အပိုင်း ၁၀၆
Vol. 8 Ch. 106
မော့ယန်က မွှေကြော်ထားတဲ့ ဥတွေကို သုံးပိုင်းပိုင်းလိုက်သည်။ အပိုင်းနှစ်ပိုင်းကို ဝိုင်းဝိုင်းနဲ့ မြေခွေးပျံလေးတို့ကို ပေးလိုက်ပြီး ကျန်တစ်ပိုင်းကတော့ သူနဲ့ မော့ချူးအတွက် ဖြစ်သည်။
“လာ မြည်းကြည့်ကြည့်။ အရသာဘယ်လိုနေလဲ?" မော့ယန်က မော့ချူးကို တူကမ်းပေးလိုက်ပြီး သူ့မျက်နှာမှာ ရှားရှားပါးပါး စိတ်လှုပ်ရှားမှုတွေ ပေါ်လာခဲ့သည်။
မော့ချူးက တူနဲ့ညှပ်ယူလိုက်သည်။ နောက်ပိုင်းမှာ မီးက အရမ်းပြင်းသွားတာကြောင့်ဖြစ်မည် ဥနဲ့ ခရမ်းချဉ်သီးတွေက နည်းနည်းတူးသွားပေမယ့် အရသာကတော့ အဆင်ပြေသည်။ နည်းနည်းငန်ပြီး ခါးပေမယ့် ဒါက မော့ယန်ရဲ့ပထမဆုံး အကြိမ် ချက်တာဖြစ်သည်။ တော်တော်ကောင်းတဲ့ရလဒ်လို့ ယူဆလို့ရသည်။
“အမ်း၊ တော်တော်ကောင်းပါတယ်” မော့ချူးက ပါးစပ်အပြည့် နည်းနည်းဝါးကာ ခေါင်းညိတ်လိုက်သည်။ “အစ်ကိုလည်း အမြန်မြည်းကြည့်သင့်တယ်။ အစ်ကိုနည်းနည်း အလုပ်ရှုပ်သွားတယ်လေ"
အဆုံးမှာ မော့ချူး စကားမဆုံးခင်မှာဘဲ ဝိုင်းဝိုင်းက မညှာမတာဖျက်စီးလိုက်သည်။
ဒီအသေးလေး အစားအသောက်ကိုမြင်တဲ့အခါ ချက်ချင်း စိတ်လှုပ်ရှားလာသည်။ သူ့ရဲ့ပြည့်ပြည့်ဖောင်းဖောင်းလက်နဲ့ သစ်သားဇွန်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး တုံ့ဆိုင်းမနေဘဲ လက်တစ်ဆုပ်စာ ပမာဏအများကြီးကို ပါးစပ်ထဲအငမ်းမရ ထိုးထည့်လိုက်သည်။ နဂိုက ပြည့်ဖောင်းနေတဲ့ မျက်နှာဝိုင်းဝိုင်းဟာ ပိုပြီးဖောင်းကားလာသည်။
သို့ပေမယ့် နည်းနည်းဝါးပြီးတဲ့နောက်မှာတော့ သူ့ရဲ့မျက်နှာဝိုင်းဝိုင်းပေါ်က စိတ်လှုပ်ရှားမှုတွေလည်း ပျောက်ကွယ်သွားသည်။ သူက တတွတ်တွတ်ရွတ်နေကာ ဇွန်းကိုသုံးပြီး ပန်းကန်ဘေးဘက်ကို ခေါက်လိုက်တော့ ချလွင် ဆိုတဲ့အသံထွက်လာသည်!
