← Chapters

A piece of immortal weapons

Vol. 48 Ch. 669

A piece of immortal weapons

Vol. 48 Ch. 669

" ရှင် ဘာပြောလိုက်တယ် "

လင်းရွှမ်ယီ မျက်နှာထား ချက်ချင်းမာသွားသည်။

တဖက်လူက အဘယ့်ကြောင့် မိမိကိုယ်ကို ယုံကြည်ချက်ရှိလွန်းပြီး မောက်မာနေရသည်ကို သူမ နားမလည်နိုင်ပါ ။

တဖက်လူထံတွင် အခြားလှည့်ကွက်များ ရှိနေပါသေးသလား..

ကျင့်ဖုန်းက လှောင်ပြုံးဖြင့် ပြန်ပြောလာသည်။

" ဒီနေရာက မိစ္ဆာဝိဥာဥ်ရဲ့ ပိုင်နက်နဲ့ တော်တော်နီးတယ်ကွ ။ ခုနတုန်းကတောင် အဲ့ဘက်ကကလာတဲ့ ဖိအားကို မင်းတို့လဲ ခံစားမိလိုက်တယ် မဟုတ်လား ။ ငါ့ဘဝတလျှောက်မှာ အဲ့လောက်ကြောက်စရာကောင်းတဲ့ မိစ္ဆာဝိဥာဥ်မျိုး တွေ့တောင် မတွေ့ဖူးဘူး "

" တကယ်လို့... ငါသာ အဲ့ မိစ္ဆာဝိဥာဥ်ကို ဒီနားရောက်အောင် မျှားခေါ်လိုက်ရင် ဘာဖြစ်သွားမယ်ထင်လဲ.. "

ကျင့်ဖုန်းက ထိုသို့ပြောပြီး လင်းရွှမ်ယီအား လှောင်ပြုံးဖြင့် ထပ်ကြည့်လိုက်သည်။

သူ့စကားကြောင့် လင်းရွှမ်ယီ ပါးစပ်အဟောင်းသား ဖြစ်သွား၏။

အစောပိုင်းတွင် သူမ အမှန်တကယ်လည်း ကြောက်မက်ဖွယ်ဖိအားကြီးကို ခံစားမိခဲ့ပါသည်။

ထိုဖိအား ပေါ်ပေါ်လာချင်းမှာပင် သူမ၏ တည်ငြိမ်သော စိတ်အခြေအနေ ပြိုကွဲသွားခဲ့ရပြီး သူမ၏ တာအိုနှလုံးသားပင် ထိခိုက်လုနီး ဖြစ်ခဲ့ရ၏။

ထိုအရာကြီးသာ ရောက်လာပါက အားလုံး ဆိုးကုန်ပေလိမ့်မည်။

သို့သော် ထိုစဥ်..

" မိစ္ဆာဝိဥာဥ်တွေကို ပြောနေတာလား "

လောထျန်းက ရုတ်တရက် ပြောလာသည်။

ကျင့်ဖုန်းက သူ့ကို တစ်ချက်ကြည့်ကာ ခေါင်းညိတ်၏။

" အမှန်ပဲ... မင်းနာမည်က လောထျန်း.. ဟုတ််တယ်မလား ။ မင်းက စိတ်ဝိဥာဥ်ပညာရှင်တစ်ယောက်ဆိုတာ ငါ သိပြီးသားပါ ။ ငါ့ထက် ပိုကောင်းတာလဲ သိတယ် ။ ဒါပေမယ့်.. အဲ့မိစ္ဆာဝိဥာဥ်ကြီးသာ ရောက်လာလို့ကတော့ မင်းလဲ သေရမှာပဲ ။ အဲ့တော့ ငါ့ကို အေးဆေးလွတ်ပေးလိုက်.... မဟုတ်ရင် ငါက မင်းတို့အားလုံးကိုပါ ငါနဲ့အတူ သေတွင်းထဲ ဆွဲခေါ်သွားမှာ "

သူ့စကားကို ဆုံးအောင်နားထောင်ပြီးနောက် လောထျန်း ရုတ်တရက် လက်ယမ်း၍ ဝိဥာဥ်တစ်ရာ ကားချပ်လိပ်ကို ထုတ်လိုက်သည်။

ထို့နောက်..

ဝုန်း...

