မသေမျိုးလက်နက်များ၏ တိုက်ပွဲ ( အပိုင်း ၂)
Vol. 48 Ch. 672
" မင်း.... "
အခြေအနေက ယခုလို ဖြစ်လာမည်ဟု လုယဲ့တစ်ယောက် လုဲးဝ ထင်မထားခဲ့ဖူးပါချေ ။
တဖက်မှ ကောင်းကင်နှင့်မြေကြီးမီးဖိုကမူ သူ့အပေါ်တွင် အာရုံဆက်မရှိတော့ဘဲ လောထျန်းဆီသို့သာ အာရုံပြန်ရောက်သွား၏။
" ကောင်လေး.. အခု ဟိုကောင့်ရဲ့ အကူအညီ မရှိတော့ဘူးဆိုတော့.. မင်း ဘာတတ်နိုင်သေးလဲ "
သူ့အသွင်မှာလည်း အောင်နိုင်သူကြီး တစ်ယောက်လိုပါပင် ..
သို့သော်.. ထိုစဥ်တွင် လောထျန်းက တုန်လှုပ်ခြင်း အလျဥ်းမရှိဘဲ ဟင်းလင်းပြင်လက်စွပ်ထဲမှ ပစ္စည်းတစ်ခုကို ထပ်ထုတ်လိုက်၏။
၎င်းမှာ သံချပ်ဝတ်တစ်ခုအသွင် ရှိသော်လည်း..
အလွန် ပုံပျက်ပန်းပျက် နိုင်လှပါသည်။
ထို့နောက်တွင်..
ဝှစ်..
လောထျန်းက ၎င်းသံချပ်ဝတ်အား ပစ်လိုက်၏။
ဝီ...
သံချပ်ဝတ်က လေထဲ တစ်ပတ်လည်လိုက်ပြီးနောက်.. အစိမ်းရောင်အလင်းတန်းတစ်ခု ထုတ်လွှတ်ကာ လောထျန်းအား ကာကွယ်ပေးလာသည်။
ဝုန်း...
ကောင်းကင်နှင့်မြေကြီးမီးဖို၏ တိုက်ခိုက်မှုလည်း ချက်ချင်း ပိတ်ဆို့ခံလိုက်ရ၏။
" ဒါ.... "
တဖက်မှ ကောင်းကင်နှင့်မြေကြီးမီးဖို တုန်လှုပ်သွားရတော့သည်။
ထို သံချပ်ဝတ်ကလည်း သန့်စင်ပြီးသား မူလမသေမျိုးလက်နက် တဲ့လား...
အကယ်၍ မူလမသေမျိုးလက်နက် တစ်ခုတည်းဆိုလျှင်ပင် သူ ၎င်းကို သေချာပေါက် ဖိနှိပ်နိုင်ပါသည်။
သို့သော်... ယခု ထိုလက်နက်မျိုး နှစ်ခုဖြစ်နေရာ သူ့အတွက် နိုင်ချေက လျော့သွားလေပြီ ။
သူ စိတ်မသက်မသာ ဖြစ်သွားရစဥ်မှာပင်.. တဖက်မှ လောထျန်းက နောက်ပစ္စည်းတစ်ခု ထပ်ထုတ်လာပြန်၏။
ဝီ ...
လောထျန်းက ထိုပစ္စည်းအား လေထဲ ထပ်ပစ်လိုက်ရာ အစိမ်းရောင် အလင်းတန်းတစ်ခု ထပ်ဖြာကျလာပြန်သည်။
" တတိယမြောက် မူလမသေမျိုးလက်နက်လား... "
ကောင်းကင်နှင့်မြေကြီးမီးဖို တုန်လှုပ်စွာ ရေရွတ်လိုက်၏။
ဝီ....
ထိုစဥ် နောက်အလင်းလုံးတစ်ခု ထွက်လာပြန်သည်။
လေးခုမြောက်.....
ဤမျှနှင့် မပြီးသေးပါချေ...
