ငါတို့ ... ပြန်လှည့်လို့ မရတော့ဘူး ... ။
Vol. 8 Ch. 99
“ မင်းတို့ကိုလည်း ငါမယုံဘူး။ ”
ကူချန်တစ်ယောက် မြေပြင်ပေါ်ရှိ ရှန်ရှင်းနယ်ပယ် ကျွမ်းကျင်သူများအလောင်းကို ကြည့်ကာ ပြောကြားလိုက်သည်။
ဤလူများသည် လက်နက်ချခဲ့သော်လည်း ၎င်းတို့စိတ်ထဲ မည်မျှသစ္စာစောင့်သိနိုင်မည်မှန်း သူ မသိနိုင်ချေ။ သတ်ပစ်လိုက်ခြင်းဖြင့် ဇာတ်လမ်းပြတ်ပေမည်။
ဤမြင်ကွင်းသည် လူတိုင်းအပေါ် သက်ရောက်မှုရှိစေ၏။ ထိုမျှ ချောမောသော လူငယ်၏ အခြားတစ်ဖက်ပေပင်။ မည်သူမျှ မယုံနိုင်ဖြစ်နေမိ၏။
ဆိုလိုသည်မှာ သခင်ငယ်သည် ကြင်နာသိမ်မွေ့သော်လည်း သတ်ခြင်းမပြုဟု အဓိပ္ပါယ်မရချေ။ ဦးစွာ ယွမ်ဖူနယ်ပယ်ကို လက်ဖြတ်လျက် ထွက်လာ၏။
အဆုံးတွင် အညံ့ခံလာသော်မှ ရှန်ရှင်းနယ်ပယ် ကျွမ်းကျင်သူလေးဦးအပေါ် သတ်ပစ်လိုက်သည်။
ထို့နောက် ကူချန်က မြေပြင်ပေါ်တွင် ဒဏ်ရာဖြင့် သတိလစ်နေသော ရှန်ရှင်းနယ်ပယ် ကျွမ်းကျင်သူထံ လှမ်းကြည့်၏။
သူတို့ငါးယောက် အညံ့ခံလာစဉ် အကြောင်းတရားကို အနည်းငယ် ခံစားမိသည့် အပေါ် နားမလည်ဖြစ်ခဲ့ဖူးသည်။
သို့သော် အနည်းငယ် စဉ်းစားပြီးနောက် မွေးနေ့ပွဲအမှတ်တရများ ပေါ်လာကာ မေးမြန်း လိုက်ခြင်းဖြစ်သည်။
ကူဖုန်းကို လုပ်ကြံရန် ကြိုးပမ်းမှုသည် ထိုစဉ်သဲလွန်စများ ပျောက်သွားသဖြင့် ရုံးတော်၊ လီချင်းစုန့်နှင့် အခြားသူများထံ သံသယအချို့ ရှိနေခဲ့ဖူးသည်။
သို့သော် လီရွှမ်အာ အညံ့ခံပြီးနောက် လီချင်းစုန်ထံ သံသယမရှိတော့ချေ။ ယင်းအစား လီရွှမ်အာပြောသော အင်အားစုမျိုး တစ်ခုခု တော်ဝင်မိသားစု နောက်၌ ရှိနေမည်လောဟု တွေးတောခဲ့သည်။
ထိုအင်အားစုသည် ရုံးတော်ကို ကူညီရန် အမှောင်ထဲတွင် ပုန်းအောင်းကာ ကူမိသားစု အပေါ် စောင့်ကြည့်နေနိုင်မည်။
ယင်းကြောင့် ခြိမ်းခြောက်နိုင်သည့် တစ်စုံတစ်ဦးကို မြင်ပြီးနောက် သတ်ဖြတ်ရန် ကြိုးစားလာခြင်းဖြစ်နိုင်၏။ ထိုယူဆချက်သည် ယခုမှန်နေပုံရသည်။ အတွေးဖြင့် မြေပြင်ပေါ်ရှိ လူကိုကြည့်ပြီး၊
“ ဒီလူကို သေချာစောင့်ကြည့်ပြီး စစ်ဆေးလိုက်ပါ အသုံးဝင်တဲ့ အချက်အလက် အချို့ ရနိုင်တယ်။ ”
