← Chapters

မိစ္ဆာဝိဥာဥ်များကို အမဲလိုက်ခြင်း

Vol. 48 Ch. 663

မိစ္ဆာဝိဥာဥ်များကို အမဲလိုက်ခြင်း

Vol. 48 Ch. 663

လောထျန်းမှာ အနည်းငယ် တွန့်ဆုတ်သွားသော်လည်း ကျန်နှစ်ယောက် ပြောသည့်အတိုင်း အလင်းတန်းတစ်ခုပေါ်သို့ ခြေလှမ်းလိုက်ပါသည်။

ဝီ...

ထိုစဥ်မှာပင် အလင်းတန်း ဖျတ်ခနဲလက်ကာ သူတို့သုံးယောက်လုံး တည်နေရာရွှေ့ပြောင်းသွား၏။

တခဏအကြာတွင်မူ.. သူတို့သုံးယောက် ခြောက်ကပ်နေသော နေရာတစ်ခု၌ ပြန်ပေါ်လာကြသည်။

" ဝေါင်း... "

သူတို့ ရောက်ရောက်ချင်းမှာပင်.. အနောက်ဘက်မှ စိတ်ဝိဥာဥ်ကိုပင် ထိုးဖောက်သွားစေနိုင်သည့် အသံကျယ်ကြီး ထွက်လာ၏။

" အား... "

ရှန့်ယွီမှာ ထိုအသံကြောင့် အော်လိုက်ရကာ နောက်သို့ ခြေနှစ်လှမ်း ဆုတ်လိုက်သည်။

လင်းရွှမ်ယီမှာလည်း သူမလောက် အခြေအနေ မဆိုးသည့်တိုင် မျက်နှာတပြင်လုံး ဖြူရော်နေကာ သွေးအန်တော့မလို ဖြစ်သွားရသည်။

သူမ ချက်ချင်း နောက်လှည့်ကြည့်လိုက်ရာ... အမုန်းတရားတို့ဖြင့် ပြည့်နေဟန်တူသည့် မိစ္ဆာဝိဥာဥ် တစ်ယောက်ကို တွေ့လိုက်ရ၏။

" ဒါ... ဘယ်လိုဖြစ်နိုင်မှာလဲ.. ။ ခုလေးတင် တည်နေရာရွှေ့ပြောင်းလာတာကို အဲ့လိုအစွမ်းထက်တဲ့ မိစ္ဆာဝိဥာဥ်နဲ့ လာကြုံရတာလား "

သူမ မျက်နှာပေါ်တွင် တုန်လှုပ်မှုတို့ အပြည့်...

အော်သံလေး တစ်သံဖြင့်ပင် သူမ ဒဏ်ရာအပြင်းထန် ရသွားခဲ့ရာ... ထိုမိစ္ဆာဝိဥာဥ်က မည်မျှ ကြောက်စရာကောင်းကြောင်း သိသာပါသည်။

" ဝေါင်း.... "

ထိုစဥ်မှာပင် မိစ္ဆာဝိဥာဥ်က ထပ်အော်ပြီး သူမအသက်ကို ခြွေယူရန် ပြေးဝင်လာ၏။

သို့သော်.. ထိုစဥ်တွင်..

" ဟင်.. "

စစချင်းတွင် မိစ္ဆာဝိဥာဥ်အား ကျောပေးထားသော လောထျန်းက ရုတ်တရက် နောက်လှည့်၍ အေးစက်စက် ကြည့်လာသည်။

ဝုန်း..

မိစ္ဆာဝိဥာဥ် တစ်ကိုယ်လုံးတုန်ပြီး လဲကျတော့မလို ဖြစ်သွား၏။

သူ လောထျန်း၏ မျက်လုံးများကို ကြည့်ရင်း.. လှုပ်ပင် မလှုပ်ရဲတော့ပါ ။

လောထျန်းက ရှေ့မှ မိစ္ဆာဝိဥာဥ်အား ခေါင်းစခြေဆုံး ကြည့်လိုက်ပြီးနောက် အေးစက်စက် ပြောလိုက်

သည်။

" ဒီကနေ ထွက်သွားစမ်း "

ဝှစ်...

တဖက်မှ မိစ္ဆာဝိဥာဥ်က မည်သည့်စကားမှ မဆိုဘဲ ချက်ချင်း နောက်လှည့်ပြေးကာ ပျောက်ကွယ်သွား၏။ သူ့အသွင်မှာ အသက်ဘေးမှ ပြေးနေသယောင်...

