← Chapters

အပိုင်း ၁၀၂

Vol. 7 Ch. 102

အပိုင်း ၁၀၂

Vol. 7 Ch. 102

"လာခဲ့!" နျဉ်ယွိယွမ်က သိပ်များများစားစားမ‌ပြောပေ။ သူက ကုတ်အင်္ကျီကို ချွတ်လိုက်ပြီး နည်းနည်းကုန်းလိုက်သည်။ သူ့အကြည့်တွေက စူးရှနေသည်။

“ယား-” အဲဒီလူကလည်း အသာမခံပေ။ သူက အော်လိုက်ပြီး လက်သီး တင်းတင်းဆုပ်ကာ နျဉ်ယွိယွမ်ကို ချက်ချင်း တိုက်ခိုက်လိုက်သည်။

နှစ်ယောက်စလုံးက အရမ်းလျင်မြန်ကြပြီး သူတို့ရဲ့ လှုပ်ရှားမှုတွေကနေ လေတိုးသံတွေပါ ကြားနေရသည်။ တိုက်ခိုက်တယ်၊ ကန်တယ်၊ လက်ဝါးစောင်းနဲ့ခုတ်တယ်၊ ပစ်ဆောင့်တယ်... တိုက်ခိုက်တာဖြစ်ဖြစ် ခုခံတာဖြစ်ဖြစ် သူတို့ရဲ့လှုပ်ရှားမှုတွေက လျင်မြန်ပြီး ခွန်အားအပြည့်ရှိကာ ဖြစ်ကတတ်ဆန်းနိုင်တာမရှိပေ။ အားလုံးမှာ လက်ခုပ်တီးရုံမှတစ်ပါး ဘာမှမတတ်နိုင်ပါချေ။

မော့ချူးက ကြည့်နေတာ မျက်တောင်တစ်စက်မှမခတ်ပေ။

နျဉ်ယွိယွမ်နဲ့ သူမတို့ရဲ့ပွဲနဲ့ ယှဉ်လိုက်ရင် ဒီပွဲက ရိုးရိုးရှင်းရှင်းကို အံ့မခန်းပင်။

ခွန်အားနဲ့စွမ်းအားတို့ရဲ့ တိုက်ရိုက်တိုက်ခတ်မှုကြောင့် မီးပွားတွေက နေရာအနှံ့ လွင့်စင်‌နေသည်။ ဒီတိုက်ပွဲက အမျိုးသား‌တွေနဲ့သာဆိုင်တဲ့ တိုက်ပွဲဖြစ်သည်။ လာစောင့်ထိန်းမှုမှမရှိဘဲ ပျော်ရွှင်စရာတွေနဲ့သာ ပြည့်နှက်နေသည်။ အဲ့ဒီမှာ အမျိုးသားတွေနဲ့သာ သက်ဆိုင်တဲ့ ဆွဲဆောင်မှုရှိတဲ့ ရနံ့ကို ထုတ်လွှတ်နေသည်။ နေရာတိုင်းတွင် ချွေးတွေဖျာထွက်နေကာ အပြာရောင်သွေးပြန်ကြောတွေက ပေါက်ကွဲထွက်မတတ် ဟော်မုန်းတွေတောင် ထွက်လာမတတ်ပင်။

သို့ပေမယ့် မော့ချူးကတော့ နားမလည်နိုင်စွာနဲ့ သူတို့နှစ်ယောက်ကြားက တိုက်ပွဲဖြစ်ရပ်ကို အစကတည်းက စောင့်ကြည့်ချင်ခဲ့တာဖြစ်သည်။ သို့ပေမယ့် သူမရဲ့အကြည့်တွေက ရှင်းမပြနိုင်စွာနဲ့ နျဉ်ယွိယွမ်ဆီ အလိုလိုနေရင်း ရောက်ရောက်သွားသည်။

