အပိုင်း ၁၀၄
Vol. 7 Ch. 104
မော့ချူး သူမအခန်းထဲပြန်ရောက်တော့ သူမအမူအရာနည်းနည်းပိုကောင်းမလာခင် သူမ အစားအစာကို ကိုက်လိုက်သည်။
"အာဝူး အာဝူး-" ဘာဖြစ်တာလဲ?
အစကတော့ ဝိုင်းဝိုင်းတစ်ယောက် မော့ချူးရဲ့ပုံစံကိုမြင်တဲ့အခါ စိတ်အားထက်သန်စွာနဲ့ သူမနောက်ကိုလိုက်သွားခဲ့သည်။ အပေါ်တက်ခါနီး မော့ချူးရဲ့ ဖြူဖျော့နေတဲ့မျက်နှာကို မြင်လိုက်ရသည်။ သူက ချက်ချင်း စိတ်လှုပ်ရှားစွာနဲ့ အော်လိုက်သည်။ ဘယ်သူလဲ? ငါ့ရဲ့ အရသာရှိတဲ့ အစားအသောက် လုပ်ပေးတဲ့သူကို ဘယ်သူက ထိရဲတာလဲ?
"ကောင်းပြီ ငါအဆင်ပြေပါတယ်" မော့ချူးက ဝိုင်းဝိုင်း ကို ဖက်လိုက်ကာ သူ့ခေါင်းကို ညင်ညင်သာသာ ပွတ်လိုက်သည်။ သူမ ရင်ထဲ နွေထွေးမှုတွေနဲ့ ပြည့်နှက်သွားသည်။ ၂၁ ရာစုမှာ သူမက မိဘမဲ့ကလေးတစ်ယောက်ဖြစ်သည်။ လူ့အဖွဲ့အစည်းရဲ့ သရုပ်မှန်က အေးစက်ပြီး သူမကို ဂရုစိုက်တဲ့သူ တစ်ယောက်မှ မရှိပေ။
ဒါကို သူမ တွေးမိတဲ့အခါ နျဉ်ယွိယွမ် ပြောခဲ့တဲ့ 'စောင့်ရှောက်သူ' ဆိုတာကို သူမ မနေနိုင်ဘဲ တွေးမိလိုက်သည်။ သူမ ခလုတ်ခုံကို အမြန်ထုတ်လိုက်ပြီး စစ်ကြည့်တော့မယ့်အချိန် ခလုတ်ခုံထဲမှာ ဘာ signal မှမရှိကြောင်း သူမ တွေ့လိုက်ရသည်။ သူမမှာ လက်လျှော့ဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။
"စစ်ရေးလေ့ကျင့်ရတဲ့ အတောတွင်းမှာ စစ်တက္ကသိုလ်တစ်ခုလုံးရဲ့ signal တွေကို ပိတ်ထားတယ်" မော့ယန်က မော့ချူးဆီ ရေတစ်ခွက် ပေးလိုက်သည်။ သူမရဲ့လုပ်ရပ်ကိုမြင်တော့ သူက တိုးတိုးလေး ရှင်းပြလိုက်သည်။ "ဘာဖြစ်လို့လဲ? 'စိတ်ဝိညာဉ်အစားအသောက်ဆိုင်' မှာ အမှားအယွင်းတစ်ခုခုဖြစ်မှာစိုးလို့လား?"
"မဟုတ်ပါဘူး" မော့ချူးက ခေါင်းခါလိုက်သည်။ သူမလက် မြှောက်လိုက်ပြီး ရေတစ်ခွက်လုံးကို သောက်လိုက်သည်။ " 'စောင့်ရှောက်သူ' ဆိုတာက ဘာလဲဆိုတာ ရှာကြည့်ချင်လို့ပါ"
မော့ချူး ဒါကို မပြောရင်တောင် ကောင်းဦးမည်။ ဒါပေမယ့် သူမပြောပြီးတာနဲ့ မော့ယန်က ဒေါသတကြီး ဖြစ်သွားသည်။ စောင့်ရှောက်သူ ဟုတ်လား? ဟား! နျဉ်ယွိယွမ်က တကယ်ကို စိတ်ကူးယဉ်ဆန်ပါလား။ သူမရဲ့အစ်ကို သဘောတူပါ့မလားဆိုတာကိုတောင် သူကဂရုမစိုက်ဘူး!