" ဟင်... "

လင်းရွှမ်ယီမှာ ထိုမြင်ကွင်းကို ကြည့်ရင်း တခဏမျှ မှင်သက်နေပြီးမှ ပြန်အသိဝင်လာသည်။

" ဟုတ်သားပဲ .. ငါ မေ့နေတာ ။ သခင်လေးလောထျန်းရဲ့ စိတ်ဝိဥာဥ်အစွမ်းက တိုင်ရွှယ် စိတ်ဝိဥာဥ်ကမ္ဘာ အဆင့် ၁၃ ကိုတောင် အေးဆေးခံနိုင်ခဲ့တာလေ ။ အခု သူ့ရဲ့ စိတ်ဝိဥာဥ်အစွမ်းနဲ့ မိစ္ဆာဝိဥာဥ်ကို ဖိနှိပ်နိုင်တာ မဆန်းပါဘူး "

ထိုစဥ် တဖက်မှ ရှန့်ယွီမှာ မတ်တပ်ပြန်ရပ်ရန်ပင် ခက်ခဲနေဟန်တူကာ ခေါင်းကိုပွတ်၍ ဆိုသည်။

" မမ ၊ မိစ္ဆာဝိဥာဥ်တွေကတောင် အဲ့လောက် ကြောက်

စရာကောင်းနေတာ.. ကျွန်မတို့ ဒီကနေ လွယ်လွယ်ထွက်နိုင်ပါ့မလား "

လင်းရွှမ်ယီက ခေါင်းယမ်းကာ ပြန်ပြော၏။

" မဟုတ်ဘူး.. ဒီ ကောင်းကင်ဘုံကြယ်လမ်းစဥ်မှာ ကြောက်စရာ အကောင်းဆုံးက မိစ္ဆာဝိဥာဥ်တွေ မဟုတ်ဘူး ။ တကယ့် အန္တရာယ်အစစ်က.... အင်း.. မတွေ့ရင်တော့ အကောင်းဆုံးပေါ့လေ "

သူမ ခဏမျှ စကားရပ်လိုက်ပြီးမှ ရုတ်တရက် ပြောသည်။

" ဒါပေမယ့်.. စာအုပ်တွေထဲမှာ ရေးထားတဲ့အတိုင်းဆိုရင်.. ဒီလို မိစ္ဆာဝိဥာဥ်တွေ ရှိတဲ့လမ်းမှာက ရတနာတွေ ရှိနိုင်တယ်တဲ့ ။ ခုနက မိစ္ဆာဝိဥာဥ်ကြီးကလဲ တော်တော်အစွမ်းထက်တာ ဆိုတော့... ငါတို့တွေ သွားကြည့်သင့်တယ် "

" အိုး.. ရတနာလား "

လောထျန်းမှာလည်း ထိုစကားကို ကြားသည်နှင့် ဝမ်းသာသွားဟန်တူကာ သူ့စိတ်ဝိဥာဥ်အစွမ်းကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။

" ဟိုမှာ... "

ထို့နောက် သူ မလှမ်းမကမ်း တစ်နေရာသို့ သွားကာ မြေပြင်အား လက်ဖြင့် ရိုက်ခွဲလိုက်၏။

ဝီ..

ပြီးနောက်တွင်မူ သူ့လက်ထဲသို့ လက်သီးဆုပ်အရွယ်ရှိသော အမြုတေလုံးတစ်ခု ရောက်လာသည်။

" ဒါ... မသေမျိုးလက်နက် လုပ်လို့ရတဲ့ ပစ္စည်းပဲ "

လောထျန်း တအံ့တသြ ရေရွတ်လိုက်၏။

လင်းရွှမ်ယီကလည်း ၎င်းကိုကြည့်ကာ ခေါင်းညိတ်၍ ဆိုသည်။

" ဒါ.. ကောင်းကင်ဘုံသံမည်း ပဲရှင့် ။ ကြည့်ရတာ ကောင်းကင်ယံကို ဥက္ကာခဲတစ်ခု ဖြတ်သွားတုန်းက အစိတ်အပိုင်းလေးတွေ ကျခဲ့တာနဲ့ တူတယ် "

လောထျန်း ခေါင်းညိတ်လိုက်သည်။ ထို့နောက်.. သူ တစ်ခုကို ရုတ်တရက် တွေးမိသွားဟန်ဖြင့် လင်းရွှမ်

ယီဘက် ကြည့်ကာ ပြော၏။

" မင်း.. ခုနက မိစ္ဆာဝိဥာဥ်တွေ ရှိတဲ့ဆီမှာ ရတနာတွေလဲ ရှိမှာလို့ ပြောခဲ့တာ မဟုတ်လား "

