← Chapters

အပိုင်း ၁၀၈

Vol. 8 Ch. 108

အပိုင်း ၁၀၈

Vol. 8 Ch. 108

နျဉ်ယွိယွမ် ခေါင်းနည်းနည်းမော့လိုက်သည်။ မော့ချူးရဲ့ပုံရိပ်ကို မြင်တော့ သူ့အမူအရာက နည်းနည်းပျော့ပျောင်းသွားသည်။ “ကောင်းပြီ၊ အဆင်သင့်ပြင်၊ စတော့!”

မော့ချူးလည်း ဗွမ်းခနဲ ရေထဲခုန်ဆင်းလိုက်သည်။ သူမကိုယ်မှာ မတတ်နိုင်ဘဲ ခိုက်ခိုက်တုန်သွားရသည်။ အိုး၊ အရမ်းအေးတာဘဲ၊ အရမ်းအေးတယ်! ရေခဲရေတွေနဲ့ အေးစက်တဲ့လေတွေက သူမအရိုးတွေထဲထိ စိမ့်ဝင်သွားသလိုပင်။

ကံကောင်းထောက်မစွာနဲ့၊ မော့ချူးတစ်ယောက် ဆယ်မီတာကျော်လောက် ကူးပြီးတဲ့နောက်မှာ အသားကျလာသလိုခံစားလိုက်ရသည်။ ဘာပဲဖြစ်ဖြစ် လှုပ်ရှားနေတာက အပူကို ထုတ်ပေးနိုင်သေးသည်။ ဒါကြောင့် ရေထဲရှိမော့ချူးရဲ့ကူး‌နေတဲ့အရှိန်က ပိုမြန်လာသည်။

သူမတော့ မသိပေမယ့် သူမရဲ့ လှုပ်ရှားမှုတွေက အပေါ်မှာရှိတဲ့ လူတွေကို အကြီးအကျယ် ထိတ်လန့်သွားစေသည်။

အအေးဒဏ်ကြောင့် ဝောင့်နေတဲ့တခြားသူတွေရဲ့ လှုပ်ရှားမှုတွေနဲ့ယှဉ်ပါက မော့ချူးရဲ့ စွမ်းဆောင်ရည်မှာ အံ့အားသင့်စရာပင်။ သူမရဲ့ပျော့ပျောင်းတဲ့ ခန္ဓာကိုယ်က ရေထဲတွင် ငါးတစ်ကောင်လိုမျိုး လွတ်လွတ်လပ်လပ် ကူးခပ်‌နေသည်။ သူမခြေထောက်တွေကို ဆန့်လိုက်ကျုံ့လိုက်လုပ်တဲ့အခါ ရေပွက်နည်းနည်းထလာသည်။ သူမရဲ့လှုပ်ရှားမှုတွေက ချောချောမွေ့မွေ့နဲ့တင့်တယ်နေကာ ကြည်လင်ပြတ်သားတဲ့ပုံရိပ်တစ်ခုလိုပင်။

“ 'ရေထဲကငါးလိုမျိုး' ဆိုတဲ့ စကားရဲ့အဓိပ္ပါယ်ကို နောက်ဆုံးတော့ နားလည်သွားပြီ” မော့ချူးရဲ့ပြောင်မြောက်လှတဲ့ စွမ်းဆောင်ရည်ကို မြင်လိုက်ရတဲ့အတွက် ချင်ယွဲ့ မနေနိုင်ဘဲ သက်ပြင်းချလိုက်မိသည်။

မော့ယန်က သူ့ကို ဘာမှမပြောဘဲ စိုက်ကြည့်နေသည်။ သို့ပေမယ့် ရေကူးလမ်းကြောင်းပေါ်က ချူးလေးဘက်ကိုလှည့်ကြည့်လိုက်တဲ့အခါမှာတော့ မော့ယန်ရဲ့ နှုတ်ခမ်းထောင့်တွေမှာ မနေနိုင်ဘဲ နည်းနည်းကွေးညွှတ်သွားကြသည်။