သူ မိစ္ဆာဝိဥာဥ်ကို လွှတ်ပေးလိုက်၏။

အားပြင်းလှသော ဖိအားကြီးတစ်ခု တစ်နေရာလုံးကို တမဟုတ်ချင်း လွှမ်းခြုံလာသည်။

" မင်းက ဒီ မိစ္ဆာဝိဥာဥ်ကို ပြောတာလား "

လောထျန်း မေးသည်။

" ဒါ..... "

ကျင့်ဖုန်းမှာ သူ့ရှေ့မှ မြင်ကွင်းကိုကြည့်ရင်း တောင့်တောင့်ကြီး ရပ်နေမိတော့၏။

ရှေ့တွင် ရှိနေသော မိစ္ဆာဝိဥာဥ်၏ အသွင်အပြင် ၊ အရောင်အဝါ ... အထူးသဖြင့် သူ့လက်ထဲမှ ပုဆိန်...

ထိုကောင်ကြီးမှာ သူတို့ ကြားထားခဲ့သည့် ကောလဟလများနှင့် တစ်ထေရာတည်းပါပင် ...

ဤမျှ ကြောက်စရာကောင်းသော မိစ္ဆာဝိဥာဥ်ကြီးက လောထျန်း၏ ရုပ်သေးရုပ် ဖြစ်လာခဲ့သတဲ့လား .

သူ လောထျန်းဘက် ချက်ချင်းလှည့်ကြည့်ကာ လဲကျသွားတော့သည်။

" ငါ့ကို ပြောစမ်း ၊ မင်းကို ဘယ်သူ လွှတ်လိုက်တာလဲ "

လောထျန်း မေးလိုက်၏။

ကျင့်ဖုန်း အံကြိတ်ကာ ပြန်ဖြေလိုက်ရသည်။

" ယွိဝမ်ချန်း .... "

" ဘာ... အဲ့ကောင်ပဲ ထပ်လာပြန်ပြီလား ။ ဒီကောင်က သူ့ဆရာထက်တောင် ပိုယုတ်မာသေးတယ် "

ရှန့်ယွီ ဒေါသတကြီး ခြေဆောင့်လိုက်၏။

လင်းရွှမ်ယီ၏ မျက်နှာပေါ်တွင်ပင် အေးစက်စက် အရိပ်အငွေ့တို့ ပေါ်လာသည်။

အစပိုင်းတွင် ယွိဝမ်ချန်းက သူမ၏ ကျင့်ကြံခြင်းကို အနှောင့်ယှက် ပေးလိုရုံဟုသာ သူမ ထင်ခဲ့ပါ၏။

ယခုလို သူမကို သတ်ရန်အတွက် လူတစ်ယောက် လွှတ်လာမည်ဟု ထင်မထားခဲ့ပါချေ။

ထိုလူက ယုတ်မာလှပါတကား...

ဝီ...

ထိုစဥ်တွင် ဘယ် ၊ ညာ ဘေးနှစ်ဖက်ကို ချုပ်နှောင်ထားသော အချုပ်အနှောင်များ ရုတ်တရက် ပြေလျော့သွားကြသည်။

ကျင့်ဖုန်းက ၎င်းကို တစ်ချက်ကြည့်ရင်း မျက်မှောင်ကြုံ့၍ ဆို၏။

" ဟိုကောင်.. ထွက်ပြေးသွားပြီ... "

" ဟင်.. အဲ့ဒါ ဘာအဓိပ္ပါယ်လဲ "

လင်းရွှမ်ယီ မေးလိုက်သည်။

ကျင့်ဖုန်းက အံကြိတ်၍ ပြန်ပြော၏။

" ခုနက အချုပ်အနှောင်တွေက ဟိုကောင် လုပ်ထားခဲ့တာ ။ ငါတို့ သဘောတူထားတာက.. သူက မင်းကို ချုပ်နှောင်မယ် ၊ ငါက သတ်မယ် ဆိုပြီးတော့.. ။ အခု.. ဒီကောင်က.... "

လောထျန်း မျက်မှောင်ကြုံ့သွားကာ စိတ်ဝိဥာဥ်အစွမ်းကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။

