← Chapters

လူငယ်တွေ အရင်ဝင်ပါ

Vol. 48 Ch. 660

လူငယ်တွေ အရင်ဝင်ပါ

Vol. 48 Ch. 660

" အဲ့လိုကိုး...  "

လောထျန်း ခေါင်းအသာညိတ်လိုက်သည်။

ထိုစဉ်မှာပင် ..

" ဟိုမှာ ကြည့်ကြဦးဟေ့ "

အားလုံးက တိုင်ရွှယ် စိတ်ဝိဉာဉ်ကမ္ဘာဘက် လှမ်းကြည့်လိုက်ကြသည်။

လောထျန်းတို့ နှစ်ယောက်လည်း အလားတူပင် ကြည့်လိုက်ကြ၏။

ထိုအချိန်တွင် ယွိဝမ်ချန်း နှင့် လင်းရွှမ်ယီ တို့မှာ အဆင့် ၁၀ အစွန်းသို့ပင် ရောက်နေကြလေပြီ ။

ထို့နောက်..  သူတို့နှစ်ဦးလုံးပင် အဆင့် ၁၁ သို့ တစ်ပြိုင်နက်တည်း ခြေချလိုက်ကြသည်။

ဝုန်း... 

သူတို့ အဆင့် ၁၁ ရောက်သည်နှင့် ဘေးပတ်လည်တွင် ကြောက်မက်ဖွယ် စိတ်ဝိဉာဉ်အစွမ်းတစ်ခု ရုတ်ချည်း ပေါ်လာသည်။

လင်းရွှမ်ယီမှာ သူမ၏ စိတ်ဝိဉာဉ်အား လက်သီးဖြင့် ခပ်ပြင်းပြင်း အထိုးခံလိုက်ရသကဲ့သို့ ခံစားရကာ လဲကျမလိုပင် ဖြစ်သွား၏။ သို့သော် သူမ အံကြိတ်၍ တောင့်ခံနိုင်လိုက်ပါသည်။

သို့သော် ထိုစဉ်တွင်..

" ညီမလေး လင်း ၊ ဘာဖြစ်လို့လဲ ။ မင်းကို ကြည့်ရတာ ခက်ခက်ခဲခဲ တောင့်ခံနေရတဲ့ပုံပဲ "

သူမဘေးမှ ယွိဝမ်ချန်း၏ ရယ်သံ ထွက်လာသည်။

" ဟင်.....  "

လင်းရွှမ်ယီ ဘေးသို့ ချက်ချင်း လှည့်ကြည့်လိုက်၏။ ထိုစဉ် သူမဘေးမှ ယွိဝမ်ချန်း၏ ခေါင်းပေါ်တွင် သူမ နားမလည်သည့် ထွင်းစာများစွာပင် ရစ်ပတ်နေပြီး ၎င်းတို့က ပတ်ဝန်းကျင်မှ စိတ်ဝိဉာဉ်

အစွမ်း တိုက်ခိုက်မှုကို ကောင်းမွန်စွာ ပိတ်ဆို့ထားပါသည်။

လင်းရွှမ်ယီ၏ မျက်နှာထား ချက်ချင်း ထပ်ပြောင်းသွားသည်။

ယွိဝမ်ချန်းက အပြုံးဖြင့် ထပ်ပြောလာ၏။

" အိုး..  ညီမလေးကို ပြောဖို့ မေ့နေတာ ။ ဒီ ထွင်းစာတွေကို ကျုပ် လက်နက်သန့်စင်ခြင်း အနုပညာကျမ်း ကနေ သင်ခဲ့ရတာလေ "

" ဒါ...  "

လင်းရွှမ်ယီ အနည်းငယ် တုန်သွားကာ..  သူမ၏ မျက်လုံးထဲတွင်လည်း မနာလိုအားကျမှုတို့ ဖုံးမနိုင်ဘဲ ပေါ်လာသည်။

တဖက်မှ ယွိဝမ်ချန်းက အပြုံးဖြင့် ထပ်ပြော၏။

" ညီမလေး.. ကျုပ် ရှေ့က အရင်သွားလိုက်မယ်နော် "

