← Chapters

အပိုင်း ၁၀၃

Vol. 7 Ch. 103

အပိုင်း ၁၀၃

Vol. 7 Ch. 103

“အဲဒါ နင်တို့ထင်သလို မဟုတ်ဘူး” ဒီစကားကိုကြားတော့ မော့ချူး မနေနိုင်ဘဲ နည်းနည်း အံ့အားသင့်သွားသည်။ သူမ ရှင်းပြဖို့လုပ်နေတုန်း နျဉ်ယွိယွမ်ဆီကနေ ဖြတ်ပြောခံလိုက်ရသည်။ အမြဲတမ်း မျက်နှာအမူအရာမရှိတဲ့ သူ့ရဲ့ ချောမောတဲ့ မျက်နှာပေါ်မှာ အမှန်တကယ်ကို နူးညံ့သိမ်မွေ့မှုတချို့ ပေါ်လွင်နေကာ သူ့ရဲ့နက်နဲတဲ့ မျက်လုံးတွေထဲ လင်းလက်နေသလိုပင်။ "ချူးလေးရဲ့ စောင့်ရှောက်သူဖြစ်ဖို့ ငါကြိုးစားနေတာ"

ဘာ!! နျဉ်ယွိယွမ်ရဲ့ရိုးရှင်းတဲ့စကားတစ်ခွန်းက လူတိုင်းကို အံ့အားသင့်သွားစေသည်။

စောင့်ရှောက်သူ?

ဒီခေတ်မှာ စောင့်ရှောက်သူဖြစ်ချင်တဲ့ သူက တကယ်ကြီးရှိ သေးတာလား?

ဒီဟာက အရွယ်မရောက်သေးတဲ့ သူတွေအတွက် အထူးသီးသန့် ခေါင်းစဉ်တစ်ခုဖြစ်သည်။ စောင့်ရှောက်သူဆိုတာ ရှေးခေတ်က သူရဲကောင်းတစ်ယောက်နဲ့တူသည်။ တစ်စုံတစ်ယောက်က အရွယ်မရောက်သေးတဲ့သူအတွက် စောင့်ရှောက်သူအဖြစ် ကျမ်းသစ္စာကျိန်ဆိုလိုက်တာနဲ့ သူက အရွယ်မရောက်သေးသူရဲ့ လုံခြုံမှုနဲ့ အကျိုးစီးပွားကိုပဲ ဦးစွာအလေးထားရမယ်ဟု ဆိုလိုတာပင်။ အရေးအကြီးဆုံးကတော့ ဒီဆက်ဆံရေးက လုံးဝကို တစ်ဖက်သတ်ပင်။ တစ်နည်းဆိုရသော် စောင့်ရှောက်သူက သူတတ်နိုင်သမျှ လုပ်နေတုန်းမှာ၊ အကျိုးခံစားခွင့်ရှိသူဘက်က ဘာကိုမှ ပေးဆောင်ဖို့ မလိုအပ်သလို ပေးဆောင်ဖို့လည်းတာဝန်မရှိပေ။

ဒါ့အပြင် ဒီကျိန်ဆိုမှုဟာ နှုတ်ဖြင့်သာမက တရားဥပဒေအရပါ သက်ရောက်မှုတွေပါရှိသည်။ နျဉ်ယွိယွမ်သာ မော့ချူးရဲ့ စောင့်ရှောက်သူ ဖြစ်လာတာနဲ့ တပြိုင်နက် သူက မော့ချူးရဲ့ လုံခြုံရေးနဲ့အကျိုးစီးပွားကို ထိခိုက်စေမယ့် မည်သည့်အရာကိုမဆို ပြုလုပ်နေသရွေ့ တရားရုံးတွင် တရားစွဲခံရကာ ပြင်းထန်စွာ အပြစ်ပေးခံရနိုင်ဖွယ်ရှိသည်။

"ရှင် နောက်နေတာလား?" ချောင်းဟုန်မိန် တံတွေးမျိုချလိုက်သည်။ သူမ မျက်နှာပေါ်က အံ့အားသင့်နေမှုကို ဖုံးကွယ်လို့မရပါချေ။ စောင့်ရှောက်သူအဖြစ် လိုအပ်ချက်တွေက ပြင်းထန်လွန်းတာကြောင့် ဒီစည်းကို နှစ်ပေါင်း 70-80 ကြာသည်ထိ ဘယ်သူမှ မထိရဲကြပေ။