မော့ယန်တစ်ယောက် တစ်ခုခုပြောတော့မယ့်အချိန် လှည့်ကြည့်လိုက်တော့ မော့ချူး ရေခွက်က ကုန်သွားပြီဖြစ်ကြောင်းကို တွေ့လိုက်ရသည်။ သူ သူမအတွက် နောက်ထပ်ရေတစ်ခွက် ထည့်ပေးလိုက်သည်။ ရေတစ်ခွက် သောက်ပြီးသွားတော့ မော့ချူးတစ်ယောက် အရင်ကလို ရေမဆာတော့ပေ။ သူမက တစ်ငုံလောက်နည်းနည်းသောက်လိုက်ကာ သူမရဲ့နှုတ်ခမ်းထောင့်က အချိုင့်လေးတွေက မသိမသာပေါ်လာခဲ့သည်။ သူမရဲ့အသွင်အပြင်က ပန်းချီကားတစ်ချပ်နဲ့တူပြီး မယုံနိုင်လောက်အောင် လက်ရာမြောက်လှသည်။
ညီမချစ်သူဖြစ်တဲ့ မော့ယန်တစ်ယောက် ဒီဟာကိုမြင်တော့ သူ့အကြည့်တွေက မနေနိုင်ဘဲ နူးညံ့သွားရသည်။ ချူးလေးကို ဘယ်လောက်ပဲ အလိုလိုက်ပါစေ မလုံလောက်ဘူး လို့ သူ ခံစားရသည်။ သို့ပေမယ့် ဘေးကနေ မော့ချူးကို စူးစူးရဲရဲစိုက်ကြည့်နေတတ်တဲ့ ငနာကောင်တစ်ကောင် ရှိနေသေးကြောင်း သတိရသွားတော့ သူ မနေနိုင်ဘဲ ဒေါသတကြီး မျက်ခုံးပင့်လိုက်မိသည်။ ဟမ့်!
“အဆင်ပြေပါတယ်။ အရမ်းကြီးမတွေးနဲ့။ သူက ညီမလေးနဲ့မတန်ဘူး!" မော့ယန်က ထပ်ပြီးရှင်းပြဖို့ ဆန္ဒမရှိတော့ပေ။ နျဉ်ယွိယွမ်က ချူးလေး လှုပ်ရှားအောင်လုပ်ဖို့ နွေးထွေးချင် ဟန်ဆောင်ချင်နေတာပဲ။ ဟက် ! ချူးလေးက 'စောင့်ရှောက်သူ' ဆိုတဲ့အဓိပ္ပါယ်ကို သတိမထားမိတာ သူ လုံးဝမသိဘူး။ သူ့အတွေးတွေ အားလုံးက အချည်းနှီးပဲ။
"ဖွီ!" ဒီစကားကိုကြားတော့ မော့ချူး သူမ ပါးစပ်ထဲက ရေတွေကို ထွေးထုတ်မိလုနီးပါးပင်! သူက သူမနဲ့မတန်ဘူး? ဒါက နျဉ်ယွိယွမ်တစ်ယောက် သူမကိုကြိုက်နေတာလို့ ဆိုလိုတာလား?
