← Chapters

လုရီ

Vol. 48 Ch. 668

လုရီ

Vol. 48 Ch. 668

" အိုး.. အိုးအဖုံး.. ဟုတ်လား "

ကောင်းကင်နှင့်မြေကြီးမီးဖိုအဖုံး မှာ ကြားလိုက်ရသည့်စကားကြောင့် ခဏတာမျှ မှင်သက်သွားပြီးနောက်... ရှန့်ယွီဆီ ခုန်သွား၍ ပါးရိုက်ပစ်ချင်စိတ် ပေါက်သွားပါ၏။

သို့သော် ထိုစဥ်တွင် လောထျန်းက သူ့အားအေးစက်စက် စိုက်ကြည့်လာသဖြင့် ပြန်ငြိမ်ကုပ်သွားသည်။

လောထျန်းက သူ့အား စိတ်ဆိုးပြီး ရိုက်ခွဲလိုက်မည်ကို ကြောက်ရသည် မဟုတ်ပါလား ။

ထိုစဥ်တွင် လင်းရွှမ်ယီက သူ့ခံစားချက်ကို ရိပ်မိနေသည့်အလား နှစ်သိမ့်စကား ဆိုလာသည်။

" စိတ်စွမ်းအင်အသိဉာဏ် ရှိတဲ့ မသေမျိုးလက်နက်တွေတိုင်းက အားလုံး ထူးခြားတာချည်းပဲ ။ အိုးအဖုံးလေးတစ်ခု ဆိုရင်တောင် အင်မတန်အစွမ်းထက်

တယ် "

ကောင်းကင်နှင့်မြေကြီးမီးဖိုအဖုံး : "......... "

" သခင်လေး လောထျန်း ၊ အဲ့ဒါ ရှင် ဟိုကနေ ရခဲ့တဲ့ရတနာလား "

ရှန့်ယွီ က ထပ်မေးလာသည်။

လောထျန်း ခေါင်းညိတ်ပြလိုက်၏။

" ဟုတ်တယ် "

ရှန့်ယွီက ထပ်မေးရန် ပြင်လိုက်ပြန်သည်။

သို့သော် ထိုစဥ်တွင်..

ခပ်လှမ်းလှမ်း၌ အရောင်အဝါတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာ၏။

မရှေးမနှောင်းမှာပင် လေထဲ၌ တောင်တစ်လုံး ပေါ်လာသည်။

" ဟင်.. "

လင်းရွှမ်ယီ၏ မျက်နှာထား ချက်ချက်းပြောင်းကာ သတိအနေအထား ဖြစ်သွား၏။

ထို့နောက်တွင်... တောင်ရှေ့၌ လူတစ်ယောက် ဖြည်းညင်းစွာ ပျံသန်းလာသည်ကို မြင်လိုက်ရသည်။

" ကျင့်ဖုန်း .... "

လင်းရွှမ်ယီက ထိုသူအား ချက်ချင်း မှတ်မိသွားကာ မျက်မှောင်ကြုံ့၍ မေးလိုက်သည်။

" ဒါ.. ဘာအဓိပ္ပါယ်လဲ "

ကျင့်ဖုန်းက လေထဲမှာပင် လက်ပိုက်၍ အောက်တွင် ရှိနေသူတစ်စုအား ငုံ့ကြည့်လာ၏။ လောထျန်းကို မြင်သည့်အချိန်တွင်မူ သူ့မျက်နှာထား အနည်းငယ်ပြောင်းသွားသည်။

" မင်းလဲ ဒီမှာရှိနေတာပဲ "

သူ လောထျန်းအား မျက်မှောင်ကြုံ့ကြည့်လိုက်၏။

သို့သော် တခဏအကြာမှာပင် သူ လင်းရွှမ်ယီထံ အကြည့်လွှဲပြီး ပြောလိုက်သည်။

" မိန်းကလေး လင်း ၊ ငါက မင်းကို အရှက်ရအောင်တော့ မလုပ်ချင်ပါဘူး ။ ဒါပေမယ့် တစ်ယောက်ယောက်က မင်းကို သတ်ဖို့ ငါ့ကိုလာပြောထားတယ်ကွ ။ ပေးတဲ့စျေးကလဲ သိပ်မြင့်နေတော့ ငါလဲ မငြင်းနိုင်ဘူးပေါ့ကွာ ။ ဒါပေမယ့်... တကယ်လို့သာ မင်းရဲ့ လက်နက်သန့်စင်ခြင်း အနုပညာကျမ်းကို ထုတ်ပေးမယ်ဆိုရင်.. ငါ မင်းကို ဘာမှမလုပ်ပဲ လှည့်ထွက်သွားပေးမယ် ။ ဘယ်လိုလဲ... "

