← Chapters

ရတနာတဲ့...  ဒါပဲလား...

Vol. 48 Ch. 661

ရတနာတဲ့...  ဒါပဲလား...

Vol. 48 Ch. 661

" အဆင့် ဆယ့်သုံးတောင်...   တစ်ယောက်မှ အဲ့အဆင့်ကို မရောက်ဖူးဘူး မဟုတ်လား ။ အခု ဒီကောင်က တကယ်ကြီး လုပ်တော့မှာလား "

" ဘုရားရေ..  ငါတေတာ့ သမိုင်းဝင် အဖြစ်ပျက်ကြီးတစ်ခုကို ကြုံရတော့မှာပဲ "

" အဆင့် ၁၃ မှာ ဘယ်လိုရတနာမျိုး ရှိမလဲ သိချင်လိုက်တာကွာ "

လက်နက်သန့်စင်သူများအားလုံး တိုင်ရွှယ် စိတ်ဝိဉာဉ်ကမ္ဘာအား စိတ်လှုပ်ရှားစွာ ကြည့်လိုက်ကြသည်။

" ဒီကောင်လေးက အဲ့လောက်အစွမ်းထက်တာ ယုံတောင် မယုံနိုင်ဘူး ။ အောက်ကမ္ဘာမှာ အဲ့လို ကြောက်စရာကောင်းတဲ့သူတွေ တကယ်ကြီး ရှိတာလား "

အစပိုင်းတွင် လောထျန်းဆီမှ ငွေညှစ်ယူရန် ကြိုးစား

ခဲ့သူ အဘိုးအိုမှာ ထိုမြင်ကွင်းကို ကြည့်ရင်း မျက်လုံးထဲ ကြောက်ရွံ့မှုတို့ ပြည့်လာတော့သည်။

သူ ရူးနေ၍ ထိုသို့သော လူတစ်ယောက်ဆီမှ ငွေများယူရန် ကြိုးစားခဲ့မိပါသလား...

ထိုကောင်လေးမှာ အကြည့်တစ်ချက်ဖြင့်ပင် သူ့အား သတ်နိုင်လောက်ပေသည်။

" ဟမ့်..  အရူးတွေပဲ "

ထိုစဉ် ယွိဝမ်ချန်းက ရုတ်တရက် ပြောလာ၏။

အားလုံး သူ့ဘက် လှည့်ကြည့်လိုက်ကြသည်။

ယွိဝမ်ချန်း အံ့အားသင့်ပြီး အနည်းငယ် ရှက်သွားပုံ ပေါ်သည့်တိုင်..  အေးစက်စက် ပြောလာပါသည်။

" ဒီကောင်က အဆင့် ၁၃ ကို အဲ့လောက်လွယ်တယ်များ ထင်နေတာလား ။ အဲ့လောက် ရိုးရှင်းနေရင် မူလမသေမျိုးလက်နက် သန့်စင်သူတွေ အဲ့အဆင့်ကို ရောက်ပြီးတာ ကြာလှရောပေါ့ ။ ဒီကောင့်ရဲ့ စိတ်ဝိဉာဉ်အစွမ်းက မူလမသေမျိုးလက်နက် သန့်စင်သူတွေထက် ပိုအစွမ်းထက်မယ် ထင်တာလား "

အားလုံးမှာ သူ့စကားကို နားထောင်ပြီး အတွေးကိုယ်စီ ဖြစ်သွားကြ၏။

သို့သော် အများစုမှာ သူနှင့် သဘောထား တူတူပါပင် ။

" ဟုတ်တယ် ၊ ကျုပ် သခင်ကြီးဆီက ကြားဖူးတာ ရှိတယ် ။ သခင်ကြီးမိုင်က တစ်ခါပြောဖူးတယ်တဲ့...  သူက အဆင့် ၁၃ ကို မရောက်ခဲ့ပေမယ့် အဲ့က အရမ်းကြောက်စရာကောင်းတဲ့ အရောင်အဝါကို အာရုံခံမိခဲ့တယ်တဲ့ ။ သေချာမစဉ်းစားပဲသာ သွားလိုက်ရင် သေရမှာ သေချာတယ်လို့ ပြောတယ် "

