မယုံနိုင်လောက်အောင် အစွမ်းထက်သောသူ
Vol. 48 Ch. 667
ကောင်းကင်နှင့်မြေကြီးမီးဖိုအဖုံး မှ နတ်ဘုရားအလင်းတန်း ထွက်လာသည်နှင့် ၎င်း၏ အရောင်အဝါလည်း ပိုတိုးလာသည်။
ဝီ....
၎င်းပေါ်၌ အရှုပ်အထွေး နတ်ဘုရားအလင်းတန်း ပါဝင်သည့် ရွှေရောင်ထွင်းစာများလည်း ပေါ်လာ၏။ ၎င်းမှ ထုတ်လွှတ်နေသော အစွမ်းမှာလည်း ယခင်ထွင်းစာများထက် အဆပေါင်း မရေမတွက်နိုင်အောင်ပင် ပိုအစွမ်းထက်ပါသည်။
" ဟား ဟား.. တကယ်ကြီး အဆင့်တက်သွားတာပဲ "
မီးဖိုအဖုံးက ဝမ်းသာအားရ ဆိုလိုက်သည်။
ထို့နောက်တွင်မူ ၎င်းက ကိုယ်တစ်ပတ် လှည့်လိုက်ပြီးနောက် လောထျန်းရှေ့ ရောက်လာကာ မြေကြီးကို ကြိမ်ဖန်များစွာ ဦးတိုက်လိုက်သည်။ သူ့အသွင်
မှာ ဒူးထောက်၍ ဦးညွှတ်အရိုအသေ ပေးနေသယောင်...
" သခင်ကြီးရဲ့ စေတနာအတွက် ကျေးဇူးအများကြီး တင်ပါတယ်ဗျာ ။ ကျုပ်ဘဝမှာ ခုလို အဆင့်မျိုးကို တက်ခွင့်ရလိမ့်မယ်လို့ လုံးဝ မထင်ခဲ့ဖူးပါဘူး ။ ခုချိန်ကစပြီးတော့ ကျုပ် သခင်ကြီးကို ကိုယ်ရောစိတ်ရော နှစ်ပြီး ခစားပါ့မယ် ။ သခင်ကြီးအတွက်ဆို သေဖို့တောင် မတွန့်ဆုတ်ပါဘူး "
မီးဖိုအဖုံးက စိတ်လှုပ်ရှားစွာ ပြောလာ၏။
လောထျန်းမှာကား တဖက်လူကို မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြင့်ကြည့်ရင်း အနည်းငယ် အံ့အားသင့်နေရှာသည်။
" တကယ်ကြီး အလုပ်ဖြစ်သွားတာလား "
သူ ရေရွတ်လိုက်၏။
" သခင်ကြီး ၊ ကျုပ် တောင်းဆိုချင်တာလေး တစ်ခုရှိပါတယ် "
မီးဖိုအဖုံး က ပြောလာသည်။
" ပြောလေ "
မီးဖိုအဖုံးက အသံတုန်တုန်ဖြင့် ဆက်ပြော၏။
" သခင်ကြီး ၊ ကျေးဇူးပြုပြီးတော့.. ကျုပ်ရဲ့ ကျန်တဲ့တစ်ပိုင်းကိုရော ကယ်တင်ပေးပါလားဗျာ ။ တကယ်လို့ သခင်ကြီးသာ ကျုပ်တို့ကို ပြန်ပေါင်းစည်းပေးနိုင်မယ်ဆိုရင်... တကယ့် ကောင်းကင်နဲ့မြေကြီးမီးဖိုအစစ် ဖြစ်သွားမှာပါ "
" အဲ့ကျရင် သခင်ကြီးအတွက်လဲ အကျိုးအမြတ်တွေ အများကြီး ရမှာပါ "
လောထျန်း တဖက်လူကို ကြည့်ရင်း မေးလိုက်သည်။
" အကျိုးအမြတ်.. ဟုတ်လား.. ဘာတွေလဲ "
မီးဖိုအဖုံးက မြန်မြန်ပင် ပြန်ပြောရှာ၏။