သူ ပြောပြောဆိုဆိုပင် တိုင်ရွှယ် စိတ်ဝိဉာဉ်ကမ္ဘာ

အပြင်ဘက်သို့ ခြေလှမ်းသွားတော့သည်။

" ဟမ့်..  "

လင်းရွှမ်ယီ အံကြိတ်၍ အကောင်းဆုံးကြိုးစားပြီး အမှီလိုက်ရန် ကြိုးစားလိုက်သည့်တိုင်...  တဖက်လူ၏ အမြန်နှုန်းဖြင့် လုံးဝ မယှဉ်နိုင်တော့ပါ ။

တိုင်ရွှယ် စိတ်ဝိဉာဉ်ကမ္ဘာ အပြင်ဘက်တွင် ရှိနေကြသူများမှာမူ ၎င်းကိုကြည့်ပြီး တီးတိုးတီးတိုးသဖန်းပိုး လုပ်နေကြ၏။

" ပြောတော့..  လင်းရွှမ်ယီရဲ့ ပါရမီက ယွိဝမ်ချန်းထက် ပိုကောင်းတာဆို ။ အခုက ဘာလို့ အဲ့လိုပုံ ပေါက်မနေရတာလဲ "

" ဟုတ်တယ် ။ သူတို့နှစ်ယောက်ရဲ့ အဆင့် ၁၁ မှာ လုပ်သွားတဲ့ပုံကို ကြည့်ရင် ယွိဝမ်ချန်းက ပိုအစွမ်းထက်တာ အသိသာကြီးပဲ..  "

" အဲ့လိုမဟုတ်ဘူးကွ ။ ဒီ တိုင်ရွှယ်စိတ်ဝိဉာဉ်ကမ္ဘာမှာက စိတ်ဝိဉာဉ်အစွမ်းကိုပဲ စမ်းသပ်တာလေ ၊ လက်နက်သန့်စင်အစွမ်းကို စမ်းသပ်တာမှ မဟုတ်

တာ "

" ဒါပေမယ့်..  လက်နက်သန့်စင်ခြင်းမှာ စိတ်ဝိဉာဉ်အစွမ်းက အဲ့လောက်အရေးကြီးတာကို မင်းလဲ သိသားပဲကွာ ။ ယွိဝမ်ချန်းက အဲ့မတိုင်ခင်မှာလဲ ကြယ်စင်သန့်စင်ကမ္ဘာကို စောဖွင့်စေနိုင်တဲ့ မသေမျိုးလက်နက်တစ်ခုကို သန့်စင်ခဲ့သေးတယ် ။ အခုလဲ သူ့စိတ်ဝိဉာဉ်အစွမ်းက လင်းရွှမ်ယီကို အပြတ်အသတ်ကြီး သာနေပြန်ပြီ ။ သူတို့နှစ်ယောက်ကြားက ကွာဟချက်က တော်တော်လေး ကြီးနေပါပြီကွာ "

" ဟုတ်တယ် ။ အနည်းဆုံးတော့ လက်ရှိ တိုင်ရွှယ် စိတ်ဝိဉာဉ်ကမ္ဘာကို ဝင်တဲ့သူတွေထဲမှာ သူက အစွမ်းအထက်ဆုံးပဲ "

အားလုံး၏ ထင်ရာပြောစကားများကို နားထောင်နေသည့် အစိမ်းရောင်ဝတ် မိန်းမပျိုမှာ ဒေါသထွက်လွန်း၍ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။

သို့သော် .. သူမ ဘာမှလည်း ပြန်မငြင်းနိုင်ပါ ။

ဤသို့ဖြင့် မကြာခင်မှာပင် တဖက်မှ လူနှစ်ယောက်လုံး တိုင်ရွှယ် စိတ်ဝိဉာဉ်ကမ္ဘာမှ ပျောက်ကွယ်သွားကာ စမ်းသပ်ပွဲကို ကျော်ဖြတ်နိုင်သွားကြသည်။

ကျန် လက်နက်သန့်စင်သူများလည်း အချိန်ဆွဲမနေကြတော့ဘဲ တိုင်ရွှယ် စိတ်ဝိဉာဉ်ကမ္ဘာထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်သွားကြတော့၏။

