← Chapters

ပုန်းနေသည့် အစွမ်းထက်ကျင့်ကြံသူ

Vol. 48 Ch. 662

ပုန်းနေသည့် အစွမ်းထက်ကျင့်ကြံသူ

Vol. 48 Ch. 662

လောထျန်းစကားကို နားထောင်နေသူများ အားလုံး ဆွံ့အကုန်ကြတော့သည် ။

သူက.. လက်နက်သန့်စင်ခြင်း အနုပညာကျမ်းကိုပင် ဂရုမစိုက်ဘူး တဲ့လား...

ထိုသူက လက်နက်သန့်စင်သူ တစ်ယောက်ရော ဟုတ်ပါသေးရဲ့လား...

အားလုံး နားမလည်နိုင် ဖြစ်ကုန်ကြသည်။

လင်းရွှမ်ယီမှာလည်း အနည်းငယ် အံ့အားသင့်နေဟန်ပင် ။

လောထျန်း၏ စကားက သူမစိတ်ကို ကိုင်လှုပ်လိုက်နိုင်သည်မှာ သိသာပါ၏ ။

ထိုစဥ်တွင် သူမ ဆွံ့လည်း ဆွံ့အနေပါတော့သည်။

ယနေ့ ဘာတွေဖြစ်နေပါသနည်း...

မျှော်လင့်မထားစွာပင် သူမ၏ တည်ငြိမ်လှသော စိတ်နှလုံးကို လှုပ်ရှားအောင် လုပ်နိုင်သူများနှင့်မှ တိုးမိနေသတဲ့လား..

သို့သော် တခဏအကြာမှာပင် သူမ ယခင်အခြေအနေ ပြန်ထိန်းလိုက်နိုင်ကာ ပြော၏။

" သခင်လေးရဲ့ ပစ္စည်းက တကယ်ကို အဖိုးတန်လွန်းပါတယ်ရှင် ။ ကျွန်မရဲ့ ညီမလေးသာ အဲ့ဒါကို လက်ခံလိုက်ရင် ကျွန်မတို့ဂိုဏ်းရဲ့ စည်းမျဥ်းတွေကိုလဲ ချိုးဖောက်ရာ ကျသွားပါလိမ့်မယ် ။ အဲ့တော့... ဒီလိုလုပ်ရင်ရော.... "

သူမ ထိုသို့ပြောပြီး ဟင်းလင်းပြင်လက်စွပ်ထဲမှ သံတုံးတစ်ခုကို ထုတ်ကာ လောထျန်းအား လက်နှစ်ဖက်ဖြင့် တရိုတသေ ပေးလိုက်သည်။

" ဒါ .. ကျွန်မ တိုင်ရွှယ် စိတ်ဝိဥာဥ်ကမ္ဘာကနေ ရခဲ့တဲ့ ကောင်းကင်ဘုံကိုးခု သွေးနီတိမ်တိုက် သံမဏိ ပါ ။ ဒီပစ္စည်းကို မသေမျိုးလက်နက်တွေ လုပ်တဲ့နေရာမှာ သုံးလို့ရပါတယ် ။ ကျွန်မ သခင်လေးကို ဒါ ပေးပါ့

မယ်... "

လင်းရွှမ်ယီက အပြစ်မကင်းသလို ခံစားရဟန်ဖြင့် ဆိုရှာ၏။

၎င်းကိုကြည့်ကာ လောထျန်း မျက်မှောင်ကြုံ့သွားသည်။

" ဒါ..... "