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ" မော့ချူး မသိစိတ်ကနေခေါင်းခါလိုက်သည်။ သူမ ဘဝတစ်လျှောက်လုံး ဘာဆက်ဆံရေးမျိုးမှ မရှိခဲ့ဖူးပေ။ ထုံးစံအတိုင်း သူမဟာ ဆက်ဆံရေးနဲ့ ပတ်သက်လာရင် မသိနားမလည်ခဲ့ပါချေ။ နျဉ်ယွိယွမ်ရဲ့ စေတနာကြောင့် သူမက သူ့ကို 'နေ့တိုင်း ကုသိုလ်ကောင်းမှုပြုတဲ့လူကောင်း' အမျိုးအစားထဲမှာ အလိုအလျောက် နေရာပေးခဲ့တာသည်။
"သတိထား။ သီးသွားတာမဟုတ်လား?" မော့ယန်က မျက်မှောင်ကြုတ်ပြီး မော့ချူးကို လက်ကိုင်ပုဝါတစ်ထည်ကမ်းပေးလိုက်သည်။ “အဲဒီကောင်ကို စိတ်ထဲမထားနဲ့။ မြန်မြန် ကောင်းကောင်းအနားယူလိုက်။ နေ့လည်ပိုင်း လေ့ကျင့်ရေးလည်း မလွယ်လောက်မှာစိုးတယ်"
အဲ့ဒီအချိန်မှာ မော့ယန်တစ်ယောက် မော့ချူးရဲ့စိတ်ထဲကနေ 'နျဉ်ယွိယွမ်' ဆိုတဲ့စကားလုံးကို တူးထုတ်ပစ်လိုက်ချင်သွားသည်။ ထုံးစံအတိုင်း၊ မော့ချူးတစ်ယောက် အချိန်အများကြီးသုံးပြီး အဲ့ဒီလူအကြောင်း တွေးမှာကို သူ မလိုချင်ပေ။
“ကောင်းပါပြီ” မော့ချူးက သူမ နားမလည်နိုင်တဲ့ အရာတွေကို နာနာခံခံနဲ့ ဘေးပို့လိုက်သည်။
“ကောင်းပြီ၊ အစ်ကို ဒီနေ့ ချက်ပြုတ်လိုက်မယ်။ ညီမလေးက ကောင်းကောင်းအနားယူဖို့ပဲလိုတယ်” ချူးလေးရဲ့ ခလုတ်ခုံမှာ အရန်အစားအသောက် တွေရှိပေမယ့် လတ်လတ်ဆတ်ဆတ်လုပ်ထားတဲ့ အစားအစာတွေက ပိုကောင်းသည်။ မော့ချူးကို ကောင်းကောင်းအနားယူစေချင်တဲ့အတွက် ဒီအခွင့်အရေးကို သူယူလိုက်သည်။
"အစ်ကိုကြီး၊ ကိုယ်တိုင်ချက်မှာလား?" တိတ်တိတ်လေး လက်ကိုပွတ်သပ်ရင်း မော့ချူးရဲ့ မျက်လုံးတွေက နည်းနည်း တောက်ပလာသည်။ သူမအနေနဲ့ သူမရဲ့အစ်ကိုကြီးကို ပြည့်ပြည့်စုံစုံ အရည်အချင်းရှိသူအဖြစ် ပြုစုပျိုးထောင်ဖို့ ပြင်ဆင်ထားသည်။ မီးဖိုချောင်မှာ ချက်ပြုတ်နိုင်တာက အရေးကြီးတဲ့ စံသတ်မှတ်ချက်တစ်ခုပင်။
"ဟုတ်တယ်၊ ဒါပေမယ့် ညီမလေးညွှန်ကြားပေးဖို့လိုသေးတယ်" မော့ချူး ချက်ပြုတ်တာကို အကြိမ်ပေါင်းများစွာ လေ့လာကြည့်ပြီးတဲ့နောက် မော့ယန်အနေနဲ့ သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိတယ်လို့ ခံစားခဲ့ရသည်။
"ပြဿနာမရှိပါဘူး" မော့ချူးက ခေါင်းညိတ်လိုက်ပြီး ချက်ချင်း သဘောတူလိုက်သည်။ "ဒါဆို ဒီနေ့ ရိုးရိုးရှင်းရှင်း ဟင်းပွဲတွေ ချက်တာပေါ့"
ဒါကိုကြားတော့ ဝိုင်းဝိုင်းနဲ့ မြေခွေးပျံလေးတို့က ဝမ်းသာအားရနဲ့ကြမ်းပြင်ပေါ်မှာ လှည့်ပတ်နေကြသည်။ အိုး ယေး! အရသာရှိတာ စားရတော့မယ်!
