← Chapters

အမတ်ချုပ်ကြီး ... ။

Vol. 8 Ch. 101

အမတ်ချုပ်ကြီး ... ။

Vol. 8 Ch. 101

ကူချန်တစ်ယောက် ရေနွေးကြမ်းသောက်နေစဉ် တိုက်ပွဲသတင်းမှာ ဖူစုနိုင်ငံအတွင်း ပြန့်နှံ့သွားချေပြီ။

လူအများကြား နှစ်ပေါင်းများစွာ မေ့လျော့ထားသော အမည်တစ်ခု အသက် ဝင်လာခြင်းဖြစ်၏။

ကူချန်မှ သတင်းမပြန့်ပွားစေရန် အမိန့်ပေးထားခဲ့သော်လည်း နှစ်ဖက်စလုံးတွင် စစ်သည်တော်ပေါင်း သောင်းဂဏန်းရှိသည်။

သည့်ပြင် သူလျှိုများစွာသည်လည်း တိုက်ပွဲမြင်ကွင်းအသေးစိတ်ကို ပြန်လည်ပုံဖော် သတင်းပေးပို့ကြ၏။

မရေမတွက်နိုင်သော လူမများ၏ ပထမဆုံးတုံ့ပြန်မှုသည် မယုံကြည်မှု ဖြစ်သည်။ တစ်ဖက်လူသည် အသက်ငယ်လွန်းနေ၏။

ယွမ်ဖူနယ်ပယ်ကျင့်ကြံသူ တစ်ယောက် မည်သို့ဖြစ်လာသည်ကို မေးခွန်းများ ထုတ်ကြ တော့သည်။

ထိုမေးခွန်းအတွက် အဖြေမတွေ့ခင် နောက်ထပ်ဆင့်ကဲ မေးခွန်းများသည်လည်း ထပ်မံ ထွက်ပေါ်လာသည်။

ဆိုလိုသည်မှာ ယွမ်ဖူနယ်ပယ်သို့ ရောက်ရှိနေလျှင်ပင် ပြိုင်ဘက်ယွမ်ဖူနယ်ပယ် ကျင့်ကြံသူအပေါ် သတ်နိုင်သည်မှာ အဓိပ္ပါယ်မရှိချေ။

ဤသတင်းသည် ဖူစုနိုင်ငံတစ်ခုလုံးကို ရပ်တန့်ရန် အမိန့်ပေးလိုက်ပုံ ပေပင်။ ဖရိုဖရဲ တိုက်ပွဲများ ရုတ်ချည်းငြိမ်သက်သွားသည်။

***

ဖူစုနိုင်ငံ၊ တော်ဝင်မြို့တော်။

ယနေ့တွင် ဧကရာဇ်အမိန့်ကြောင့် ရုံးတော်အတွင်း၌ ရာထူးအပြောင်းအလဲများစွာ ဖြစ်ပျက်လာခဲ့သည်။

အများစုသည် အကြောင်းရင်းကို မသိသော်လည်း ယင်းသည် ဧကရာဇ်အမိန့် ဖြစ်နေသဖြင့် လက်ခံနေရ၏။

ခန်းမအတွင်း ရုံတော်မှ အရာရှိများစွာ ရှိသော်လည်း အသံမထွက်ဝံ့ဘဲ စိတ်ပျက်ဖွယ် ကောင်းသောလေထုသည်သာ ခန်းမအတွင်း ဖုံးလွှမ်းနေသည်။

ဧကရာဇ်သည် အသက်(၁၇)နှစ်အရွယ် ကလေးတစ်ယောက်ဖြစ်ပြီး ပလ္လင်တော်ပေါ်မှ နေ၍ ခန်းမအတွင်းရှိ လူအများထံ ကြည့်ကာ အတွေးများ လွင့်မျောနေခဲ့သည်။

သူသည် ငယ်ရွယ်လွန်းသောကြောင့် ရုပ်သေးတစ်ရုပ်ဖြစ်နေ၏။ စိတ်မသက်မသာ စရာပေပင်။

ဆိုလိုသည်မှာ ဧကရာဇ်အမည်အောက်၌ တော်ဝင်မိသားစုသည် လူဦးရေသန်း (၃၀၀)ကို တိုက်ရိုက်အုပ်ချုပ်နေခြင်းဖြစ်၏။

အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာအရာရှိ အနည်းငယ်သည်သာ ဤအချင်းအရာအပေါ် နက်နက်ရှိုင်းရှိုင်း နားလည်သည်။