စိတ်ဝိဥာဥ်အစွမ်းများ အရပ်မျက်နှာစုံသို့ တမဟုတ်

ချင်း ပျံ့လွင့်သွား၏။

သို့သော်.. သူ အချိန်အတန်ငယ်ကြာ ရှာပြီးသွားသည်အထိ ယွိဝမ်ချန်း၏ အရိပ်အယောင်ကို မတွေ့ရပါချေ ။

" ဟင်... "

စွမ်းအင် အပြောင်းအလဲလေး တစ်ခုကိုသာ လောထျန်း တွေ့လိုက်ရသည်။

ခဏတာမျှ စစ်ဆေးကြည့်ပြီး နောက်တွင်မူ သူ မျက်မှောင်ကြုံ့၍ ပြော၏။

" ဒီကောင်က ဟင်းလင်းပြင်လက်နက်တစ်ခုကို သုံးပြီး ထွက်ပြေးသွားတာပဲ ဖြစ်ရမယ် ။ ကျန်ခဲ့တဲ့ သဲလွန်စလေး နည်းနည်းပဲ တွေ့ရတယ်... "

" တောက်... ဒီကောင်က တကယ်ကြီး ထွက်ပြေးသွားခဲ့တာပေါ့ "

ရှန့်ယွီ အံကြိတ်လိုက်သည်။

လင်းရွှမ်ယီက အသက်ပြင်းပြင်းရှိုက်၍ ဆို၏။

" ကိစ္စမရှိဘူး .... လောလောဆယ်မှာ သူ ကြယ်စင်

သန့်စင်ကမ္ဘာကနေ ထွက်နိုင်ဦးမှာ မဟုတ်တော့.. သူနဲ့ ထပ်တွေ့ရဦးမှာပဲ ။ တကယ်လို့သူက ထွက်ပြေးပြီး အပေါ်ကမ္ဘာကို ပြန်သွားနိုင်ခဲ့ရင်တောင် သူနဲ့ ရှင်းလို့ရပါသေးတယ် "

သူမ ဒေါသထွက်နေသည်မှာ အသိသာပါပင်..

ထိုစဥ်..

" သခင်ကြီး ၊ ကျုပ် အပိုင်းအစတွေအားလုံး စုခဲ့ပါပြီ "

ကောင်းကင်နှင့်မြေကြီး မီးဖိုအဖုံးက လက်နက်အကျိုးအပဲ့ အပိုင်းအစပုံကြီးဖြင့် လောထျန်းရှေ့ ပြန်ရောက်လာသည်။

လောထျန်း ၎င်းကို တစ်ချက်ကြည့်ကာ မျက်မှောင်ကြုံ့လိုက်၏။

" ဒါတွေအားလုံးက မူလမသေမျိုးအဆင့်ရှိတဲ့ ပစ္စည်းတွေမဟုတ်လား.. "

ထို့နောက် သူ ကျင့်ဖုန်းအား တအံ့တသြ လှည့်ကြ

ည့်၍ ဆက်ပြောသည်။

" ဒီလို ထိပ်တန်းအဆင့် ပစ္စည်းတွေအများကြီးနဲ့ဆို မူလမသေမျိုးလက်နက် ဆယ်ခုကျော်လောက်တောင် လုပ်လို့ရတယ်လေ ။ ဒါနဲ့တောင် မင်းက မသေမျိုးအဆင့်နီးပါး လက်နက်လေးတစ်ခုပဲ လုပ်နိုင်ခဲ့တာလား ။ မင်းက လက်နက်သန့်စင်သူ အစစ်ရော ဟုတ်ရဲ့လား "

ကျင့်ဖုန်းတစ်ယောက် မျက်နှာကြီး ရှုံ့မဲ့သွားကာ နှာခေါင်းရှုံ့လိုက်၏။

" မင်းက ဘာသိလို့လဲကွ... မူလမသေမျိုးလက်နက် တစ်ခုကို သန့်စင်ဖို့ အဲ့လောက်လွယ်တယ် ထင်နေတာလား ။ အစွမ်းထက်တဲ့ စိတ်ဝိဥာဥ်အစွမ်း ရှိထားရုံနဲ့ မင်းကိုယ်မင်း သိပ်ကောင်းပြီလို့ ထင်နေတယ်ပေါ့ ။ လက်နက်တွေ သန့်စင်တာက စိတ်ဝိဥာဥ်အစွမ်း တစ်ခုတည်းကိုပဲ အားကိုးလို့မရဘူးကွ ။ မင်းက အောက်ကမ္ဘာက လက်နက်သန့်စင်သူတစ်ယောက် ဆိုတော့ လက်နက်ကောင်းကောင်း တစ်ခုလေးတောင် သန့်စင်နိုင်မယ် မထင်ဘူး ။ ဟုတ်တယ်မလား.. "