" အရင်ဆုံးပြောရရင်တော့... ကျုပ်တို့က သန့်စင်ခြင်းမီးဖို တစ်ခု ဖြစ်တဲ့အတွက်... ကျုပ်တို့ကိုယ်မှာ ရှိတဲ့ တာအိုသံစဥ်တွေက မသေမျိုးလက်နက် ဖန်တီးတဲ့အခါ အောင်မြင်နှုန်းကို အများကြီး တိုးစေပါတယ် "
" ဒုတိယတစ်ခုကတော့... ကျုပ်တို့က တိုက်ခိုက်တဲ့နေရာမှာလဲ တော်ကြတယ်ဗျ ။ လုံးဝသန့်စင်ပြီးသား မူလမသေမျိုးလက်နက်ကို ကိုင်ထားတဲ့ သာမာန်မသေမျိုးဘုရင်တွေ ဆိုရင်တောင် ကျုပ်တို့ရဲ့ပြိုင်ဘက် မဖြစ်နိုင်ဘူး "
" တတိယတစ်ခုကတော့ ၊ ကျုပ်တို့ကိုသာ လုံးဝ သန့်စင်လို့ပြီးသွားရင် သခင်ကြီးက ဒီ ကြယ်စင်သန့်စင်ကမ္ဘာရဲ့ သခင်ကြီးတစ်ယောက် ဖြစ်လာမှာပါ ။ အဲ့ကျရင် သခင်ကြီးအနေနဲ့ ဒီနေရာကို ကြိုက်တဲ့အချိန်မှာ ကြိုက်သလို စိတ်ကြိုက်ဝင်ထွက်လို့ ရပါပြီ ။ ကြယ်စင်သန့်စင်ကမ္ဘာ မြေပုံကိုလဲ မလိုတော့ဘူး "
ထိုစကားကြောင့် လောထျန်း စိတ်လှုပ်ရှားသွားရသည်။
တဖက်လူ ပြောသွားခဲ့သည့် အကျိုးအမြတ်ထဲမှ ပထမနှစ်ချက်ကိုမူ သူ ဤမျှ ဂရုမစိုက်လှပါချေ ။
လောထျန်း၏ မသေမျိုးလက်နက် ထုတ်လုပ်သန့်စင်မှု အောင်မြင်နှုန်းမှာ ယခင်တည်းက 100% ဖြစ်ထား
ရာ.. ထိုကိစ္စ၌ တဖက်လူ၏ အကူအညီကို သူ မလိုပေ ။
သို့သော်.. တတိယမြောက် အကျိုးမြတ်ကမူ လက်ရှိတွင် သူ အလိုအပ်ဆုံးအရာ ဖြစ်ပါ၏။
အကယ်၍သာ ကြယ်စင်သန့်စင်ကမ္ဘာထဲသို့ စိတ်ကြိုက် ဝင်ထွက်နိုင်ပါက... လက်နက်လုပ်ရန် ပစ္စည်းများ မလုံလောက်မည်ကို စိုးရိမ်စရာ မရှိတော့ဘူး မဟုတ်ပါလား ။
" ကောင်းပြီ ၊ ငါ လုပ်ပေးမယ် "
လောထျန်း ပြောလိုက်သည်။
" ကျေးဇူးတင်ပါတယ် သခင်ကြီး "
မီးဖိုအဖုံးက စိတ်လှုပ်ရှားစွာ ပြန်ပြော၏။
" ဒီမှာ ငါ့သူငယ်ချင်း နှစ်ယောက်လဲ ရှိသေးတယ် ။ အခု ငါနဲ့လိုက်ခဲ့ ။ သူတို့နဲ့ သွားတွေ့ပြီးမှ မင်းရဲ့ ကျန်တဲ့အပိုင်းကို ရှာကြတာပေါ့ကွာ ။ သြော်.. ပြီးတော့.. မင်းရဲ့ ဖိအားကိုလဲ ချုပ်တည်းထားဦးနော် ။ သူတို့ရဲ့ ကျင့်ကြံခြင်းက လုံလောက်အောင် မြင့်မထား
တော့ မင်းရဲ့ဖိအားကို ခံနိုင်ကြမှာ မဟုတ်ဘူး "
လောထျန်း ပြောလိုက်သည်။
" ဟုတ်ကဲ့ပါ သခင်ကြီး "
ကောင်းကင်နှင့်မြေကြီးမီးဖိုအဖုံး က စိတ်လှုပ်ရှားစွာ ဆိုကာ လောထျန်းနှင့်အတူ ပျံသန်းသွားလိုက်ကြသည်။
သို့သော်... သူတို့မသိသည်မှာ... ထိုစဥ် အဝေးတစ်နေရာရှိ ကြယ်စုံကောင်းကင်၌....
