← Chapters

မသေမျိုးလက်နက်များ၏ တိုက်ပွဲ ( အပိုင်း ၁)

Vol. 48 Ch. 671

မသေမျိုးလက်နက်များ၏ တိုက်ပွဲ ( အပိုင်း ၁)

Vol. 48 Ch. 671

ဝုန်း...

ထို့နောက်တွင် ကမ္ဘာကြီးတစ်ခုလုံး တုန်ခါလာပြီး အားလုံးရှေ့၌ အရိပ်တစ်ခု ပေါ်လာ၏။

လုယဲ့က တအံ့တသြ ရေရွတ်လိုက်သည်။

" မင်း... မင်းက.. ငါ့ရဲ့ လေထုလမ်းကြောင်းကို ပျက်စီးသွားအောင် လုပ်လိုက်နိုင်တာလား "

တဖက်လူက ရယ်၏။

" အမှန်ပဲ... မင်းက ကောင်းကင်ဘုံကြယ်လမ်းစဥ်ထဲမှာ ပုန်းနေတာ ကြာလှပြီလေ ။ ငါ ဘယ်လောက်ခေါ်ခေါ်.. ထွက်မှ မလာတာကိုးကွ ။ ခု နောက်ဆုံးတော့ မင်းကိုယ်တိုင် လိုလိုလားလား ထွက်လာပြီပေါ့ ။ လာ.. ပြီးပြည့်စုံတဲ့ ကောင်းကင်နှင့်မြေကြီးမီးဖို ဖြစ်သွားအောင် ငါနဲ့ လာပေါင်းစပ်လိုက် ။ ပြီးရင် သခင်ကြီးကို ကယ်ကြမယ် "

ထိုစကားကို ကြားသောအခါ လောထျန်းတို့လူစု

အခြေအနေကို နားလည်သွားကြသည်။

တဖက်မှ အသံပိုင်ရှင်မှာ ကောင်းကင်နှင့်မြေကြီးမီးဖို၏ ကျန်တစ်ပိုင်း ၊ တစ်နည်းဆိုရသော်.. ကောင်းကင်နှင့်မြေကြီးမီးဖို၏ အဓိက ကိုယ်ထည်ပါပင်...

သို့သော်... လင်းရွှမ်ယီမှာ မနေနိုင်ဘဲ တုန်လှုပ်သွားဆဲ ဖြစ်၏။

ကြားထားသော ကောလဟလများအရဆိုလျှင်.. ကောင်းကင်နှင့်မြေကြီးမီးဖိုသည် လူသားများအပေါ် အလွန်မုန်းတီးသည်ဟု ဆိုပါ၏။

ထိုအရာနှင့်သာ ကောင်းကင်ဘုံကြယ်လမ်းစဥ်ထဲတွင် တွေ့ပါက အလွန်အန္တရာယ်များသည်ဟုလည်း ဆိုကြသည်။

သို့သော်... ယခု ကောင်းကင်နှင့်မြေကြီးမီးဖို တွင် သခင်ရှိသည်ဟု ပြောလိုက်ပါသလား...

ထိုအချိန်တွင် လုယဲ့က ပြော၏။

" မင်းရဲ့ စိတ်စွမ်းအင်အသိဉာဏ်က ပုံမှန် ဟုတ်မနေဘူး ။ မင်း ဟိုကောင်ကြီးရဲ့ တိုက်စားတာကို လုံးဝ ခံလိုက်ရပြီလား... ။ အခု ငါ မင်းကို ကယ်တင်ပေးမယ်... မခုခံနဲ့ "

စကားဆုံးသည်နှင့် လုယဲ့ဆီမှ အလင်းတန်းတစ်ခု ထွက်လာပြီး တဖက်လူဆီသို့ ရောက်လာသည်။

သို့သော်...

ဝုန်း...

