← Chapters

Distorted space

Vol. 48 Ch. 670

Distorted space

Vol. 48 Ch. 670

လင်းရွှမ်ယီမှာလည်း အလွန် တုန်လှုပ်နေတော့သည်။

မူလမသေမျိုးလက်နက် သန့်စင်သူ တစ်ယောက်တဲ့လား...

သူမတို့ အပေါ်ကမ္ဘာတွင်ပင် ထိုသို့သော လူမျိုး ရှားလှပါ၏။

သူမ၏ ဆရာသည်ပင် ထိုအဆင့်သို့ရောက်ရန် များစွာ လိုနေသေးချိန်၌...

ရှေ့မှ လောထျန်းက ထိုအဆင့်သို့ အမှန်တကယ် ရောက်နေသတဲ့လား ။

သူက လက်နက်သန့်စင်ခြင်း အနုပညာကျမ်းကို ဂရုမစိုက်သည်မှာ မဆန်းတော့ပါ။

သူ့ လက်နက်သန့်စင်ခြင်း အစွမ်းက ထိုအဆင့်သို့

ရောက်ထားပြီး မဟုတ်ပါလား...

သို့သော်...

လင်းရွှမ်ယီ နားမလည်နိုင်သည့် တစ်ချက် ရှိပါသေးသည်။

" သခင်လေးလောထျန်းက ဒီလောက်တော်တဲ့ လက်နက်သန့်စင်သူ တစ်ယောက် ဖြစ်နေတာကို ၊ ဘာဖြစ်လို့ မူလမသေမျိုးလက်နက်ကို အဲ့လောက် ရုပ်ဆိုးအောင် လုပ်ခဲ့ရတာလဲ ။ သူက ဒီအခွင့်အရေးကို အသုံးချပြီးတော့ လက်နက်သန့်စင်ခြင်းရဲ့ ရိုးရှင်းပုံကို သင်ပေးချင်တာများလား.. ။ အဲ့လိုပဲ ဖြစ်ရမယ် "

" သခင်ကြီးက တကယ်ကို အစွမ်းထက်တာပဲ "

ထိုစဥ် ကောင်းကင်နှင့်မြေကြီး မီးဖိုအဖုံးက အပြုံးဖြင့် ပြောလာ၏။

ဘေးတွင်ရပ်နေသော ရှန့်ယွီက ၎င်းကို တစ်ချက်လှည့်ကြည့်ကာ မေးလိုက်သည်။

" ရှင့်ကိုရော သခင်လေးလောထျန်းက သန့်စင်ခဲ့တာ

လား "

သူမပုံမှာလည်း အတွေးနက်နေဟန် တူ၏။

သို့သော် မီးဖိုအဖုံးက ပြန်ပြောသည်။

" မဟုတ်ဘူးကွ ။ ငါလဲ အဲ့လိုဖြစ်ချင်ပေမယ့်.. ငါ့ကို သခင်ကြီးကိုယ်တိုင် ဖန်တီးခဲ့တာ မဟုတ်ဘူး ။ ငါက သဘာဝကနေ မွေးဖွားလာတဲ့ သဘာဝ မသေမျိုးလက်နက်တစ်ခုပဲ "

" သဘာဝ မသေမျိုးလက်နက်.... ရှင့်နာမည်က ဘယ်လိုလဲ.. "

ရှန့်ယွီ စိတ်ဝင်တစား မေးလိုက်သည်။

မီးဖိုအဖုံးက ချက်ချင်း ဂုဏ်ယူဝင့်ကြွားသည့် လေသံဖြင့် ပြန်ပြော၏။

" ငါက ကောင်းကင်နှင့်မြေကြီး မီးဖိုပဲ "

လောထျန်းတစ်ယောက်မှလွဲ၍ ထိုနေရာ၌ ရှိနေသူအားလုံး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။

ကောင်းကင်နှင့်မြေကြီးမီးဖို တဲ့လား..