မော့ချူးကို လှည့်ကြည့်လိုက်တော့ ချောင်းဟုန်မိန်ရဲ့ မျက်လုံးတွေက မနာလိုစိတ်တွေနဲ့ ပြည့်နှက်နေသည်။ ဒီကောင်မလေးကိုကြည့်ပါဦး၊ သူမရဲ့ရိုးစင်းလွန်းတဲ့ ရုပ်ရည်ကြောင့် သူမကို လူအုပ်ထဲမှာတောင် ရှာတွေ့နိုင်မှာမဟုတ်ဘူး၊ ဒါတောင် သူမရဲ့စောင့်ရှောက်သူဖြစ်ချင်တဲ့ သူကရှိသေးတယ်။ ဒီလူက သူမကို အရင်ကဆိုအထင်တောင်သေးခဲ့ဖူးသေးတယ်။

ဒါကိုတွေးမိပြီး ချောင်းဟုန်မိန်က မုန်းတီးစွာနဲ့ အံကြိတ်လိုက်သည်။

“ဒီလိုကိစ္စတွေနဲ့ ပတ်သက်ပြီး ငါတစ်ခါမှ မနောက်‌ပြောင်ဖူးဘူး" နျဉ်ယွိယွမ်က ခေါင်းအသာလှည့်လိုက်ပြီး သူ့လေသံထဲမှာတော့ သတိထားပေးနေတဲ့အရိပ်အယောင်တွေပါနေသည်။

"ဒါဆို... ရှင့်ရဲ့ဆန္ဒအရ လုပ်တာလား?" ချောင်းဟုန်မိန်က မယုံနိုင်သေးပေ။ နျဉ်ယွိယွမ်က ဘယ်ကဏ္ဍမှာမဆို ထူးချွန်တယ်လို့ ယူဆနိုင်သည်။ သူ့ကိုယ်သူ ညှဉ်းပန်းနှိပ်စက်ပြီး မော့ချူးရဲ့အုပ်ထိန်းသူဖြစ်လာဖို့ မလိုအပ်ပါချေ။

နျဉ်ယွိယွမ်က တခြားဘာမှ မပြောပေ။ မော့ချူးကို ကြည့်လာတဲ့ သူ့အကြည့်တွေက သူ့သဘောထားကို ဖော်ပြဖို့ လုံလောက်သည်။ သူမ ခေါင်းမော့လိုက်တော့ နျဉ်ယွိယွမ်ရဲ့တောက်လောင်နေတဲ့ အကြည့်ကို တွေ့လိုက်ရသည်။ မော့ချူး သူမရဲ့ နှလုံးခုန်သံကြောင့် ချက်ချင်း အကြည့်လွှဲလိုက်သည်။

နျဉ်ယွိယွမ် မျက်မှောင်နည်းနည်းကြုတ်လိုက်သည်။ တပ်မှူးတစ်ယောက်အနေနဲ့ တိကျတဲ့စောင့်ကြည့်မှုနဲ့ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်တွေက သူ့ရဲ့အားသာချက်ဖြစ်သည်။ အတူတူ ကုန်ဆုံးခဲ့ကြတဲ့ အချိန်တိုလေးအတွင်းမှာ ဒီကလေးမလေးက အပြင်ပန်းမှာပျော့ညံ့ပေမယ့် တကယ်တမ်းမှာတော့ သူမက သူစိမ်းတွေကိုကြောက်တတ်တဲ့သူဖြစ်မှန်း သူ တဖြည်းဖြည်း သိလာသည်။

သူမ နှလုံးသားကို အနိုင်ယူချင်တယ်ဆိုရင် ရေနွေးနွေးထဲမှာ ဖားတစ်ကောင်ကို ဖြည်းဖြည်းချင်းပြုတ်တဲ့နည်းကို အသုံးပြုရမည်ဖြစ်သည်။ သူ့ဖြစ်တည်မှုနဲ့ပတ်သတ်ပြီး မော့ချူးတစ်ယောက် နည်းနည်းချင်းစီ ရင်နှီးလာအောင်လုပ်ရမည်။ ဒီတော့မှ တခြားဖြစ်နိုင်ချေတွေအကြောင်း ပြောဖို့ သူ့မှာ အခွင့်အရေးရှိလာမည်ဖြစ်သည်။