လောထျန်းက ပစ္စည်းများကို တစ်ခုပြီးတစ်ခု အေးဆေး ဆက်ထုတ်နေပါ၏။
ငါးခုမြောက်... ခြောက်ခုမြောက်... ခုနစ်ခုမြောက်...
နောက်ဆုံးတွင်ကား... လောထျန်းဘေး၌ သန့်စင်ပြီးသား အကာအကွယ် မူလမသေမျိုးလက်နက် ရှစ်ခုတိတိ လွင့်မျောနေတော့သည်။
ထိုလက်နက် တစ်ခုစီတိုင်းကလည်း အစိမ်းရောင်အလင်းတန်းကိုယ်စီ ထုတ်လွှတ်နေကာ တာအိုထွင်းစာများနှင့်အတူ လောထျန်းအား ကာကွယ်ပေးနေ၏။
တဖက်မှ ကောင်းကင်နှင့်မြေကြီးမီးဖို၏ တိုက်ခိုက်မှုမှာလည်း ဘာမှ အရာမထင်တော့ပါချေ ။
" မင်း... ဘယ်သူလဲ... "
ကောင်းကင်နှင့်မြေကြီးမီးဖို တုန်လှုပ်စွာ မေးလာသည်။
ထိုအချိန်တွင် သူ ဆွံ့လည်း ဆွံ့အနေရပါ၏။
အစောပိုင်း.. လောထျန်းက လေးခုမြောက် မူလမသေမျိုးလက်နက်ကို ထုတ်လိုက်စဥ်ကတည်းကပင် သူ့တိုက်ခိုက်မှုများက အကာအရံကို မထိုးဖောက်နိုင်တော့ကြောင်း သူ သိခဲ့ပြီး ဖြစ်ပါသည်။
သို့သော်... မျှော်လင့်မထားစွာပင် နောက်လက်နက်လေးခု ထပ်ပေါ်လာပါသေး၏။
သူ့ရှေ့မှ လောထျန်းမှာ လက်ရှိ.. ပြိုင်ဘက်ကင်း နတ်ဘုရားကြီးလိုပါပင် ။
" ဟမ့်.. ကောင်လေး ၊ မင်းက အံ့သြစရာတော့ ကောင်းသားပဲကွ ။ မင်း သေရမှာကြောက်ပြီး အကာအကွယ် မှော်လက်နက်တွေ အဲ့လောက်အများကြီး ယူလာမယ်လို့ ငါ ထင်မထားခဲ့ဘူး ။ ဒါပေမယ့်.. အဲ့တော့ရော ဘာအရေးလဲ ။ အဲ့အကာအကွယ်တွေကို အားကိုးပြီး ငါ့ကို အနိုင်ယူနိုင်မယ် မထင်လိုက်နဲ့နော် "
ကောင်းကင်နှင့်မြေကြီးမီးဖိုက ခေါင်းမာစွာပင် ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ လောထျန်း ခေါင်းညိတ်ပြီး သူ့ ဟင်းလင်းပြင်လက်စွပ်ဆီသို့ လက်ရွယ်လိုက်၏။
" မဖြစ်နိုင်တာ.... "
ကောင်းကင်နှင့်မြေကြီးမီးဖို၏ ခေါင်းထဲသို့ ကြောက်စရာ အတွေးတစ်ခု ဝင်လာသည်။
ထို့နောက်တွင်မူ...
ချွှင်..
လောထျန်းက တုတ်ချောင်းတစ်ချောင်းကို ထုတ်ကာ ပစ်လိုက်၏။
" ဟင်.. အဲ့ဒါ ဘာကြီးလဲ "
ကောင်းကင်နှင့်မြေကြီးမီးဖို မှင်သက်သွားရတော့သည်။
သို့သော်.. ထိုစဥ်တွင်..
ချွှင်..