မော့ယန်ကတော့ ဒီရလဒ်ကြောင့် အံ့အားမသင့်နေပါချေ။

ချူးလေးက အလုံပိတ်ခန်းထဲမှာ၁၅တိတိ‌နေခဲ့ရတာဖြစ်သည်။ အလုံပိတ်ခန်းရဲ့ သုံးပုံနှစ်ပုံဟာ အာဟာရရည်တွေဖြင့် ပြည့်နေသည်။ မော့ချူးက အဲ့ဒီထဲမှာနစ်မြုပ်နေပြီး ပေါလောပေါ်နေတဲ့ ခံစားချက်ကို ကြာရှည်စွာ အသားကျနေခဲ့တာဖြစ်သည်။ သဘာဝအလျောက် သူမအနေနဲ့ ဒါကိုဦးဆောင်နိုင်သည်။

သို့ပေမယ့် တခြားသူတွေကတော့ မတူပေ။ သူတို့ရဲ့ မျက်နှာတွေပေါ်တွင် တုန်လှုပ်ခြောက်ခြားမှုတွေနဲ့ ပြည့်နှက်နေသည်။

မနေ့က မော့ချူးရဲ့လုပ်ဆောင်မှုကို လူတိုင်းမြင်ခဲ့ရသည်။ ပြတ်ပြတ်သားသားပြောရရင်၊ ဒီအထူးစွမ်းရည်အသုံးပြုသူတွေထဲတွင်၊ မော့ချူးရဲ့ ကိုယ်ကာယကြံ့ခိုင်မှုက အရမ်းအားနည်းသည်။

နောက်ဆုံးတော့ ဒီနေ့ သူမရဲ့စွမ်းဆောင်ရည်ဟာ လူတိုင်းရဲ့မျှော်လင့်ချက်ထက် ကျော်လွန်သွားပြီဖြစ်သည်။ ရေကူးကန်ထဲက ကျက်သရေရှိပြီးသွက်လက်လှတဲ့ အသွင်အပြင်ကို ကြည့်ရင်းလူတိုင်းမှာ မနေနိုင်ဘဲ လေးစားတဲ့အနေနဲ့ သက်ပြင်းချမိကြသည်။

နောက်တော့ သူမဘေးမှာ ကူးခတ်နေတဲ့ ချောင်းဟုန်မိန်ကိုကြည့်လိုက်ကြသည်။ မော့ချူးနဲ့ယှဉ်ရင် သူမကတော့သိသိသာသာ နိမ့်နေသည်။သူမရဲ့ လှုပ်ရှားမှုတွေက နှေးကွေးလေးလံနေရုံသာမကဘဲ သူမရဲ့ ရေကူးနေတဲ့ အနေအထားဟာလည်း ခွေးတစ်ကောင်တွားသွားနေတာနဲ့ လုံဝမခြားပါချေ။ တကယ်တော့ သူမတစ်ယောက်တည်းကိုပဲကြည့်နေရင် အရမ်းဆိုးလွန်းတယ်လို့ ခံစားမိမှာ မဟုတ်ပေ။ သို့ပေမယ့် သူမ မော့ချူးဘေးကို တမင်သွားလိုက်တော့ ကြီးကြီးမားမားကို ခြားနားလွန်းနေသည်။ မော့ချူးက‌တော့ သေချာပေါက်ကို တက်ကြွဖျတ်လတ်နေတဲ့ ရေသူမလေးတစ်ယောက်ဖြစ်သည်!

အဲ့ဒီအချိန် ချောင်းဟုန်မိန်တစ်ယောက်လည်း သူမစိတ်ထဲမှာငိုနေမိသည်။

တကယ်တော့ သူမက ရေကောင်းကောင်းကူးတတ်တဲ့သူဖြစ်သည်။ မဟုတ်လို့ရှိရင် သူမအနေနဲ့ မော့ချူးကို ဖိနှိပ်ဖို့ သူမအနားကို တမင်သပ်သပ် ကူးလာလိမ့်မည်မဟုတ်ပေ။ သို့ပေမယ့် အဓိကအချက်မှာ သူမအနေနဲ့ ယခင်က ဆောင်းရာသီမှာ ရေကူးတာကို တစ်ခါမှ မလုပ်ခဲ့ဖူးပေ။ အခု သူမ ရေထဲ ရောက်သွားတော့ လုံးဝအံသြသွားသည်။ ဒီလိုအရိုးထဲအထိ အေးသွားတဲ့ခံစားချက်က သူမရဲ့အရိုးတွေထဲကို တိုက်ရိုက်စိမ့်ဝင်သွားသည်။ သူမရဲ့ အရင်က လှပတဲ့ ကိုယ်ဟန်အနေအထားကို ထိန်းထားဖို့မပြောနဲ့ သူမရဲ့ လှုပ်ရှားမှုတွေတောင် အေးခဲနေသည်။