"ကောင်းပြီ! “နျဉ်ယွိယွမ် ကိုယ်တိုင် ဗုံးကို ပစ်ချလိုက်သည်။ သူက လက်ခုပ်တီးကာ မတ်တပ်ရပ်လိုက်သည်။ သူ့အမူအရာက လေးနက်သွားပြီး "မင်းတို့ရဲ့ အနားယူချိန် ကုန်ပြီ။ အားလုံးထပြီး ဆက်လေ့ကျင့်ကြ"

ဘာလဲဟ!! ဒီလူက မျက်နှာပြောင်းတာ အရမ်းမြန်တာပဲ!

လူတိုင်း အံ့ဩသွားကြသည်။ အခုလေးတင် သူ့အချစ်ကို ဝန်ခံလိုက်တာ အခုကျတော့ သွေးအေးတဲ့နည်းပြချုပ်ဖြစ်သွားပြန်ပြီ။ နျဉ်ယွိယွမ်မှာ ဝိညာဉ်ကွဲထွက်တဲ့စရိုက်တော့ မရှိဘူးမလား?

သူတို့က သူ့ကိုလှောင်ပြောင်နေကြပေမယ့် လေ့ကျင့်နေရသေးသည်။ နောက်ဆုံးတော့ နတ်ဆိုးမုဒ်ကို အမြန်ပြန်ပြောင်းသွားတဲ့ နျဉ်ယွိယွမ်က သူတို့အော်ဟစ်ငိုယိုရတဲ့အထိ လေ့ကျင့်ပေးတော့သည်။

နောက်ဆုံးတော့ နေ့လည်စာစားချိန်ရောက်လာသည်။ လူတိုင်းရဲ့အရိုးတွေက ကျိုးကျေလုနီးနီးဖြစ်ကာ မြေပြင်ပေါ် လဲကျသွားကြသည်။ တခြားဖက်မှာတော့ အစစ်အမှန်တိုက်ခိုက်ရေး မစ်ရှင်တွေကို မကြာခဏသွားလုပ်ရလေ့ရှိတဲ့ စီနီယာကျောင်းသားတွေကတော့ ပိုပြီး အခြေအနေကောင်းသေးသည်။

"မော့ချူး၊ နည်းပြချုပ်က ဒီတိုင်း ဟာသပြောသွားတာလို့ ငါထင်တယ်" ချင်ယွဲ့က စွမ်းအင်ဖြည့်စွက်စာကို ခက်ခက်ခဲခဲ မျိုချလိုက်ပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ “သူ့ရဲ့ လက်ရှိအခြေအနေနဲ့ဆို သူက မင်းရဲ့ စောင့်ရှောက်သူ ဖြစ်ချင်မယ်တဲ့လား? သူ့မှာ အခွင့်အရေးရှိမယ်လို့ ငါမထင်ဘူး!"

ဟုတ်တယ်၊ ဒီကောင်မလေးကိုကြည့်ဦးလေ။ သူမရဲ့အခြေခံ တည်ဆောက်ပုံတွေကလည်း မကောင်းဘူး။ တစ်မနက်လုံး အပြင်းအထန် လေ့ကျင့်ပြီးသွားတော့ မော့ချူးတစ်ယောက် ချိနဲ့လုနီးပါး ဖြစ်သွားတာ။ ဒီလိုရက်စက်တဲ့ စောင့်ရှောက်သူမျိုး ဘယ်လိုလုပ်ရှိနိုင်မှာလဲ? ချင်ယွဲ့က နှုတ်ခမ်းကနေ အသံထွက်အောင်လုပ်လိုက်သည်။ မော့ချူးက နာကျင်တာကို သာယာတတ်တဲ့သူမှမဟုတ်ဘဲ၊ ဒီတော့သူမ ဘယ်လိုလုပ် ကိုယ့်ဒုက္ခကိုယ်ရှာမှာလဲ?