လင်းရွှမ်ယီ၏ နှလုံးသား တုန်လှုပ်သွားရပြန်သည်။

" ဒီပစ္စည်းလေးက လက်နက်သန့်စင်ခြင်း အနုပညာကျမ်းနဲ့ ယှဥ်လိုက်ရင် ဘာမှအဖိုးမတန်ဘူးဆိုတာ ကျွန်မ သိပါတယ်ရှင် ။ ဒါပေမယ့်.. ကျွန်မဆီမှာ တခြားလဲလှယ်လို့ရတဲ့ ပစ္စည်းလဲ ဘာမှ မရှိတော့လို့ပါ ။ အဲ... ဒီလိုလုပ်ပါလား ၊ ဒီတစ်ခေါက် ကြယ်စင်သန့်စင်ကမ္ဘာကနေ ကျွန်မတို့ ညီအမနှစ်ယောက် ရခဲ့သမျှ ပစ္စည်းတွေအားလုံးကို ပေးမယ်လေ "

လင်းရွှမ်ယီမှာ ထိုသို့သာ ပြောလိုက်ရသော်လည်း သူမစိတ်ထဲတွင်မူ မသေချာလှပါချေ ။

အဘယ့်ကြောင့်ဆိုသော်.. သူမက မူလမသေမျိုးလက်နက် ရခဲ့လျှင်ပင်... လက်နက်သန့်စင်သူ တစ်

ယောက်အဖို့ ၊ ၎င်းလက်နက်က လက်နက်သန့်စင်ခြင်း အနုပညာကျမ်းလောက် အဖိုးမတန်နိုင်မှန်း သိနေသောကြောင့်ပင် ။

သို့သော်.. ထင်မထားစွာပင် လောထျန်းက သူမပေးသည့် ကောင်းကင်ဘုံကိုးခု သွေးနီတိမ်တိုက် သံမဏိကို ယူကာ ပြောလာ၏။

" ဝိုး.. ဒါ မသေမျိုးလက်နက် လုပ်လို့ရတဲ့ ပစ္စည်းတွေလား ။ ဒါတွေကမှ အများကြီးပိုပြီး အသုံးဝင်တာ မဟုတ်ဘူးလား... "

အားလုံး ဆွံ့အသွားရပြန်တော့၏။

ထိုစဥ် တဖက်မှ အစိမ်းရောင်ဝတ် မိန်းမပျိုက ရှေ့တိုးလာကာ လောထျန်းအား စိတ်ဝင်တစားကြည့်၍ ပြောသည်။

" သခင်လေး ၊ ကျွန်မနာမည်က ရှန့်ယွီပါ ။ ဒါကတော့ ကျွန်မရဲ့ မမ ၊ လင်းရွှမ်ယီလို့ ခေါ်တယ် ။ သခင်လေးရဲ့ နာမည်ကိုရော ပြောပေးလို့ရမလား "

လောထျန်းက အပြုံးဖြင့် ပြန်ဖြေ၏။

" ကျုပ် နာမည်က လောထျန်းပါ "

" သခင်လေး လောထျန်းနဲ့ ခုလိုတွေ့ခွင့်ရတဲ့အတွက် တကယ်ကို ဝမ်းသာပါတယ်ရှင် ။ သခင်လေးက ဘယ်ကမ္ဘာကလဲ ဆိုတာရော သိခွင့်ရှိမလား "

ရှန့်ယွီက လောထျန်းအား စိတ်ဝင်တစား ဆက်မေးသည်။

အမှန်တွင်မူ.. သူမသည်သာမက ကျန်လူများအားလုံးလည်း လောထျန်းတစ်ယောက် ဘယ်ကမ္ဘာမှ လာခဲ့သည်ကို သိချင်နေကြပါသည်။

လောထျန်းက ဘာကိုမှ ဖုံးကွယ်မထားဘဲ အပြုံးဖြင့် ပြန်ဖြေ၏။

" ကျုပ်က ထျန်းယွမ်ကမ္ဘာကပါ .. "

" ထျန်းယွမ်ကမ္ဘာ .... "

ရှန့်ယွီ တစ်ယောက် ခဏတာမျှ အံ့သြမှင်သက်သွားရသည်။ ထိုတခဏ၌ သူမ ဘာပြန်ပြောရမည်ကိုပင် မသိတော့ပါ ။