"အာဝူး-" အဲဒါက အရသာမရှိဘူး။ ချူးလေး ချက်တာလောက် အရသာ မရှိဘူး။
နောက်ဆုံးတော့၊ မော့ချူးရဲ့ ကောင်းမွန်တဲ့ ဟင်းချက်ကျွမ်းကျင်မှုက သူ့ရဲ့စားချင်စိတ်ကို ဖျက်စီးလိုက်တာပင်။ မော့ယန် ချက်ထားတဲ့ ခရမ်းချဉ်သီးသားရဲဥကြော်က အရောင်၊ အနံ့၊ အရသာရှိပေမယ့် ဘယ်ရှုထောင့်ကမဆို စံမမှီပါချေ။ ရိုးသားဖြောင့်မတ်တဲ့ ဝိုင်းဝိုင်းကတော့ ချက်ချင်း ဆန္ဒပြလာသည်။
တစ်ဖက်မှာတော့၊ မြေခွေးပျံလေးက ဒီနေရာကိုရောက်တာအချိန်တိုလေးပဲ ရှိသေးတာဖြစ်သည်။ ဒီနေ့ ဟင်းတွေက အရင်ကလောက် မကောင်းဘူးလို့ သူ ခံစားမိပေမယ့် အရင်က စားဖူးတာထက် အများကြီး ပိုအရသာရှိပါသေးသည်။ သူက လိမ်လိမ်မာမာနဲ့သစ်သားဇွန်းကို ယူကာစားလိုက်သည်။
"နင် မစားရင် တခြားစားစရာလည်းမရှိဘူး!" မော့ချူးက မျက်လုံးတွေကို မှေးကျဉ်းကာ နည်းနည်းသတိပေးတဲ့လေသံနဲ့ ပြောလိုက်သည်။ ဝိုင်းဝိုင်းရဲ့ ကိုယ်အလေးချိန်ချဖို့ အစီအစဉ်ကို အကောင်အထည်ဖော်ဖို့အတွက် မော့ချူးက ဝိုင်းဝိုင်းရဲ့ပစ္စည်းစာရင်းအားလုံးကို လုယူခဲ့ပြီး အဲ့ဒါတွေကို သူမရဲ့ကိုယ်ပိုင်ခလုတ်ခုံထဲမှာ ထားထားသည်။ တစ်နေ့ကို ထမင်းသုံးနပ်ကလွဲပြီး တခြားမုန့်တွေနဲ့ အရံဟင်းတွေ အားလုံးကို ဖြတ်တောက်ထားသည်။
ရွှတ် ရွှတ် ရွှတ် ! မော့ချူး သူ့ရဲ့စုဆောင်းမှုတွေထဲကအရသာရှိတဲ့ဟာအားလုံး သိမ်းယူသွားတာကို တွေးမိတော့ ဝိုင်းဝိုင်းမှာ အကြိမ်အနည်းငယ်လောက် မတတ်နိုင်ဘဲ တအီအီလုပ်မိတော့သည်။ နောက်တော့ ခေါင်းငုံ့ကာ သူ့အိတ်ကပ်အလွတ်ကို ကြည့်လိုက်သည်။ သူ့ရဲ့ပြည့်ပြည့်ဖောင်းဖောင်း မျက်နှာလေးမှာ ဒေါသအရမ်းထွက်လွန်းလို့ ဘောလုံးတစ်လုံးလိုမျိုးကြေမွလုနီးပါးဖြစ်နေသည်။
အဆုံးမှာတော့၊ သူ့ဗိုက်ထဲက ဆာလောင်မှု မြင့်တက်လာတာကြောင့် ဝိုင်းဝိုင်းလည်း သူ့ရဲ့မကျေနပ်မှုအားလုံးကို ဗိုက်ထဲ ပြန်မျိုချရုံဘဲ တတ်နိုင်တော့သည်။ နောက်တော့ သူ့နားမှာ အားရပါးရစားနေတဲ့ မြေခွေးပျံလေးကို ကြည့်လိုက်သည်။ သူကတော့ မကျေမနပ်ဖြစ်ဖို့ အချိန်တောင်မရှိဘဲ အစွမ်းကုန်စားသောက်နေသည်။
.....
ကောင်းပြီလေ... ဒါဆိုအရသာမကောင်းရင် ဘယ်လိုလုပ်မလဲ! ဘာမှမရှိတာထက်တော့ ပိုကောင်းသေးတယ်!
