အပိုင်း ၁၁၂
Vol. 8 Ch. 112
"ဟုတ်တယ်" မော့ချူးက ခေါင်းညိတ်ပြလိုက်သည်။ သူမက သူ့ရဲ့ပြည့်ပြည့်တင်းတင်းနားသံသီးလေးကို ဆွဲပြီး ခလုတ်ခုံထဲကနေအစာအစာတွေကို ထုတ်ယူလိုက်သည်။ "ဒါပေမယ့် ဒါက တစ်ရက်ပဲနော်!"
ဝိုင်းဝိုင်းကတော့ မော့ချူးရဲ့စကားကို နားမထောင်နိုင်တော့ပေ။ အခုအချိန်မှာ သူ့ရဲ့ အာရုံတွေက စားပွဲပေါ်ရှိ အစားအသောက်တွေပေါ်မှာ ရှိနေသည်။
ကြည့်လိုက်တော့ တစ်မီတာစတုရန်းကျယ်တဲ့ စားပွဲပေါ်မှာ အစားအသောက်မျိုးစုံနဲ့ ပြည့်နေသည်။ ပြင်းထန်တဲ့ရနံ့က ဝိုင်းဝိုင်းလို အစားအသောက်ကြိုက်တဲ့သူတွေအတွက်တော့ မခုခံနိုင်ပေ။
မမျှော်လင့်ဘဲ မော့ချူးက မြေခွေးပျံလေးကိုလည်း ဆွဲဆောင်နိုင်လိုက်သည်။ သူက ဝိုင်းဝိုင်းနဲ့ ရင်းနှီးသွားတာကြောင့်ဖြစ်မည်၊ သူလည်း အစားပုတ်လေးဆီကနေ လွှမ်းမိုးခံလိုက်ရသည်။ အရင်တုန်းကတော့ ဒီမြေခွေးပျံလေးက အစားပုတ်မဟုတ်ပေ။ အခုတော့ ဝိုင်းဝိုင်းနဲ့ အချိန်အတော်ကြာနေလာပြီးတဲ့နောက်၊ သူလည်းအစားအသောက်ကို စွဲလမ်းလာသည်။
"အာဝူးးး-" ဝိုင်းဝိုင်းက ပျော်ပျော်ရွှင်ရွှင်နဲ့စားနေသည်။ သူမော့ကြည့်လိုက်တော့ မြေခွေးပျံလေးက တံတွေးတွေပြည့်နေတဲ့ မျက်နှာနဲ့ သူ့အစာအသောက်တွေကိုစိုက်ကြည့်နေတာ တွေ့လိုက်ရသည်။ သူ့မျက်နှာက ချက်ချင်း ပုတ်ကျသွားပြီး အော်လိုက်သည်၊ ဒီဟာတွေအားလုံးက ငါ့ဟာပဲ! ထွက်သွား!
ခြိမ်းခြောက်တာနဲ့တင် မလုံလောက်ပေ။ ဝိုင်းဝိုင်းက လက်ကိုဆန့်ကာစားပွဲပေါ်ရှိ စားစရာတွေအားလုံးကို တိုက်ရိုက်ပွေ့လိုက်ကာ သူ့ဘာသာသူ ယူသွားဖို့ပြင်ဆင်လိုက်သည်။ အဆုံးမှာတော့ စားပွဲပေါ်မှာအစားအသောက်တွေက တော်တော်များတာကြာင့် ထွက်ကျကုန်သည်။ ဝိုင်းဝိုင်းက အရမ်းစိုးရိမ်နေတဲ့အတွက် ခြေထောက်နဲ့ နင်းမိကုန်သည်။
နောက်တော့သူက တုံ့ပြန်လာပြီး သူ့ခေါင်းကို အစာတွေထဲ ချက်ခြင်းမြှုပ်ပစ်လိုက်သည်။ ဟမ့်!
အစားအသောက်အတွက် တစ်ခုတည်းသော ဘေးကင်းတဲ့နေရာက ငါ့ဗိုက်ထဲမှာပဲ!
စားနေရင်းနဲ့ မြေခွေးပျံလေးကိုလည်း တစ်ခါတစ်ခါ မော့မော့ကြည့်သည်။ သူအနားနည်းနည်းကပ်လာတာနဲ့ ဝိုင်းဝိုင်းက ချက်ချင်း သူ့မျက်နှာကိုမြုပ်လိုက်ကာ နှစ်ကြိမ်လောက်အော်လိုက်သည်။
"ဟမ်း၊ ဟမ်း!" သူငယ်ချင်းနှစ်ယောက် ရန်ဖြစ်တာကိုကြည့်ရင်း အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်လို့ မော့ချူး ခံစားလိုက်ရသည်။ သရေတွေပြည့်နေပေမယ့်စည်းမကျော်ရဲတဲ့ မြေခွေးလေးရဲ့သနားစရာကောင်းတဲ့ အကြည့်ကို သူမမြင်လိုက်ရတော့ အသည်းကွဲသလို ခံစားလိုက်ရသည်။ ဒါကြောင့် သူမ ဝိုင်းဝိုင်းကို စိုက်ကြည့်လိုက်သည်။
မလိုလားပေမယ့် အသေးလေးက အရသာနည်းနည်းဆိုးတဲ့ဟာတချို့ကိုရွေးလိုက်ပြီး စားပွဲတစ်ဖက်ကို တွန်းပေးလိုက်သည်။ သူ မြေခွေးပျံလေးကို မေးငေါ့ပြလိုက်တော့ သူ့မေးစေ့ကအဆီတွေက လှုပ်ခတ်သွားသည်။ ဒီမှာ မင်းအတွက်!