သို့သော်.. ဘေးတွင်ရပ်နေသော လင်းရွှမ်ယီက တစ်ခုကို တွေးမိသွားဟန်ဖြင့် ရုတ်တရက် မေးလာ၏။

" ထျန်းယွမ်ကမ္ဘာ ... ဟုတ်လား သခင်လေး "

" မမက သိလို့လား "

ရှန့်ယွီက သူမအား တအံ့တသြ မေးလိုက်သည်။

လင်းရွှမ်ယီ ခေါင်းညိတ်ပြ၏။

" မမ ရှေးဟောင်း မှတ်တမ်းစာအုပ်ထဲမှာ ဖတ်ဖူးတာတော့ ထျန်းယွမ်ကမ္ဘာမှာ မူလမသေမျိုးလက်နက်တွေ သန့်စင်တဲ့သူ တစ်ယောက်ရှိခဲ့ဖူးတယ်တဲ့ ။ ဒါပေမယ့် .. နောက်ပိုင်းတော့ အဲ့လူ သေသွားတယ်လို့ ပြောတယ် "

" ဘယ်လို... "

ရှန့်ယွီတစ်ယောက် လန့်သွားဟန်ပင် ..

မူလမသေမျိုးလက်နက်ကို သန့်စင်နိုင်သူမှာ အပေါ်ကမ္ဘာတွင် အလွန်ရှားလှသည် မဟုတ်ပါလား..

သို့သော် ထျန်းယွမ်ကမ္ဘာတွင် ထိုသို့သောလူမျိုး အမှန်တကယ်ရှိသည် ဆိုခြင်းကြောင့် သူမ တုန်လှုပ်ခြင်းကြီးစွာ ဖြစ်သွားရတော့သည်။

သို့သော် .. လင်းရွှမ်ယီကမူ အေးစက်စက်

မျက်နှာထားဖြင့်သာ ဆက်ပြောသည်။

" အဲ့ဒါတွေအားလုံး စာအုပ်ထဲမှာ သေချာရေးထားတယ်လေ ။ ပြန်ရောက်ရင် နင် သမိုင်းအကြောင်းတွေ သေချာပြန်ဖတ်မှဖြစ်မယ် "

ရှန့်ယွီမှာကား စာဖတ်ရမည်ဟု ကြားသည်နှင့် မျက်နှာထား ချက်ချင်းပြောင်းသွားရှာ၏။

ထိုစဥ်တွင် တိုင်ရွှယ် စိတ်ဝိဥာဥ်ကမ္ဘာထဲမှ နောက်ဆုံးလူ ထွက်လာပြီ ဖြစ်သည့်အတွက် တိုင်ရွှယ် စိတ်ဝိဥာဥ်ကမ္ဘာ ပျောက်ကွယ်သွားကာ အားလုံး ဝင်လာခဲ့သည့်လမ်းလည်း ပျောက်သွားတော့သည်။

အခြားတဖက်တွင်..

ဝုန်း....

အသံကျယ် တစ်သံနှင့်အတူ အားလုံးရှေ့၌ လမ်းတစ်ခု ပေါ်လာ၏။

" ဟင်... ဒီ ကြယ်စင်သန့်စင်ကမ္ဘာမှာ စမ်းသပ်ပွဲတွေ ဘာလို့ အဲ့လောက်များရတာလဲကွာ ။ ဘာလို့ ငါ့

ကျမှ အဲ့လိုတွေ ကြုံနေရတာလဲ "

" ငါက လက်နက်လုပ်ဖို့ ပစ္စည်းတွေပဲ ရှာချင်တာပါကွာ ၊ မသေချင်သေးဘူး "