ကျင့်ဖုန်းက မျက်မှောင်ကြုံ့၍ ပြောလာသည်။

" ဒါပေမယ့်..  အခု ကျုပ်တို့ရှေ့က လူရဲ့ စိတ်ဝိဉာဉ်အစွမ်းက ထူးခြားတဲ့ပုံပဲ ။ တကယ်လို့ သူသာ အဆင့် ၁၃ ကို ခြေလှမ်းတစ်ဝက်လောက်ပဲ လှမ်းပြီး ချက်ချင်း ပြန်ထွက်မယ်ဆိုရင် အလွန်ဆုံးမှ ဒဏ်ရာပြင်းပြင်းထန်ထန် ရတာလောက်ပဲ ဖြစ်မှာ ။ အသက်တော့ မသေနိုင်ဘူး "

အားလုံးကလည်း သူ့စကားကို သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်ကြ၏။

တဖက်မှ အစိမ်းရောင်ဝတ် မိန်းမပျိုကမူ လက်နှစ်ဖက်ကိုစု၍ ဆုတောင်းသည့်ပုံ လုပ်ရင်း ဆိုသည်။

" သူ ခြေလှမ်းတစ်ဝက်ပဲ လှမ်းပါစေ ။ ဘာမှ မဖြစ်ပါစေနဲ့ "

ထိုစဉ်..  အားလုံး၏ အကြည့်အောက်မှာပင် လောထျန်းက အဆင့် ၁၃ သို့ ခြေလှမ်းလိုက်တော့သည်။

" ဟား ဟား..  ဒီကောင်တော့ သေပြီပဲ "

ယွိဝမ်ချန်းက အသံကျယ်ဖြင့် ရယ်၏။

သို့သော်...  တခဏအကြာမှာပင် သူ့ရယ်သံက ရုတ်တရက် ရပ်သွားပါသည်။

အဘယ့်ကြောင့်ဆိုသော်...  အဆင့် ၁၃ မှ လောထျန်းက ဘာမှ ဖြစ်ပုံမပေါ်ဘဲ....  သန်းပင် သန်းဝေလိုက်သောကြောင့်ပင် ။

ထိုတခဏ၌ အားလုံး မှင်သက်ကုန်ကြတော့၏။

ထိုကောင်လေးက သန်းနေသတဲ့လား...

တိုင်ရွှယ် စိတ်ဝိဉာဉ်ကမ္ဘာသို့ ဝင်သူများထဲတွင်...  ခက်ခက်ခဲခဲ မကျော်ဖြတ်ရသူ တစ်ယောက်မှ မရှိပါချေ ။

သို့သော်..  ထိုကောင်က အမှန်တကယ် သန်းနေသတဲ့လား...

ယခုလို အခြေအနေမျိုးတွင် သူက အိပ်ချင်နေသေးသတဲ့လား..

ထိုစဉ်...  တဖက်မှ လောထျန်းမှာကား..  အဆင့် ၁၃ တွင် လျှောက်ရင်း ဟိုဟိုဒီဒီ ကြည့်နေပြီး..  နောက်ဆုံး သစ်သားပုံးတစ်ခုဆီသို့ အကြည့်ရောက်သွား၏။

သူ ထိုနေရာသို့ လျှောက်သွားကာ သစ်သားပုံးအား ကောက်ယူလိုက်သည်။

တိုင်ရွှယ် စိတ်ဝိဉာဉ်ကမ္ဘာ အပြင်ဘက်မှ လူများမှာမူ

ထိုသစ်သားပုံး ရှိသည်ကို မမြင်ရပါချေ ။

လောထျန်း ကောက်ကိုင်လိုက်မှသာ သူတို့အားလုံး မြင်သွားရခြင်းဖြစ်၏။

ထိုတခဏ၌ အားလုံး မျက်လုံးပြူးကုန်ရပြန်သည်။

" တိုင်ရွှယ် စိတ်ဝိဉာဉ်ကမ္ဘာရဲ့ အဖိုးတန်ဆုံး ရတနာလား "

တစ်ယောက်က တအံ့တသြ ရေရွတ်သည်။

အားလုံးမှာ ၎င်းသစ်သားပုံးဆီမှ အကြည့်မခွာနိုင်ကြတော့ပါ ။

တဖက်မှ လောထျန်းမှာကား ဘေးဘီသို့ ဝေ့ဝဲကြည့်လိုက်ပြီးနောက်..  ထွက်ပေါက်ဆီသို့ လျှောက်သွား၏။