ဒဏ္ဍာရီများအရ ဆိုလျှင်... ကောင်းကင်နှင့်မြေကြီးမီးဖို မှာ ကြယ်စင်သန့်စင်ကမ္ဘာထဲတွင် အစွမ်းအထက်ဆုံးသော သဘာဝမသေမျိုးလက်နက်တစ်ခု ဖြစ်ပါသည်။

လင်းရွှမ်ယီက သူမရှေ့မှ အဖုံးကို တအံ့တသြ စိုက်ကြည့်ရင်း ဆို၏။

" ဒီတစ်ခေါက်မှာ ကောင်းကင်နှင့်မြေကြီးမီးဖို ပေါ်လာမယ်လို့ ကောလဟာလတွေ ထွက်ထားပေမယ့်.... အခု.... "

တဖက်မှ ရှန့်ယွီကမူ ပို၍ တည့်တိုးဆန်ပါသည်။

သူမက မီးဖိုအဖုံးအား ခေါင်းစခြေဆုံး သေချာကြည့်ပြီး ပြောသည်။

" ရှင်.. နောက်နေတာလား "

ကောင်းကင်နှင့်မြေကြီးမီးဖိုအဖုံးက အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။

" ငါ့ပုံက အဲ့လို ဟိုနောက်ဒီနောက် လုပ်မယ့်ပုံနဲ့ တူလို့လား ။ ငါက တကယ်လဲ ကောင်းကင်နှင့်မြေကြီးမီးဖို

ပဲကွ... ဒါပေမယ့်.. အပြည့်မဟုတ်ပဲ တစ်စိတ်တစ်ပိုင်းပဲ "

ထိုစကားကို ကြားသောအခါ လူများ သဘောပေါက်သွားကြဟန် တူပါသည်။

သူတို့ လောထျန်းကိုလည်း ချက်ချင်း လှည့်ကြည့်လိုက်ကြ၏။

လောထျန်းက ကောင်းကင်နှင့်မြေကြီးမီးဖို ကို အမှန်တကယ် သိမ်းသွင်းနိုင်ခဲ့သတဲ့လား..

ကြောက်စရာ ကောင်းလှပါတကား...

အပေါ်ကမ္ဘာမှ မရေမတွက်နိုင်သော လူများစွာပင် ထိုသို့ လုပ်နိုင်ရန် ကြိုးစားခဲ့ကြဖူးသော်လည်း... တစ်ယောက်မှ မအောင်မြင်ခဲ့ကြပါချေ ။

ထိုစဥ် လောထျန်းက လက်ယမ်း၍ ပြောလာသည်။

" အဲ့လို ကိစ္စသေးသေးလေးတွေကို ခဏထားလိုက်ပါဦး ။ အခု ဟိုကောင့်ကို ဘယ်လိုကိုင်တွယ်ရမလဲ အရင်ပြောရအောင် "

လောထျန်းက ပြောပြောဆိုဆိုပင် ကျင့်ဖုန်းအား လှမ်းကြည့်လိုက်သည်။

လင်းရွှမ်ယီတို့မှာ ခဏတာမျှ ဆွံ့အသွားကြပြန်တော့၏။

ကောင်းကင်နှင့်မြေကြီးမီးဖို ကို ကိစ္စသေးသေးလေး တဲ့လား....

ထိုသို့သော စကားမျိုး ပြောသူမှာ လောထျန်းတစ်ယောက်တည်းသာ ရှိပေလိမ့်မည် ။

သို့သော်.. သူတို့ တခဏအကြာတွင် ကျင့်ဖုန်းအား လှမ်းကြည့်လိုက်ကြပါသည်။

" ကျင့်ဖုန်းက သူ့မျိုးဆက်ထဲမှာတော့ မသေမျိုးလက်နက်သန့်စင်သူ ပါရမီရှင်တစ်ယောက်ပဲ ။ ပြီးတော့ အခုကိစ္စကလဲ သူ့အကြံ မဟုတ်ဘူးဆိုတော့... ဒီတိုင်းကြီး သတ်လိုက်ရမှာ နှမျောစရာကြီး "

လင်းရွှမ်ယီက အနည်းငယ်စဥ်းစားပြီးမှ ပြော၏။

ဘေးမှ ကြည့်နေသော လောထျန်းက တည်တည်ငြိမ်

ငြိမ် ဝင်ပြောသည်။

" တကယ်လို့ သူက နောက်ပိုင်းမှာ.. မင်းကို လက်တုန့်ပြန်ဖို့ ကြိုးစားလာရင် ဘယ်လိုလုပ်မလဲ "