လက်နက်သန့်စင်သူများ အားလုံး အထိတ်တလန့် ဖြစ်ကုန်ကြတော့သည်။

ကျင့်ဖုန်းနှင့် ယွိဝမ်ချန်းတို့ နှစ်ယောက်သည်ပင် မျက်နှာများ တည်သွားကြပါသည်။

လောထျန်းကမူ နားမလည်နိုင်ဟန်ဖြင့် ဘေးဘီသို့ ဝေ့ဝဲကြည့်ကာ မေး၏။

" ဒါ ဘာစမ်းသပ်ပွဲလဲ .. ။ အားလုံးက ဘာဖြစ်လို့ ကြောက်နေကြတဲ့ပုံ ဖြစ်နေတာလဲ "

ထိုစဥ်တွင် ရှန့်ယွီမှာလည်း ကြောက်ရွံ့နေဟန်တူကာ ပြောပြရှာသည်။

" ဒီ စမ်းသပ်ပွဲကို ကောင်းကင်ဘုံကြယ်လမ်းစဥ် လို့ ခေါ်တယ်ရှင့် ။ ပြောရရင်တော့.. ဒီ စမ်းသပ်ပွဲက. ကြယ်စင်သန့်စင်ကမ္ဘာထဲမှာ အရင်းအမြစ်ပစ္စည်းတွေ အများဆုံးပဲ "

လောထျန်း၏ မျက်လုံးများ ချက်ချင်းအရောင်လက်သွားကြသည်။

" အရင်းအမြစ်တွေ အများဆုံး.. ဟုတ်လား ။ ဒါ ကောင်းတာ မဟုတ်ဘူးလား "

ရှန့်ယွီက အံကြိတ်၍ ပြန်ပြော၏။

" အရင်းအမြစ်တွေ အများဆုံးဆိုတာ အန္တရာယ်လဲ အကြီးဆုံး ဆိုတဲ့အဓိပ္ပါယ်ပဲရှင့် ။ ဒီစမ်းသပ်ပွဲက လူအသေအပျောက် အများဆုံးနေရာတစ်ခုပဲ "

သူမ စကားကြောင့် လောထျန်း သိချင်စိတ် ပိုဖြစ်သွားရသည် ။

" ကျုပ်ကို အသေးစိတ်လေး ပြောပြပါဦး "

ရှန့်ယွီက အသက်ပြင်းပြင်း ရှိုက်ပြီးမှ ပြောသည်။

" ဒီ ကောင်းကင်ဘုံကြယ်လမ်းစဥ် ပွင့်တာနဲ့ လူသုံးယောက် တစ်ဖွဲ့စီက ရှေးဟောင်း ကောင်းကင်ဘုံကြယ်လမ်းကို ကျပန်း တည်နေရာရွှေ့ပြောင်း ခံကြရတယ်ရှင့် ။ အဲ့လမ်းမှာ မသေမျိုးဘုရင်တစ်ယောက်တောင် အသက်ဆုံးသွားခဲ့ဖူးတယ် "

မသေမျိုးဘုရင် တစ်ယောက်ပင် သေသွားခဲ့ဖူးသတဲ့လား..

ထိုစကားက အားလုံးကို ရှင်းပြလိုက်သလိုပါပင်..

လောထျန်း ခေါင်းအသာညိတ်လိုက်၏။

ထိုစဥ် လင်းရွှမ်ယီက လောထျန်းအား ပြောလာသည်။

" သခင်လေးလောထျန်း ၊ ဒီ ရှေးဟောင်း ကောင်းကင်ဘုံကြယ်လမ်းနဲ့ ပတ်သက်ပြီး ကျွန်မ ဂိုဏ်းထဲမှာ စာအုပ်တွေဖတ်ဖူးတော့.. တချို့အရာတွေကို ဘယ်လိုကိုင်တွယ်ရမလဲ သိတယ် ။ ဒီတစ်ခေါက် ကျွန်မတို့သုံးယောက်ပေါင်းပြီး ကောင်းကင်ဘုံကြယ်လမ်းစဥ်ထဲ ဝင်ကြရအောင်လေ ။ အဲ့လိုဆို အခက်ခဲ သိပ်မရှိနိုင်ဘူးထင်တယ် "