အားလုံး၏ မျက်လုံးအကြည့်ကလည်း ထွက်ပေါက်ဆီသို့ စုပြုံရောက်သွားကြသည်။

ထိုစဉ်မှာပင်..  လောထျန်းတစ်ယောက် ထွက်လာပါ၏။

" ဟင်..  ဘာတွေ လုပ်နေကြတာလဲ "

ထွက်လာလာချင်း မြင်လိုက်ရသည့် မြင်ကွင်းကြောင့် လောထျန်း အံ့အားသင့်သွားရကာ မေးလိုက်သည်။

သူ့ရှေ့မှ လူများမှာ မနာလို လောဘတို့ဖြင့် ပြည့်နေသော မျက်လုံးများဖြင့် သူ့အား စိုက်ကြည့်နေကြ၏။

အကယ်၍ မိန်းမပျိုလေး တစ်အုပ်က ထိုသို့ ကြည့်လာလျှင်ပင် လောထျန်း လက်ခံနိုင်ပါသေးသည် ။

သို့သော်.. ယခု သူ့ရှေ့မှ လူများမှာကား မုတ်ဆိတ်မွေး ၊ နှုတ်ခမ်းမွေးကြီးများနှင့်.... ဖြစ်နေရာ လောထျန်း ကျောချမ်းသွားသလိုပါပင် ။

" ဘာတွေ ကြည့်နေကြတာလဲ "

သူ မျက်မှောင်ကြုံ့ကာ ပြောလိုက်၏။

" ဟို...  ရှင့်လက်ထဲက သစ်သားပုံးက.. "

အစိမ်းရောင်ဝတ် မိန်းမပျိုက ဦးစွာ စကားစလာသည်။

လောထျန်းမှာ ထိုစကားကိုကြားပြီး အံ့သြသွားကာ ဘေးဘီသို့ ထပ်ကြည့်လိုက်သည်။ ထိုစဉ်မှလည်း အားလုံး၏ အာရုံက သူ့ထက် သစ်သားပုံးပေါ်တွင်သာ ရှိနေကြောင်း သိလိုက်ပါ၏။

" အိုး..  ဒါကို ပြောတာလား ။ ကျုပ်က အချိန်သိပ်မရတာနဲ့ မဖွင့်ခဲ့ရသေးတာ ။ အခု မင်းတို့က သိချင်နေကြတာဆိုတော့ ဖွင့်ကြည့်လိုက်ပါမယ်လေ "

လောထျန်း ပြောလိုက်သည်။

ထိုတခဏ၌ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်မှာ အပ်ကျသံကို ကြားရမလိုပါပင် ။

နှစ်ပေါင်းများစွာကြာ မည်သူမှ မသိခဲ့သော လျှို့ဝှက်ချက်ကြီးကို ယနေ့ သိရပါတော့မည်လား ။

အားလုံးမှာ လောထျန်းအား မျက်တောင်မခတ် စိုက်ကြည့်နေကြတော့၏။

ထိုစဉ်မှာပင် လောထျန်း၏လက် လှုပ်ရှားသွားကာ သစ်သားပုံးအား ဖွင့်လိုက်သည်။

ဝီ...

၎င်းသစ်သားပုံးမှ အလင်းတန်းတစ်ခု ရုတ်ချည်း ထွက်လာ၏။

အားလုံးမှာ ပါးစပ်အဟောင်းသား ....

ထိုစဉ်တွင် လောထျန်းတစ်ယောက်တည်းသာ သစ်သားပုံးထဲ ရှိသည့်အရာကို မြင်နိုင်ပါသည်။

သို့သော်..  သူ သစ်သားပုံးထဲ ခေါင်းငုံ့ကြည့်ပြီး နောက်တွင်မူ ချက်ချင်း နှုတ်ခမ်းမဲ့သွား၏။

" ချီး...  ဒီ အကျိုးအပဲ့က ဘာလဲ "

လောထျန်း ခေါင်းယမ်း၍ သက်ပြင်းချလိုက်သည်။

အားလုံးမှာလည်း သူ ဖြစ်သွားသည့် မျက်နှာထားကြောင့် နားမလည်နိုင် ဖြစ်ကုန်ကြ၏။

အကျိုးအပဲ့ တဲ့လား...