လူတစ်ယောက်က ဖြည်းညင်းစွာ လမ်းလျှောက်နေရင်း.. ရုတ်တရက် တစ်စုံတစ်ခုကို အာရုံခံမိသွားဟန်တူကာ တစ်နေရာသို့ ချက်ချင်း လှည့်လိုက်ခြင်းပင်... ။
သူ့မျက်လုံးများမှာ ကောင်းကင်ယံနှင့် ကမ္ဘာ၏ အကာအရံများကို ထွင်းဖောက်နိုင်ဟန်ရှိပြီး ကြယ်စင်သန့်စင်ကမ္ဘာ ရှိသည့်ဘက်သို့ ရောက်နေပါ၏။
" ဘယ်ကောင်က အတင့်ရဲပြီးတော့ ငါ့ရဲ့ မိစ္ဆာသွေးကို ရှင်းပစ်ရဲတာလဲ ။ အဲ့ ကောင်းကင်နဲ့မြေကြီးမီးဖို
ကို ငါ မျက်စိကျထားပြီးသားဆိုတာ မသိဘူးလား "
ထိုလူ အေးစက်စက် ပြောလိုက်သည်။
" ဟမ့်... မင်း ဘယ်သူဖြစ်ဖြစ် ၊ ငါ့ကို လွန်ဆန်ရဲတာဆိုတော့ အပြစ်ပေးခံရမယ်သာမှတ် "
သူ ထိုသို့ပြောကာ ဟင်းလင်းပြင်ထဲတွင် ထွင်းစာတစ်ခု ရေးဆွဲလိုက်သည်။
ဝီ...
ထို့နောက်တွင်.. သူ့ရှေ့၌ ထွင်းစာများဖြင့် ပြည့်နေသော တံခါးတစ်ချပ် ပေါ်လာ၏။
" ဒီကောင်က ခုထိ မသိသေးဘူးနဲ့တူတယ် ။ ငါ့ရဲ့ မိစ္ဆာသွေးကို ထိမိတာနဲ့ မင်း ဘယ်နေရာရောက်ရောက် ငါ့ရဲ့ ကျိန်စာကနေ မလွတ်နိုင်ဘူးကွ "
ဝုန်း...
သူ ထိုသို့ပြောပြီး တံခါးအား ရိုက်လိုက်သည်။
" ငါ့အစွမ်းကို မြင်ပြီးသွားမှ မင်းဖြစ်သွားမယ့် မျက်နှာကို ကြည့်ဦးမယ် "
ထိုသူ အပြုံးဖြင့် ထပ်ပြောကာ တံခါးတဖက်ဆီသို့ ကျိန်စာများ ပို့လွှတ်ရန် ပြင်လိုက်၏။
သို့သော်... တံခါးပွင့်သွားသည့် အချိန်မှာပင် သူ့မျက်နှာထက်မှ အပြုံးက ရုတ်ချည်း ပျောက်ကွယ်သွားတော့သည်။
" ဒါ... ဘာကြီးလဲ "
သူ တအံ့တသြ ရေရွတ်လိုက်သည်။
တံခါးတဖက်တွင်ကား နေတစ်စင်း ရှိနေပါ၏။
မဟုတ်သေးပါ..
၎င်းမှာ နေတစ်စင်း မဟုတ်ဘဲ ... သွေးစက်တစ်စက်ပင်...
ထိုသွေးစက်မှာ ကြောက်စရာကောင်းလှပြီး အရှုပ်အထွေး အရောင်အဝါများ ထုတ်လွှတ်နေပါသည်။
" ဒါ.... "
လူကြီးမှာ ၎င်းကိုကြည့်ရင်း မှင်သက်သွားရတော့သည်။
သူ့ဘဝတလျှောက်တွင် အခြားသူများကိုသာ သူ့သွေးဖြင့် တိုက်စားပြီး ကျိန်စာတိုက်ခဲ့ဖူးပါ၏။
သို့သော်.. ဤတစ်ကြိမ်တွင် ယခုလို သွေးစက်မျိုးနှင့် တွေ့ရလိမ့်မည်ဟု မည်သူ ထင်ပါမည်နည်း ။
ဝုန်း ..