မကြာခင်မှာပဲ ဒုတိယအဖွဲ့ရဲ့ မီတာ ၄၀၀ ရေကူးပြိုင်ပွဲ ပြီးဆုံးသွားသည်။

နျဉ်ယွိယွမ်က အချိန်တွေကို တစ်ခုပြီးတစ်ခု ကြေငြာလာသည်။ "ရှောင်ချန်း - ၅ မိနစ်နဲ့ ၃၀ စက္ကန့်၊ လီမင်ယွဲ့ - ၆ မိနစ်နဲ့ ၁၀ စက္ကန့်၊ ချောင်းဟုန်မိန် - ၆ မိနစ်နဲ့ ၃ စက္ကန့်၊ မော့ချူး - ၃ မိနစ်နဲ့ ၅၈ စက္ကန့်!"

၅မိနစ် ၆ မိနစ်အသုတ်တွင်၊ မော့ချူးရဲ့ ၃ မိနစ်နဲ့ ၅၈စက္ကန့်က အထူးတလည်ကို ပြောင်မြောက်လှသည်။

"အရမ်းကောင်းတယ်" မော့ချူးရဲ့ မျက်နှာပေါ်က အပြုံးကြီးကိုကြည့်ရင်း နျဉ်ယွိယွမ် နှုတ်ခမ်းတွေက နည်းနည်းကော့တက်သွားသည်။ “နောက်ဆုံးတော့ အောင်သွားတဲ့သူရှိလာပြီ။ မဆိုးဘူး မော့ချူး၊ ကောင်းကောင်းဆက်လုပ်!"

အခုချိန်အထိ ဆောင်းရာသီ ရေကူးစာမေးပွဲကို အောင်တဲ့သူက ကျောင်းတစ်ကျောင်းလုံးမှာ မော့ချူးတစ်ယောက်ထဲရှိသေးသည်။ အချိန်အတိုင်းအတာတစ်ခုအထိ သူမမှာ မနာလိုအားကျတဲ့ အကြည့်တွေအများအပြားကို ရလိုက်သည်။

“ကောင်းပြီ၊ ဒီနေ့ လေ့ကျင့်ရေးမှာ မင်း ပါစရာမလိုတော့ဘူး” ချမ်းအေးတဲ့ ရာသီဥတုကြောင့်ဖြစ်မည်။ မော့ချူးရဲ့ နှုတ်ခမ်း နည်းနည်းခရမ်းရောင်သန်းနေတာက နျဉ်ယွိယွမ်ကို မျက်မှောင်ကြုတ်သွားစေသည်။ “ပြန်သွားပြီး ကောင်းကောင်းအနားယူလိုက်၊ မနက်ဖြန် လေ့ကျင့်ရေး အတွက် ပြင်ဆင်ထား"

“ကောင်းပါပြီ!” မော့ချူး ခေါင်းညိတ်လိုက်သည်။ သူမ ခလုတ်ခုံထဲကနေ ဂွမ်းအနွေးထည် သုံးထည်ထုတ်လိုက်ကာ သူမကိုယ်တိုင် တစ်ထည်ဝတ်လိုက်သည်။ သူမက ကျန်နှစ်ထည်ကို မော့ယန်နဲ့ ချင်ယွဲ့တို့ဆီပေးလိုက်ပြီး တိုးတိုးလေးပြောလိုက်သည်။ “အစ်ကိုတို့အလှည့်မရောက်ခင် ဝတ်ထားလိုက်၊ နောက်ဆိုသေအောင်အေးနေမှာ"