လင်းရွှမ်ယီ မှာ အချိန်အတန်ငယ်ကြာ စဥ်းစားလိုက်သော်လည်း မည်သို့မှ ပြန်မပြောနိုင်ဘဲ တိတ်တဆိတ်သာ ရှိနေ၏။

ထိုစဥ် ရှန့်ယွီက ဝင်ပြောသည်။

" ကျွန်မမှာ အဖြေတစ်ခုရှိတယ် "

သူမ ကျင့်ဖုန်းကို လှည့်ကြည့်ကာ စကားဆက်၏။

" ကျင့်ဖုန်း ၊ ရှင်.. ကျွန်မရဲ့ မမကို ဆရာသခင်အဖြစ် လက်ခံမလား "

" မင်း.. ဘာပြောလိုက်တယ် "

ကျင့်ဖုန်းရော လင်းရွှမ်ယီပါ တစ်ပြိုင်နက်တည်း ပြောလိုက်ကြသည်။

ကျင့်ဖုန်းမှာ လင်းရွှမ်ယီထက် အသက်များစွာ ပိုကြီးပါသည်။

ထိုအခြေအနေမျိုးတွင် လင်းရွှမ်ယီ၏ တပည့် လုပ်ရမယ်တဲ့လား...

မည်မျှ အရှက်ရစရာ ကောင်းလိုက်မည်နည်း ။

ရှန့်ယွီက ခါးထောက်၍ ထပ်ပြောလာ၏။

" ကျွန်မရဲ့မမ က အပေါ်ကမ္ဘာရဲ့ လူငယ်မျိုးဆက်ထဲမှာ အစွမ်းအထက်ဆုံး မသေမျိုးလက်နက်သန့်စင်သူ တစ်ယောက်ပဲလေ ။ ပါရမီမှာဆိုရင်လဲ ရှင့်ထက်တောင် ပိုကောင်းသေးတယ် ။ သူ့ကို ဆရာအဖြစ် သတ်မှတ်ရမှာ ရှင့်အတွက် တရားပါတယ် "

" ပြီးတော့... လက်နက်သန့်စင်ခြင်း အနုပညာကျမ်းကိုရော ရှင် မသင်ချင်ဘူးလား ။ ရှင်သာ ကျွန်မ မမ ယုံကြည်ရတဲ့ တပည့်တစ်ယောက် ဖြစ်လာရင် မမက ရှင့်ကို အဲ့ပညာတွေ သင်ပေးမှာပဲ ။ နောက်ဆို ရှင် မူလမသေမျိုးလက်နက် သန့်စင်သူတစ်ယောက်တောင် ဖြစ်ရင်ဖြစ်လာမှာ "

စစချင်းတွင် ဒေါသထွက်နေခဲ့သော ကျင့်ဖုန်းမှာ စကားဆုံးအောင် နားထောင်ပြီးနောက်တွင်

ချက်ချင်း ပြန်ငြိမ်ကျသွားတော့သည်။

သူ ခဏတာမျှ စဥ်းစားလိုက်ပြီးနောက်.... လက်နက်သန့်စင်ခြင်းအနုပညာကျမ်း ကို သင်ယူရန် တစ်ခုတည်းအတွက်နှင့်ပင်.. လင်းရွှမ်ယီ၏ တပည့်အဖြစ် လက်ခံရန် မခက်ခဲလှဟု တွေးမိလိုက်၏။

ထိုပညာကို သင်ပြီးသွားပါက... သူ့ဆရာကို ပြန်သစ္စာဖောက်လိုက်ရုံပင်...

သူ ထိုသို့တွေးကာ သဘောတူမည့်ဟန် ပြင်လိုက်သည်။

ထိုအချိန်တွင် ကောင်းကင်နှင့်မြေကြီးမီးဖိုအဖုံး က ရုတ်တရက် ပြောလာသည်။

" အဲ့အကြံကောင်းတယ် ။ သခင်ကြီး လော ၊ ကျုပ် သက်သေအနေနဲ့ နေပြီးတော့ ဒီကောင်လေးဆီမှာ အမှတ်အသားတစ်ခု လုပ်ထားလိုက်မယ်လေ ။ တကယ်လို့ သူ့မှာ မကောင်းတဲ့ရည်ရွယ်ချက် ရှိလာတာမျိုး ၊ သူ့ဆရာကို သစ္စာဖောက်ဖို့ ကြံစည်လာတာမျိုး ဖြစ်လာရင်.. ကျုပ်က သူ့ကို သေတာထက်တောင် ပိုဆိုးတဲ့ ကံကြမ္မာနဲ့ ကြုံရအောင် လုပ်