ထိုစဥ်တွင် တဖက်မှ အရှုပ်အထွေး သွေးစက်က ရန်သူကို အာရုံခံမိသွားဟန်တူကာ... လူကြီးဆီသို့ သွေးအမျှင်တန်းတစ်ခု တိုးဝင်လာသည်။
" ဟင်.... "
လူကြီးမှာ ၎င်းကိုကြည့်ပြီး တုန်လှုပ်သွားရတော့၏။ အမှန်တွင်မူ သူ အစောက တံခါးကို ဖွင့်လိုက်စဥ်
တည်းကပင် တံခါးတဖက်သို့ ကျိန်စာများ ပို့လွှတ်လိုက်ပြီး ဖြစ်ပါသည်။
သို့သော် ထိုကျိန်စာအစွမ်းက တဖက်မှ သွေးစက်ကြောင့် ချက်ချင်းလောင်ကျွမ်း ပျောက်ကွယ်သွားခဲ့ရပါ၏။
ထိုမျှနှင့်မပြီးသေးဘဲ... တဖက်သွေးစက်က တန်ပြန်ပင် တိုက်ခိုက်လာပါသေးသည်။
ဝုန်း...
အရှုပ်အထွေး မီးတောက်တစ်ခုလည်း ထွက်ပေါ်လာကာ လူကြီးဆီသို့ တိုးဝင်လာသည်။
" ပိတ်... ပိတ်စေ... "
လူကြီး အလန့်တကြား အော်ဟစ်ကာ လက်ဖြင့် အစီအမံများ မြန်မြန်လုပ်လိုက်သည်။
ထို့နောက်တွင်မူ...
ဝုန်း...
တံခါး ပြန်ပိတ်သွား၏။
သွေးစက်မှာလည်း ကြယ်စုံ ကောင်းကင်ယံထဲ ပျောက်ကွယ်သွားတော့သည်။
သို့သော်.. ထိုစဥ်တွင် လူကြီး၏ ခန္ဓာကိုယ်တစ်ဝက်မှာ လောင်ကျွမ်းခံထားရလေပြီ ။
ထိုသူမှာ သူ့ကိုယ်သူ ငုံ့ကြည့်ရင်း အလွန်ကြောက်ရွံ့ တုန်လှုပ်သွားပုံ ပေါ်၏။
" အဲ့ဒါ... ဘာကြီးလဲ ။ ငါသာ နည်းနည်းလေး နှေးသွားခဲ့ရင် ခုချိန် သေနေလောက်ပြီ "
လူကြီးမှာ အစောက သွေးစက်ကို ပြန်တွေးမိရင်း တစ်ကိုယ်လုံး တုန်နေတော့သည်။
သူ ကျင့်ကြံခြင်းလမ်းကြောင်းပေါ်သို့ ရောက်လာသည့် အချိန်မှစ၍ ထိုသို့သော ထူးဆန်းသည့်အရာမျိုးကို တစ်ကြိိမ်မှ မတွေ့ခဲ့ဖူးပါချေ။
ကြောက်စရာ ကောင်းလှပါတကား...
" မဖြစ်ဘူး ၊ ငါ ဘာမှ ဆက်လုပ်လို့ မဖြစ်ဘူး ။ ငါနဲ့ တဖက်လူရဲ့ အစွမ်းကွာဟချက်က ကြီးလွန်းတယ် ။ ငါသာ ရှေ့ဆက်တိုးရင် သေသွားရလိမ့်မယ် "
သူ့ ရင်တစ်ခုလုံး ဗြောင်းဆန်နေကာ ဆက်ပြီး စုံစမ်းစစ်ဆေးကြည့်မည့် အစီစဥ်ကို လက်လျှော့လိုက်တော့၏။
" သခင်ကြီးပြောတာ မှန်နေတာပဲ ။ ဒီကမ္ဘာကြီးမှာ ငါ မခန့်မှန်းနိုင်လောက်အောင် အစွမ်းထက်တဲ့ ကျင့်ကြံသူတွေ အများကြီးရှိတယ် ။ အရင်ဆုံး ငါ့ရဲ့ ဒဏ်ရာတွေကို ပြန်ကုဖို့ နေရာရှာမှဖြစ်မယ် "
သူ အံကြိတ်လိုက်ပြီး မလှမ်းမကမ်းရှိ ကြယ်တစ်ခုဆီသွားကာ ပုန်းနေလိုက်တော့သည်။
အခြားတဖက် ကြယ်စင်သန့်စင်ကမ္ဘာ၌...
