဓားကို မြန်မြန်ချလိုက်။ ”
အစောင့်တစ်ယောက်က ချောမော ကြည့်ကောင်းလွန်းသော ကူချန်ကို ကြည့်ကာ အဆုံးတွင် မှတ်မိသွားပြီး လူတိုင်းကို ငြိမ်သက်စေလိုက်၏။
ထို့နောက် စိတ်လှုပ်ရှားစွာဖြင့် ဦးညွှတ်ပြီး၊
“ သခင်ငယ်၊ နောက်ဆုံးတော့ မင်းပြန်လာပြီ။ ”
-ဟု ဝမ်းသာအားရ နှုတ်ဆက်လေသည်။
“ သခင်ငယ် ... ။ ”
ကျန်ရှိနေသော အစောင့်များသည် ထိတ်လန့်ကုန်ပြီး ဓားများ ချက်ချင်းချလိုက်ကာ သူတို့ခေါင်းဆောင်ကဲ့သို့ လိုက်ပါဦးညွှတ်လျက်၊
“ မင်္ဂလာပါ သခင်ငယ် ... ။ ”
-ဟု နှုတ်ဆက်လာကြသည်။
ဤသည်မှာ ကူမိသားစုက သားကြီးဖြစ်ချေပြီ။ သခင်ငယ်၏ တည်ရှိမှုမှာ အရေးကြီးသော အရာရှိများအတွက်ပင် လေးစားဖွယ်ဖြစ်၏။
မမြင်ဖူးကြသော်လည်း သခင်ငယ်သည် အသက်နှစ်ဆယ်ကျော်နေမှန်း လူတိုင်းသိသည်။ သို့သော် ယခု လူငယ်သည် ဆယ်ကျော်သက် တစ်ယောက်ကဲ့သို့ နုနယ်လွန်းနေ၏။
ကူချန်မှ ခေါင်ညိတ်သည်။ ဤအစောင့်များသည် အလုပ်ကောင်းကောင်း လုပ်ချေ၏။
အနည်းဆုံးတော့ ရုတ်တရက် တစ်စုံတစ်ယောက် ရောက်ရှိလာသည့်အပေါ် ထိတ်လန့်သွားသော်လည်း ထိန်းထားနိုင်ခဲ့သည်။
“ ဖေဖေ အထဲမှာလား။ ”
“ ဟုတ်ကဲ့ ... ။ ”
အစောင့်ခေါင်းဆောင်မှ လမ်းပြပေး၏။ ကူချန်တစ်ယောက် နောက်ပါးမှ လိုက်ပါသွား ခဲ့သည်။ ထိုမြင်ကွင်းသည် လမ်းတလျှောက် အစေခံအနည်းငယ်ကို အနည်းငယ် ထူးဆန်းနေစေသည်။
လက်ရှိကူမိသားစုသည် ဖွံ့ဖြိုးနေပြီ ဖြစ်ရာ အစေခံများ၊ သင်းထောက်များ၊ အကြီးအကဲများ အစေင့်တပ်သားများဖြင့် စည်ကားနေသည်။
ထို့ကြောင့် အများစုသည် ကူချန်ကို မြင်ဖူးခြင်းမရှိကြချေ။ အစောင့်ခေါင်းဆောင်မှ စံအိမ်ကြီးရှေ့ အရောက်တွင် ရပ်တန့်သွားပြီး နောက်ပြန်ဆုတ်သွား၏။
ကူချန်မှ ခေါင်းညိတ်ပြီး တံခါးဝလျှောက်လှမ်းလျက် ခဏရပ်လိုက်သည်။
“ ဘယ်သူလဲ ... ။ ”
“ ကျွန်တော်ပါ ... ။ ”
အတွင်းမှ တည်ငြိမ်သော ကူဖုန်း၏ မေးမြန်းသံ ထွက်ပေါ်လာသည်။ များမကြာခင် ခြေသံအနည်းငယ် ကြားလာရပြီး တံခါးကြားမှ အလင်းရောင် အနည်းငယ်တိုးထွက်၏။