ဤကာလများအတွင်း၌ပင် တော်ဝင်မိသားစုသည် အရာရှိစာမေးပွဲများကို ကျင်းပပြီး အုပ်ချုပ်ရေးအရာရှိများအပေါ် လူသစ်များဖြင့် အစားထိုးထား၏။

ထို့ကြောင့် ရုံးတော်တွင် အရာရှိများ လေးပုံတစ်ပုံခန့် ရာထူးမှဖြုတ်ချခံထားရကာ ကွပ်မျက်ခြင်း၊ အကျဉ်းချခြင်းတို့ကို ခံစားနေရသည်။

ဩဇာအရှိဆုံး အမတ်ကြီးသုံးဦးအနက် နှစ်ဦးသည်ပင် ကွပ်မျက်မိန့်ပေးခြင်း ခံရကာ တစ်ဦးသာကျန်ခဲ့၏။

ရုံးတော်၏လည်ပတ်မှုကို ထိခိုက်မည် မကြောက်သော် ထိုထက်ပိုသော ထုတ်ပယ်မှု များစွာ ရှိလာနိုင်ပေမည်။

တစ်ဖက်တွင် ထိုအချင်းအရာများကို သတိပြုမိသော အရာရှိများသည် နောက်ကွယ်၌ တစ်စုံတစ်ဦး ရှိနေပြီကို မြင်နိုင်ချေ၏။

လက်ရှိဧကရာဇ်အမည်မှာ ချင်ထိုက်ဖြစ်သည်။ ထိုဧကရာဇ်ချင်ထိုက်တွင် ယခင်ကဲ့သို့ ကြောက်ရွံ့သော အသွင်အပြင်မျိုး ပျောက်ကွယ်နေသည်မှာ ကြာပြီဖြစ်၏။

ဧကရာဇ်ချင်၏ ဘယ်ညာတွင် အဘိုးအိုနှစ်ယောက် ရပ်နေ၏။ နှစ်ဦးစလုံးသည် ယွမ်ဖူနယ်ပယ် ကျင့်ကြံသူများပေပင်။

တော်ဝင်မိသားစု၏ အကြီးအကဲ နှစ်ပါးဖြစ်သည်။ ဖူစုနိုင်ငံတွင် အမတ်ကြီးသုံးဦး ရှိသည်။ ၎င်းတို့မှာ လက်ဝဲအမတ်၊ လက်ယာ အမတ်နှင့် အမတ်ချုပ်တို့ဖြစ်၏။

ထိုအမတ်ကြီးသုံးဦးသည် ဖူစုနိုင်ငံ၏ ယန္တရားကို တာဝန်ယူပြီး ဧကရာဇ်အပေါ် အကူအညီ ပေးသည်။

သို့သော် အမတ်ချုပ်နှင့် လက်ယာအမတ်သည် ယမန်နေ့ ကွပ်မျက်ခြင်း စာရင်းတွင် ပါရှိသွားသည်။

ထိုသတင်းကြောင့် အမတ်ကြီးနှစ်ဦးက ရှန်ရှင်းနယ်ပယ် လုပ်ကြံသတ်ဖြတ်ရေးသမား များဖြင့် ဧကရာဇ်ချင်ကို လုပ်ကြံခဲ့ကြ၏။

ရှန်ရှင်းနယ်ပယ် လုပ်ကြံသတ်ဖြတ်ရေး သမားများမှာ မျက်စိတစ်မှိတ်အတွင်း အသက် ပေးလိုက်ရသည်။

အဆုံးတွင် အမတ်ကြီး နှစ်ပါးမှာ သတ်ခြင်းကို ခံယူလိုက်ရတော့၏။ ယင်းကြောင့် ခန်းမအတွင်းရှိ မည်သူမျှ အပြောင်းအလဲများ အပေါ် ငြင်းဆန်ဝံ့ခြင်းမရှိတော့ချေ။

ဧကရာဇ်ချင်က ရာဇပလ္လင်ပေါ်တွင် ထိုင်နေလျက်ဖြင့် တစ်ဦးတည်း ကျန်ရှိနေသော လက်ဝဲအမတ်ထံ ကြည့်လိုက်၏။ ထို့နောက်၊

“ အမတ်ချုပ်နဲ့ လက်ယာအမတ်ကို တော်ဝင်မိသားစုအပေါ် သစ္စာဖောက်မှုကြောင့် ကွပ်မျက်လိုက်ပြီ ဒီနေ့ကစပြီး လက်ဝဲအမတ်က အမတ်ချုပ်တာဝန်ကို ယူမယ် ...