သူ့ကုတ်အင်္ကျီကို အစကတည်းက ချွတ်ထားသည်။ အခုတော့ သူ့မှာအင်္ကျီပါးပါးလေးတစ်ထည်ပဲ ကျန်တော့သည်။ အကြိမ် တစ်ဒါဇင်လောက် လှုပ်ရှားပြီးတဲ့နောက်မှာ နျဉ်ယွိယွမ်ရဲ့တစ်ကိုယ်လုံး ချွေးတဝက်ရွှဲနေပြီဖြစ်သည်။ သူ့ရဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းရှိ ချောမွေ့တဲ့လိုင်းတွေက သံသယမရှိ ပေါ်လွင်နေပြီး စေ့စေ့စပ်စပ် ရေးဆွဲထားသလိုမျိုးပင်။ သူကမယုံနိုင်လောက်အောင် ချောမောနေသည်။ သူ့ရဲ့ အနည်းငယ် မာတင်းနေတဲ့ ကြွက်သားတွေကို ဖောက်ထွင်းမြင်နေရသည်။ သူ့ရဲ့ကြွက်သားတွေနဲ့ ခြေတံရှည်တွေကိုတော့ စစ်ဘောင်းဘီဖြင့် ဝန်းရံထားသည်။ သူက တကယ်ကို စွဲဆောင်မှုရှိတဲ့ လူတစ်ယောက်ဖြစ်သည်။

F*ck! သူမနှာခေါင်း သွေးထွက်တော့မယ်!

မော့ချူး နောက်ကို ခြေလှမ်းနည်းနည်းဆုတ်လိုက်ပြီး သူမ နားရွက်တွေကတော့ နည်းနည်းပူလောင်လာသည်။

"ဘုရားရေ! နည်းပြရဲ့ပုံစံက အရမ်းစတိုင်ကျတာပဲ!” သူမ လှည့်ကြည့်လိုက်သည်။ ကောင်မလေးတစ်ယောက်က သူတို့နှစ်ယောက်ကို တည့်တည့်စိုက်ကြည့်နေပြီး သဘောကျစွာနဲ့ အော်ပြောနေသည်။

တကယ်တော့ စစ်သင်တန်းကျောင်းမှာရှိတဲ့ ယောက်ျားလေးအများစုဟာ ပြင်းထန်တဲ့ လေ့ကျင့်မှုတွေ လုပ်ဖူးကြတာမို့ သူတို့ရဲ့ ပုံစံတွေက သဘာဝအလျောက် မဆိုးကြပါချေ။ သို့ပေမယ့် ဒီလူကတော့ ယှဉ်နိုင်တာထက်ကျော်တာဖြစ်သည်။

သူ့ရဲ့ သဘာဝအတိုင်း ရှည်လျားနေတဲ့ ခြေတံတွေ ကျဉ်းမြောင်းတဲ့ခါးနဲ့ သူ့တွင် ပြီးပြည့်စုံတဲ့ တြိဂံပြောင်းပြန်ပုံစံရှိသည်။ နေ့စဥ်လေ့ကျင့်မှုတွေနဲ့အတူ နျဉ်ယွိယွမ် ရဲ့ ကောင်းမွန်တဲ့ အသွင်အပြင်ဟာ ချက်ချင်းဆိုသလိုဘဲ လူအများအပြားကို သဘာဝအလျောက် ကျဆုံးသွားစေသည်။

"ဒီနှစ်ယောက်ကြား ကွာခြားချက်က တကယ်ကြီးတာဘဲ!" အမျိုးသမီး အများစုက အလှတရားကို အာရုံစိုက်ကြပြီး အမျိုးသားတွေကတော့ နှစ်ယောက်ကြားက ပြိုင်ပွဲရလဒ်ကို ပိုအာရုံစိုက်ကြသည်။ မော့ယန်က မော့ချူးဘေးတွင် ရပ်ကာ ခပ်တိုးတိုးသက်ပြင်းချလိုက်ပြီး သူ့အကြည့်တွေထဲမှာ‌တော့ နျဉ်ယွိယွမ်အပေါ် မဖော်ပြနိုင်တဲ့ လေးစားမှုတွေအပြည့်ပင်။