-ဟု အမိန့်ပေးလိုက်သည်။
“ နားလည်ပါပြီ။ ”
အကြီးအကဲများက လျင်မြန်စွာ ခေါင်းညိတ်တော့၏။ ကူချန်နှင့် ပတ်သက်၍ သူတို့နှလုံးသားထဲ အမြဲလှိုင်းထန်စေခဲ့သည်။ အမှန်ပင် အရည်အချင်းရှိချေ၏။ ကူချန်က ချန်ယွင်ကိုကြည့်ပြီး၊
“ အားလုံး ... ငါမင်းနဲ့ ထားခဲ့မယ် နတ်နဂါးမြို့ကို အခုပြန်ရမယ် ... ဆုံးရူံးခဲ့တဲ့ ပြယ်နယ်တွေကို ပြန်သိမ်းလိုက်တော့။ ”
“ ဟုတ်ကဲ့ ... ။ ”
ချန်ယွင်မှ ခေါင်းညိတ်ပြကာ၊
“ သံနက်စံအိမ်ကိုရော ဘယ်လိုလဲ။ ”
“ ခဏထားရအောင် ... အရင်တည်ငြိမ်အောင်လုပ်ရမယ်။ ”
ဤသည်မှာ ပြည်နယ် တစ်ခုမျှသာ ဖြစ်သည်။ ထို့ကြောင့် ရှုပ်ထွေးမလာစေရန် လျစ်လျူရှုထားသင့်၏။ ထို့နောက် ချက်ချင်း ပျောက်ကွယ်သွားသည်။
***
ကူအိမ်တော်၊ မိသားစုခေါင်းဆောင် စာကြည့်ခန်း။
ကူဖုန်းတစ်ယောက် စာဖတ်ခန်းအတွင်း စားပွဲခုံတစ်လုံးတွင် လက်ရေးလှရေးကျင့်နေ တော့၏။
အခန်းအတွင်း မြောက်များစွာသော စာအုပ်စဉ်များဖြင့် စိမ်းပြာရောင် ဆီမီးနိုင်များ အမွှေးတိုင်များ ထွန်းညှိထားသည်။
“ ဖျပ် ... ဖျပ် ... ။ ”
ခြေသံကြောင့် ကူဖုန်းမှ မော့ကြည့်သည်။ တာအိုဝတ်လုံဖြင့် ချောမောလှပသော လူငယ် တစ်ယောက် လှမ်းဝင်လာ၏။
ဓားရိုးတစ်လက်သည် ပခုံးမှကျော်ကာ ထိုးထွက်နေသည်။ ဤသည်မှာ ကူချန်ဖြစ်၏။ သူ့အကြည့်များက သူ့အဖေနှင့် စာရေးစားပွဲထံ ကျရောက်သွားသည်။
စားပွဲပေါ်တွင် အပြာရောင် စက္ကူအရွက်များရှိနေပြီး ‘ကျင့်’ဟူသော စကားလုံးများကိုသာ ရေးသားထား၏။
“ ဖေဖေ ... မင်းစိတ်အနှောက်အယှက် ဖြစ်နေတာလား။ ”
ကူချန်မှ မေးသည်။ မဟုတ်သော် ‘ကျင့်’ ဟူသောစာလုံးကို သဘာဝအတိုင်း တွေးနေမည် မဟုတ်ချေ။ (ကျင့်- ငြိမ်သက်ခြင်း။)
ကူဖုန်းက လက်ထဲရှိ ကလောင်တံကို ချလိုက်ပြီး ခေါင်းညိတ်သည်။
“ ဒီရက်ပိုင်းဖြစ်ပျက်ခဲ့သမျှ ... ငါ့ကို စိတ်မကောင်းဖြစ်စေတယ် မင်းဒီမှာမရှိခဲ့ရင် ဘာဖြစ်သွားမလဲလို့ တွေးနေခဲ့တာ။ ”
“ ဒီကမ္ဘာမှာ ... ဒီလိုဘယ်တော့မှ ဖြစ်မလာပါဘူး ငါရှိနေတဲ့အတွက် ကူမိသားစုကို သဘာဝအတိုင်း ကာကွယ်ပေးမှာပါ။ ”