အဆင့် ၁၃ မှ ရတနာက မည်သို့ အကျိုးအပဲ့ ဖြစ်နိုင်ပါမည်နည်း ။

အားလုံး နားမလည်နိုင် ဖြစ်နေကြစဉ်မှာပင် လောထျန်းက သစ်သားပုံးထဲမှ စာရွက် ဆယ်ရွက်ကျော်ခန့်ကို ထုတ်ယူလိုက်သည်။

" လက်နက်သန့်စင်ခြင်း အနုပညာကျမ်း စာရွက် ဆယ်ရွက်လောက်ပဲတဲ့...  ဒီ အမှိုက်တွေကို ဘယ်သူက လိုချင်မှာလဲ "

လောထျန်း ဒေါသတကြီး ပြောလိုက်သည်။

သူ ရှေးဟောင်းနတ်ဆိုးကမ္ဘာတွင် ရှိစဉ်က ထိုစာအုပ်တစ်အုပ်လုံးကို ဖတ်ခဲ့ပြီးသား ဖြစ်ပါသည်။

သို့ဖြစ်ရာ..  ယခု စာရွက်ဆယ်ရွက်ကျော်လောက်က သူ့အတွက် အမှိုက်နှင့် မခြားပါချေ ။

" အဲ့လိုမှန်းသိရင် အဆင့် ၁၃ ကို မသွားပါဘူးကွာ ။ အဆင့် ၁၂ က မူလမသေမျိုးလက်နက်က နည်းနည်း

အစွမ်းနိမ့်တယ် ဆိုပေမယ့် ဒီဟာထက်တော့ ပိုကောင်းသေးတယ် ။ အဲ့လို မဟုတ်ရင်တောင် အဆင့် ၁၁ က လက်နက်လုပ်တဲ့ ပစ္စည်းတွေ ယူလို့လဲ ရသေးတယ် "

လောထျန်း ရင်ထဲမှ သက်ပြင်းချလိုက်၏။

ထို့နောက်..  သူ အစိမ်းရောင်ဝတ် မိန်းမပျိုဘက် လှည့်ကြည့်လိုက်ရာ...  မိန်းမပျိုက သူ့အား စူးစိုက်ကြည့်နေပြီး သွားရည်ပင် ကျမလိုဖြစ်နေသည်ကို မြင်လိုက်ရသည်။ 

လောထျန်း လန့်သွားကာ မေးလိုက်၏။

" မင်း ဒါကို လိုချင်လို့လား "

" အင်...  လိုချင်...  ၊ အဲ..  မဟုတ်ပါဘူး..  မလိုချင်ပါဘူး "

မိန်းမပျိုမှာ စကားစမိပြီးမှ မှားသွားကြောင်း ချက်ချင်းရိပ်မိလိုက်ဟန်ဖြင့် ပြောင်းပြောလိုက်သည်။

ရှေ့မှ လူကြီးက သူမအား ခြိမ်းခြောက်လာမည်ကိုလည်း ကြောက်ရွံ့နေပါ၏။

သို့သော်..  လောထျန်းက သူမကို တစ်ချက်ကြည့်ပြီးနောက် သစ်သားပုံးအား မထူးခြားဟန်ဖြင့် ပေးလာသည်။

" လိုချင်တယ်ဆို မင်းကို ပေးမယ် "

လောထျန်းမှာ အမှန်တကယ်လည်း ထိုသစ်သားပုံးအား မလိုချင်ပါချေ ။

သူ စာအုပ်တစ်အုပ်လုံးကို အလွတ်ရထားပြီးသား မဟုတ်ပါလား ။

ထို့အပြင် တဖက် မိန်းမပျိုက သူ့အား ကြယ်စင်သန့်စင်ကမ္ဘာနှင့် ပတ်သက်သည့် အကြောင်းများကို ပြောပြထားခဲ့သည်ဖြစ်ရာ သူ့ဘက်မှလည်း ကျေးဇူးတင်ကြောင်း ပြန်ပြသင့်ပေသည်။

သို့သော်..