အခုမှဘဲ မော့ချူးတစ်ယောက် သူမအာရုံက မသိတဲ့‌နေရာကို ပြောင်းသွားကြောင်း သဘောပေါက်လိုက်သည်။ သူမ မတတ်နိုင်ဘဲ ခေါင်းငုံ့လိုက်ပြီး အသာလေးနှာမှုတ်လိုက်ကာ သူမအကြည့်ကို ကွင်းဆီပြန်ပြောင်းလိုက်သည်။

အစတုန်းကတော့ သူတို့နှစ်ယောက်က အရမ်းကို တိုက်ရည်ခိုက်ရည်တူနေသည်။ သို့ပေမယ့် မိနစ်အနည်းငယ်အကြာမှာတော့ နျဉ်ယွိယွမ်က ပြိုင်ဘက်ရဲ့ တိုက်ခိုက်ပုံကို သဘောပေါက်လိုက်သည်။ အချိန်တိုင်းမှာ၊ သူသည် တတိယမျက်လုံးရှိနေသလိုမျိုး သူ့ရဲ့လှုပ်ရှားမှုများတွေကို ကြိုခန့်မှန်းနိုင်နေပြီး ခြေတစ်လှမ်းသာသွားသည်။ ဒီနည်းနဲ့ နျဉ်ယွိယွမ်က လုံးဝကို အသာစီးရနေသည်။

ဒါပေမယ့် ဒီလူက တော်တော်လေးကို မရိုးဖြောင့်ပေ။ သူ့ရဲ့တိုက်ခိုက်မှုတွေပ ပေါ့ပါးသည်လည်းမဟုတ်၊ ပြင်းထန်သည်လည်း မဟုတ်ပေ။ ကြောင်က ကြွက်ကိုဖမ်းနေသလိုပင်။ ရံဖန်ရံခါ သူကတစ်ဖက်လူကို စနောက်တတ်သည်။ တစ်ဖက်လူကလည်း အခြေအနေကို နားလည်သည်။ သူ့ရဲ့ အစောပိုင်းက စိတ်ကြီးဝင်နေခဲ့တဲ့မျက်နှာက နီရဲလာပြီး သူ့မျက်လုံးတွေက ဒေါသတွေပြည့်လာပေမယ့် သူ့ကို ဘာမှမလုပ်နိုင်ပေ။

အချိန်အတော်ကြာပြီးတဲ့နောက် နျဉ်ယွိယွမ်က တစ်ဖက်လူကို အပြင်းအထန်ကန်ပစ်လိုက်ပြီး လူက နှစ်မီတာအကွာကို လွင့်သွားသည်။ ဒါက ဒီတိုက်ပွဲရဲ့ အဆုံးသတ်ပင်။

တစ်ဖက်လူကို ကြည့်တောင်မကြည့်ဘဲနျဉ်ယွိယွမ်က သူ့ကုဝ်အင်္ကျီကို ယူလိုက်ပြီးဝတ်လိုက်ကာ သူ့ရဲ့ ပြီးပြည့်စုံတဲ့ ပုံသဏ္ဍာန်ကို အမူအရာမဲ့စွာနဲ့ ပိတ်ဆို့လိုက်သည်။

"အားယား ဘာလို့ကုတ်အင်္ကျီပြန်ဝတ်လိုက်တာလဲ?" နျဉ်ယွိယွမ်ရဲ့ ရုပ်ရည်ကို နှမြောသတဖြစ်နေတဲ့ကောင်မလေးကြောင့် မော့ချူးရယ်လိုက်သည်။

နျဉ်ယွိယွမ် လှည့်လိုက်တော့ မော့ချူးမျက်နှာပေါ်ကအပြုံးကိုမြင်လိုက်ရပြီး သူ့အမူအရာက နူးညံ့သွားသည်။ “ကောင်းပြီ၊ ခုနတုန်းက ငါခေါ်ထုတ်ထားတဲ့ သူတွေ၊ တစ်ဖက်ကိုသွားပြီး ဝိတ်သွားသယ်ကြ။ ပြေးဖို့ အသင့်ပြင်ထားကြ၊ ကျန်တဲ့သူတွေက နားလို့ရပြီ!"

"မင်းအတွက်က” နျဉ်ယွိယွမ်က အခုချိန်အထိ မြေပြင်ပေါ်မှာ လဲနေတဲ့ ကောင်လေးကို ကြည့်နေပြီး "မင်းက ဝိတ်အလေးချိန်ဆတိုးမယ်!"