... ဒါကြောင့် ဒီနေ့ ငါ့အမိန့်ကိုဖြန့်ပါ ... လက်ဝဲနဲ့လက်ယာ အမတ်ကြီးရာထူးကိုတော့ နောင်မှ ထပ်ဆွေးနွေးမယ်။ ”

ကွပ်မျက်ခံရသော အမတ်နှစ်ဦးသည် အစည်းအဝေးတိုင်းတွင် ဧကရာဇ်ချင်အပေါ် အမြဲဆန့်ကျင်နေသည့် အဖိုးကြီးများဖြစ်၏။ ကျန်ရှိနေသော ဤအမတ်ကြီးသာလျှင် အမြဲနှိမ့်ချစွာနေသည်။

ဧကရာဇ်ချင်၏ ထင်မြင်ချက်ကို အလေးထား၏။ မကြာမကြာ အခြားသော အမတ်နှစ်ဦးကို ဧကရာဇ်ကိုယ်စား ငြင်းဆိုပေးခဲ့သည်။

ထို့ကြောင့် ကွပ်မျက်ခြင်းတွင် လွတ်မြောက်သွားခြင်းပေပင်။ ဧကရာဇ်ချင်၏ ကြေညာချက် ထွက်ပေါ်လာသောအခါ အမတ်ချုပ်ဖြစ်လာသည့် အဖိုးအိုမှ လှမ်းထွက်လာပြီး၊

“ ဧကရာဇ်မင်း သက်တော်ရာကျော်ရှည်ပါစေ ... ။ ”

-ဟု ဆုတောင်းပေးလိုက်၏။

ဤဆုတောင်းသည် ဧကရာဇ်ချင်ကို ရစ်မူးသွားစေတော့သည်။ တစ်ချိန်က ပဉ္စမတန်း အရာရှိကို ခန့်အပ်လိုက်လျှင်ပင် သူ့မျက်စိရှေ့မှ လူအများမှာ ချင်ချင်းကန့်ကွက်ပေလိမ့်မည်။

“ ဝှစ် ... ။ ”

ယခုမူ ကွပ်မျက်ခြင်းဥပမာသည် လူတိုင်းအပေါ် အရိပ်တစ်ခုလို မိုးသွားနိုင်ပုံရ၏။ ထိုစဉ် တစ်စုံတစ်ယောက် ခန်းမအတွင်း အလျင်အမြန်ဝင်ရောက်လာသည်။

ယင်းသည် မိန်းမစိုးဖြစ်ပြီး ထိုသူက အမတ်ချုပ်ကြီးထံ စာတစ်စောင်ပေးအပ်လာ၏။ အမတ်ချုပ်ကြီးက တုန်ရင်စွာဖြင့် စာကို လက်ခံယူလိုက်သည်။

ဤနေရာသည် ရုံးတော်အတွက် အစည်းအဝေးခန်းဖြစ်ကာ လေးနက်သော ကာလဖြစ်၏။ မိန်းမစိုးသည် မည်သို့ နှောက်ယှက်ဝံ့သနည်း။

အမတ်ချုပ်ကြီးမှ စာကို ဖွင့်မဖတ်သည်ကို မြင်သဖြင့် မိန်းမစိုးက အနားတိုးကပ်ကာ စကား ခပ်တိုးတိုး ထပ်မံပြောကြားလိုက်သည်။

ဤတစ်ကြိမ်တွင် အမတ်ချုပ်ကြီးခမျာ တည်ငြိမ်မနေနိုင်‌တော့ချေ။ အမူအရာ ချက်ချင်း ပြောင်းလဲလျက် တုန်လှုပ်သွား၏။

( ဘယ်လို သတင်းမျိုးလဲ။)

ဧကရာဇ်ချင်ဘေးရှိ အကြီးအကဲ အဘိုးအိုနှစ်ဦးသည် သူ့အမူအရာကြောင့် စိတ်ဝင်စားလာသည်။

“ ဒီကို ယူလာစမ်း။ ”

အကြီးအကဲတစ်ဦးက အမိန့်ပေး၏။ မိန်းမစိုးခမျာ မနှောင့်နှေးဝံ့ဘဲ အမတ်ချုပ်ထံမှ စာကို ပြန်ယူပြီး နှစ်ဖက်ဘက်ဖြင့် ကမ်းပေးလိုက်သည်။