" အင်...  "

တဖက်မှ မိန်းမပျိုမှာကား လုံးဝ ဆွံ့အမှင်သက်နေရှာတော့၏။

ဘာတွေ ဖြစ်နေပါသလဲ...

တဖက်လူက ဤမျှ အဖိုးတန်လှသော ရတနာကြီးကို ဒီတိုင်း ပေးနေသတဲ့လား..

ထိုတခဏ၌ အားလုံး၏ သူမအပေါ် ကြည့်သောအကြည့်များက စိမ်းလာသည်ကိုလည်း ခံစားလိုက်ရပါသည်။

အထူးသဖြင့် ယွိဝမ်ချန်းပါပင်..

ထိုသူမှာ လက်နက်သန့်စင်ခြင်း အနုပညာကျမ်း၏ စာရွက်တစ်ရွက်ကို ရခဲ့ပြီး ၎င်းအား အဖိုးတန်ရတနာတစ်ခုအဖြစ် မှတ်ယူကာ အလွန် မောက်မာနေခဲ့ပါ၏။

ယခု.. မိန်းမပျိုက စာရွက်ဆယ်ရွက်ကျော်အား အလွယ်တကူ ရတော့မည်ဖြစ်ရာ.. သူ ရူးသွားတော့မလိုပါပင် ။

အစိမ်းရောင်ဝတ် မိန်းမပျိုမှာ ရင်တစ်ခုလုံး

ဗြောင်းဆန်​နေကာ လင်းရွှမ်ယီဘက် လှည့်ကြည့်၍ အသံတုန်တုန်ဖြင့် ပြောလိုက်သည်။

" မမ.... "

လင်းရွှမ်ယီက ချက်ချင်းပင် သူမရှေ့သို့ ဝင်ရပ်လိုက်ပြီး ဘေးပတ်လည်မှ လူများအား မျက်နှာထားတင်းတင်း ကြည့်လိုက်၏။

အားလုံးမှာလည်း သူမ၏အကြည့်ကို မြင်မှသာ ကိုယ်ပြန်ယို့သွားကြသည်။

သို့သော်.. သူတို့၏ မျက်နှာထက်မှ လောဘရိပ်များကမူ ပြောင်းလဲမသွားခဲ့ပါ ။

ထိုစဥ် လင်းရွှမ်ယီက အသက်ပြင်းပြင်း ရှိုက်၍ လောထျန်းအား ပြောလာသည်။

" သခင်လေး ၊ သခင်လေးရဲ့နာမည် ဘယ်လိုခေါ်ပါသလဲရှင် "

" ကျုပ်လား.. လောထျန်း "

လောထျန်း ပြန်ပြော၏။

လင်းရွှမ်ယီက ဦးညွှတ်အရိုအသေပြု၍ ဆိုသည်။

" သခင်လေးပေးတဲ့ လက်ဆောင်က အဖိုးတန်လွန်းလှပါတယ်ရှင်။ ကျွန်မရဲ့ ညီမလေးအနေနဲ့ ဒါကို လက်ခံလိုက်ဖို့ မသင့်လျော်ပါဘူး "

လောထျန်း မျက်မှောင်ကြုံ့သွား၏။

" ဘယ်လိုလုပ် အဖိုးတန်လွန်းမှာလဲ ။ အဆင့် ၁၃ မှာသာ ဒီအမှိုက်ရှိမှန်း သိခဲ့ရင် ကျုပ်က အဲ့ကိုသွားမှာတောင် မဟုတ်ဘူး ။ ဒီ တိုင်ရွှယ် စိတ်ဝိဥာဥ်ကမ္ဘာရဲ့ ပိုင်ရှင်က တကယ့်အရူးပဲ ။ အဲ့လူ ဘယ်သူမှန်းသာသိရရင် သူ့ပါးကို အချက်တစ်ရာလောက်ကို ရိုက်ပစ်ဦးမှာ ။ ဒီ စမ်းသပ်ပွဲက တကယ့်ကို အလိမ်အညာကြီးပဲ၊ ဂျင်းတကားဂျင်းအကြီးဆုံး ဂျင်းကြီး သောက်ဂျင်း "

“ရှင် သောက်ဂျင်းဆိုတာ ဘာလဲဟင်”

All Chapters