ကူချန်မှ နှစ်သိမ့်သည်။ သူနှင့် ဖခင်ကြား မတူညီသောအမြင်များ ရှိသော်လည်း ရပ်ကြည့် မနေနိုင်ချေ။ ကူမိသားစု၏ ရန်သူသည် သူ့ရန်သူဖြစ်သည်။
“ ဟုတ်ပါတယ် ... ဒီလောကကြီးမှာ မင်းကြောင့် စိတ်အနှောက်အယှက်ဖြစ်စရာ မရှိတော့ဘူး ... ကျေးဇူးတင်တယ်။ ”
ကူဖုန်းတစ်ယောက် အနည်းငယ် ကူကယ်ရာမဲ့စွာဖြင့် တုန့်ပြန်၏။ သူ့စကားသည် ကူချန်ကို တွေဝေသွားစေသည်။
လက်ရှိအချိန်၌ ကူချန်ရှိနေခြင်းသည် ကူမိသားစုကို တည်ငြိမ်စေမည်ဖြစ်၏။ သို့သော် မိသားစုခေါင်းဆောင်ဖြစ်သော သူသည် အားနည်းလွန်းချေပြီ။
ဤမတိုင်မီ လောကကြီးသည် ရိုးရှင်းနေလိမ့်မည်ဟု ထင်ခဲ့သည်။ ထိုစဉ်က ကူချန်နှင့် ပြောခဲ့သောစကားများ ပြန်သတိ ရလာကာ ရှက်စိတ်ဝင်မိ၏။
အကျိုးစီးပွားအတွက် ကူချန်လက်ထဲ ကူမိသားစုကို ထည့်ပေးရန် သူ အတင်းအကြပ် ကြိုးစားခဲ့သည်။ လက်ရှိအခြေအနေအရ သူ မည်မျှ အမြင်နိမ့်ပါးခဲ့သည်ကို နားလည်လာ၏။
( အဖေ ... ဒီကမ္ဘာကြီး ဘယ်လောက်ကြီးလဲ မင်းသိလား။ )
( ကူမိသားစုဆိုတာ သမုဒ္ဒရာထဲက ရေတစ်စက်ပဲ အဖေ။)
( အဖေ ... ဒါက ငါရှာနေတဲ့ လမ်းမဟုတ်ဘူး။)
ထိုစဉ်က အကြောင်းအရာများအပေါ် ဤကာလအတွင်း နက်ရှိုင်းစွာ သိရှိလာသဖြင့် သူ ရပ်တည်ချက်များ အရေးမပါတော့သလို ခံစားနေခဲ့ရ၏။
“ ဖေဖေ၊ ငါမင်းကို ကူညီမှာပါ။ ”
ကူချန်က သူ့အဖေ၏ ပြိုလဲတော့မည့် နှလုံးသားကို မြင်ကာ ကတိပေးလိုက်လေသည်။ သို့သော် ကူဖုန်းမှာ သက်သာလာခြင်းမရှိဘဲ ခါးသီးစွာပြုံး၏။ အဆုံးတွင် သက်ပြင်းချလျက်၊
“ ငါတို့အရင်က စကားဝိုင်းကို အခုပြန်တွေးမိလာတယ် ငါရဲ့ရွေးချယ်မှုတွေက အရေးမပါဘူးဆိုတာ နားလည်ပါပြီ။ ”
“ မဟုတ်ဘူး ဖေဖေ ... မင်းမှန်တယ်။ ”
ကူချန်မှ ပြုံးပြီးပြော၏။ ကူဖုန်းက စားပွဲပေါ်ရှိ ‘ကျင့်’ဟူသောစာလုံးထံကြည့်ပြီး သက်ပြင်းချကာ၊
“ ကြီးမားတဲ့ ကိစ္စတစ်ခုကို အောင်မြင်နိုင်ဖို့ဆိုတာ ... ကိုယ်ပိုင်ခွန်အားနဲ့ ကမ္ဘာကြီးအပေါ် ရှင်းရှင်းလင်းလင်း နားလည်ထားဖို့လိုတယ် ...