ကူဖုန်းရုပ်သွင်သည် ယခင်နှင့်စာသော် အနည်းငယ်ဖျော့တော့လျက် စိတ်ဓာတ်ကျနေပုံ ရလေသည်။ နှစ်ယောက်သား တစ်ယောက် တစ်ယောက် စိုက်ကြည့်နေပြီး အဆုံးတွင် ကူဖုန်းက အသက်ပြင်းပြင်းရှူလျက်၊
“ မင်းပြန်လာတာ ဝမ်းသာပါတယ်။ ”
-ဟု နှုတ်ဆက်လာ၏။
“ စိတ်မပူနဲ့ ... သူတို့က ယွမ်ဖူနယ်ပယ်သာဆိုရင် ဘယ်နှစ်ယောက် လာလာ သတ်ပစ်လိုက်မယ်။ ”
ကူချန်က သူ့အဖေ သက်သာရာရစေရန် တိုက်ရိုက်ပြောလိုက်သည်။ ကူဖုန်းတစ်ယောက် တိတ်ဆိတ်သွား၏။ အဆုံး၌အကြပ်အတည်းကို ဖြတ်ကျော်ရန် အခွင့်အရေးရချေပြီ။
ဤသည်ပင် သူ့အပေါ် စိတ်ဓါတ်ကျစေသည်။ သူ့သားနှင့်ယှဉ်သော် အသုံးမကျချေ။
“ မင်းညီကို သွားကူညီပေးပါ ... သူဟိုမှာ ဖိအားတွေ အများကြီး ရှိနေတယ် သူ့အနားမှာ ရှန်ရှင်းနယ်ပယ် ကျွမ်းကျင်သူတွေကို ...
... ပေးထားပေမယ့် ပြိုင်ဘက်က ယွမ်ဖူနယ်ပယ်နှောင်းပိုင်းကျင့်ကြံသူ ဖြစ်နေလို့ သူမှာ အန္တရာယ်အရှိဆုံးပဲ။”
ဤမျှထိန်းထားနိုင်သည်မှာ ကူချန်မှ အခါအားလျော်စွာ ပေးပို့ထားသော ဆေးပြားနှင့် အဆောင်ရတနာများကြောင့်ဖြစ်၏။
ဤနှစ်များအတွင်း ကူမိသားစုသည် ဘက်ပေါင်းစုံမှ တိုးတက်ခြင်းဖြင့် လိုအပ်ချက် များစွာလည်း ဖြစ်ပေါ်စေ၏။
ဆိုလိုသည်မှာ ကူချန်၏ အထောက်အပံ့ကြောင့် အကြီးအကဲများစွာနှင့် ဧည့်အကြီးအကဲများပင် ရှန်ရှင်းနယ်ပယ်သို့ ရောက်ရှိလာကြသည်။
“ ကျွန်တော် ပေးထားတဲ့ အကာအကွယ်အဆောင်ကို အဖေကိုယ်ပေါ်မှာ သိမ်းထားသေးလား။ ”
“ ချန်ယွင်ကို အကုန်ပေးလိုက်ပြီ ငါ့ခန္ဓာကိုယ်မှာ တစ်ခုပဲ ကျန်တော့တယ်။ ”
ထိုစကားကြောင့် ကူချန်မှ သိုလှောင်လက်စွပ်ထဲက အဆောင်ရတနာအချို့ ထုတ်ယူပြီး ထပ်မံပေးအပ်လိုက်သည်။
“ ဒါတွေကို အရင်ယူထားပါ။ ”
“ အင်း ... ။ ”
ကူဖုန်းအဆင်ပြေနေကြောင်း အတည်ပြုပြီးနောက် ကူချန်က ချက်ချင်းထကာ ထွက်ခွာလာ၏။ သို့သော် တံခါးဝအရောက်တွင် ရုတ်တရက် သတိရလာပြီး၊
“ စံအိမ်မှာ အရာအားလုံး ကိုင်တွယ်နိုင်တယ် မဟုတ်လား။ ”
“ ငါ့ကို လျှော့မတွက်နဲ့ ငါ့က ကူမိသားစုခေါင်းဆောင်ပါ။ ”