“ဟုတ်ကဲ့ပါ!” ကောင်လေးက မတ်တပ်ထရပ်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။ ခုနတုန်းက နျဉ်ယွိယွမ်ရဲ့ စွမ်းရည်က သူ့ခွန်အားကို ပြသဖို့ လုံလောက်သည်။ ကျောင်းသားတစ်ယောက်အနေနဲ့ သူ ဒီလောက်ထိမမိုက်မဲပါချေ။

"ပြန်သက်သာလာပြီလား?" နျဉ်ယွိယွမ်က မော့ချူးဆီ လျှောက်သွားသည်။ သူ့အကြည့်တွေက နှင်းဆီရောင်သန်းနေတဲ့ မျက်နှာလေးပေါ် ရောက်သွားပြီး သူ့နှုတ်ခမ်းထောင့်တွေက နည်းနည်း ကွေးညွတ်သွားသည်။

“ဟုတ်ကဲ့” မော့ချူးက ပြုံးကာ ခေါင်းညိတ်လိုက်သည်။

"ကောင်းတယ်"

နျဉ်ယွိယွမ်ရဲ့ ပျောက်ကွယ်သွားတဲ့ ပုံရိပ်ကို ကြည့်ရင်း မော့ချူး အနည်းငယ် ထိတ်လန့်သွားသည်။ နျဉ်ယွိယွမ်က သူမကို အနားယူဖို့ အချိန်ပိုပေးချင်ရုံနဲ့ အဲ့ဒီကောင်လေးနဲ့ အချိန်အတော်ကြာအောင် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့ကြောင်း သူမ အခုမှ သဘောပေါက်သွားရတော့သည်။

"ချူးလေး ပြေးနိုင်ပါ့မလား?" မော့ချူး မစဉ်းစားရသေးခင် မော့ယန်က သူမဘက်ကို ရောက်လာပြီး စိုးရိမ်တကြီး ကြည့်လာသည်။ ချူးလေး နိုးလာတုန်းက သူမရဲ့တစ်ကိုယ်လုံးက ပိန်ပါးပြီး အားနည်းနေတဲ့အတွက် လေက သူမကို လွင့်ထွက်သွားအောင် တိုက်ခတ်နိုင်လုမတတ်ပင်။

"အဆင်ပြေတယ်၊ ညီမလေး ကိုင်တွယ်နိုင်တယ်" မော့ချူးက ပြုံးကာ ခေါင်းခါလိုက်သည်။ အရင်တုန်းကသာဆိုရင်တော့ အခက်အခဲအဆင့်အကြောင်း ကြားတဲ့အချိန်မှာ သူမ လက် လျှော့လိုက်မှာ သေချာပေါက်ပင်။ သို့ပေမယ့် နှစ်ရာနဲ့ချီ မျိုးရိုးဗီဇတွေ တိုးတက်ကောင်းမွန်လာပြီးတဲ့နောက်တွင်၊ အဖွဲ့ချုပ်နိုင်ငံသားတစ်ဦးရဲ့ ကိုယ်လုံးကိုယ်ပေါက်ဟာ ၂၁ ရာစု နိုင်ငံသားတစ်ဦးထက် များစွာ ပိုမိုအားကောင်းလာသည်။ ထုံးစံအတိုင်း သူမအနေနဲ့ စိုးရိမ်စရာ မရှိပါချေ။

ရိုးရိုးသားသားပြောရရင် 15 ကီလိုဂရမ် အလေးချိန်ကိုသယ်ပြီး ခြောက်ပတ်ပြေးရတာက စစ်တက္ကသိုလ်မှာရှိတဲ့ မိန်းကလေးအများစုအတွက် မခက်ခဲပါချေ။ တစ်ဖက်မှာတော့ မော့ချူးတစ်ယောက် သူမရဲ့သွယ်လျတဲ့ ခန္ဓာကိုယ်ကို ရုတ်တရက် ကုန်းကာ ဝိတ်တင်လိုက်သည်။ သူမရဲ့နောက်မှာရှိနေကြတဲ့ နျဉ်ယွိယွမ်နဲ့ မော့ယန်တို့ရင်ထဲ တုန်လှုပ်သွားကြတော့သည်။