လောထျန်းက သူ့ကို ပြန်ကြည့်ကာ လှောင်ပြုံး ပြုံး

လိုက်သည်။

" မင်းက ငါ ပြောနေတာတွေကို မယုံဘူးပေါ့လေ။ ကောင်းပြီကွာ... ဒါဆိုလဲ မင်းကို အမြင်ကျယ်အောင် လုပ်ပေးမယ် "

လောထျန်းက ပြောပြောဆိုဆိုပင် မြေပြင်ပေါ်ရှိ ပစ္စည်းအချို့ ကောက်ယူလိုက်သည်။

" ဟင်.. သခင်လေး လောထျန်းက လက်နက်တစ်ခု သန့်စင်တော့မလို့လား "

လင်းရွှမ်ယီ ချက်ချင်း စိတ်လှုပ်ရှားသွား၏။

လောထျန်း၏ အစွမ်းကို သူမ အနည်းငယ် နားလည်လာသလို ရှိသော်လည်း..

သူ၏ လက်နက်သန့်စင်ခြင်း အစွမ်းက မည်သို့ရှိသည်ကိုမူ လုံးဝ မသိပါ ။

သို့ဖြစ်ရာ.. ယခု လောထျန်းက လက်နက်တစ်ခုကို သန့်စင်တော့မည် ဖြစ်သည့်အတွက် သူမ စိတ်လှုပ်ရှားသွားရခြင်းက မဆန်းပါချေ ။

တဖက်မှ ကျင့်ဖုန်းမှာမူ လောထျန်းက ပစ္စည်းအနည်းငယ်လေးကိုသာ ယူလိုက်သည့်အတွက် မျက်မှောင်ကြုံ့သွားပါ၏။

" အဲ့လောက် ပစ္စည်းနည်းနည်းလေးနဲ့ ဘာလုပ်လို့ရမှာလဲ ။ မင်းက တကယ်ကို မကျွမ်းကျင်တဲ့ကောင်ပဲ "

သူ့စိတ်ထဲမှ ပြောလိုက်သည်။

သို့သော် လောထျန်းကမူ သူ့အား လျစ်လျူရှုထားကာ လက်နက်မှ ပစ္စည်းများကိုကြည့်ပြီး အတွေးနက်နေဟန် တူ၏။

" ဘာသန့်စင်ရင် ကောင်းမလဲ... ။ အင်း.. သူက တောင်ပုံစံ လက်နက်ကို လုပ်ခဲ့တာဆိုတော့.. ငါလဲ တစ်ပုံစံတည်းပဲ လုပ်လိုက်မယ်ကွာ "

ထိုသို့ပြောကာ လောထျန်း အလုပ်စလိုက်တော့သည်။

ကျင့်ဖုန်းက ၎င်းကိုကြည့်ကာ နှုတ်ခမ်းမဲ့၏။

" ငါသုံးထားတဲ့ ပစ္စည်းရဲ့ ဆယ်ပုံတစ်ပုံလောက်ပဲ

သုံးပြီး ငါနဲ့ ပုံစံတူလက်နက်မျိုး လုပ်ချင်တယ်ပေါ့လေ "

သူ အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။

ထိုအချိန်တွင် လောထျန်းမှာကား.. လက်နက်ကို စပြီးသန့်စင်နေလေပြီ ။

လောထျန်း၏ ပုံမကျ ပန်းမကျ ဖြစ်ကတတ်ဆန်း ပုံစံကိုကြည့်ရင်း... လောထျန်းမှာ မကျွမ်းကျင်သေးသူ တစ်ယောက်ဖြစ်မှန်း ကျင့်ဖုန်းစိတ်ထဲ ပိုသေချာသွားရပါ၏။

သူ မဆိုထားဘိ ၊ လင်းရွှမ်ယီသည်ပင် လောထျန်းကိုကြည့်ရင်း စိတ်ပူနေဟန် ရှိပါသည်။

ဤသို့ဖြင့် မကြာခင်မှာပင် လောထျန်းတစ်ယောက် လက်နက်သန့်စင်၍ ပြီးသွားတော့၏။

သူ့လက်ထဲတွင်ကား... အင်မတန် ပုံပျက်ပန်းပျက် နိုင်လှသော တောင်တစ်လုံး...