အဆုံးမှာတော့ ခရမ်းချဉ်သီးနဲ့သားရဲဥမွှေကြော်ကို ပြတ်ပြတ်သားသား စားလိုက်သည်။ မော့ယန်ရဲ့ မျက်လုံးတွေက မတတ်နိုင်ဘဲ ဝမ်းသာအားရတောက်ပသွားတော့သည်။
အမ်း မဆိုးပါဘူး၊ ငါ့မှာ ချက်ပြုတ်တဲ့ အရည်အချင်း ရှိသေးတဲ့ပုံပဲ။ မော့ယန်က ဝိုင်းဝိုင်းရဲ့ မကျေမနပ်အကြည့်ကို လျစ်လျူရှုပြီး ဝမ်းသာအားရ တွေးလိုက်သည်။
နေ့လည်စာစားပြီးတဲ့နောက် နှစ်ယောက်သား လေ့ကျင့်ရေးကွင်းကို အပြေးအလွှား ပြန်မသွားခင် နာရီဝက်လောက် အနားယူလိုက်ကြသည်။
ဒီမနက်က သင်ခန်းစာအရ မော့ယန်တစ်ယောက် ကြက်ပေါက်လေးကို ကာကွယ်ပေးနေတဲ့ ကြက်အိုကြီးနဲ့ မခြား တော့ပါချေ။ နျဉ်ယွိယွမ်ကိုကြည့်နေတဲ့ သူ့အကြည့်တွေက သတိအပြည့်နဲ့ပင်။ သူသာ သတိမထားမိရင် ချူးလေးတော့ ဒီအရိုင်းအစိုင်း ဝံပုလွေ နျဉ်ယွိယွမ်ဆီကနေ အကိုက်ခံလိုက်ရမှာကိုစိုးနေသညိ။
ဘေးမှာရပ်နေတဲ့ ကျောလင်က အဖြစ်အပျက် တစ်ခုလုံးကို မြင်နေရသည်။ သူ့မှာ ရယ်ရလွန်းလို့ ကြွက်တက်လုမတတ်ဘဲ။ အိုက်ယိုး! ဒီတိုးတက်မှုကို ကြည့်လိုက်ပါဦး။ ဖက်ဒရေးရှင်းက ကြည့်ရှုမှုနှုန်းအများဆုံး ရုပ်သံစီးရီးထက်တောင် ပိုစိတ်လှုပ်ရှားဖို့ကောင်းသေးတယ်။
မော့ယန်ရဲ့ အဆင့် ၁၀ အကြည့်တွေက တကယ်ကို မူးမေ့သွားစေတာပဲ။ ဘော့စ်က မော့ချူးကို လိုက်ဖို့ပြင်နေတာလေ လူကုန်ကူးတဲ့သူမှ မဟုတ်ဘဲ! ဒီလိုသတိထားနေတဲ့ ပုံစံမျိုးလုပ်ဖို့လိုလို့လား?
နျဉ်ယွိယွမ်ကတော့ အားမာန်အပြည့်ပင်။ မော့ယန်က သူ့ကို တချိန်လုံး စိုက်ကြည့်နေပေမယ့် သူ့ရဲ့ချောမောတဲ့မျက်နှာကတော့ ပြောင်းလဲမှုနည်းနည်းလေးတောင်မပြပါချေ။
မနက်ပိုင်း ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေနဲ့ ယှဉ်ရင် နေ့လည်ပိုင်း လေ့ကျင့်မှုက နည်းနည်း ပိုသက်တောင့်သက်သာ ရှိပုံရသည်။ နည်းပြ တစ်ဖက်လှည့်သွားတဲ့အချိန်ကို အခွင့်ကောင်းယူပြီး ချင်ယွဲ့က မော့ချူးကို ကျေးဇူးတဲ့အကြည့်နဲ့ကြည့်လိုက်သည်။ ပုံမှန်လေ့ကျင့်ရေးအရဆို လေ့ကျင့်မှုတွေရဲ့ပြင်းထန်မှုမှာ တစ်ဆင့်ပြီးတစ်ဆင့် တိုးလာတတ်သည်။ ဒီတစ်ခေါက်တော့ နည်းပြက မော့ချူးကိုသနားသွားတာကြောင့်ဖြစ်မည် အခက်အခဲတွေကိုလျှော့ပြီး သူတို့ကိုအခွင့်ထူးခံ ခံစားခွင့်ပေးထားသည်။
ချင်ယွဲ့ရဲ့ အကြည့်တွေနဲ့ဆုံတော့ မော့ချူးမှာ အရမ်းကူကယ်ရာမဲ့သလို ခံစားလိုက်ရသည် — ဒီလူ ဘာပြောချင်နတာလဲ? သူမ လုံးဝကိုနားမလည်ဘူး!