တုတ်ချောင်းဆီမှ ဓားစွမ်းအင်တစ်ခု ထွက်လာ၏။
" အဲ့ဒါ... ဓားလား.. ။ သူက တမင်ကို ငါခေါင်းရှုပ်သွားအောင်လို့ အဲ့ပုံစံဖြစ်အောင် လုပ်ထားတာလား "
လုယဲ့ တအံ့တသြ ပြောလိုက်သည်။
" ဒါပေမယ့်... ဓားလေးတစ်လက်နဲ့ ငါ့ကို ဘာလုပ်နိုင်မှာမို့လဲ "
သူ ဆက်တွေးလိုက်၏။
သို့သော်...
ဝုန်း...
အသံကျယ် တစ်သံနှင့်အတူ ဓားစွမ်းအင်က မြူမှုန်များထဲမှ ကောင်းကင်နှင့်မြေကြီးမီးဖိုအား တိုက်ခိုက်လာတော့၏။
" ဘယ်လိုဖြစ်ပြီး... "
တဖက်လူမှာ ဓားအား မယုံနိုင်စွာကြည့်ရင်း တအံ့တသြ ရေရွတ်မိလိုက်သည်။
၎င်းဓားက ရုပ်ဆိုးလှသည့်တိုင်.. အစွမ်းထက်လှပါတကား...
ထိုစဥ် လောထျန်းမှာ သူ့ဟင်းလင်းပြင်လက်စွပ်ကို ဆက်ကိုင်ထားဆဲ...
ဝုန်း...
ဤတစ်ကြိမ်တွင် လောထျန်းက ဂေါ်ပြားတစ်ခုနှင့် တူသော အရာကို ထပ်ထုတ်လိုက်၏။
" အဲ့ဒါ ဘာကြီးလဲ "
ကောင်းကင်နှင့်မြေကြီးမီးဖို တုန်လှုပ်စွာ မေးလိုက်သည်။
ဝုန်း...
ထို့နောက်တွင်... ထိုအရာကြီးက ကြောက်မက်ဖွယ် ထွင်းစာများကို သယ်ဆောင်ကာ သူ့ထံ တိုးဝင်လာပါ၏။ ၎င်း၏ အသွင်မှာလည်း သူ့အား ဖိခြေပစ်မည့် ကမ္ဘာကြီးတစ်ခုကို သယ်ဆောင်လာသယောင်..
" ယား.... "
ကောင်းကင်နှင့်မြေကြီးမီးဖို ညာသံပေးအော်ကာ ထွင်းစာများကို သုံး၍ တဖက်မှ တိုက်ခိုက်မှုအား ပိတ်ဆို့ရန် ကြိုးစားလိုက်သည်။
သို့သော်..
ဝုန်း...
သူ့ ထွင်းစာ အက်ကွဲသွားပြီးနောက်.. တဖက်လူ၏ အစွမ်းဖြင့် ဖိခြေခြင်း ခံလိုက်ရတော့၏။
" အဲ့ဒါ တူလား... "
ထိုစဥ်မှသာ ၎င်းက ဘာဖြစ်နိုင်သည်ကို ကောင်းကင်နှင့်မြေကြီးမီးဖို ရိပ်မိသွားတော့သည်။
တဖက်မှ လောထျန်းက မူလမသေမျိုးလက်နက် နောက်တစ်ခု ထပ်ထုတ်လာပြန်၏။
ထိုအရာမှာ တုတ်ချောင်းတစ်ချောင်းနှင့် တူပါသည်။
သို့သော်...
ဝီ....
တာအိုအစွမ်းများက လေးကြိုးတစ်ခုအသွင် စုစည်းပြီး တုတ်ချောင်းပေါ် တွယ်လာ၏။
ဝုန်း...
ထို့နောက်တွင်မူ ... ကြောက်မက်ဖွယ် မမြင်နိုင်သော မျှားတစ်စင်းက ကောင်းကင်နှင့်မြေကြီးမီးဖိုဆီ ရောက်လာတော့သည်။
ခွပ် .
ကောင်းကင်နှင့်မြေကြီးမီးဖိုတွင် အက်ရာတစ်ခု ပေါ်လာ၏။
" ဒါ.... "
သူ အလွန်ထိတ်လန့်တုန်လှုပ်သွားတော့သည်။
တဖက်မှ တုတ်ချောင်းက လေးတစ်ခု တဲ့လား..