ထိုမြင်ကွင်းကို ကြည့်ကာ.. လင်းရွှမ်ယီ နှင့် ရှန့်ယွီ

တို့နှစ်ယောက် ဆွံ့အကုန်ကြသည်။

ကျင့်ဖုန်းကမူ အသံကျယ်ကြီးဖြင့် အော်ရယ်နေ၏။

" ဒါကို လက်နက်သန့်စင်တယ်လို့ ခေါ်တာလား ။ ဒီလောက်လေးနဲ့များ ငါ့ကို ဝေဖန်ရဲနေသေးတယ်ကွာ "

သူ လောထျန်းကို ကြည့်ရင်း အရယ်မရပ်တော့ချေ ။

သို့သော် လောထျန်းက သူ့အား မထူးခြားသည့် မျက်နှာပေးဖြင့် ကြည့်၍သာ ပြော၏။

" အမြင်လှတဲ့ မသေမျိုးလက်နက် မဟုတ်တော့ရော ဘာအရေးလဲ... အဓိက အရေးကြီးတာက အသုံးဝင်ဖို့ပဲလေ "

ကျင့်ဖုန်း နှာခေါင်းရှုံ့လိုက်သည်။

" အသုံးဝင်ဖို့ . ဟုတ်လား ။ ဒါဆိုလဲ မင်းလက်နက်ကို အသုံးချပြစမ်းပါဦးကွာ ။ မင်းရဲ့ လက်နက်က ငါ့ဟာထက် ဘယ်လိုပိုကောင်းလဲ ကြည့်ရအောင် " .

လောထျန်း ခေါင်းညိတ်လိုက်သည်။

" ငါကလဲ မင်းကို ကြည့်ခိုင်းမလို့ပါပဲ "

သူ ပြောကာ တောင်ငယ်အား လေထဲသို့ ပစ်တင်လိုက်၏။

၎င်းကို ဘေးမှကြည့်နေသော လင်းရွှမ်ယီမှာ ချက်ချင်း ပြေးထွက်ပြီး လောထျန်းအား အရှက်တကွဲ ဖြစ်ရမည့်အရေးမှ ကယ်တင်ပေးချင်စိတ်ပင် ပေါက်သွားရသည်။

သို့သော် ထိုစဥ်မှာပင်..

ဝုန်း...

လေထဲရှိ တောင်ငယ်က တစ်ပတ် လည်လိုက်ပြီးနောက်... ကြောက်မက်ဖွယ် တာအိုထွင်းစာများ ရုတ်ချည်း ထွက်ကျလာ၏။

ဖော်ပြရန်ပင် ခက်ခဲသော ဖိအားကြီးတစ်ခုလည်း အရပ်မျက်နှာစုံသို့ ပျံ့သွားသည်။

" ဖိခြေလိုက်စမ်းကွာ "

လောထျန်းက ပေါ့ပေါ့ပါးပါး ပြော၏။

ဘုန်း...

တောင်ငယ်လေးက မြေကြီးပေါ်သို့ ခပ်ပြင်းပြင်း ကျသွားသည်။

ကောင်းကင်ဘုံကြယ်လမ်းမ တစ်ခုလုံး ရုတ်ချည်း တုန်ခါလာကာ ပြိုကျတော့မလို ဖြစ်သွားတော့၏။

" မူလ... မသေမျိုးလက်နက်လား... "

ကျင့်ဖုန်းတစ်ယောက်မှာ ထိုမြင်ကွင်းကို မြင်လိုက်မှ အလွန်တုန်လှုပ်သွားရှာတော့သည်။

လောထျန်းက ပစ္စည်းလေး နည်းနည်းဖြင့် မူလမသေမျိုးလက်နက် တစ်ခုကို အမှန်တကယ် လုပ်လိုက်နိုင်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပါချေ။

ထိုသူမှာ... လက်နက်သန့်စင်သူ အစစ် ပါပင် ။

All Chapters