"ချူးလေး အဆင်ပြေရဲ့လား?" ဩရှရှအသံက ရုတ်တရက် ထွက်လာတဲ့အချိန် ချင်ယွဲ့က နျဉ်ယွိယွမ်ကို ပျော်ပျော်ရွှင်ရွှင် ဟာသ‌လုပ်နေတာဖြစ်သည်။ အသံကိုကြားတော့ ချင်ယွဲ့ မော့ကြည့်လိုက်တဲ့အချိန် သူ့မျက်လုံးတွေ ချက်ချင်း မှုန်မှိုင်းသွားသည်။ သူ့ပါးစပ်ကို ချုပ်သာ ချုပ်ထားလိုက်ချင်တယ်။ ဟား! တခြားသူရဲ့ နောက်ကွယ်မှာ မကောင်းကြောင်းပြောနေတုန်း လက်ပူးလက်ကြပ် ဖမ်းမိခံလိုက်ရတယ်တဲ့။

နျဉ်ယွိယွမ် ဘယ်ကရောက်လာမှန်း သူ မသိပေမယ့် မော့ချူးကို သူစိုးရိမ်တကြီး ကြည့်လိုက်မိသည်။ သေချာပေါက်၊ ဒီစူးရှတဲ့အကြည့်တွေက ချင်ယွဲ့ကို ဖြတ်ကြည့်သွားဖို့လည်း မမေ့ချေ။ “မင်းကို ကြည့်ရတာ တော်တော်အားနေတဲ့ပုံပဲ။ စိတ်မပူနဲ့ နေ့လည်ခင်း လေ့ကျင့်ရေးကျရင် မင်းကို ကောင်းကောင်း ဂရုစိုက်ပေးမယ်"

ချင်ယွဲ့မှာ သူ့အတွက် အသက်ရှင်စရာ ဘာမှ မကျန်တော့ကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။ ခရက်ဆိုတဲ့ အသံနဲ့အတူ သူ့နောက်က မြက်ခင်းပြင်ပေါ် လဲကျသွားတော့သည်။

"ကျွန်တော်အဆင်ပြေပါတယ်၊ ကျွန်တော်အဆင်ပြေပါတယ်" ချင်ယွဲ့ရဲ့ ရယ်စရာကောင်းတဲ့ ပုံစံကိုကြည့်ရင်း မော့ချူးရဲ့ နှုတ်ခမ်းထောင့်တွေ ထိန်းမနိုင်ဘဲ တွန့်ကွေးသွားသည်။ သို့ပေမယ့် သူမရဲ့မျက်နှာပေါ်က ဖြူဖျော့နေမှုကို မဖုံးကွယ်ထားနိုင်တဲ့အတွက် နျဉ်ယွိယွမ် နည်းနည်း မျက်မှောင်ကြုတ်သွားသည်။

"ငါ မင်းနဲ့ ဆေးပေးခန်းကို လိုက်ပေးရမလား?"

"ဟမ့်!" မော့ချူးက ပြန်မဖြေရသေးခင်မှာဘဲ မော့ယန်က ရုတ်တရက် ထလိုက်ပြီး မော့ချူးကို သူ့နောက်ပို့ကာ ကားထားလိုက်သည်။ သူ့အကြည့်က နည်းနည်း တင်းမာသွားသည်။ “ခင်ဗျား ဒုက္ခခံဖို့မလိုပါဘူး၊ ကျွန်တော်ပဲ ချူးလေးကို လိုက်ပို့ပေးလိုက်မယ်"

ဒီလူက သူမရဲ့အစ်ကိုကို မေ့နေတာလား? မော့ချူးနားကို သူ့အရှေ့မှာပဲ ချဉ်းကပ်လာရဲတာ။ ဒီအခိုက်အတန့်မှာ မော့ယန်တစ်ယောက် ဝိုင်းဝိုင်းကို မခေါ်လာနိုင်တဲ့အတွက် နောင်တရမိသည်။ အဲ့ဒီအသေးလေးရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ဒေါသကို အခြေခံရရင် သူ့အနေနဲ့ နျဉ်ယွိယွမ်ကို ချက်ချင်း ကိုက်ပစ်လိုက်မှာ။

ဒါ့ပြင် ဘယ်သူက ခင်ဗျားကို စောင့်ရှောက်သူအဖြစ်လိုလို့လဲ? ငါက ချူးလေး ရဲ့အစ်ကိုကြီးပဲ၊ ငါကပဲ သူ့ကို ကောင်းကောင်းကာကွယ်ပေးမယ် ဟုတ်ပြီလား?

All Chapters