← Chapters

ကြယ်ကမ္ဘာကြီး ... ။

Vol. 8 Ch. 102

ကြယ်ကမ္ဘာကြီး ... ။

Vol. 8 Ch. 102

ခန်းမအတွင်း ထွင်းထုထားသော ရုပ်တုများနှင့် အသုံးအဆောင်အပြင်အဆင်များ အားလုံးသည် ကြမ်းပြင်၌အရိပ်ထင်နေ၏။

အမတ်ချုပ်ကြီးအသံမှာ တိုးညှင်း ညင်သာနေသည်။ သို့သော် ၎င်းသည်ပင် အခန်းအတွင်း ပဲ့တင်ထပ်နေ၏။

ဧကရာဇ်ချင်မှာ အံ့အားသင့်သွားသည်။ သူ့ဘေးရှိ မိန်းမစိုးသုံးယောက်မှ မျက်လွှာပင့်ပြီး ပြန်ကြည့်၏။

သာမာန်လူများအမြင်တွင် တော်ဝင်မိသားစု၏ အကြီးအကဲများသည် နတ်ဘုရားများဖြစ်ချေသည်။ ၎င်းတို့အပေါ် အမိန့်အာဏာတည်ရန် ခက်ခဲပေမည်။

ဧကရာဇ်ချင်တစ်ယောက် မသေချာ မရေရာသော အမူအရာဖြင့် စိတ်ရှုပ်ထွေးလာ တော့၏။ ပြင်းပြသော မျှော်လင့်ချက်များနှင့် ဆန္ဒများရှိနေသကဲ့သို့ ကြောက်ရွံ့မှုသည်လည်း နက်ရှိုင်းစွာရှိနေသည်။

“ ငါ့ကိုပြောပါ ... ။ ”

ဧကရာဇ်ချင်က ဖြူဖွေးသွယ်လျသော လက်များဖြင့် နဂါးပလ္လင်လက်ရန်းအပေါ်သို့ တင်းကျပ်စွာ ဆုပ်ကိုင်လိုက်၏။ အကြွင်းမဲ့ ထိုအာဏာမျိုးသည် ယစ်မူးစရာပေပင်။ ဤဘဝအတွက် ပြီးပြည့်မည်ဖြစ်၏။

ဘေးနားတွင် ဆယ်နှစ်ကျော် အမှုထမ်းဆောင်ခဲ့သည့် မိန်းမစိုးမှ အနည်းငယ် စကားပြောချင်သော်လည်း ခဏမျှ တုံ့ဆိုင်းသွား ပြီးနောက် တိတ်ဆိတ်သွားသည်။

မျက်ဝန်းများက အမတ်ချုပ်ကြီးထံ အဓိပ္ပါယ်ပါပါကြည့်၏။ အမတ်ချုပ်မှ ယင်းကို သတိထားမိကာ တိတ်ဆိတ်စွာရပ်နေသည်။

ဧကရာဇ်ချင်က လေးနက်သောအသွင်ဖြင့် မိန်းမစိုးထံ ပြန်ကြည့်၏။ ဤမိန်းမစိုးလေးသည် သူ့အပေါ် သစ္စာအရှိဆုံးပေပင်။ သို့သော် သူ့ဘေးတွင် အခြားနှစ်ယောက်ရှိနေ၏။

“ အရှင်မင်းကြီး ... ငါတို့နားမကြားပါဘူး ... ငါတို့နားမကြားပါဘူး။ ”

ထိုမိန်းမစိုးနှစ်ယောက်မှ ဧကရာဇ်ချင် အကြည့်ကြောင့် တိတ်လန့်တကြား ချက်ချင်း ဒူးထောက်တောင်းပန်သည်။ သို့သော် ဧကရာဇ်ချင်မှ၊

“ ကျန်းပန် ... ။ ”

-ဟု နာမည်ခေါ်လိုက်၏။

တစ်ဦးတည်း ရပ်ကျန်ခဲ့သော မိန်းမစိုးအမည်မှာ ကျန်းပန်ဖြစ်သည်။ သူမက တုန့်ဆိုင်းလျက် ဒူးထောက်နေသော မိန်းမစိုး နှစ်ယောက်ထံ ငုံ့ကြည့်၏။

“ ဝှစ် ... ။ ”

“ ဘုန်း ... ဘုန်း ... ။ ”

အဆုံးတွင် ထိုမိန်းမစိုးနှစ်ယောက်ထံ ရွေ့လျားသွားပြီး သူတို့၏ နှလုံးသားကိုချက်ချင်း ရိုက်ချလိုက်တော့သည်။

မိန်းမစိုးနှစ်ယောက်ခမျာ မျက်ဝန်းများအတွင်း ကြောက်ရွံ့နေသည့် အရိပ်များဖြင့် သေဆုံးသွားချေပြီ။ အမတ်ချုပ်ကြီးက ဦးညွှတ်လျက်၊