လင်းရွှမ်ယီ ခေတ္တမျှ မှင်သက်နေပြီးမှ ခေါင်းညိတ်ပြလိုက်သည်။

" အမှန်ပဲ "

" အဲ့ ရတနာတွေက မသေမျိုးလက်နက် လုပ်လို့ရတဲ့ ပစ္စည်းတွေလား "

လင်းရွှမ်ယီ စဥ်းစားလိုက်ပြီးမှ ပြန်ဖြေ၏။

" အားလုံးတော့ ဟုတ်ချင်မှဟုတ်မှာ ။ ဒါပေမယ့် အများစုကတော့ အဲ့လိုပဲ ဖြစ်နိုင်တယ် "

လောထျန်း ချက်ချင်း လက်ခုပ်တစ်ချက် တီးလိုက်သည်။

" ဒါဆို ဆုံးဖြတ်လိုက်ပြီ.. "

" ဘာကို ဆုံးဖြတ်တာလဲ သခင်လေး "

လင်းရွှမ်ယီ အံ့အားသင့်သွား၏။

" မိစ္ဆာဝိဥာဥ်တွေကို သွားရှာကြစို့ "

လောထျန်းက စိတ်လှုပ်ရှားစွာ ဆိုလိုက်သည်။

" မိစ္ဆာဝိဥာဥ်တွေကို လိုက်ရှာမယ်... "

လင်းရွှမ်ယီ၏ တာအိုနှလုံးသား အနည်းငယ် တုန်လှုပ်သွားသလိုပါပင်...

ဤ ကောင်းကင်ဘုံကြယ်လမ်းစဥ်ထဲသို့ ဝင်သူများအားလုံးမှာ မိစ္ဆာဝိဥာဥ်များနှင့် ဝေးဝေးသာ နေလိုကြပါ၏။

သို့သော်.. ယခု လောထျန်းက မိစ္ဆာဝိဥာဥ်များကို တကူးတကပင် သွားရှာမည်တဲ့လား ..

ထိုသူက ကိုယ့်သေတွင်းကိုယ် .. တူးနေပါသလား..

ထိုအချိန်တွင် လောထျန်းမှာ မျက်လုံးများမှိတ်၍ စိတ်ဝိဥာဥ်အစွမ်းကိုပင် ထုတ်လွှတ်နေလေပြီ ။

" အိုး... မိုင်တစ်ရာ ပတ်လည်လောက်အတွင်းမှာကို မိစ္ဆာဝိဥာဥ်တွေ ဆယ်ကောင်ကျော်လောက် ရှိနေတာပဲ ။ သွားကြစို့ "

သူ ပြော၏။

လင်းရွှမ်ယီ နှင့် ရှန့်ယွီတို့မှာကား ... မှင်သက်နေကြပြီးနောက်.. မည်သို့ ဖြစ်ပျက်နေသည်ကို နားမလည်နိုင်ဘဲ.. လောထျန်းနောက်မှသာ အလိုလို လိုက်သွားမိကြသည်။

နာရီဝက်ခန့် ကြာပြီးနောက်....

" ဝိုး.. ဒီဟာကြီးက လုံလောက်အောင် ကြီးတာပဲ "

လောထျန်းက ရွှေရောင်တလက်လက် တောက်နေသော အမြုတေလုံးကြီးတစ်ခုကို လက်ထဲကိုင်ရင်း ကျေနပ်ပြုံးဖြင့် ဆို၏။

တဖက်မှ လင်းရွှမ်ယီ နှင့် ရှန့်ယွီ တို့မှာကား.. အူကြောင်ကြောင် မျက်နှာထားကိုယ်စီဖြင့်...

အစောကလေးတွင်ပင်. အလွန်အစွမ်းထက်လှသော မိစ္ဆာဝိဥာဥ်ကြီး တစ်ကောင်က အရှုံးပေးရန် ငြင်းဆန်သောကြောင့် လောထျန်း၏ စကားလုံးအနည်းငယ်ဖြင့် အသတ်ခံခဲ့ရသည်ကို သူမတို့ မျက်စိဖြင့် ကိုယ်တိုင် မြင်ခဲ့ရပါသည်။

ထို့နောက်တွင်ကား.. ထို မိစ္ဆာဝိဥာဥ်ကြီး စောင့်ကြပ်သည့် မသေမျိုး သတ္ထုတွင်းက လောထျန်းလက်ထဲ ရောက်သွားခဲ့ပါ၏။

ယနေ့ ဖြစ်ပျက်နေသည့် အဖြစ်အပျက်များမှာ ရယ်စရာလည်း ကောင်းသလို သူမတို့နှစ်ယောက် ခံစားနေရတော့သည်။

သူမတို့ ကြောက်ရွံ့နေခဲ့သည့် အန္တရာယ်က ဘယ်မှာပါနည်း..