"ဘာလုပ်နေတာလဲ?" နျဉ်ယွိယွမ်ရဲ့ လေသံက အေးစက်သွားသည်။ ဒါက အရမ်းပူတဲ့နေ့အချိန်ဆိုတာ သိသာထင်ရှားနေပေမယ့် လူတိုင်း ကျောချမ်းသွားရသည်။ မတတ်နိုင်ဘဲ သူတို့ရင်ထဲမှာ ကျိန်ဆဲမိကြတော့သည်။ နည်းပြကို ဘယ်သူက ထပ်ပြီး ဆွလိုက်တာလဲ? နင်နဲ့အတူ ငါတို့ကို ဆွဲမချပါနဲ့ဟ!
အဲ့ဒီအချိန်မှာ နျဉ်ယွိယွမ် လှည့်ကြည့်လိုက်တော့ ချင်ယွဲ့က မော့ချူးကို တိတ်တိတ်လေး ပရောပရည်လုပ်နေတာကို တွေ့လိုက်ရသည်။ သူ မတတ်နိုင်ဘဲ မျက်ခုံးပင့်မိသွားသည်။ ဟက်! ငါအာဏာပြထားပြီးတာကိုတောင် မော့ချူးကို လာထိရဲသေးတဲ့သူရှိသေးတယ်၊ တော်တော် သတ္တိကောင်းတာပဲ!
"မင်း" နျဉ်ယွိယွမ်က ချင်ယွဲ့ကို လက်ညှိုးထိုးလိုက်သည်။ “ထွက်လာခဲ့!”
“ဟုတ်!” ချင်ယွဲ့က အစကတည်းက အတော်လေးကြမ်းတမ်းပုံပေါ်ကာ အရပ်ရှည်ပြီးတောင့်တောင့်ဖြောင့်ဖြောင့်ဖြစ်သည်။ သို့ပေမယ့် နျဉ်ယွိယွမ်အရှေ့မှာ ရပ်နေတဲ့ သူကတော့ လိမ္မာတဲ့ကလေးတစ်ယောက်လိုပင်။ သူ့မှာ ရွေးချယ်စရာမရှိပါချေ။ သူ့ရဲ့ ခွန်အားက အားနည်းတာကြောင့် ခေါင်းငုံ့ထားဖို့ပဲတတ်နိုင်သည်။
“မနက်က ငါမင်းတို့ကို စည်းကမ်းတွေ ပြောပြထားတယ်။ စစ်ရေးအနေအထားနဲ့ ရပ်နေတုန်းမှာ မလှုပ်နဲ့။ ငါပြောတာကို မင်းမကြားလိုက်ဘူးလား?"
"ကြားပါတယ်!"
"မင်းကြားရင် ဘာလို့လှုပ်တာလဲ? ကိုယ့်ကိုကိုယ် မထိန်းနိုင်ဘူးလား?" နျဉ်ယွိယွမ်က ပြုံးလိုက်သည်။ "ကောင်းပြီ! အရင်ဆုံးအကြိမ် ၅၀၀ ဒိုက်ထိုး၊ ပြီးရင် အပတ် ၃၀ ပြေး။ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်ပြီလို့ ခံစားရတဲ့အခါမှ ပြန်လာပြီး လေ့ကျင့်ရေးဆင်းဖို့ပြင်!"
အကြိမ် ၅၀၀ ဒိုက်ထိုး ၊ အပတ် ၃၀ ပြေးပြီးရင် လေ့ကျင့်ရေးလုပ်ဖို့ ပြန်လာရမယ်? ဒါကိုကြားတော့ ချင်ယွဲ့ တကယ်ငိုချင်သွားသည်။
နည်းပြရေ၊ ကိုယ်ရေးကိုယ်တာကိစ္စနဲ့ အငြိုးထားနေမှန်း အရမ်းသိသာလွန်းမနေဘူးလား?