ဖတ် ...
လောထျန်းက သူ့လက်သူ ပြန်ရိုက်လိုက်သည်။
" ဟင်.. ဘာဖြစ်လို့လဲ သခင်ကြီး "
ကောင်းကင်နှင့်မြေကြီးမီးဖိုအဖုံး က စိုးရိမ်တကြီး မေးလာ၏။
" ဘာမှမဟုတ်ပါဘူးကွာ ။ နည်းနည်းလေး ယားသလို ခံစားလိုက်ရလို့ "
လောထျန်း ပြန်ပြောလိုက်သည်။
မီးဖိုအဖုံးမှာ တစ်ခုကို တွေးမိသွားဟန်ဖြင့် လောထျန်းအား သေချာစစ်ဆေးကြည့်လိုက်သည်။ ထို့နောက် လောထျန်းက အမှန်တကယ်လည်း ဘာမှမဖြစ်သည်ကို မြင်မှသာ စိတ်သက်သာရာ ရသွားပုံဖြင့် သက်ပြင်းချလိုက်၏။
" ကျုပ်က လန့်သွားတာဗျာ ။ ဟို ထူးဆန်းတဲ့ကောင်ကြီးက အဝေးကနေများ လှမ်းပြီး ကျိန်စာတိုက်လိုက်တာလားလို့... ။ ဒါပေမယ့် ကြည့်ရတာ မဟုတ်ဘူးနဲ့ တူတယ် "
မီးဖိုအဖုံးက လောထျန်းကိုကြည့်ရင်း ဆိုလိုက်သည်။
ထိုစဥ်တွင် တဖက်မှ သူတို့ရှိရာဘက်သို့ စိုးရိမ်တကြီးဟန်ဖြင့် ကြည့်နေကြသော လင်းရွှမ်ယီ တို့နှစ်ယောက်အား လောထျန်း တွေ့သွားပါ၏။
သူတို့နှစ်ယောက်မှာလည်း လောထျန်းက ဘေးကင်းကင်းပြန်ရောက်လာသည်ကို မြင်မှ စိတ်သက်သာရာ ရသွားပုံဖြင့် သက်ပြင်းချလိုက်ကြသည်။
" သခင်လေးလောထျန်း ၊ နောက်ဆုံးတော့ ပြန်ရောက်လာပြီ ။ ခုနတုန်းက အရောင်အဝါကြီးက ကြောက်စရာကောင်းလိုက်တာရှင် ။ ကျွန်မတို့မှာတော့ ရှင် ဟို မိစ္ဆာဝိဥာဥ်ကြီးကြောင့် ဒဏ်ရာများ ရသွားမလား စိုးရိမ်နေတာ "
ရှန့်ယွီက သူမ၏ ရင်ဘတ်လေးကို ဖိရင်း ပြောလာသည်။
" ဟမ့်.... ဘာမဟုတ်တဲ့ မိစ္ဆာဝိဥာဥ်ကောင်က ငါ့သခင်ကြီးကို ဘာဒဏ်ရာရအောင် လုပ်နိုင်မှာလဲ "
လောထျန်း ဘာမှ ပြန်မပြောနိုင်ခင်မှာပင် မီးဖိုအဖုံးက ဝင်ပြော၏။
သူ့စကားကြောင့် တဖက်မှ မိန်းမပျိုနှစ်ယောက်လုံး
အလန့်တကြား ဖြစ်ကုန်ကြတော့သည်။
" ဟင်... အဲ့ဒါ ဘာကြီးလဲ ။ သခင်လေး လောထျန်း ၊ အဲ့ဒါ ရှင့်ရဲ့ မှော်လက်နက်လား... ။ ဒါ.. အိုးအဖုံးလား... "
ရှန့်ယွီ မေးလိုက်သည်။