သို့သော်..  မည်သူကမှ အဆင့် ၁၁ ကို ထပ်မကြိုးစားကြတော့ပါချေ။

အဆင့် ၁၀ ကို ကျော်ဖြတ်ရန် ကြိုးစားသူပင် နှစ်ယောက်တည်းသာ ရှိပါသည်။

ဤသို့ဖြင့် မကြာမီမှာပင် လူများအားလုံးနီးပါး မရှိကြတော့ပေ ။

အစိမ်းရောင်ဝတ် မိန်းမပျိုက သက်ပြင်းချလိုက်ပြီးနောက် ရုတ်တရက် လောထျန်းဘက်ကြည့်ကာ ပြောလိုက်၏။

" ရှင့်မှာ ကိုယ့်ကိုကိုယ် ယုံကြည်ချက် မရှိဘူးဆိုရင် ၊ အဆင့်တစ် ကနေပဲ ထွက်ဖို့ မမေ့နဲ့နော် ။ အခုက

ဟန်ရေးပြနေရမယ့် အချိန်မဟုတ်ဘူး ။ ကြယ်စင်သန့်စင်ကမ္ဘာက ထင်သလောက် မရိုးရှင်းဘူးရှင့် ။ ပြီးရင်..  ကိုယ့်အစွမ်းကို ချန်ဖို့လဲ သတိရပါ...  အဲ့လိုမဟုတ်ရင် ရှင် အဆုံးသတ်ထိ ရောက်နိုင်မှာ မဟုတ်ဘူး "

သူမ ထိုသို့ပြောပြီး တိုင်ရွှယ် စိတ်ဝိဉာဉ်ကမ္ဘာထဲ ဝင်သွားတော့သည်။

သူမက အဆင့်ငါး ကို ရွေးချယ်ခဲ့ကာ ထိုအဆင့်အား အလွယ်တကူ မြန်မြန်ဆန်ဆန်ပင် ကျော်ဖြတ်နိုင်ခဲ့၏။

သူမ ထွက်သွားပြီးနောက်တွင် လောထျန်းက ခေါင်းညိတ်၍ တီးတိုးရေရွတ်လိုက်သည်။

" အဲ့လိုဆို ငါလဲ သွားမှပဲ "

သူ ပြောပြောဆိုဆိုပင် တိုင်ရွှယ် စိတ်ဝိဉာဉ်ကမ္ဘာထဲ ခြေချလိုက်၏။

တဖက်ရှိ တိုင်ရွှယ် စိတ်ဝိဉာဉ်ကမ္ဘာ ထွက်ပေါက်၌ ...

အစိမ်းရောင်ဝတ် မိန်းမပျို ထွက်လာသည်။

သူမ လက်ထဲတွင်လည်း စမ်းသပ်ပွဲကို အောင်မြင်ခြင်း၏ ဆုဖြစ်သော အမည်းရောင် သံစတစ်ခုကို ကိုင်ထား၏။

သို့သော် သူမက ၎င်းကို သိပ်ဂရုစိုက်ဟန် မတူပါချေ။

" မမ "

သူမ ခပ်လှမ်းလှမ်းတွင် ရှိနေသော လင်းရွှမ်ယီကို မြင်သည်နှင့် အသည်းအသန် ပြေးသွားလိုက်သည်။

ထိုအချိန်တွင် လင်းရွှမ်ယီတစ်ယောက်မှာ မျက်နှာတပြင်လုံး ဖြူရော်ကာ တစ်ကိုယ်လုံးလည်း တုန်ယင်နေရှာ၏။

အဆင့် ၁၁ မှ တိုက်ခိုက်မှုအပြင် ၊ ယွိဝမ်ချန်း၏ ရန်စစကားများကြောင့် သူမ ဒဏ်ရာအပြင်းထန် ရခဲ့သည်မှာ အသိသာပါပင် ။

" ငါ ဘာမှ မဖြစ်ဘူး "

လင်းရွှမ်ယီ အံကြိတ်၍ ဆိုသည်။

" ဟေ့.. ညီမလေး ၊ အဆင်ပြေရဲ့လား "

ထိုစဥ် တဖက်မှ ယွိဝမ်ချန်းက အပြုံးဖြင့် လျှောက်လာပြီး မေးသည်။ သူ့မျက်လုံးထဲတွင်ကား လှောင်ပြောင်ရိပ်တို့ အပြည့်...