စာကိုဖွင့်ဖတ်ပြီးနောက် ထိုအဘိုးအိုသည် ကျန်အဖိုးအိုထံ ကမ်းပေးလိုက်၏။ ထိုအဖိုးအိုမှ ဖတ်ကြည့်လျက် အဆုံးတွင် ဧကရာဇ်ချင် လက်ထဲ လွှဲအပ်လိုက်သည်။

“ ဟမ့် ... မင်းသားမင်ဝမ်ချင်ကျိမင် အသတ်ခံလိုက်ရပြီလား။ ”

ဧကရာဇ်ချင်၏ တုန်လှုပ်နေသော အော်ဟစ်သံကြောင့် အဘိုးအိုနှစ်ဦးက သူ့ထံ ချက်ချင်း ပြန်ကြည့်၏။

( ဒါက ဧကရာဇ်တစ်ပါးရဲ့ ရာဇဣ‌န္ဒြေတဲ့လား။ )

ဤခန်းမတွင် အရာရှိများစွာရှိနေသည်။ စကားတစ်ခွန်းသည် လေကဲ့သို့အပေါက်ရှာပြီး ထွက်ပေလိမ့်မည်။ မည်သို့သော ဧကရာဇ်နည်း။

လူတိုင်း တိတ်ဆိတ်ကုန်၏။ မင်ဝမ်ချင်းကျိမင် အသတ်ခံရခြင်းဖြစ်ကြောင်း မည်သူမဆို သိရှိလာကာ ထိုဖြစ်ရပ်အပေါ် ကောင်းမွန်သော ခံစားချက်မရှိချေ။

ဧကရာဇ်ချင်သည်ပင် မျက်နှာ၌ ဒေါသကြောင့် နီရဲလာသည်။ သူက စာရွက်ကို ကြမ်းပြင်ပေါ်ပစ်ချလိုက်ပြီး၊

“ တော်ဝင်မိသားစုဝင် တစ်ယောက်ကို ဒီလိုပဲ သတ်ဝံ့သလား ... ။ ”

-ဟု အံကြိတ်ကာ ရေရွတ်လိုက်သည်။ ထို့နောက် သူ့ဘေးရှိ အဘိုးအိုနှစ်ယောက်ကို ပြန်ကြည့်လိုက်ပြီး၊

“ ဦးလေးတို့ ... ဒီသစ္စာဖောက်တွေကို ဖမ်းဆီးပြီး ဦးလေးမင်အတွက် လက်စားချေပါ။”

-ဟု အမိန့်ပေးလိုက်၏။

( ဒီကောင် ... ။ )

ဧကရာဇ်ချင်၏ အမိန့်ကြောင့် အဘိုးအိုနှစ်ယောက်ခမျာ မကျေမနပ် ဖြစ်ကုန် တော့သည်။ ချက်ချင်း အမိန့်ကို လက်မခံချေ။

အချင်းချင်း ပြန်ကြည့်လိုက်ကာ သည်ကလေးသူတို့ကို အမိန့်ပေးဝံ့သည်လောဟု တွေးမိလာ၏။ လက်ရှိတွင် တစ်ဖက်လူသည် ဧကရာဇ်ဖြစ်နေသဖြင့် နားထောင်ရပေမည်။

“ ဒီကိစ္စက နည်းနည်းတော့ ထူးဆန်းနေပါတယ် ငါတို့ဒါကို သေသေချာချာ စဉ်းစားဖို့လိုတယ် ... ဧကရာဇ်မင်းမြတ် မင်းဒီကိစ္စကို စိတ်ပူမနေပါနဲ့။ ”

“ ဟမ့် ... ဒီသစ္စာဖောက်က ဦးလေးမင်ကို သတ်နိုင်ရင်တောင် ယွမ်ဖူနယ်ပယ်ကျင့်ကြံသူပါ ပြီးတော့ သူက တစ်ယောက်တည်း ... ဒါဆို ဘာကိုဆွေးနွေးစရာ ရှိသေးလို့လဲ။ ”

သူ့အမြင်အရ အဘိုးအိုနှစ်ဦးနှင့် အခြားသူများထပ်မံ ခေါ်ဆောင်သွားခြင်းဖြင့် အလွယ်တကူ ဖမ်းယူနိုင်ပေမည်။