“ အရှင်မင်းမြတ် အချိန်ရရင် ... ငါ့အိမ်တော်ကိုလိုက်ပြီး ချီးမြှင့်ပေးတော်မူပါ။ ”

-ဟု ပြောကြားတော့သည်။

***

နတ်နဂါးမြို့၊ လင်းရင်ဘုံကျောင်း။

ကူချန်မှ မင်းသားမင်ဝမ်ချင်းကျိမင်ကို သတ်ပစ်လိုက်ပြီး ရက်များစွာကြာသည့်တိုင် ရုံးတော်ဘက်မှ တုန့်ပြန်ခြင်း မပြုသေးချေ။

ယင်းအစား သံနက်စံအိမ်သည် ၎င်းသိမ်းပိုက်ထားသော ရှန်ယုပြည်နယ်ကို ကူမိသားစုထံ လက်လွှတ်ခဲ့ရသည်။

သံနက်စံအိမ်၏ အုတ်မြစ်သည် ၎င်းတည်ရှိရာ တောင်တန်းဖြစ်၏။ ထိုအရပ်သို့ သူ တစ်ကြိမ်ရောက်ဖူးသည်။ သိပ်ဂရုစိုက်စရာ မရှိချေ။ သံနက်စံအိမ်၌ လက်နက်သွန်းလုပ်ရန် သတ္တတွင်းများသာရှိသည်။

၎င်းတို့မိုင်းတွင်းများသည် နဝမတန်း သတ္ထုများထွက်ရှိကာ အခြေခံလက်နက်များနှင့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ကြသည်။

လက်ရှိကူမိသားစုတွင် လက်နက်သခင် မရှိသေးချေ။ ဝိညာဉ်လက်နက်များကို သူသာ သွန်းလုပ်နိုင်သည်။

“ ဒါက ပြဿနာပဲ။ ”

မှိန်ဖျော့ပြီး အလင်းရောင် အားနည်းလွန်းသော ကမ္ဘာကြီးအတွင်း ကူချန်မှ ကျောက်စိမ်းသစ်ခွထံကြည့်ကာ ရေရွတ်လိုက်သည်။

အိမ်မက်တစ္ဆေရေကန်မှ ရရှိလာသော ရွှေကျောက်တုံးကို သို့လှောင်လက်စွပ်အဖြစ် သူ ပြန်လည် သန့်စင်ထားပြီး ကြယ်လက်စွပ်ဟု အမည်ပေးထားသည်။ အတွင်းရှိနေရာလွတ်ကို ကြယ်ကမ္ဘာအဖြစ် ခေါ်ဆို၏။

သူသည် ထိုကြယ်ကမ္ဘာအတွင်း ရောက်ရှိနေကာ ကျောက်စိမ်းသစ်ခွထံသို့ ငေးကြည့်လျက် အခြေအနေများကို ဆင်ခြင်နေခြင်းဖြစ်သည်။

“ ငါခွန်အားက ယွမ်ဖူနယ်ပယ် အထွတ်အထိပ်မှာ ဖြစ်ပေမယ့် ယွမ်ဖူနယ်ပယ် ကျင့်ကြံသူတွေက နေရာခွဲပြီး တိုက်လာကြရင် ခက်ရလိမ့်မယ်။ ”

ကူမိသားစု၏ လက်ရှိအင်အားသည် ဤဖရိုဖရဲကမ္ဘာကြီးအတွင်း၌ ယှဉ်ပြိုင်နိုင်ရန် မလုံလောက်သေးချေ။

သူသည်သာလျှင် တစ်ဦးတည်းသော ယွမ်ဖူနယ်ပယ်ကျင့်ကြံသူဖြစ်၏။ ယင်းသည် အဆိုးရွားဆုံး အမှန်တရားပေပင်။ ထို့ကြောင့် ကူမိသားစုအင်အားကို အဘက်ဘက်မှ မြှင့်တင်ရန်လိုနေသည်။

“ ယွမ်ဖူနယ်ပယ် ကျင့်ကြံသူကို လိုချင်ရင် အနည်းဆုံးတော့ ရှန်ရှင်းနယ်ပယ်ပြီးပြည့်စုံမှုကို ရောက်နေဖို့လိုတယ်။ ”

အတွေးထဲ သူ့အဖေပေါ်လာ၏။ ဤနှစ်များအတွင်း စွမ်းအင်ဆေးပြားများစွာကို ထောက်ပံ့ပေးခြင်းဖြင့် ကူဖုန်းသည် ရှန်ရှင်း နယ်ပယ်နှောင်းပိုင်းသို့ ရောက်ရှိသင့်ချေပြီ။