" ဟူး.... ညီမလေး ၊ ကျုပ်က ဒီစကားကို မင်းရဲ့ အကိုတစ်ယောက်အနေနဲ့ ပြောတာပါ ။ ကိုယ်က လုံလောက်အောင် အစွမ်းမထက်သေးရင် အရမ်းကြီး သတ္တိရှိတဲ့ပုံ မလုပ်နဲ့ကွ ။ အဲ့လိုလုပ်တော့ရော ဘာအကျိုးရှိလို့လဲ ။ ရော့.. အကိုကြီးဆီမှာ စိတ်ဝိဥာဥ်အစွမ်းကို ပြန်အားပြည့်စေတဲ့ ဆေးတစ်ခု ရှိတယ် ။ ဒါကို သောက်လိုက်ရင် နေကောင်းသွားလိမ့်မယ် "

ယွိဝမ်ချန်းက ထိုသို့ပြောကာ ဆေးလုံးတစ်လုံး ကမ်းပေးလာ၏။

" ပြန်ယူသွား ၊ ရှင့်ရဲ့ ဆေးအကျိုးအပဲ့ကို ဘယ်သူက လိုချင်တယ် ပြောလို့လဲ "

အစိမ်းရောင်ဝတ် မိန်းမပျိုက ဒေါသတကြီး ပြန်ပြောလိုက်သည်။

ယွိဝမ်ချန်းက အပြုံးဖြင့် ဆိုသည်။

" ညီမလေးက ကျုပ်လောက် မကောင်းပေမယ့်.. ဒါ ရှက်စရာ မဟုတ်ဘူးလေ ။ ကျုပ်က ကမ္ဘာတစ်သောင်းရဲ့ လူငယ်မျိုးဆက်ထဲမှာ အစွမ်းထက်ဆုံး လက်နက်သန့်စင်သူ တစ်ယောက်တောင် ဖြစ်နေပြီ "

အစိမ်းရောင်ဝတ် မိန်းမပျို နှာခေါင်းရှုံ့လိုက်၏။

" လာကြွားမနေနဲ့ "

ယွိဝမ်ချန်းက အပြုံးဖြင့် ပြန်ပြောသည်။

" ဘာလဲ.. မင်းက မကျေနပ်လို့လား ။ ဒါဆို ပြောပါဦးကွာ... လူငယ်မျိုးဆက်ထဲမှာ လက်နက်သန့်စင်ခြင်းမှာရော ၊ စိတ်ဝိဥာဥ်အစွမ်းမှာရော ငါ့ထက်သာတဲ့သူ ဘယ်သူရှိလို့လဲ ။ မင်းလား... ဒါမှမဟုတ်.. စောနက မင်းစကားပြောနေခဲ့တဲ့ အောက်ကမ္ဘာက ဟိုတောသားလား "

" ရှင်... "

အစိမ်းရောင်ဝတ် မိန်းမပျိုမှာ ပြန်ရန်တွေ့လိုက်ချင်သော်လည်း မည်သို့ပြန်ပြောရမည်မသိ ဖြစ်နေရှာ၏။

သူမရော လောထျန်းပါ ယွိဝမ်ချန်းထက် များစွာ ပိုအစွမ်းနိမ့်ပုံရသည် မဟုတ်ပါလား..

သို့သော်.. ထိုစဥ်မှာပင်

ဝုန်း..

သူတို့နောက်ရှိ တိုင်ရွှယ် စိတ်ဝိဥာဥ်ကမ္ဘာက ရုတ်တရ​က် တုန်ခါလာသည်။

" ဟင်.. "

အားလုံး နောက်လှည့်ကြည့်ပြီး တုန်လှုပ်သွားကြ၏။

" တစ်ယောက်ယောက်က အဆင့် ၁၁ ကို စိန်ခေါ်နေတာထင်တယ် ။ ဘယ်သူလဲ မသိဘူး "

" ဟို သုံးယောက်အပြင်ကို နောက်ထပ် ပါရမီရှင် ရှိသေးတာလား "