... မင်းမှာ ခွန်အား မလုံလောက်ရင် ... ဒမှမဟုတ် ဉာဏ်ပညာမရှိရင် မင်းပန်းတိုင်ကို ဘယ်တော့မှ ရောက်နိုင်မှာ မဟုတ်ဘူး။ ”
-ဟု ပြောကြားလိုက်သည်။
ကူချန်မှ တိတ်ဆိတ်စွာဖြင့် သူ့အဖေထံ ကြည့်နေ၏။ ဤရက်အတွင်း ဖခင်နှလုံးသားကို တိုက်စားခံထားရပုံပေပင်။
တစ်ဖက်တွင် ကူဖုန်းသည် သူ့သား၏ လွန်ခဲ့သောနှစ်များစွာက အမြင်ကို ပို၍ပင် နားလည်လာခဲ့၏။
ယနေ့တွင် ကူချန်သာ မရှိသော် ဖူစုရုံးတော်သည် ယွမ်ဖူနယ်ပယ် ကျင့်ကြံသူ တစ်ဦးတည်းဖြင့် သူ့မိသားစုကို ပျောက်ကွယ်သွားစေနိုင်မည်။
ထိုအချိန်တွင် သူအပါအဝင်၊ ရာစုနှစ် အနည်းငယ်တည်ဆောက်ထားသော ကူမိသားစု အုတ်မြစ်မှာ ဖျက်ဆီးခံရမည် ဖြစ်၏။
“ မြှားတစ်စင်းကို ပစ်ပြီးသွားရင် ... ပြန်ရုတ်လို့မရဘူး ... ဖေဖေ မင်းဒီလမ်းအပေါ် ရွေးပြီးသွားပြီ ဆက်သွားပါ ... ပြန်မလှည့်နဲ့ ...
... ဖေဖေ မင်းတွေးနေသမျှက ... ငါ မရှိခြင်းအပေါ် ဗဟိုပြုပြီး တွေးနေတာတွေပါ အခု ငါပြန်ရောက်နေပြီ ... မင်းရဲ့ပန်းတိုင်ကို ဘာလို့မသွားရတာလဲ။ ”
လက်ရှိအခြေအနေသည် အနည်းငယ် ထူးဆန်းနေကြောင်း ကူချန် သတိပြုမိလာ၏။ သူနှင့်ဖခင်သည် နေရာပြောင်းသွားသလို ပေပင်။ ဖခင်အပေါ် ရှေ့ဆက်သွားရန် သွေးဆောင်နေရ၏။
ကူဖုန်းသည်လည်း ထိုအချင်းအရာကို စဉ်းစားမိသည်။ အချိန်အနည်းငယ် တိတ်ဆိတ် နေရာမှ၊
“ ချန်အာ ... အခု မင်းဘာလို့ ငါ့ကိုလာပြီး ရှေ့ဆက်ဖို့ တွန်းအားပေးနေရတာလဲ။ ”
-ဟု မေးမြန်းလိုက်၏။ ကူချန်မှ လေးနက်သွားသည်။
“ ဖေဖေ ... ငါတို့နောက်ပြန်လှည့်လို့ မရတော့ဘူး ... ယွမ်ဖူနယ်ပယ် ကျင့်ကြံသူကို ငါသတ်လိုက်ပြီ။ ”
“ ဟမ့် ... ယွမ်ဖူနယ်ပယ်ကျင့်ကြံသူကို မင်းသတ်လိုက်ပြီလား။ ”
“ ဟုတ်တယ် ... ပြီးတော့ ရှန်ရှင်းနယ်ပယ် ကျွမ်းကျင်သူ လေးယောက်ရော။ ”
ဤတစ်ကြိမ်တွင် ကူဖုန်းတစ်ယောက် မျက်ခုံးပင့်ကာ အတွေးများ ပျောက်သွားသည်။ သူ့သားသည် ရန်သူကို အနိုင်ယူနိုင်မည်ကို သိထား၏။
သို့သော် ပြတ်သားစွာ သတ်လိမ့်မည်ဟု မထင်ခဲ့ချေ။ ထို့ပြင် ရှန်ရှင်းနယ်ပယ်လေးဦးပါ အစစ်ပါနေသေး၏။ သူသည်ပင် ရှန်ရှင်း နယ်ပယ်သာ ဖြစ်နေသေးသည်။
အတွေးများဖြင့် တိတ်ဆိတ်နေသော ကူဖုန်းထံကြည့်ကာ ကူချန်တစ်ယောက် ပြုံးပြ လိုက်တော့၏။
“ ဖေဖေ ... ဒါမင်းအိမ်မက်ဆိုတာ ငါသိနေတယ် ... ဒါဆို ငါ့လုပ်ရပ်အတွက် မင်း ဘာလို့ မပျော်ရတာလဲ ...
... မင်း မစရသေးရင်တော့ ... ငါလုပ်မှာမဟုတ်ဘူး ... အခု မင်းစခဲ့ပြီးပြီဖေဖေ ငါတို့လမ်းတဝက်မှာ အရှုံးပေးလို့မရဘူး။ ”
***