သူမ စကားဆုံးချိန်မှာပင် ဘေးတွင်ရှိနေသော ယွိဝမ်ချန်းက အပြုံးဖြင့် ပြောလာ၏။

" စာအုပ်ထဲမှာ ဖတ်ဖူးတယ် .. ဟုတ်လား ၊ ဖတ်ဖူးတာလောက်နဲ့ ဘာလုပ်လို့ ရမှာလဲကွာ ။ ကောင်းကင်ဘုံကြယ်လမ်းစဥ်ကို ဖြတ်ကျော်ဖို့ဆိုရင်

အစွမ်းပဲ လိုတာ "

သူ ထိုသို့ပြောပြီး လက်ယမ်းလိုက်ရာ..

ဝုန်း ..

သူ့ခေါင်းပေါ်၌ နာရီကြီးတစ်လုံး ပေါ်လာသည်။

ထိုနာရီကြီး ပေါ်လာသည်နှင့် နာရီလက်တံ ဖြည်းညင်းစွာ လည်လာကာ .. တစ်ချက် လည်လိုက်တိုင်း တာအိုထွင်းစာတစ်ခု ကျလာ၏။ ၎င်းတာအိုထွင်းစာက ယွိဝမ်ချန်းအား ကာကွယ်ပေးနေဟန်လည်း တူသည်။

အားလုံးမှာလည်း ၎င်းကိုကြည့်ပြီး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြ၏။

" ဒီထွင်းစာ... ဒီ ဖိအားက.... ဒါ ထိပ်တန်းအဆင့် မသေမျိုးလက်နက် တစ်ခုပဲ "

" ငါ့ဘဝမှာ အဲ့လို အဆင့် မသေမျိုးလက်နက်တစ်ခုကို သန့်စင်လိုက်နိုင်ရင်.. သေရမယ်ဆိုတောင် သေပျော်ပါပြီကွာ "

" ဟုတ်တယ် ။ သခင်ကြီး ယွိဝမ် ၊ အဲ့မသေမျိုးလက်နက်ကို ဘယ်သူလုပ်ထားတာလဲ သိခွင့်ရှိမလားဗျ "

ဘေးမှ လက်နက်သန့်စင်သူများ မေးလာကြသည်။

ယွိဝမ်ချန်းက နှုတ်ခမ်းတွန့်ရုံပြုံး၍ ပြန်ပြော၏။

" ကျုပ်ကိုယ်တိုင် လုပ်ထားတာလေ "

" ဒါ... "

ကြားလိုက်ရသည့်စကားကြောင့် အားလုံး၏ မျက်နှာထားများ ပြောင်းကုန်ကြပြန်သည်။

ထို ထိပ်တန်းအဆင့် မသေမျိုးလက်နက်ကို သူကိုယ်တိုင် သန့်စင်ခဲ့သတဲ့လား..

ဤမျှ အသက်ငယ်ငယ်လေးဖြင့် ထိုသို့ လုပ်နိုင်ခဲ့ပြီတဲ့လား..

နောက်နှစ်အနည်းငယ် အကြာဆိုလျှင် မည်သို့ ဖြစ်

သွားပါမည်နည်း ။

ထိုစဥ် ယွိဝမ်ချန်းက လောထျန်းဘက် လှည့်ကြည့်ကာ ပြောလာ၏။

" လက်နက်တွေ သန့်စင်ဖို့ဆိုရင် စိတ်ဝိဥာဥ်အစွမ်း အစွမ်းထက်နေရုံ တစ်ခုတည်းနဲ့ မရဘူးကွ "

သူ ထိုသို့ပြောပြီးသည်နှင့် တည်နေရာရွှေ့ပြောင်းသည်ကို မစောင့်ပဲ ကောင်းကင်ဘုံကြယ်လမ်းစဥ် ရှိရာသို့ ပျံသန်းသွားလိုက်သည်။

" သူက.. ကောင်းကင်ဘုံကြယ်လမ်းစဥ်ကို တစ်ယောက်တည်း ဝင်သွားမလို့လား "

အားလုံး တုန်လှုပ်ကုန်ကြပြန်၏။

ဝုန်း..