အားလုံး စိတ်ဝင်တစား ဖြစ်ကုန်ကြသည်။

အစိမ်းရောင်ဝတ် မိန်းမပျိုမှာ အပေါ်သို့ မော့ကြည့်လိုက်ပြီးနောက်.. ရုတ်တရက် ပါးစပ်အဟောင်းသား ရေရွတ်လိုက်သည်။

" သူပဲ... "

သူမ တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် အဆင့် ၁၁ သို့ လျှောက်သွားနေသူမှာ လောထျန်းဖြစ်ကြောင်း သိလိုက်ပါ၏။

" သူက အဆင့် ၁၁ ကို တကယ်ကြီးသွားရဲတာလား "

သူမ တအံ့တသြ ရေရွတ်လိုက်သည်။

ဘေးတွင် ရပ်နေသော ယွိဝမ်ချန်းက မျက်မှောင်ကြုံ့၍ ပြော၏။

" ဒီကောင့်ရဲ့ လက်နက်သန့်စင်ခြင်းက ဘယ်အဆင့်လဲ.. ။ သူကများ ငါနဲ့ အဆင့်တူ ဖြစ်ချင်တယ်ပေါ့ ။ ဒီကောင် အဆင့် ၁၁ ကို ခြေချလိုက်တာနဲ့ စိတ်ဝိဥာဥ်အစွမ်းကြောင့် ဖိခြေခံရပြီး သေသွားမှာ မြင်ယောင်ပါသေးတယ် "

သို့သော် . သူ့စကား ဆုံးချိန်မှာပင်..

ဝုန်း...

တိုင်ရွှယ် စိတ်ဝိဥာဥ်ကမ္ဘာ ထပ်တုန်သွားပြန်သည်။

လောထျန်းက အဆင့် ၁၁ အား အလွယ်တကူပင် ကျော်ဖြတ်သွားခဲ့ပါ၏။

" ဒါ... "

အားလုံး တုန်လှုပ်သွားရပြန်တော့သည်။

ထို့နောက်.. အားလုံးထံမှ တအံ့တသြ ရေရွတ်သံများ ထပ်ထွက်လာပြန်၏။

" ဟင်.. သူက အဆင့် ၁၂ ကို ထပ်တက်မလို့လား.. "

" ဒီကောင်က.. ရူးများ နေသလားကွာ ။ ဒီမျိုးဆက်ထဲမှာ အဆင့် ၁၂ ကို ကျော်ဖြတ်နိုင်တဲ့သူ တစ်ယောက်မှ မရှိသေးဘူးလေ "

" ကြည့်ရတာ.. အောက်ကမ္ဘာက ပါရမီရှင်လေး သေရတော့မယ်နဲ့ တူတယ် "

" နှမျောစရာပါလားကွာ.. "

အားလုံး ခေါင်းယမ်းကာ သက်ပြင်းချလိုက်ကြ၏။

" ဟေ့... ရပ်လိုက်တော့ ၊ အပေါ်ကို ဆက်မတက်နဲ့ "

အစိမ်းရောင်ဝတ် မိန်းမပျိုကလည်း စိုးရိမ်တကြီး အော်ပြောသည်။

သို့သော်.. တိုင်ရွှယ် စိတ်ဝိဥာဥ်ကမ္ဘာထဲ ရောက်နေသူများမှာ အပြင်လူများ၏ အသံကို မကြားရပါချေ ။

ထိုစဥ်တွင် လောထျန်းက အဆင့် ၁၂ သို့ ခြေချလိုက်လေပြီ ။

" သေလိုက်တော့.. "

ယွိဝမ်ချန်းက အပြုံးဖြင့် ဆို၏။

သို့သော်... သူ မျှော်လင့်ထားသလို ဘာမှ ဖြစ်မသွားခဲ့ပါ ။

အဆင့် ၁၂ မှ လောထျန်းမှာ ဘာမှဖြစ်ဟန်မတူဘဲ..

" ကြည့်ဦးဟေ့... သူက အဆင့် ၁၃ ကို ထပ်တက်တော့မယ် "

တစ်ယောက်က အံ့သြတကြီး ရေရွတ်လိုက်သည်။

All Chapters