သူတစ်ဖက်ကိုတွန်းပေးလာတဲ့ အစာကို ကြည့်လိုက်ရင်း မြေခွေးပျံလေးက အစကတော့ မလှုပ်ရဲပေ။ မော့ချူးရဲ့ မျက်နှာပေါ်က အပြုံးကို မြင်လိုက်ရတဲ့အခါ သူကဖြည်းဖြည်းချင်း ရှေ့တိုးသွားသည်။ နောက်တော့ အစာနံ့ကို ရတဲ့အခါ ဂရုမစိုက်တော့ဘဲ ချက်ချင်း စစားတော့သည်။
ဝိုင်းဝိုင်းကတော့ မပျော်နေပေ။ သူ့ရဲ့အနီတောက်တောက်မျက်လုံးတွေက တစ်ဖက်က မြေခွေးပျံလေးကို စိုက်ကြည့်နေသည်။ သူဖြည်းဖြည်းချင်း စားနေတဲ့အခါ ဝိုင်းဝိုင်းက ကျေနပ်သွားသလို ခေါင်းညိတ်လိုက်သည်။ သူ့ခေါင်းကိုငုံ့ကာ လေဆင်နှာမောင်းလိုမျိုး ဆက်စားတော့သည်။
အသေးလေးနှစ်ယောက်ကိုကြည့်ရင်း မော့ချူးမနေနိုင်ဘဲ ခေါင်းခါကာပြုံးလိုက်မိသည်။ သူမအကြည့်တွေက နေ့ချင်းအမြန်ချောပို့ကနေ ပို့လာတဲ့အိုးကို အမှတ်မထင်တစ်ချက်ကြည့်လိုက်သည်။ ရုတ်တရက်၊ သူမအရင်တုန်းက ကင်မ်ချီလုပ်ဖို့ ပြင်ဆင်နေကြောင်း ရုတ်တရက် သတိရလိုက်သည်။
၂၁ ရာစုတွင် သူမ ကင်မ်ချီဟင်းလုပ်နည်းအကြောင်း အချိန်အတော်ကြာ လေ့လာခဲ့သည်။
သူမမှာ အခုလုပ်စရာမရှိနေဘူးဆိုတော့ လုပ်လိုက်သင့်သည်။ ပြောရရင် ကင်မ်ချီလုပ်ဖို့ အရေးကြီးဆုံးအရာက ကင်မ်ချီအိုးဖြစ်သည်။
အရင်တုန်းကတော့ အိုးတွေ၊ ဖန်တွေနဲ့ လုပ်ကြသည်။ အဖွဲ့ချုပ်မှာကျ ဒီပစ္စည်းနှစ်ခု မရှိပေ။ အရင်က မော့ချူး စတားနက်ကတဆင့် ရှာဖွေခဲ့ပြီး 'Setuk' လို့ခေါ်တဲ့ ပစ္စည်းတစ်ခုကို ဝယ်ဖို့မဆုံးဖြတ်ခင် မော့ယန်ကို အကြိမ်အမြောက်အများ မေးမြန်းခဲ့ပြီး၊ ဒါက လက်ရှိကုန်ချောထုတ်လုပ်တဲ့ အကြောင်းရင်းလည်းဖြစ်သည်။
ယေဘူယျအားဖြင့်ပြောရလျှင် ဆားရည်စိမ်ခြင်းနှစ်မျိုးရှိသည်။
ပထမအမျိုးအစားက အသီးအရွက်ဆားရည်စိမ်ဖြစ်သည်။ ဒီနာမည်ရဲ့ မူလဇစ်မြစ်မှာ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေကို အိုးတစ်လုံးထဲမှာစိမ်ထားပြီး အလျင်အမြန် စားသုံးနိုင်တာကြောင့်ဖြစ်သည်။ အဲ့ဒါကို အထူးပြုဟင်းလျာအဖြစ် အသုံးပြုနိုင်သည်။
အခြားအမျိုးအစားမှာ ဆားရည်စိမ်နဲ့ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ အထူးတလည် ပြုလုပ်ထားတာဖြစ်သည်။ ဒီအမျိုးအစားကို ကျော်ကြားတဲ့ ဟင်းပွဲများစွာတွင် တွေ့နိုင်သည်။ ဒီလိုဆားရည်စိမ်မျိုးလုပ်ချင်တယ်ဆိုရင်တော့ အသီးအရွက်တွေကို ချဉ်သည်အထိ ရက်အနည်းငယ်လောက် ပိုစိမ်ရမည်။ တစ်ပတ်မှ ဆယ်ရက်အထိခန့် ကြာသည်။ အရသာက ပုံမှန်ဆားရည်စိမ်တွေထက် အနည်းငယ်ငန်ကာဘယ စပ်လိမ့်မည်။
အခု မော့ချူးလုပ်ဖို့ပြင်ဆင်နေတဲ့အရာက ပထမဆားရည်စိမ်အမျိုးအစားဖြစ်သည်။ နည်းလမ်းကလည်း အရမ်းရိုးရှင်းသည်။