ကျင့်ဖုန်း၏ မူလအကြံမှာ လင်းရွှမ်ယီအား တန်းသတ်ရန် ဖြစ်ပါသည်။

သို့သော်.. မျှော်လင့်မထားစွာပင် လောထျန်းက လင်းရွှမ်ယီတို့နှင့် အတူရှိနေပါ၏။

တိုင်ရွှယ် စိတ်ဝိဥာဥ်ကမ္ဘာ အဆင့် ၁၃ ကိုပင် ကျော်ဖြတ်နိုင်ခဲ့သည့် အစွမ်းထက်သော စိတ်ဝိဥာဥ်ပညာရှင်တစ်ယောက်ကို သူ ကြောက်သောကြောင့် ယခုကဲ့သို့ ပြောလိုက်ရခြင်း ဖြစ်သည်။

တဖက်မှ လင်းရွှမ်ယီက သူ့စကားကို ကြားပြီးနောက် မျက်ခုံးအနည်းငယ် ပင့်သွားကာ မေး၏။

" ရှင့်ကို ဘယ်သူလုပ်ခိုင်းတာလဲ "

ကျင့်ဖုန်းက အပြုံးဖြင့် ပြန်ပြောလိုက်သည်။

" အဲ့ဒါကို မင်း သိစရာ မလိုပါဘူးကွာ ။ ငါ ပြောတာကို သဘောတူလား ၊ မတူဘူးလား ဆိုတာပဲ ဖြေပါ "

လင်းရွှမ်ယီက မထူးခြားသည့် မျက်နှာပေးဖြင့် ပြန်ပြော၏။

" တကယ်လို့ သဘောမတူဘူး ဆိုရင်ရော.. "

ကျင့်ဖုန်း မျက်မှောင်ကြုံ့သွားသည်။

" ဒါဆိုရင်တော့.. ငါ့ဘက်ကလဲ မင်းကို ဒီမှာတင် သတ်လိုက်ဖို့ကလွဲပြီး တခြားရွေးချယ်စရာ မရှိတော့ဘူးပေါ့ "

ဝုန်း....

ထိုတခဏ၌ လေအေးများ ရုတ်တရက် တိုက်ခတ်လာသည်။

ဘေးမှ ရှန့်ယွီက နှာခေါင်းရှုံ့လိုက်၏။

" ရှင်က ကျွန်မရဲ့ မမကို ဒီမှာ သတ်မယ်.. ဟုတ်လား ။ ရှင့်ကိုယ်ရှင် သိပ်အထင်ကြီးလွန်းရာ ကျမနေဘူးလား "

ကျင့်ဖုန်းက သူမကို တစ်ချက်လှည့်ကြည့်ကာ ပြန်ပြောသည်။

" ဘာတွေ လာပြောနေတာလဲ ၊ မင်းက အခုထိ အခြေအနေကို နားမလည်သေးဘူးနဲ့တူတယ် "

သူ့စကား ဆုံးချိန်မှာပင်... ဘေးနှစ်ဖက်မှ စွမ်းအင်နှစ်ခု ရုတ်ချည်း ထွက်ပေါ်လာကြ၏။

ထိုတခဏ၌ ဘေးဘီဝဲယာ နှစ်ခြမ်းကွဲသွားကာ... အရှေ့နှင့် အနောက် နှစ်ဖက်တည်းသာ ရှိတော့သလိုပါပင်...

" ဟင်... ရှင်.. ဘယ်တုန်းက.. "

ရှန့်ယွီတစ်ယောက် တုန်လှုပ်သွားရသည်။

ဝုန်း...