ချင်ယွဲ့မှာလည်း အအေးဒဏ်ကြောင့် တုန်ရီနေသည်။ မော့ချူး ပေးလာတဲ့ ဂွမ်းအနွေးထည်ကို မြင်တော့ သူ့မျက်လုံးတွေချက်ချင်း တောက်ပလာသည်။ သူဘာကိုမှ ဂရုမစိုက်နေတော့ဘဲ ချက်ခြင်းဝတ်လိုက်သည်။ နွေးထွေးတဲ့ အပူချိန်က သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားပြီး ချင်ယွဲ့ မနေနိုင်ဘဲ သက်တောင့်သက်သာဖြစ်စွာ သက်ပြင်းချလိုက်သည်။

ဖက်ဒရေးရှင်းရဲ့ ဂွမ်းအနွေးထည်တွေဟာ ၂၁ ရာစုရဲ့ဂွမ်းအ‌နွေးထည်တွေနဲ့ အရမ်းကွာခြားသည်။ ပုံပန်းသဏ္ဌာန် သိပ်မကွာခြားပေမယ့် လူ့ခန္ဓာကိုယ်ရဲ့ အပူချိန်ကိုအသင့်တော်ဆုံးအခြေအနေမှာ ထိန်းသိမ်းထားနိုင်တဲ့ အပူထိန်းစနစ်တစ်ခုက အင်္ကျီအထဲမှာပါရှိသည်။

ဘေးမှာကြည့်နေကြတဲ့လူတွေမှာ ရိုးရိုးရှင်းရှင်းကို မနာလိုဖြစ်သွားကြသည်။ သူတို့ မော့ချူးနဲ့သိပ်ပြီးအဆက်အဆံမရှိခဲ့တာ နှမြောစရာပဲ၊ ဒီတော့ စိတ်ထဲမှာပဲ မတတ်နိုင်စွာနဲ့ သက်ပြင်းချလိုက်ရသည်။

“မင်းတို့တွေ…” နျဉ်ယွိယွမ်လည်း ဒီမြင်ကွင်းကို သဘာဝအတိုင်း မြင်လိုက်ရပြီး နည်းနည်းမျက်မှောင်ကြုတ်သွားသည်။ သူ သူတို့ကို အပြစ်ရှာတော့မယ့်အချိန် မော့ချူးရဲ့ အရည်ကြည်လဲ့နေတဲ့မျက်ဝန်းတစ်စုံနဲ့ ဆုံသွားသည်။ သူ့နှလုံးက ဒိတ်ခနဲခုန်သွားပြီး ချောင်းနှစ်ချက်ဟန့်လိုက်သည်။ သူက အကြောင်းအရာကိုခပ်တောင့်တောင့်နဲ့ ပြောင်းလိုက်သည်။ “အင်း၊ ပထမဆုံးအောင်သွားတဲ့သူက ဂွမ်းအနွေးထည်နှစ်ထည်ကို ထုတ်ပေးခွင့်ရှိတယ်”

ဒါကိုကြားတော့ အားလုံးရဲ့ အကြည့်တွေက နည်းပြဆီ လှည့်သွားကြသည်။ သူတို့စိတ်ထဲမှာ မနေနိုင်ဘဲကျိန်ဆဲမိလိုက်ကြသည်။ 'ခင်ဗျားရဲ့ရာထူးကို ကိုယ်ရေးကိုယ်တာအကျိုးအတွက် သုံးရဲတယ်လား? ဟမ့်! မော့ချူးဆီကနေ မျက်နှာသာရဖို့ ဒီအခွင့်အရေးကို အသုံးချချင်နေတာကို ငါတို့ မသိဘူးမထင်နဲ့!'

ဒါပေမယ့် နျဉ်ယွိယွမ်ကတော့ သူတို့ကို လျစ်လျူရှုထားသည်။ လူတိုင်းဆီကနေ စိုက်ကြည့်ခံနေရပေမယ့် သူ့အမူအရာကတော့ မပြောင်းပေ။ "ဘာကြည့်နေကြတာလဲ? အဖွဲ့ ၃ တက်လာခဲ့!"

All Chapters