အစွမ်းမှာလည်း အလွန်ကြောက်စရာပင်..
သို့သော်.. ထို့ထက်ပို ကြောက်စရာကောင်းသည်မှာ လောထျန်းက သူ့ ဟင်းလင်းပြင်လက်စွပ်ဆီ လက်လှမ်းနေဆဲ အချက်ပါပင်...
သူ့ထံတွင် မူလမသေမျိုးလက်နက် ဘယ်နှခု ရှိနေပါသနည်း.. ။
အမှန်တွင်မူ.. ကောင်းကင်နှင့်မြေကြီးမီးဖိုသာမက အားလုံးလည်း အံ့သြမှင်သက်ကာ တုန်လှုပ်နေကြပါ၏။
အထူးသဖြင့် ကျင့်ဖုန်းပါပင်..
အစောပိုင်းတွင် လောထျန်း၏ မည်မျှအစွမ်းထက်သည်ကို သူ နားလည်ပြီဟု ထင်ခဲ့သော်လည်း...
ဤမျှ အစွမ်းထက်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ပါ ။
ထိုမှော်လက်နက်များမှာလည်း...
သူ မယုံနိုင်လွန်း၍ မျက်လုံးကိုပွတ်ပြီး ထပ်ကြည့်ကာ အသံတိုးတိုးဖြင့် မေးလိုက်သည်။
" ဆရာ... သခင်လေးလောထျန်း ထုတ်လိုက်တဲ့ မှော်လက်နက်တွေတိုင်းက ကောင်းကင်နှင့်မြေကြီးမီးဖိုထက် အစွမ်းသိပ်မနိမ့်သလို ကျုပ် ဘာလို့ ခံစားနေရ
တာလဲ မသိဘူး "
လင်းရွှမ်ယီ ခေါင်းညိတ်၏။
" ကျွန်မလဲ အဲ့လိုပဲ ထင်တယ် "
ကျင့်ဖုန်း အသက်ပြင်းပြင်း ရှိုက်လိုက်သည်။
" ဒါပေမယ့် ကောင်းကင်နှင့်မြေကြီးမီးဖိုက ကံကောင်းခြင်းစာရင်းမှာတောင် အဆင့်သုံး ရထားတာလေ ။ သခင်လေးလောထျန်းရဲ့ မူလမသေမျိုးလက်နက်တွေ အကြောင်းကို ကျုပ်ဘာလို့ အရင်ကမကြားဖူးတာလဲ မသိဘူး "
လင်းရွှမ်ယီ ခဏတာမျှ တွန့်ဆုတ်နေပြီးမှ... ကောင်းကင်နှင့်မြေကြီးမီးဖိုအား အဆက်မပြတ် တိုက်ခိုက်နေကြသည့် မူလမသေမျိုးလက်နက်များကို ကြည့်ကာ ပြောလိုက်သည်။
" အဲ့ လက်နက်တွေအားလုံးရဲ့ ပုံကို ကြည့်ရတာ.... အားလုံးကို သခင်လေးလောထျန်းကိုယ်တိုင် လုပ်ထားခဲ့တဲ့ပုံပဲ ။ မူလမသေမျိုးလက်နက်တွေကို အဲ့ပုံစံဖြစ်အောင် တခြားဘယ်သူမှ သန့်စင်နိုင်မှာ မဟုတ်ဘူးလေ ။ ကိုယ့်ဘက်က ဆန္ဒရှိရင်တောင် လုပ်လို့ရမယ် မထင်ဘူး "
ကျင့်ဖုန်းမှာလည်း ထိုအချက်ကို စိတ်ထဲ ခန့်မှန်းမိပြီးသားပင်..
သို့တိုင် လင်းရွှမ်ယီ၏ စကားက သူ့အတွေးကို ပိုသေချာသွားစေသဖြင့် သူ တုန်လှုပ်သွားရပါ၏။
လောထျန်းက မူလမသေမျိုးလက်နက်များစွာကို ပိုင်ဆိုင်ထားရုံမက..