ထိုစဥ် ကျင့်ဖုန်းက လက်ယမ်းလိုက်ရာ.. သူ့ခေါင်းပေါ်မှ မသေမျိုးလက်နက် လည်လာပြီး ကြောက်မက်ဖွယ်ဖိအားကြီးတစ်ခု ထုတ်လွှတ်လာ၏။

လင်းရွှမ်ယီ မျက်မှောင်ကြုံ့သွားကာ ပြောလိုက်သည်။

" မူလမသေမျိုးအဆင့်နီးပါး လက်နက်ပါလား ။ ရှင်က ကောင်းကောင်းကြီး ဖုံးကွယ်ထားနိုင်တာပဲ "

ကျင့်ဖုန်းက အပြုံးဖြင့် ပြန်ပြော၏။

" မိန်းက​လေး လင်းက အမြင်အာရုံတော့ တော်တော်ကောင်းတာပဲ ။ မင်းပြောတာ မှန်တယ် ။ ဒါက တကယ်လဲ မူလမသေမျိုးအဆင့်နီးပါး လက်နက်ပဲ .. ငါကိုယ်တိုင် လုပ်ထားတာ ။ တကယ်ဆိုရင် ဒီဟာက မူလမသေမျိုးလက်နက် ဖြစ်သင့်တာကွ။ ဒါပေမယ့် စိတ်မကောင်းစရာက ငါ့ရဲ့ လက်နက်သန့်စင်တဲ့အစွမ်းက နည်းနည်း အားနည်းနေသေးတာပဲ ။ ငါသာ မင်းဆီက လက်နက်သန့်စင်ခြင်း အနုပညာကျမ်း ကို ရလိုက်ရင်တော့ မူလမသေမျိုးလက်နက်အသစ်ကို သန့်စင်နိုင်မှာ သေချာပေါက်ပဲပေါ့ "

ထိုသို့ ပြောနေစဥ်တွင် သူ့မျက်လုံးထဲ၌လည်း ရူးသွပ်မှု အရိပ်အယောင်အချို့ ပေါ်လာပါသည်။

" အခု ဘယ်ဘက်ကိုရော.. ညာဘက်ကိုရော ငါ ချုပ်နှောင်ထားလိုက်ပြီ ။ လက်ရှိမှာ.. ငါက ဒီအနောက်ဘက်မှာ ရှိနေတာ... အရှေ့မှာတော့ ဟို မိစ္ဆာဝိဥာဥ်ကြီးရဲ့ ပိုင်နက်ပဲ ။ အဲ့ မိစ္ဆာဝိဥာဥ်ရဲ့ တိုက်ခိုက်မှုကို ခံနိုင်မယ်လို့တော့ ကိုယ့်ကိုကိုယ် မထင်ကြဘူး မဟုတ်လား ။ အဲ့တော့.. အခု မင်းက လမ်းဆုံးမှာ ပိတ်မိနေပြီ ။ ငါ နောက်ဆုံးအကြိမ် ထပ်ပြောလိုက်မယ်... ငါက လက်နက်သန့်စင်ခြင်း အနုပညာကျမ်းကိုပဲ လိုချင်တာ ။ အဲ့ဒါကိုသာ ထုတ်ပေးရင် မင်းကို လွတ်ပေးမယ် "

သူ့စကားကြောင့် လင်းရွှမ်ယီ၏ ရင်ထဲ လေးလံသွားရတော့သည်။

အကယ်၍ ၎င်းကသာ သာမာန် မသေမျိုးလက်နက်တစ်ခု ဆိုလျှင် သူမ တိုက်ခိုက်ရန် ယုံကြည်ချက်ရှိဦးမည် ဖြစ်ပါ၏။

သို့သော်... မူလမသေမျိုးအဆင့်နီးပါး လက်နက်နှင့်

တိုက်ခိုက်ရန်မူ....

ထို့အပြင်... တဖက်လူပြောသလို.. သူမတို့ အနောက်ဘက်၌ ကြောက်မက်ဖွယ် မိစ္ဆာဝိဥာဥ်လည်း ရှိနေသည် မဟုတ်ပါလား... ။

သို့ဖြစ်ရာ.. ဤနေရာတွင်သာ တိုက်ခိုက်ပါက သူမတို့ အသက်ဆုံးရမည် မလွဲပေ ။

သို့သော်.. ချက်ချင်းမှာပင် သူမ ပြန်တည်ငြိမ်သွားပြီး ဖြစ်လာနိုင်သည့် ကောင်းကွက် ဆိုးကွက်များကို ချိန်ထိုးစဥ်းစားကာ... လက်နက်သန့်စင်ခြင်းအနုပညာကျမ်းအား ပေးရန် ပြင်လိုက်၏။

ထိုသိုင်းကျမ်းမှာ အဖိုးတန် ရတနာတစ်ခု ဖြစ်သည့်တိုင်... အသက်ထက်မူ မရေးမကြီးပါချေ ။

သို့သော်... ထိုစဥ်တွင်...