သို့ပေမယ့် မော့ချူးသည် ခပ်မြန်မြန်ကျောပြန်မတ်လိုက်ပြီး လူအုပ်နဲ့အတူ ပြေးသွားတော့သည်။

ပထမတော့ သူမက အဖွဲ့အလယ်မှာ ရှိနေသေးသည်။ နောက်တော့ တဖြည်းဖြည်းနဲ့ သူမရဲ့အရှိန်သည် နှေးလာပြီး အဖွဲ့နောက်မှာတစ်ယောက်ထဲ ကျန်ခဲ့သည်။

“ဟောဟဲ ဟောဟဲ …” မော့ချူးရဲ့အသက်ရှုသံပြင်းပြင်းက နျဉ်ယွိယွမ်ရဲ့ ရင်ကို ခေါက်သွားသလိုပင်။ ဒါက သူ့ရဲ့ ဆုံးဖြတ်ချက်ကို သံသယဝင်မိတာ ပထမဆုံးအကြိမ်ပင်။ သို့ပေမယ့် စိတ်ပိုင်းဖြတ်ထားတဲ့ ကောင်မလေးရဲ့ မျက်နှာကို မြင်လိုက်ရတော့ သူ့စိတ်ထဲက အတွေးတွေကြိ အပြင်းအထန် မျိုသိပ်လိုက်သည်။

နောက်ဆုံးတော့ မော့ချူးတစ်ယောက် တခြားသူတွေထက် အချိန်နှစ်ဆသုံးပြီးမှ ပြေးတဲ့လုပ်ငန်းစဥ်တစ်ခုလုံး ပြီးမြောက်သွားသည်။

ဒီလိုဆိုရင်တောင်မှ သူမမှာ မောနေသေးသည် ။ သူမရဲ့ မျက်နှာလေးက အဝတ်ဖြူတစ်ခုလိုမျိုး ဖြူဖျော့နေပြီး သူမရဲ့ နဖူးမှာလည်း ချွေးတွေနဲ့ ပြည့်နေသည်။ သူမကို ဒီလိုမြင်လိုက်ရတော့ သူမနဲ့တစ်ဖွဲ့တည်းမှာရှိတဲ့ ချင်ယွဲ့က မနေနိုင်ဘဲ စိတ်ပူသွားမိသည်။ “လာ၊ စွမ်းအင်ဖြည့်စွက်စာနည်းနည်း သောက်လိုက်။ အဲဒါက မင်းကို ပိုသက်သာသွားစေလိမ့်မယ်"

မော့ချူး မပြောရသေးခင် နျဉ်ယွိယွမ်က ရှေ့နှစ်လှမ်းတိုးလာပြီး ချင်ယွဲ့ လက်ထဲက စွမ်းအင်ဖြည့်စွက်စာကို ဆွဲယူလိုက်သည်။ “သူ ဒါတွေနဲ့ မတည့်ဘူး။ သူ သောက်လို့မရဘူး"

နျဉ်ယွိယွမ်ရဲ့ လေသံက မထူးခြားနားဖြစ်နေပေမယ့် သူ့မျက်နှာပေါ်မှာ‌တော့ စိုးရိမ်ပူပန်မှုတွေ ပြည့်နေတာ သံသယဖြစ်စရာတောင်မရှိပေ။ ရှိနေကြတဲ့ ကျောင်းသားတွေမှာ မတတ်နိုင်ဘဲ အံ့အားသင့်သွားကြသည်။ နည်းပြက ဘယ်လိုလုပ် မော့ချူးအကြောင်းကို ကောင်းကောင်းသိနေရတာလဲ? ရလဒ်အနေနဲ့ သူတို့နှစ်ယောက်ကြားမှာ အတင်းအဖျင်းအကြည့်တွေက ကူးလူးလာသည်။ ကျွတ်စ် ကျွတ်စ် ဘာတွေဖြစ်နေတာလဲ?

All Chapters