ကူချန်မှ ခေါင်းညိတ်ပြီး လှည့်ထွက်လာခဲ့သည်။ ကူဖုန်းတစ်ယောက် သူ့သားကျောပြင်ကို ငေးကြည့်နေလျက်မှ လက်ထဲရှိ အဆောင်ရတနာကို ပြန်ကြည့်ကာ ရှုပ်ထွေးသွားတော့၏။
***
လက်ရှိအချိန်၌ ကူမိသားစုနယ်မြေသည် သုံးပုံတစ်ပုံခန့် သိမ်းပိုက်ခံထားရသည်။ သို့သော် ပြည်နယ်ကိုးခုကို ထိန်းချုပ်ထားနိုင်ဆဲပေပင်။ ရှေ့တန်းစစ်မြေပြင်နှင့် နတ်နဂါးမြို့ကြား ပြည်နယ်တစ်ခု ခြားနေသေး၏။
ကူချန်ရောက်ရှိသွားချိန်၌ ပြင်းထန်သောတိုက်ပွဲတစ်ခု ဖြစ်ပွားနေသည်။ မရေမတွက်နိုင်သော မြင်းသည်တော်များဖြင့် ရှုပ်ထွေးနေကာ လက်နက်သံတိုက်မိသံများ ကျယ်လောင်နေ၏။
အနက်ရောင် ချပ်ဝတ်ဖြင့် ချန်ယွင်က မြင်းတပ်ကို ဦးဆောင်နေသည်။ သူ့မျက်နှာနှင့် ချပ်ဝတ်အနှံ့ သွေးများ စွန်းထင်းနေ၏။
လက်ထဲရှိ လှံနက်ဖြင့် သူ့ရှေ့မှ ရန်သူကို ထိုးသွင်းလိုက်သည်။ လက်ရှိ သူ့ကျင့်ကြံမှုသည် ချီစုစည်းခြင်း ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရှိနေပြီဖြစ်၏။
ထိုခွန်အားဖြင့် လှံနက်တို့ ပေါင်းစပ် ပြီးနောက် ရှန်ရှင်းနယ်ပယ်ကျွမ်းကျင်သူကိုပင် သတ်နိုင်နေပြီဖြစ်သည်။
အဆိုပါမြင်ကွင်းကို ဖူစုရုံးတော်ထံ သစ္စာစောင့်သိသော စစ်သူကြီးနှစ်ယောက်မှ စောင့်ကြည့်နေသည်။
သူတို့ရှေ့တွင် ဆံပင်ဖြူ လူငယ်တစ်ယောက် ရပ်နေ၏။ စစ်သူကြီးနှစ်ယောက်မှ ထိုလူငယ်ကို လေးစားစွာကြည့်ပြီး၊
“ မင်းသား၊ ငါတို့က ဘယ်တော့ လှုပ်ရှားမှာလဲ။”
“ အလျင်မလိုနဲ့ ... ။ ”
ဆံပင်ဖြူလူငယ်က စစ်ပွဲအတွင်း ထင်ရှားနေသော ချန်ယွင်ကို စိတ်ဝင်တစား ကြည့်နေပြီး၊
“ ဒီချန်ယွင်ကို ငါစိတ်ဝင်စားတယ် ... တစ်ချိန်က ရှန့်နန်အစောင့်တပ်ရင်းမှာ သူက စစ်သူကြီး တစ်ယောက် မဟုတ်လား။ ”
“ မှန်ပါတယ် ... ဒါပေမယ့် ဒီကောင် ဝင်လာတာက မကောင်းတဲ့ ရည်ရွယ်ချက်တွေနဲ့ လူတိုင်းကို သိမ်းသွင်းသွားတယ်။ ”
“ တကယ်ပဲ လိမ္မာပါးနပ်တာပဲ နည်းဗျူဟာကို ကောင်းကောင်းနားလည်တယ် အရည်အချင်းလည်း ရှိတယ်။ ”
ထို့နောက် ဆံပင်ဖြူလူငယ်က လက်ဝှေ့ရမ်းကာ၊