ပေးလိုက်မယ် "

ရှန့်ယွီက စိတ်လှုပ်ရှားစွာ ပြော၏။

" ကျွန်မ အဲ့ဒါကို မတွေးမိဘူး.... အဲ့အကြံ အရမ်းကောင်းတယ် "

ထိုစဥ်မှာပင် မီးဖိုအဖုံးဆီမှ အလင်းတန်းတစ်ခု ထွက်လာပြီး ကျင့်ဖုန်းပေါ် ကျသွားသည်။

ကျင့်ဖုန်းမှာ သူ့စိတ်ဝိဥာဥ်ပေါ်၌ အမှတ်အသားတစ်ခု ရောက်လာသည်ကို ချက်ချင်း ခံစားလိုက်ရကာ.. အချုပ်အနှောင်များကြား ရောက်သွားသည်ကိုလည်း သိလိုက်ရ၏။

" လာ... တပည့်လေး "

ရှန့်ယွီက စိတ်လှုပ်ရှားစွာ ပြောလာသည်။

ကျင့်ဖုန်းမှာ ရွေးချယ်စရာလည်း မရှိတော့သဖြင့် မည်သို့မှ မတတ်နိုင်ဘဲ သူ့ဆရာကို အရိုအသေ ပေးလိုက်ရတော့၏။

တဖက်မှ လင်းရွှမ်ယီမှာ ရှက်သလို ဖြစ်နေ

သော်လည်း... ရှန့်ယွီ ရော ကောင်းကင်နှင့်မြေကြီးမီးဖိုအဖုံး ( လုယဲ့) ကပါ စိတ်အားထက်သန်စွာ ကြည့်နေကြသဖြင့် ကျင့်ဖုန်း၏ အရိုအသေပေးခြင်းကို အေးဆေး လက်ခံလိုက်ရပါသည်။

အားလုံးပြီးနောက်တွင်... လောထျန်း ပြောလာ၏။

" ကဲ... ကျုပ်တို့တွေ ဒီရောက်နေတာ တော်တော်ကြာသွားပြီ ။ ရှေ့ဆက်သွားကြရအောင် "

အားလုံး ခေါင်းညိတ်လိုက်ကြသည်။

ဤတစ်ကြိမ်တွင်မူ လုယဲ့က ရှေ့မှ ဦးဆောင်ပြီး လောထျန်းနှင့်အဖွဲ့မှာ နောက်မှ အေးအေးဆေးဆေး စကားပြောရင်း လိုက်သွားကြ၏။ လမ်းခရီးမှာလည်း အလွန် ချောမွေ့လှပါသည်။

ကြယ်စင်သန့်စင်ကမ္ဘာမှာ ကောင်းကင်နှင့်​မြေကြီးမီးဖို ၊ လုယဲ့ ၏ ပိုင်နက်ဟု ပြော၍ရသည် မဟုတ်ပါလား ..

ဤသို့ဖြင့် မကြာခင်မှာပင် သူတို့လူစု ကောင်းကင်ဘုံကြယ်လမ်း၏ ထွက်ပေါက်သို့ ရောက်လာကြသည်။

ဝီ...

သူတို့ လမ်းမှ ထွက်လိုက်သည်နှင့် ခန်းမတစ်ခုဆီ ရောက်သွားကြ၏။

ထိုခန်းမထဲတွင်ကား တစ်ယောက်မှ ရှိမနေပါ ။

" အင်.. တခြားသူတွေက အဲ့လောက်နှေးကြတာလား "

လောထျန်း တအံ့တသြ မေးလိုက်သည်။

လူများစွာပင် လောထျန်းအား အံ့သြတကြီး လှည့်ကြည့်လာပြီး ဆွံ့အနေကြရှာ၏။

ကောင်းကင်ဘုံကြယ်လမ်းစဥ်မှာ ကြယ်စင်သန့်စင်ကမ္ဘာထဲတွင် အန္တရာယ်အများဆုံး နေရာတစ်ခုဖြစ်ပြီး...