အားပြင်းသော ဖိအားတစ်ခု ကျလာကာ လုယဲ့၏ နတ်ဘုရားအလင်းတန်း ရုတ်ချည်း ပြိုကွဲသွားရတော့သည်။

" ပါးစပ် ပိတ်ထားစမ်း ...သခင်ကြီးကို မစော်ကားနဲ့ ။ သခင်ကြီးက ငါ့ကို အမြင်ကျယ်အောင် လုပ်ပေးပြီး ပိုမြင့်တဲ့ ဖြစ်နိုင်ချေတွေကို ပြပေးခဲ့တာကွ ။ မင်း သခင်ကြီးကို စော်ကားတဲ့စကားမျိုး ထပ်ပြောရဲရင် ပြောကြည့်... မင်းနဲ့ငါက ခန္ဓာကိုယ် တစ်ကိုယ်တည်း ဆိုပေမယ့်.. ငါ မင်းကို သတ်မှာ

နော် "

တဖက်မှ စကားသံနှင့်အတူ ၎င်း၏ ခန္ဓာကိုယ်ပတ်လည်တွင် မှိန်ဖျော့ဖျော့ အလင်းတန်းတစ်ခု လင်းလာ၏။

နေရာ တစ်ခုလုံးမှာလည်း သူ့ကြောင့် ချက်ချင်း ပြိုကွဲသွားတော့မယောင်..

ထိုစဥ် လုယဲ့မှာလည်း ဒေါသထွက်သွားပုံဖြင့် အော်ပြောသည်။

" မင်း ဦးနှောက် ချောင်သွားပြီလား ။ မင်း သခင်ကို အသိအမှတ်ပြုလိုက်ပြီ ဆိုရင်တောင် စိတ်စွမ်းအင်အသိဉာဏ်တော့ မဆုံးရှုံးသင့်ဘူးလေ "

ထိုစဥ် တဖက်မှ အသံပိုင်ရှင်မှာ ခဏတာမျှ တွန့်ဆုတ်နေပြီးမှ တအံ့တသြ ပြော၏။

" မင်းရဲ့ အရောင်အဝါက အရင်လို မဟုတ်တော့ဘူး.. ။ မင်းကို.. တစ်ယောက်ယောက်က သန့်စင်လိုက်ပြီလား "

လုယဲ့ ပြန်ပြောသည်။

" ဟုတ်တယ် ၊ ငါ သခင် တွေ့သွားပြီ ။ သူက ငါ့ပေါ်မှာ စွန်းထင်းနေတဲ့ မိစ္ဆာသွေးစက်ကို ဖယ်ရှားပေးခဲ့တာ "

" ရဲတင်းလှချည်လား "

တဖက်မှ အသံပိုင်ရှင် ဒေါသူပုန် ထသွားတော့သည်။

" သခင်ကြီးရဲ့ သွေးကို ရထားတာ မင်း ဂုဏ်တောင်ယူသင့်သေးတယ် ။ ဒါကို မင်းက ကျေးဇူးမတင်ရုံတင်မကဘူး ၊ ခုလို စကားမျိုးပါ ပြောရဲနေတယ် ။ ပြီးတော့ သခင်အသစ်တောင် ရှာလိုက်သေးတယ် ။ ဟမ့် ဒီနေ့တော့ မင်းရဲ့ သခင်ဆိုတဲ့ကောင်ကို သတ်ပစ်မယ် "

ချက်ချင်းမှာပင် မီးတောက်တစ်ခု စုစည်းလာကာ လောထျန်းဆီသို့ ရွယ်လာ၏။

လောထျန်း မျက်မှောင်ကြုံ့လိုက်သည်။

ဝုန်း..

ထို့နောက်.. သူ လက်သီးဆုပ်ပြီး တိုက်ခိုက်ရန် ပြင်

လိုက်၏။

သို့သော်.. ထိုစဥ်မှာပင် တစ်စုံတစ်ခု လွဲနေသည်ကို သူ ရိပ်မိသွားပါသည်။

အစတွင် သူသည် ကောင်းကင်ဘုံလက်သီးကို စု၍ တိုက်ခိုက်ရန် ပြင်ခဲ့သော်လည်း...

တစ်ခုတစ်ခုက ၎င်းကို အကျိုးသက်ရောက်နေဟန် ရှိကာ သူ့လက်သီးအစွမ်း ထွက်မလာခဲ့ပါချေ။

" ဟား ဟား... ငတုံးကောင် ။ မင်းကို ငါ လွယ်လွယ်နဲ့ တိုက်ခိုက်ခွင့်ပေးမယ် ထင်နေတာလား ။ ငါ ကြယ်စင်သန့်စင်ကမ္ဘာထဲမှာ နေလာတာ နှစ်တွေ မရေမတွက်နိုင်အောင် ရှိပြီ ။ ငါ့ဆီမှာ နောက်ထပ် အစီစဥ် မရှိဘူးလို့ ထင်တယ်ပေါ့ "