“ သူက ငယ်ပေမယ့် ချီစုစည်းခြင်း အထွတ်အထိပ်ကို ရောက်နေပြီ အလားအလာ တကယ်ရှိတယ်။ ”
-ဟု ချီးကျူးလိုက်၏။
သူ့စကားကြားပြီးနောက် စစ်သူကြီး နှစ်ယောက်ခမျာ ကူကယ်ရာမဲ့စွာ အချင်းချင်း ပြန်ကြည့်လိုက်လေသည်။ တစ်ဖက်လူသည် အမှန်ပင် အရည်အချင်းရှိချေပြီ။
သူတို့ရှေ့မှ ဆံပင်ဖြူလူငယ်သည် ဖူစုရုံးတော်မှပေးပို့လာသော ကျင့်ကြံသူဖြစ်၏။ ရှန့်နန်ရုံးတော်တွင် နေထိုင်ကာ ပြည်နယ်များ ပြန်လည်သိမ်းပိုက်ရန် တာဝန်ရှိသည်။
သူ့အမည်သည် မင်းသားမင်ဝမ်ဖြစ်ပြီး ဝါစဉ်အရဆိုသော် လက်ရှိဧကရာဇ်၏ အဖိုး ဖြစ်ချေ၏။
“ သနားစရာ ကောင်းလိုက်တာ ... ငါတို့ဘိုးဘေးတွေ ချမှတ်ထားတဲ့ စည်းမျဉ်းအရ ဒီလိုသစ္စာဖောက်တွေကို ... သတ်ပစ်ရမယ် မဟုတ်ရင် သူ့ကိုငါ့အနားမှာ အစေခံဖို့ ခေါ်သွားဖြစ်မယ်။ ”
ထို့နောက် မင်းသားမင်ဝမ်က ချန်ယွင်ကိုကြည့်ပြီ သက်ပြင်းချလိုက်သည်။ အဆုံးတွင် စစ်မြေပြင်ထံ အာရုံရလာပြီး၊
“ မင်းတို့ကို စုံစမ်းခိုင်းထားတာ ဘယ်လိုနေလဲ ကူမိသားစုမှာ ယွမ်ဖူနယ်ပယ် ကျင့်ကြံသူ ရှိနေလား။ ”
-ဟု မေးမြန်းလိုက်၏။
“ ကူမိသားစုဆီက သူလျှိုရဲ့ စကားအရ ယွမ်ဖူနယ်ပယ် ကျင့်ကြံသူအကြောင်း သူဘာမှ မသိပါဘူး ပြီးတော့ ... ကူမိသားစုမှာ ဘိုးဘေးနယ်မြေလဲ မရှိပါဘူး ...
... အဲဒီကူဖုန်းက ရတနာတွေကို ပေါပေါသီသီသုံးနေပေမယ့် ဘယ်ကလာတယ် ဆိုတာ ... မသိရသေးပါဘူး။ ”
“ ဒါဆို ကူမိသားစုက အပျက်အစီး နယ်မြေတွေကနေ ရှေ့ဟောင်း ရတနာအချို့ ရခဲ့တာ ဖြစ်နိုင်မလား။ ”
သူ့စကားအပေါ် တုန့်ပြန်သံ ထွက်ပေါ်မလာသဖြင့် မင်းသားမင်ဝမ်ခမျာ တိတ်ဆိတ်သွားသည်။ ကိစ္စမရှိချေ။
ဤသည်မှာ ကူမိသားစု၏ ယွမ်ဖူနယ်ပယ် ကျင့်ကြံသူကို အရိပ်အယောင် မမြင်ရသဖြင့် သူ စိုးရိမ်နေခြင်းလည်း ဖြစ်နိုင်ပေလိမ့်မည်။
အဆုံးတွင် မင်းသားမင်ဝမ်သည် ခေါင်းမော့လျက် ဆုံးဖြတ်ချက် ချလိုက်ဟန်ဖြင့်၊
“ သွားတော့ ... မင်းတို့ငါးယောက် အတူတူသွားပြီး ကူမိသားစုနောက်ကွယ်မှာ ဘယ်သူလဲဆိုတာ ကြည့်ရအောင် ... ။”
-ဟု အမိန့်ပေးလိုက်တော့သည်။
***