" တောက်.... ဒါ ဘယ်က အမှိုက်ကောင်လဲ ။ သခင်ကြီးလော ရှေ့မှာများ မောက်မောက်မာမာ ပြုမူရဲနေတာ "

ရုတ်တရက် အသံတစ်သံ ထွက်လာသည်။

ရှန့်ယွီက စိုးရိမ်တကြီး ဝင်ပြော၏။

" အိုးအဖုံး.. ဘာမှ မပြောနဲ့ ။ တဖက်က မူလမသေမျိုးအဆင့်နီးပါး လက်နက်နော် "

ကောင်းကင်နှင့်မြေကြီး မီးဖိုအဖုံးမှာ ခဏတာမျှ ဆွံ့အနေပြီးမှ နှာခေါင်းရှုံ့လိုက်သည်။

" မူလမသေမျိုးအဆင့်နီးပါး လက်နက် ဆိုတော့ရော ဘာဂရုစိုက်ရမှာလဲ ။ မီးဖိုသခင်ကြီးက ဘယ်လိုသတ်ပြမလဲ ကြည့်လိုက်... "

ထိုသို့ ပြောပြီးသည်နှင့် ကောင်းကင်နှင့်မြေကြီးမီးဖိုအဖုံးက လေထဲ ပျံတက်သွား၏။

" ဟင်... မင်းက သေချင်နေတာလား "

တဖက်မှ ကျင့်ဖုန်း၏ မျက်လုံးထဲတွင် အေးစက်စက် အလင်းတန်းတစ်ခု ဖျတ်ခနဲလက်သွားသည်။

ထို့နောက် သူ လက်ဖြင့် အစီအမံများ လုပ်လိုက်ရာ..

သူ့ခေါင်းပေါ်ရှိ တောင်ဆီမှ မသေမျိုးအလင်းတန်းတစ်ခု ပေါ်လာကာ မြေပြင်သို့ ထိုးကျလာ၏။

" အိုးအဖုံး... "

ရှန့်ယွီ အလန့်တကြား အော်ပြီး ပါးစပ်ကို လက်ဖြင့်ပိတ်လိုက်သည်။

တဖက်မှ တောင်ကြီးမှာ မူလမသေမျိုးအဆင့်နီးပါး လက်နက်ဖြစ်ရာ ...

စိတ်စွမ်းအင်အသိဉာဏ် နိုးထပြီးသား မသေမျိုးလက်နက် အနေဖြင့်ပင် ၎င်းကို ထိပ်တိုက်ရင်ဆိုင်ခြင်းမှာ မိမိကိုယ်ကို သေကြောင်းကြံသည်နှင့် မခြားပါချေ ။

သို့သော်..

ဝုန်း...

အသံကျယ် တစ်သံနှင့်အတူ ကောင်းကင်နှင့်မြေကြီးမီးဖိုအဖုံးက တောင်ကြီးပေါ်သို့ ခပ်ပြင်းပြင်း ကျသွား၏။

တခဏကြာ ထိပ်တိုက်တွေ့သွားကြပြီး နောက်တွင်ကား... ပြိုင်ဘက်ကင်းအသွင် ရှိနေခဲ့သော မသေမျိုးအလင်းတန်း ပြိုကွဲသွားကာ... ထွင်းစာများလည်း ပျောက်ကွယ်သွားတော့သည်။

ထို့နောက်တွင် ..

ဝုန်း...

မူလမသေမျိုးအဆင့်နီးပါး လက်နက်မှာ လေထဲ၌ပင် ပြိုကွဲသွားပြီး အပိုင်းအစများ နေရာအနှံ့ ပြန့်ကျဲသွားတော့၏။

ကောင်းကင်နှင့်မြေကြီးမီးဖိုအဖုံးမှာကား.. လေထဲတွင် ပျံဝဲလျက် ..

" ဘယ်လိုဖြစ်ပြီး... "

ထိုမြင်ကွင်းကို ကြည့်နေသူအားလုံး တုန်လှုပ်သွားကုန်ကြရသည် ။

အိုးအဖုံးလေး တစ်ခုက ကျင့်ဖုန်း၏ အစွမ်းအထက်

ဆုံးသော မသေမျိုးလက်နက်ကို ဖျက်ဆီးခဲ့သတဲ့လား...