အသံပိုင်ရှယ်က အော်ရယ်လိုက်၏။

ထိုစဥ် လုယဲ့က အသံတုန်တုန်ဖြင့် ပြောလာသည်။

" မဖြစ်ဘူး... ကျုပ်တို့တွေ သူ ထောင်ချောက်ဆင်တာကို ခံလိုက်ရပြီ "

" ထောင်ချောက်ဆင်တယ်... ဟုတ်လား "

လောထျန်း အံ့အားသင့်သွားကာ လုယဲ့ဘက် လှမ်းကြည့်လိုက်သည်။

လုယဲ့က အံကြိတ်၍ ပြော၏။

" ဒီနေရာက ကြယ်စင်သန့်စင်ကမ္ဘာရဲ့ မူလအစ မြေပဲ... အင်မတန်ထူးခြားတဲ့ နေရာတစ်ခုဗျ ။ ဒီနေရာ ပေါ်လာတဲ့အချိန်မှာ အစွမ်းထက်တဲ့ ထွင်းစာတစ်လုံးလဲ ပေါ်လာခဲ့တယ် ။ အဲ့ထွင်းစာက လူတွေရဲ့ ကျင့်ကြံခြင်းကို ဖိနှိပ်ပြီးတော့ ကျင့်ကြံသူတွေအနေနဲ့ အစွမ်းပြည့် ထုတ်မသုံးနိုင်အောင် လုပ်ထားတာ "

" ဘယ်လို... "

ဘေးတွင် ရပ်နေသည့် ကျင့်ဖုန်းမှာလည်း ထိုစကားကြောင့် အံ့သြမှင်သက်သွားသည်။

ထို့နောက်.. သူ သိုင်းကွက်တစ်ခုကို ချက်ချင်း လုပ်ကြည့်လိုက်၏။

သို့သော်.. သူ့ ကျင့်ကြံခြင်းက အမှန်တကယ်လည်း ထွင်းစာများ၏ ချုပ်နှောင်ခြင်း ခံထားရသည်ကို

တွေ့လိုက်ရသည်။

ဤနေရာတွင်... သူ သာမာန်လူတစ်ယောက်နှင့် မခြားလှပါချေ ။

" ဘာ ... ဘာဆက်လုပ်ရမလဲ "

ထိုတခဏ၌ ကျင့်ဖုန်းတစ်ယောက် တုန်လှုပ်ခြင်းကြီးစွာ ဖြစ်သွားတော့၏။

လုယဲ့က မြန်မြန်ဝင်ပြောသည်။

" ဒီနေရာမှာက လူတွေရဲ့ ကျင့်ကြံခြင်းကို ကန့်သတ်ထားတယ် ဆိုပေမယ့်.. မသေမျိုးလက်နက်တွေကတော့ ဘာအကျိုးသက်ရောက်မှုကိုမှ မခံရဘူး ။ ဒါပေမယ့်... အဲ့လက်နက်က လုံးဝ သန့်စင်ပြီးသား လက်နက်တစ်ခု ဖြစ်ဖို့လိုတယ် "

သူ စကားခဏရပ်ပြီးနောက် ဆက်ပြော၏။

" သခင်ကြီး ၊ ဟိုကောင်က ထူးဆန်းတဲ့သွေးတွေ အများကြီး စွန်းထင်းနေတာမို့ တော်တော်လေးအစွမ်းထက်တယ် ။ ဒါပေမယ့် သခင်ကြီးသာ ကျုပ် နဲ့ ၊ သခင်ကြီး ခုနက သန့်စင်ခဲ့တဲ့ မူလမသေမျိုး

လက်နက်ကို ထိန်းချုပ်ပြီးတော့ တိုက်ခိုက်မယ်ဆိုရင် ကျုပ်တို့ဘက်က နိုင်နိုင်ချေ ရှိတယ် "

" အဲ့ကောင်ကို ဖိနှိပ်ပြီး အပြင်ခေါ်ထုတ်နိုင်တာနဲ့ သူ့ကို သန့်စင်လို့လဲ ရသွားမှာဗျ ။ အဲ့ကျရင် သခင်ကြီးက ဒီ ကြယ်စင်သန့်စင်ကမ္ဘာရဲ့ သခင်ကြီး ဖြစ်သွားတော့မှာ "