ထိုစဥ်မှာပင် အသံကျယ်တစ်ခု ထပ်ထွက်လာသည်။

အားလုံး လှည့်ကြည့်လိုက်ကြရာ.. ကျင့်ဖုန်း၏ ခေါင်းထက်၌ ကြောက်မက်ဖွယ် မသေမျိုးအစွမ်း

ထုတ်လွှတ်နေသည့် တောင်တစ်လုံး ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။

၎င်းမှာလည်း ထိပ်တန်းအဆင့် မသေမျိုးလက်နက် တစ်ခုဖြစ်ကြောင်း အသိသာပါပင် ။

ထို့နောက်တွင် ကျင့်ဖုန်းသည်လည်း ကောင်းကင်ဘုံကြယ်လမ်းစဥ်ထဲသို့ တစ်ယောက်တည်း ဝင်သွားတော့၏။

ထိုနှစ်ယောက် ပြီးနောက်တွင်မူ.. အားလုံးလည်း မသေမျိုးလက်နက်ကိုယ်စီ ထုတ်လိုက်ကြရာ မသေမျိုးအစွမ်းများ ရုတ်ချည်း တိုးလာတော့သည်။

လူအနည်းစု အချို့ဆိုလျှင် မသေမျိုးအစွမ်းကို အားမကိုးပဲ ကောင်းကင်ဘုံကြယ်လမ်းစဥ်ထဲသို့ တိတ်တဆိတ်ပင် ဝင်သွားကြပါသေး၏။

လင်းရွှမ်ယီက လူအုပ်အား မျက်နှာတည်ဖြင့် ကြည့်ရင်း ဆိုသည်။

" အဲ့ထဲမှာ မသေမျိုးလက်နက် သန့်စင်သူတစ်ယောက် ရှိတယ်နဲ့တူတယ် ။ ဒါပေမယ့် အဲ့လူက သူ

ဘယ်သူမှန်း လူတွေသိစေချင်ပုံ မရဘူး ။ လက်နက်သန့်စင်သူတွေနဲ့ မတူတဲ့ သူအချို့ကတော့ သိုင်းပညာရှင် သခင်ကြီးတွေဖြစ်မယ်ထင်တယ် ။ သူတို့တွေက ဟို ကောလဟလကြောင့် လာခဲ့ကြတဲ့ပုံပဲ "

ဤနေရာသို့ ရောက်နေသူများထဲတွင် မသေမျိုးလက်နက် သန့်စင်သူ သုံးယောက်သာ ရှိသည်ကို သူမအစောတည်းက မယုံပါချေ ။

ကြယ်စင်သန့်စင်ကမ္ဘာသည် ယခင်ကဲ့သို့ မဟုတ်ဘဲ အကျဘက် ရောက်လာသည့်တိုင် ၊ ရတနာမြေတစ်ခုဖြစ်ရာ.. ကိစ္စများက ဤမျှ မရိုးရှင်းလှပေ ။

ထိုအချိန်မှာပင်...

ဝီ...

အားလုံးရှေ့၌ မရေမတွက်နိုင်သော အလင်းတန်းများ ရုတ်တရက် ပေါ်လာပါ၏။

၎င်းကို မြင်သောအခါ လင်းရွှမ်ယီ ချက်ချင်း ပြောလိုက်သည်။

" သခင်လေးလောထျန်း ၊ ညီမလေး... အတူတူ သွားကြစို့ "

All Chapters