အန္တရာယ်ကြီးလှသော ကောင်းကင်ဘုံကြယ်လမ်းစဥ်မှာ လောထျန်း၏ အိမ်နောက်ဘက်မှ ဥယျာဥ်ကြီး တစ်ခု ဖြစ်လာသလိုပါပင်..

ထိုစဥ် လောထျန်းက တစ်ခုကို အာရုံခံမိသွားဟန်တူကာ ထိုနေရာဘက် ရုတ်တရက် လှည့်ကြည့်လိုက်သည်။ သူ့မျက်နှာပေါ်တွင်လည်း စိတ်လှုပ်ရှားနေဟန် အထင်းသား ပေါ်လာ၏။

" ဟင်.. သခင်လေးလောထျန်း ၊ ဘာဖြစ်လို့လဲ "

မိန်းမပျိုနှစ်ယောက် ပြိုင်တူပင် မေးလိုက်ကြသည်။

လောထျန်းက အသက်ပြင်းပြင်းရှိုက်၍ ပြန်ဖြေသည်။

" ကျုပ် အစွမ်းထက်တဲ့ မိစ္ဆာဝိဥာဥ်တစ်ကောင်ကို အာရုံခံမိလိုက်တယ် ။ အဲ့ကောင်က ကျုပ် တွေ့ခဲ့ဖူးသမျှ မိစ္ဆာဝိဥာဥ်တွေ အားလုံးထက် အစွမ်းထက်တယ် "

သူ့စကားကို နားထောင်နေသော လင်းရွှမ်ယီက တစ်ခုကို တွေးမိသွားဟန်တူကာ ရုတ်တရက် ပြော၏။

" အဲ့ကောင်ကြီးက... မသေမျိုးဘုရင် သေသွားပြီးတဲ့နောက်ပိုင်း.. မိစ္ဆာဝိဥာဥ်အဖြစ် ပြောင်းသွားတာများ ဖြစ်နေမလား... "

" သခင်လေး လောထျန်း ၊ မြန်မြန်သွားရအောင် "

လောထျန်းကလည်း ခေါင်းညိတ်သည်။

" ဟုတ်တယ် ၊ သွားကြစို့ ။ အဲ့ကောင်ကြီး ထွက်ပြေးသွားရင် မကောင်းဘူး "

လင်းရွှမ်ယီ အံ့သြမှင်သက်သွားရ၏။

" ကျွန်မဆိုလိုတာ အဲ့သဘော မဟုတ်..... "

သူမမှာ လောထျန်းအား ဤနေရာမှ မြန်မြန်ပြေးပြီး ထို မိစ္ဆာဝိဥာဥ်ကြီး၏ ပိုင်နက်မှ ထွက်ကြရန် ပြောချင်ခဲ့ခြင်း ဖြစ်ပါသည်။

သို့သော်.. လောထျန်းက ဆန့်ကျင်ဘက်ကို တွေးနေသတဲ့လား..

" သွားကြစို့ "

လောထျန်း ပြောကာ ရှေ့ဆက်တိုးသွားသည်။

လင်းရွှမ်ယီတို့ နှစ်ယောက်မှာကား လုံးဝ ဆွံ့အနေကြတော့၏။

" ဘာလုပ်ကြမလဲ မမ "

ရှန့်ယွီက သူမဘက်လှည့်၍ မေးလာသည်။

လင်းရွှမ်ယီ အံကြိတ်ကာ ပြန်ပြောလိုက်၏။

" ဘာလုပ်လို့ ရဦးမှာလဲ ၊ သူ့နောက်ကို လိုက်ရုံပဲပေါ့ "

ထိုသို့ပြောပြီး သူမ အံကြိတ်၍သာ လိုက်သွားရ

တော့သည်။

တဖက်တွင်ကား ... တောင်ငယ်တစ်လုံးစာ အရွယ်အစားရှိသည့် မသေမျိုးပစ္စည်းတစ်ခုက လေထဲ လွင့်မျောနေ၏။

ထို တောင်ခြေတွင်မူ ကျင့်ဖုန်းက မျက်နှာထားမာမာဖြင့် ရပ်လျက်...