သို့သော် တစ်ဖက်အဘိုးအို နှစ်ဦးသည် ရုတ်တရက် အေးစက်သွားပြီး ဧကရာဇ်ချင်ထံ စူးရှစွာ ပြန်ကြည့်သည်။

“ အရှင်မင်းမြတ် ... မင်းအိပ်ရေးမဝသေးပုံပေါ်တယ် ဘာလို့ အနား မယူရတာလဲ။ ”

ခန်းမတစ်ခုလုံး တိတ်ဆိတ်သွား၏။ သူတို့သည် ပြိုင်ဘက်ခွန်အားကို မသိသေးချေ။ သူလျှိုများ၏ စကားအရ မင်ဝမ်ချင်ကျိမင်ကို တစ်ချက်တည်းဖြင့် သတ်နိုင်သည်မှာ အဓိပ္ပါယ်မရှိချေ။

ထိုမျှငယ်ရွယ်သော ကျင့်ကြံသူသည် ဂိုဏ်းကြီးတစ်ခုမှ ထောက်ပံ့ပေးထားသော ပါရမီရှင်ဖြစ်နိုင်မည်။

အရေးအကြီးဆုံးမှာ မင်းသား မင်ဝမ်ချင်ကျိမင်ကိုပင် သတ်နိုင်သဖြင့် သူတို့ သည်လည်း ချွင်းချက်မရှိချေ။

အဘိုးအိုနှစ်ယောက်၏ အမူအရာကို သတိထားမိသွားပြီး ဧကရာဇ်ချင်တစ်ယောက် သတိပြန်ဝင်လာသည်။ မျက်နှာ အနည်းငယ် ဖြူဖျော့လျက်၊

“ ကောင်းပြီ ... တချို့အရာတွေ ဆွေးနွေးဖို့လိုနေပုံရတယ် ... ငါအနားယူဖို့ အချိန်ကျပြီ ... ပြန်ကြတော့။ ”

-ဟု အမိန့်ပေးလိုက်ရ၏။

ခန်းမအတွင်းရှိ အရာရှိများအားလုံး အဓိပ္ပါယ်ကိုမြင်သော်လည်း မည်သူမျှစကား မဆိုဝံ့ချေ။ ဤသည်မှာ တော်ဝင်မိသားစု အရေးဖြစ်သည်။

“ ဒါဆို ... ငါတို့နှစ်ယောက် အရင်အနားယူတော့မယ်။ ”

“ ဦးလေးတို့ ... ဂရုစိုက်ပါ။ ”

ဧကရာဇ်ချင်မှ သတိပေးလျက် ငေးကြည့်နေခဲ့သည်။ မူလ ရစ်မူးနေသော သူ့ ခံစားချက်များ ပျောက်ကွယ်သွား၏။

အဘိုးအိုနှစ်ယောက် ခန်းမအတွင်းမှ ပျောက်ကွယ်သွားသည့် အချိန်ထိ ပလ္လင်ပေါ်၌ ငြိမ်သက်စွာ ထိုင်နေခဲ့ချေပြီ။

ထိုမြင်ကွင်းကြောင့် ကျန်အရာရှိ များသည်လည်း အလိုက်သင့် တိတ်ဆိတ်စွာ ထွက်ခွာသွားကုန်၏။ ခန်းမကြီး တစ်ခုလုံး ဆိတ်သုဉ်းသွားသည်။

ဧကရာဇ်ချင်မှ သတိပြန်ဝင်လာပြီး သက်ပြင်းချလိုက်သည်။ ထိုစဉ် ခန်းမအတွင်း၌ တစ်စုံတစ်ယောက် ကျန်ရှိနေသေးသည်ကို သတိပြုမိလိုက်၏။

“ အမတ်ချုပ်ကြီး မင်းမှာ ပြောစရာရှိလား။ ”

ဤသည်မှာ ယနေ့မှ အသစ်ခန့်အပ်သော အမတ်ချုပ်ကြီးဖြစ်၏။ အမည်မှာ သန်းဖုန်းဝူ ဖြစ်သည်။ သန်းဖုန်းဝူမှ လက်ချောင်းများကို ဆုပ်ကိုင်ပြကာ၊

“ အရှင်မင်းမြတ် ... မင်းရဲ့ ဘုန်းတန်ခိုးအာဏာကို သူတို့နာခံစေနိုင်မယ့် အစီအစဉ်တစ်ခု ငါ့မှာရှိပါတယ် ... ။ ”

“ ဟမ့် ... ။ ”

***

All Chapters