ထိုအခြေအနေကို တွေးကြည့်ရုံဖြင့် ခေါင်းကိုက်လှ၏။ ယင်းကြောင့် အရှုပ်အထွေး အတွင်း မပါဝင်လိုခြင်းပေပင်။

မိသားစုတစ်ခု ဖွံ့ဖြိုးတိုးတက်ရန် များစွာ အလုပ်ရှုပ်ပေသည်။ ၎င်းသည်စကားလုံးများဖြင့် မအောင်မြင်နိုင်ချေ။ ထို့ကြောင့် ယင်းကိစ္စများ၌ အချိန်ဖြုန်းမည့်အစား ကျင့်ကြံခြင်းပေါ်သာ အာရုံစိုက်လိုသည်။

လုံ‌လောက်အောင် သန်မာနေသ၍ ပြဿနာများစွာကို တစ်ချက်တည်း လွယ်ကူစွာ ဖြေရှင်းနိုင်သည်။

“ ငါ့အဖေကလွဲရင် တာအိုချင်းရှက ရှန်ရှင်းနယ်ပယ်နှောင်းပိုင်းကို ရောက်နေတဲ့ တစ်ဦးတည်းသော လူပဲ။ ”

ကူချန်တစ်ယောက် မျက်မှောင်ကြုတ် သွားသည်။ တာအိုချင်းရှသည်လည်း ကူမိသားစု အတွက် သင့်လျော်ချေပြီ။ သို့သော် ထိုသူများ အဆင့်ချိုးဖြတ်နိုင်ရန် အကူအညီလို၏။

အတွေးဖြင့် ချင်းမူဖန်တီးခြင်းသုတ္တန်ကို ပြန်ရှာကြည့်လိုက်သည်။ ဤသုတ္တန်အတွင်း၌ အဂ္ဂိရတ်ပညာနှင့် ဆက်စပ်သော ဗဟုသုတ များစွာကို မှတ်တမ်းတင်ထား၏။

ဝိညာဉ်ရေး ဆေးပြားဖော်စပ်နည်း၊ ဝိညာဉ်ဆေးပင်များ စိုက်ပျိုးခြင်း၊ ကောင်းကင် နှင့် ‌မြေကြီးကြား ထူးဆန်းသောမီးတောက်များ၊ သဘာဝရတနာများ စသည်တို့ဖြစ်သည်။

“ တွေ့ပြီ ... ။ ”

ကူချန်တစ်ယောက် ရှန်ရှင်းနယ်ပယ် အဆင့်ချိုးဖြတ်ဆေးဖြစ်သည့် ခွိုက်ဖူဆေးပြား ပါဝင်ပစ္စည်းများကို မှတ်သားကာ နောက်ထပ် ဆေးပြားများ ထပ်မံရှာဖွေနေခဲ့သည်။

နယ်ပယ်တိုင်း၌ ကနဦး၊ အလယ်အလယ်၊ အထွတ်အထိပ်နှင့် ပြီးပြည့်စုံသောအဆင့်ဟူ၍ အဆင့်လေးဆင့် ခွဲခြားထားသည်။

၎င်းတို့အနက် ပြီးပြည့်စုံမှုအဆင့်သည် အလွန်စိတ်ဝင်စားစရာကောင်း၏။ ဤအဆင့် ဟူသည် နောက်ပိုင်းအဆင့်နှင့်အတူတူ ဖြစ်ကာ အထွတ်အထိပ်ဖြင့် ကွာခြားခြင်းမရှိချေ။

ဆိုလိုသည်မှာ ထိုအဆင့်သည် နယ်ပယ်တစ်ခု၏ အုတ်မြစ်ကိုစုဆောင်းခြင်းသာ ဖြစ်သည်။ ခိုင်မာသော အုတ်မြစ်သည် တစ်စုံတစ်ဦးကို သန်မာစေမည်။

ထို့ပြင် လူအချို့သည် ဤအဆင့်တွင် ခဏမျှသာစုဆောင်းရုံဖြင့် နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ကြပြီး အချို့သည် တစ်သက်လုံး ပိတ်မိသွားတတ်၏။

ယခုသူသည် ယွမ်ဖူနယ်ပယ် ပြီးပြည့်စုံသောအဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်း ဝေးနေသေးသည်။

ထိုပြီးပြည့်စုံသော အဆင့်သို့ တက်လှမ်းနိုင်မှသာလျှင် ခရမ်းရောင်နေမင်း နယ်ပယ်ကို ဖြတ်ကျော်ရန် စဉ်းစားနိုင်၏။

“ ရေနှင့်မီးဆေးပြား။ ”

အတွေးများက ထိုဆေးပြားအမည်ကို မြင်ပြီးနောက် ရပ်သွားသည်။ ယင်းသည် ယွမ်ဖူ နယ်ပယ် အဆင့်ချိုးဖြတ်ဆေးဖြစ်နေချေပြီ။

***

Book-8

All Chapters