သူ့မျက်လုံးများမှာ ခပ်လှမ်းလှမ်းရှိ မိစ္ဆာဝိဥာဥ်ကြီးပေါ်သို့ ရောက်နေသည်။

" ဟင်.. အကို ကျင့်ဖုန်းပါလား ။ အကိုကြီးက အဲ့မိစ္ဆာဝိဥာဥ်ကြီးကို ရင်ဆိုင်မလို့လား "

ထိုစဥ် ခေါင်းပေါ်တွင် နာရီကြီးတစ်လုံး တင်ထားသည့် ယွိဝမ်ချန်းက မလှမ်းမကမ်းမှ ပျံသန်းလာသည်။

ကျင့်ဖုန်းက သူ့အား တစ်ချက်လှည့်ကြည့်လိုက်ပြီးနောက် အေးစက်စက် နှာခေါင်းရှုံ့၍ ပြော၏။

" ယွိဝမ်ချန်း ၊ ဘာစကားတွေ လာပြောနေတာလဲ ။ မင်းမှာ သတ္တိရှိတယ်ဆို အဲ့ကောင်ကြီးကို ကိုယ်တိုင်သွားသတ်လိုက်လေ "

ယွိဝမ်ချန်းက မိစ္ဆာဝိဥာဥ်အား မျက်မှောင်ကြုံ့ ကြည့်လိုက်ပြီးနောက် အပြုံးဖြင့် ပြန်ပြောသည်။

" ကျုပ်အသက်ရဲ့ တစ်ဝက်လောက်ကို စွန့်စားနိုင်မယ်ဆိုရင် အဲ့ကောင်ကြီးကို သတ်ဖို့ မခက်ဘူး ။ ဒါပေမယ့် အဲ့လိုလုပ်လိုက်ရင် ကျုပ် နောက်လာမယ့် စမ်းသပ်ပွဲကို အောင်နိုင်ဖို့ မသေချာတော့ဘူးလေ "

ထိုစဥ် သူ့မျက်လုံးထဲ၌ လောဘငွေ့များ အရောင်လက်သွားသည်။

ကျင့်ဖုန်းက သူ့အား မျက်နှာတည်ဖြင့် စိုက်ကြည့်ပြီး ပြော၏။

" ဒါဆို ကောလဟာလတွေက မှန်နေတာပဲ "

ယွိဝမ်ချန်းက အပြုံးဖြင့် ဆိုသည်။

" ဘာ ကောလဟာလ လဲ "

ကျင့်ဖုန်းက မျက်နှာမသာမယာဖြင့် ပြန်ပြော၏။

" ဟန်ဆောင်မနေစမ်းပါနဲ့ကွာ ။ ငါ ဘာကို ပြောနေတာလဲဆိုတာ မင်း ကောင်းကောင်းကြီး သိပါတယ် "

ယွိဝမ်ချန်းက အပြုံးဖြင့်ပင် ပြန်ပြောသည်။

" ကျုပ် တကယ်ကို မသိတာပါ "

ကျင့်ဖုန်းတစ်ယောက် မျက်နှာကြီး မဲ့သွားပြီးမှ သွားကြားထဲမှ ညှစ်ထုတ်လိုက်သည့် လေသံဖြင့် ပြော၏။

" ကံကောင်းခြင်း စာရင်းထဲမှာ နံပါတ်သုံးနေရာ ရထားတဲ့ ၊ ကောင်းကင်နဲ့မြေကြီး မီးဖို လေ "

ယွိဝမ်ချန်း၏ မျက်နှာထက်မှ အပြုံး ရုတ်ချည်းပျောက်ကွယ်သွားကာ ပြောသည်။

" ဒါပေမယ့် ဒါက ကောလဟာလတစ်ခုလို့ အကို ပြောခဲ့သေးတယ်နော် "

သူ့စကားကြောင့် ကျင့်ဖုန်း၏ မျက်နှာထက်တွင် လူသတ်အရိပ်အငွေ့များ တဖြည်းဖြည်း ပေါ်လာတော့၏။

ထိုစဥ်မှာပင် ယွိဝမ်ချန်းက ရုတ်တရက် လက်ကာပြ၍ ပြောလာသည်။

" ကျုပ် တကယ်လဲ အများကြီး မသိထားဘူးဗျ ။ ကျုပ်ဆရာ ပြောတာတော့ ကောင်းကင်နဲ့မြေကြီး

မီးဖိုက ဒီတစ်ခေါက် သေချာပေါက် ပေါ်လာမှာတဲ့ ။ ဒါပေမယ့် ဘယ်သူမှ ရမှာမဟုတ်ဘူးလို့ ပြောတယ် ။ အဲ့လိုမဟုတ်ရင်.. ဒီကို လာတဲ့သူက ကျုပ်မဟုတ်ပဲ ကျုပ်ဆရာကိုယ်တိုင် ဖြစ်နေမှာပေါ့ "

All Chapters