လောထျန်း ခေါင်းအသာ ညိတ်လိုက်သည်။

" ကောင်းပြီ ၊ ဒါဆိုလဲ လွယ်သွားတာပေါ့ "

လောထျန်း ပြောပြောဆိုဆိုပင် ရှေ့တိုးလိုက်၏။

" ဟင်.. သခင်ကြီး ၊ ခဏနေပါဦး... ။ ကျုပ်ကိုလဲ အတူခေါ်သွားဦးလေ "

လုယဲ့ အလန့်တကြား ပြောလိုက်သည်။

" မင်းလိုက်ဖို့ မလိုဘူး ၊ ငါ စမ်းသပ်ချင်တာ တချို့ ရှိတယ် ။ မင်းက ဒီတိုင်းပဲ ကြည့်နေ "

လောထျန်း ပြန်ပြော၏။

" ဘယ်လို... "

လုယဲ့တစ်ယောက် မှင်သက်သွားရတော့သည်။

သူ့ကို မလိုဘူးတဲ့လား ....

သူ့သခင်ကြီးက သူ ရှင်းပြသည်များကို ကောင်းကောင်း ကြားလိုက်ပါရဲ့လား..

တဖက်ရှိ မြူမှုန်များထဲမှ ကောင်းကင်နှင့်မြေကြီး မီးဖိုကိုယ်ထည်က လောထျန်းလာနေသည်ကို ကြည့်ကာ လှောင်ပြုံး ပြုံးလိုက်၏။

" ကောင်းကင်နဲ့မြေကြီးမီးဖိုကို ထိရဲတဲ့ ဘယ်ကောင်မဆို သေရမယ်သာမှတ် "

ဝုန်း...

ထို့နောက်တွင် ကမ္ဘာကြီးကိုပင် ဖျက်ဆီးနိုင်စွမ်းရှိသည့် ကောင်းကင်ဘုံ မီးတောက် အလင်းတန်းတစ်ခု ပေါ်လာကာ လောထျန်းဆီ တိုးဝင်လာသည်။

" သခင်လေး လောထျန်း... "

" သခင်ကြီး... "

လောထျန်းနောက်မှ လူများအားလုံး စိုးရိမ်တကြီး အော်လိုက်ကြ၏။

သို့သော်.. ထိုစဥ်တွင်..

ဝီ ..

လောထျန်းရှေ့၌ အစိမ်းရောင် အလင်းလုံးတစ်ခု ပေါ်လာသည်။

ထိုအလင်းလုံးက အကာအရံ တစ်ခုအဖြစ် ချက်ချင်းပြောင်းသွားပြီး လောထျန်းအား ကာကွယ်ပေးလာ၏။

ဘုန်း...

ကောင်းကင်ဘုံမီးတောက်မှာ ထိုအကာအရံပေါ် ကျကာ ချက်ချင်းပြိုကွဲသွားတော့သည် ။ လောထျန်းမှာမူ.. ဘာမှ ဖြစ်မသွားခဲ့ပါ ။

" ဟင်... ဒါ... "

လင်းရွှမ်ယီ သေချာကြည့်လိုက်မှသာ.. လောထျန်းရှေ့မှ အရာက ရုပ်ဆိုးလှသော သံပြားကြီးတစ်ခု ဖြစ်နေသည်ကို မြင်လိုက်ရသည်။

၎င်းသံပြားကြီး၌ ထူးဆန်းသော လက်ကိုင်တစ်ခုလည်း ရှိနေ၏။

၎င်းကို အချိန်အတန်ငယ်ကြာ ကြည့်နေပြီးနောက်တွင်မူ.. သူမထံမှ တအံ့တသြရေရွတ်သံ ထွက်လာသည်။

" အဲ့ဒါ... မူလမသေမျိုးလက်နက်လား.... ။ ဒါ... ဒိုင်းကာ တစ်ခုလား "

သူမစကားကို ကြားသော ဘေးမှ ကျင့်ဖုန်းက မျက်မှောင်ကြုံ့၍ တီးတိုးရေရွတ်၏။

" အဲ့ဒါ တကယ့်ကို မူလမသေမျိုးလက်နက်ပဲ.. လုံးဝ သန့်စင်ထားပြီးသားကြီး ။ ပြီးတော့... အဲ့လက်နက်ရဲ့ အစွမ်းနဲ့ အဆင့်က... ကောင်းကင်နှင့်မြေကြီးမီးဖိုထက် အစွမ်းမနိမ့်ဘူးလို့ ငါ ခံစားနေရတယ် "