ထိုလက်နက်များ အားလုံးကိုလည်း သူကိုယ်တိုင် လုပ်ထားသတဲ့လား...
ထိုသူက မည်သို့သော ဘီလူးကြီးပါနည်း ။
သမိုင်းတလျှောက်မှ လက်နက်သန့်စင်သူများ အားလုံးပေါင်းလျှင်ပင် လောထျန်းကို ယှဥ်နိုင်ကြမည် မထင်ပေ ။
ကျင့်ဖုန်းတစ်ယောက် ထိုသို့ အတွေးများနေစဥ်မှာပင်..
ဝုန်း...
အသံကျယ်တစ်သံ ထပ်ထွက်လာကာ.. လောထျန်းက ဆယ့်ခြောက်ခုမြောက် မူလမသေမျိုးလက်နက်အား ပစ်လိုက်ပါ၏။
ကောင်းကင်နှင့်မြေကြီးမီးဖိုမှာလည်း မသေမျိုးလက်နက် များစွာ၏ တိုက်ခိုက်မှုကို မခံနိုင်တော့ဘဲ..
ဝုန်း...
လေထဲမှ ကျကာ မြေပြင်သို့ ရောက်သွားတော့သည်။
" မင်း... မင်း.... "
၎င်းဆီမှ ဒေါသအပြည့်ပါသည့် အသံလှိုင်းတစ်ခု ထွက်လာ၏။
ထိုစဥ် လောထျန်းက တဖက်လူကို ကြည့်ကာ တအံ့ပြောလာသည်။
" မင်းက မရတော့ဘူးလား.. ။ ငါ့မှာတော့ ငါ့ရဲ့ မူလမသေမျိုးလက်နက်တွေ အားလုံးကိုတောင် မ
စမ်းသပ်ရသေးဘူး ။ မင်းက ဒီတိုင်းကြီး လဲကျသွားတယ်ပေါ့ "
" လက်နက်တွေ ထပ်ရှိသေးတာလား.... "
အားလုံး ဆွံ့အကုန်တော့သည်။
လောထျန်းထံတွင် မူလမသေမျိုးလက်နက်များ မည်မျှ ရှိထားပါသနည်း ။
" ဟမ့်.. မင်းက အစွမ်းထက်တော့ရော ဘာအရေးလဲကွ ။ မင်းကို လုံးဝ လက်နက်မချနိုင်ဘူး "
ကောင်းကင်နှင့်မြေကြီးမီးဖိုက လောထျန်းအား ဒေါသတကြီး အော်ပြောလာ၏။
လောထျန်း မျက်မှောင်အနည်းငယ် ကြုံ့သွားကာ တဖက်လူအား စိတ်ဝိဥာဥ်အစွမ်းဖြင့် စစ်ဆေးကြည့်လိုက်သည်။
" ဒီကောင့်ရဲ့ စိတ်စွမ်းအင်အသိဉာဏ်က လုံးဝ တိုက်စားခံရပြီးတော့ တဖက်လူရဲ့ အစေခံဘဝ ရောက်နေပြီ... "
လောထျန်း ပြော၏။
ထို့နောက်တွင်.. သူ လက်ယမ်း၍ ကောင်းကင်နှင့်မြေကြီးမီးဖိုအဖုံးအား ကောက်ယူလိုက်သည်။
" သခင်ကြီး... "
မီးဖိုအဖုံးက လောထျန်းအား ကြောက်လန့်တကြား ကြည့်နေရှာ၏။
" ငါ သူ့ရဲ့ စိတ်စွမ်းအင်အသိဉာဏ်ကို လုံးဝ ဖျက်ဆီးပစ်ပြီးတော့မှ မင်းကို ထိန်းချုပ်ခိုင်းလိုက်မယ် ။ ပြီးရင် ကိုယ်နဲ့အဖုံး ပေါင်းပြီး ပြီးပြည့်စုံတဲ့ ကောင်းကင်နှင့်မြေကြီးမီးဖို ဖြစ်သွားနိုင်လိမ့်မယ် "
လောထျန်း ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
စာစဉ်ပြီး၏