ဤနေရာကို ဝင်သူတိုင်း သတိကြီးစွာ ထားကြရပါသည်။

လောထျန်းကဲ့သို့ မိစ္ဆာဝိဥာဥ်များနောက် လိုက်

လောက်အောင် မောက်မာသူ တစ်ယောက်မှပင် မရှိပါ ။

" သခင်ကြီး လုယဲ့ ၊ နောက်လာမယ့် စမ်းသပ်ပွဲက ဘာလဲဆိုတာ သိလား "

ထိုစဥ် ရှန့်ယွီ မေးလိုက်၏။

" ဟား ဟား.. သိတာပေါ့ကွ ၊ သိရုံတင်မကဘူး.. ထိန်းချုပ်လို့တောင် ရတယ် "

လုယဲ့က အပြုံးဖြင့် ပြန်ပြောသည်။

" တကယ်ကြီးလား. "

ရှန့်ယွီ၏ မျက်လုံးများ အရောင်လက်သွားကြသည်။

" ဒါပေါ့ကွ... မယုံဘူးလား ။ မင်း ဘာလိုချင်တယ်ဆိုတာသာ ပြောလိုက် ။ တခြားသူတွေ ရောက်လာတာကိုလဲ စောင့်နေစရာ မလိုဘူး "

လုယဲ့က ဂုဏ်ယူနေသည် မျက်နှာထားဖြင့် ပြော၏။

ရှန့်ယွီက ခေတ္တမျှ စဥ်းစားလိုက်ပြီးမှ ပြောသည်။

" ကျွန်မက.. ကောင်းကင်မီးတောက်ဒေသကို သွားချင်တာ... အဲ့လိုသွားလို့ ရလား "

လုယဲ့ အပြုံးဖြင့် ပြန်ပြော၏။

" ရတာပေါ့ကွ ။ ကောင်းကင်မီးတောက်ဒေသကို အခုပဲ ဖွင့်ပေးမယ် "

သူ့စကားဆုံးသည်နှင့် အလင်းတန်းတစ်ခု လက်သွားကာ အားလုံးရှေ့၌ လေထုလမ်းကြောင်းတစ်ခု ပေါ်လာသည်။

" တကယ်ကြီး ရသွားတာလား... "

ကျင့်ဖုန်းမှာ တုန်လှုပ်သွားရှာ၏။

" ဘာရတနာတွေ ရှိနိုင်လဲ အတူတူ ဝင်ကြည့်ရအောင် "

လောထျန်း စိတ်လှုပ်ရှားစွာ ဆိုလိုက်သည်။

ထို့နောက်.. သူတို့အားလုံး လေထုလမ်းကြောင်းထဲ ဝင်သွားကြ၏။

သို့သော်.. သူတို့ ဝင်လိုက်သည့် အချိန်မှာပင် ..

ဝီ...

လေထုလမ်းကြောင်းက ရုတ်တရက် တွန့်လိမ်သွားသည်။

" ဟင်.. သခင်ကြီးလု ၊ ဘာတွေ ဖြစ်နေတာလဲ "

ရှန့်ယွီ တုန်လှုပ်စွာ မေးလိုက်၏။

" ငါလဲမသိဘူး.. ၊ တစ်ယောက်ယောက်က ငါ့ကို အကောက်ကြံဖို့ ကြိုးစားနေတာဖြစ်မယ် ။ ဒီကောင်တွေက လေထုလမ်းကြောင်းကို လိမ်ပလိုက်တာ "

လုယဲ့က စိုးရိမ်ဟန်ဖြင့် ပြန်ပြောသည်။

ထို့နောက်တွင် ...

ဝုန်း...

လေထုလမ်းကြောင်း ပြိုကွဲသွားကာ လူများ လွင့်ထွက်ကုန်ကြ၏။

ထိုအချိန်မှာပင် အေးစက်စက် အသံတစ်သံ ထွက်လာသည်။

" မင်းကို မတွေ့ရတာ နှစ်တွေအများကြီး ကြာသွားခဲ့

ပြီ ။ ခုမှပဲ ပြန်တွေ့ရတော့တယ် "

All Chapters