လင်းရွှမ်ယီကလည်း သူ့စကားကို သဘောတူဟန်ဖြင့် ခေါင်းအသာညိတ်လိုက်သည်။

တဖက်ရှိ မြူမှုန်များထဲမှ ကောင်းကင်နှင့်မြေကြီး မီးဖိုမှာလည်း တုန်လှုပ်သွားပါတော့သည်။

" မင်းမှာ မှော်လက်နက် ရှိနေသေးတယ်ပေါ့ ။ အဲ့တော့ ဘာဖြစ်သေးလဲကွာ ။ ငါက မှော်လက်နက်တွေကို အရည်ဖျော်ပစ်နိုင်တဲ့ ကောင်းကင်နှင့်မြေကြီး မီးဖိုပဲ ။ လောင်ကျွမ်းစေ... "

အော်သံနှင့်အတူ သွေးနီထွင်းစာများ ပါဝင်သော ကောင်းကင်ဘုံမီးတောက် နောက်တစ်ခု ထပ်ထွက်လာပြန်သည်။

ဝုန်း...

အသံကျယ်တစ်သံနှင့်အတူ.... မှော်လက်နက်နှစ်ခု တိုက်မိသွားကြပြန်သည် ။ သို့သော်.. ဤတစ်ကြိမ်တွင် ကောင်းကင်ဘုံမီးတောက်က ရုပ်ဆိုးဆိုး ဒိုင်းကြီးအား ဖိနှိပ်လိုက်နိုင်ပါ၏။

" ဟား ဟား.. အခု မြင်ပြီလား ၊ ဒါ ငါ့ရဲ့ အစွမ်းပဲကွ ။ မူလမသေမျိုးလက်နက်တစ်ခု ဆိုတော့ရော ဘာဖြစ်သေးလဲ ။ ငါ့ရဲ့ ဖိနှိပ်တာကို ခံရတာပဲ မဟုတ်ဘူးလား ။ မင်းဆီမှာ မှော်လက်နက်တွေ ထပ်မရှိတော့ဘူးဆိုရင်.. မင်း ဒီနေ့ပဲ သေရတော့မှာ... "

ကောင်းကင်နှင့်မြေကြီးမီးဖိုက အသံကျယ်ဖြင့် အော်ရယ်လာသည်။

" ဟမ့်... ဒီတစ်ခါ ငါ တိုက်ခိုက်ရမယ့် အလှည့်ပဲ "

လောထျန်း၏ ဒိုင်းကာ ဖိနှိပ်ခံနေသည်ကို မြင်သော လုယဲ့က ချက်ချင်း ဝင်တိုက်ခိုက်ရန် ပြင်လိုက်၏။

သို့သော်..

ဝီ...

ထိုစဥ်တွင် သူ့ကိုယ်ပေါ်၌ ထွင်းစာတစ်ခု အရောင်လက်လာကာ..

သူ့အရောင်အဝါအားလုံး ချုပ်နှောင်ခံလိုက်ရတော့သည်။

" ဘာ... ဘာတွေ ဖြစ်နေတာလဲ "

လုယဲ့ အလွန်တုန်လှုပ်သွားရ၏။

တဖက်မှ ကောင်းကင်နှင့်မြေကြီးမီးဖိုက လှောင်ပြုံးဖြင့် ပြောလာသည်။

" မင်းက ငါ့ကိုယ်ရဲ့ အစိတ်အပိုင်းလေးတစ်ခုထက် မပိုဘူး ။ မင်း ကံကောင်းခြင်းနဲ့ကြုံပြီး အဆင့်တက်သွားတော့ရော ငါက ဂရုစိုက်မယ် ထင်နေလား ။ မင်း မွေးဖွားလာတဲ့နေ့ ကတည်းက မင်းဆီမှာ ငါထားထားတဲ့ အမှတ်အသား ရှိပြီးသားကွ ။ မင်းကိုငါ အတွေးလေးတစ်ခုနဲ့တောင် ချုပ်နှောင်လို့ရတယ် "

All Chapters