သို့ပေမယ့် မော့ယန်ရဲ့ယုံကြည်မှုက အရမ်းမြန်မြန်နဲ့ ပျောက်ကွယ်သွားသည်။ ဝိုင်းဝိုင်းနဲ့ မြေခွေးပျံလေးတို့ကလည်း သူ့ကို တင်းမာတဲ့အမူအရာနဲ့ စိုက်ကြည့်နေကြသည်။
ရေညှိပင်တွေကို ခုတ်တာက အရိုးရှင်းဆုံးအလုပ် ဖြစ်ပေမယ့် မော့ယန်က အမှားတွေ အများကြီးလုပ်မိခဲ့သည်။
မော့ချူးရဲ့မျက်လုံးတွေက ရေညှိပင်တွေရဲ့ ဘယ်အစိတ်အပိုင်းတွေကို စားသုံးလို့ရပြီး ဘယ်ဟာကအဆိပ်ရှိလဲဆိုတာကို အလွယ်တကူ သိနိုင်သည်။ သို့ပေမယ့် မော့ယန် ကိုယ်တိုင်ကိုယ်ကျ လုပ်ရတဲ့ အလှည့်ရောက်လာတော့ သူ ကျရှုံးသွားရသည်။ အရင်တုန်းကတော့ သူက mechaရဲ့ ပြုပြင်မွမ်းမံထားတဲ့ဓားကို တိကျပြတ်သားစွာနဲ့ အလွယ်တကူ ထိန်းချုပ်နိုင်ပေမယ့် အခုအချိန်မှာ မီးဖိုချောင်သုံးဓားကိုတော့ မထိန်းချုပ်နိုင်ပါချေ။
ဒါက မလွယ်ပါချေ။ နာရီဝက်ခန့်ကြာပြီးတဲ့နောက် မော့ယန်တစ်ယောက် ပါဝင်ပစ္စည်းတွေအားလုံးကို ပြင်ဆင်ပြီးသွားသည်။
နောက်တော့ ရေညှိပင်တွေကို သူကြည့်လိုက်မိသည်။ အဲ့ဒါတွေကို တိုတိုရှည်ရှည် လှီးထားသည်။ အဲ့ဒါတွေက အရမ်းဖန်တီးနိုင်စွမ်းနဲ့ စိတ်ကူးယဉ်ဆန်လှသည်။ မော့ယန် မနေနိုင်ဘဲ ရှက်သွေးဖြာသွားရသည်။
"အဆင်ပြေပါတယ်။ ဒါက ပထမဆုံးလုပ်တာလေ။ အစ်ကိုလုပ်တာ အရမ်းကောင်းပါတယ်” မော့ချူးက သူမအစ်ကိုကို အမြန်ပြောလိုက်သည်။ သူမရဲ့ မျက်နှာလေးမှာ အားပေးမှုတွေအပြည့်ပင်။ “ဒါတွေကို ရေဆေးပြီးအခွံခွါရမယ်။ အလယ်က အပိုင်းလေးတွေကိုပဲနော်"
မော့ချူးက ခလုတ်ခုံကနေ ခရမ်းချဉ်သီး ခုနစ်လုံး ရှစ်လုံး ထုတ်ယူလိုက်သည်။ သူမ လက်ကိုသုံးပြီး အကြမ်းဖျဉ်း ပိုင်းခြားပြကာ စားလို့ရတဲ့ အစိတ်အပိုင်းတွေကိုပဲ ချန်ထားလိုက်သည်။
ဒီခရမ်းချဉ်သီးတွေကို ဝယ်သူတွေ ပို့ပေးတဲ့ မှော်အပင်တွေကြားထဲမှာ ရှာတွေ့ခဲ့တာဖြစ်သည်။ အဲ့ဒါက အစိမ်းရောင်အပင်ရဲ့အသီးဖြစ်သည်။ အပြင်ဘက်အလွှာက အစိမ်းရောင်ဖြစ်ပြီး အခွံခွာလိုက်တာနဲ့ အထဲမှာအနီရောင်အသားရှိကာ အရသာက ခရမ်းချဉ်သီးနဲ့ တူသည်။ သို့ပေမယ့်၊ အဲ့ဒါက ပိုကြီးပြီး တစ်လုံးစီက လက်သီးသုံးလုံးစာလောက်ရှိသည်။
ရေညှိပင်တွေကို လှီးတာကနေ ရလာတဲ့ အတွေ့အကြုံအရ မော့ယန်တစ်ယောက် ခရမ်းချဉ်သီးတွေကို လှီးတဲ့နေရာမှာ ပိုတော်လာသည်။ အရင်ဆုံး ပင်စည်တွေကို ဖယ်ထုတ်ပြီး အပိုင်းပိုင်း လှီးလိုက်သည်။
အရွယ်အစားတွေက တစ်ပြေးညီ မဟုတ်ပေမယ့် အနည်းဆုံးတော့ အပိုင်းပုံပေါ်နေသေးသည်။ မော့ယန်ကိုကြည့်ရတာ အခုမှ ပိုပြီးယုံကြည့်ချက်ရှိလာတဲ့ပုံပင်။