" မဖြစ်နိုင်ဘူး... လုံးဝ မဖြစ်နိုင်ဘူး... "

ကျင့်ဖုန်းမှာ သူ့မျက်လုံးသူ မယုံနိုင်ဘဲ မျက်နှာကြီး သွေးဆုတ်ဖြူရော်​နေတော့၏။

" ဟမ့်... မင်းက ခုချိန်ထိ ကိုယ့်ကိုကိုယ် သခင်ကြီးတစ်ယောက်လို ထင်နေတုန်းပဲလား "

ထိုစဥ် ကောင်းကင်နှင့်မြေကြီးမီးဖိုအဖုံးက ရုတ်တရက် အော်ရယ်လာသည်။

ထို့နောက်တွင်.. ၎င်းက မြေပြင်သို့ ပြန်ဆင်းသက်လာပြီးနောက် လောထျန်းရှေ့သွားကာ ပြောလိုက်၏။

" သခင်ကြီး ၊ ကျုပ်ရဲ့ အစွမ်း ဘယ်လိုလဲဗျ "

သို့သော်.. မျှော်လင့်မထားစွာပင် လောထျန်းက သူ့အား အေးစက်စက်ကြည့်၍ ပြောလာသည်။

" နည်းနည်းလောက်လေးများ နူးညံ့ပါဦးတော့ကွာ "

" အင်.... "

သူ့သခင်ကြီးက တဖက်လူအား သနားညှာတာပေးစေချင်နေသည်လား ဟု တွေးကာ မီးဖိုအဖုံး လန့်သွား၏။

ထိုစဥ် လောထျန်းက အေးစက်စက် ဆက်ပြောသည်။

" တဖက်က လက်နက်ကို လုပ်ထားတဲ့ ပစ္စည်းတွေက မူလမသေမျိုးအဆင့် ရှိတယ်ကွ ။ ဒါကို မင်းက အပိုင်းပိုင်းဖြစ်အောင် လုပ်ပလိုက်တော့ အလဟသ ဆုံးရှုံးသွားတာပေါ့ ။ သွား.. အခု အဲ့အပိုင်းတွေ အကုန်လုံးကို သွားကောက်လိုက် "

အားလုံး : " ......... "

ကောင်းကင်နှင့်မြေကြီးမီးဖိုအဖုံး ချက်ချင်း အသိပြန်ဝင်သွားသည်။

" ဟုတ်ကဲ့... ကျုပ် အခုသွားလိုက်ပါ့မယ် "

ဝှစ်...

ကောင်းကင်နှင့်မြေကြီးမီးဖိုအဖုံးက ချက်ချင်း ဟိုဟို

ဒီဒီ ပျံသန်းကာ လက်နက်အပိုင်းအစများကို သွားကောက်နေတော့၏။

" ဒါ... "

ထိုမြင်ကွင်းကို ကြည့်နေသော လင်းရွှမ်ယီတစ်ယောက် မှင်သက်မိနေတော့သည်။

သို့သော်... လက်ရှိမှာ ထိုကိစ္စကို ပြောရန် အချိန်ကောင်း မဟုတ်သေးသည်ကို သူမ သိပါသည်။

ချွှင်...

ချက်ချင်းမှာပင်.. သူမ ဓားတစ်လက်ကို ဆွဲထုတ်ကာ ကျင့်ဖုန်းအား စိုက်ကြည့်လိုက်သည်။

" ကျင့်ဖုန်း ၊ ကျွန်မမေးတာ ဖြေပါ ။ ကျွန်မကို ဘယ်သူက သတ်ခိုင်းတာလဲ "

တဖက်မှ ကျင့်ဖုန်းမှာလည်း သူမစကားကို ကြားမှသာ အသိပြန်ဝင်သွား၏။

" ဟမ့် ... လင်းရွှမ်ယီ... မင်းက ငါ့ကို အနိုင်ယူနိုင်

မယ်လို့ ထင်နေတာလား ။ ငါသာ လုပ်ချင်ရင် မင်းတို့အားလုံးကို ဒီနေရာမှာတင် သတ်ပစ်လိုက်လို့ ရတယ်ကွ "

ကျင့်ဖုန်း အေးစက်စက် ပြန်ပြောသည်။

All Chapters