← Chapters

အပိုင်း ၁၁၃

Vol. 8 Ch. 113

အပိုင်း ၁၁၃

Vol. 8 Ch. 113

အရင်ဆုံး ရေကိုဆူအောင်တည်ပြီးနောက် ရေတစ်ကီလိုဂရမ်လျှင် ဆား ၅၀ ဂရမ်မှ ၆၀ ဂရမ် အချိုးအတိုင်းထည့်ကာ ဆားများ လုံးလုံးပျော်သွားသည်အထိ စောင့်ရမည်။ နောက်တော့ ငရုတ်ကောင်းနဲ့ငရုတ်သီး အနည်းငယ် ထည့်ကာ အရည်ကို ဆားရည်စိမ်အိုးထဲထည့်ရမည်။ အိုးရဲ့ ငါးပုံသုံးပုံလောက်အထိ မြုပ်အောင်ထည့်တာက အကောင်းဆုံးဖြစ်သည်။

ဆားရည်စိမ်ရဲ့ အခြေခံပစ္စည်း အဆင်သင့်ဖြစ်တော့၊ မော့ချူး ခလုတ်ခုံထဲကနေ မုန်လာဥနဲ့ ဂေါ်ဖီထုပ်တချို့ကို ယူကာ အတုံးသေးသေးလေးတွေ လှီးပြီး စိမ်ထားလိုက်သည်။

မော့ချူးဘက်မှာ ရုန်းရင်းဆန်ခတ်ဖြစ်နေတာကို အမြင်စူးရှတဲ့ ဝိုင်းဝိုင်းတစ်ယောက် ကြားတော့ သူ့အစာတွေနဲ့အတူ ဝင်လာကာ ဘာဖြစ်နေလဲဆိုတာသိရဖို့ လည်ပင်းဆန့်ကြည့်လိုက်သည်။ ကံမကောင်းစွာနဲ့ မော့ချူးက အိုးအဖုံးကို ဖုံးထားလိုက်ပြီးဖြစ်တာကြောင့် ဝိုင်းဝိုင်းမှာ ကူကယ်ရာမဲ့စွာနဲ့ နှုတ်ခမ်းပဲ စူနိုင်တော့သည်။

"လုံလောက်ပြီ၊ အစားအစားပုတ်လေး!" မော့ချူးက ဝိုင်းဝိုင်းရဲ့ စိုစွတ်နေတဲ့နှာခေါင်းကို ရွှင်မြူးစွာနဲ့ပုတ်လိုက်သည်။

ဒီအလုပ်တွေပြီးသွားတော့ နေ့လည်တစ်နာရီလောက်ရှိနေပြီဖြစ်သည်။ မော့ယန်နဲ့ ချင်ယွဲ့တို့ အတူတူရှိနေတာကြောင့် သူတို့တွေ အာဟာရဆေးတောင့်တချို့စားပြီး ဖြေရှင်းလိုက်ကြလိမ့်မည်။ ခဏနေကျရင် မော့ချူးဓာတ်ခွဲခန်းကို သွားရဦးမှာကြောင့် သူမ ချက်ပြုတ်တာကို ရပ်လိုက်သင့်သည်။ သူမ စားပွဲမှာထိုင်လိုက်ပြီး ဝိုင်းဝိုင်းရဲ့လက်တွေကြားက အစားအသောက်တွေကို ယူကာစားလိုက်သည်။

"အာဝူးး-" အဲ့ဒါ ငါ့ဟာတွေ!

ဝိုင်းဝိုင်း အံသြသွားသည်။ မော့ချူးတစ်ယောက် ဒီလောက်ထိ အရှက်မရှိဖြစ်လိမ့်မယ်လို့ သူဘယ်တုန်းကမှ မထင်မိခဲ့‌ပေ။ ဒါတွေက သူ့ဟာဖြစ်သင့်ပေမယ့် သူမကတော့ လုစားချင်နေသေးသည်။ သို့ပေမယ့် သူ သူမကိုအမှားမလုပ်ရဲတဲ့အတွက် သူ့ဘာသာသူပဲ စိတ်ကောက်နိုင်တော့သည်။

“ကောင်းပြီ" ပန်ကိတ် ၂ခု ၃ ခုစားပြီးတဲ့နောက် မော့ချူးဆက်မစားတော့ဘဲ ရပ်လိုက်သည်။ သူမက ဝိုင်းဝိုင်းရဲ့ မျက်နှာပေါ်က အသားတစ်တွေကို အသာလေးဆွဲလိုက်ကာ "ဒီည ပြန်လာရင် နင့်အတွက်ပြန်လုပ်ပေးမယ် ဟုတ်ပြီလား?"

ဒါကိုကြားတော့ ဝိုင်းဝိုင်းတစ်ယောက် ပြုံးသွားသည်။ သူက ရက်ရောဟန်ဆောင်ကာ မော့ချူးကို နောက်ထပ်အစားအသောက် နှစ်ပန်းကန်တောင်ပေးလိုက်သေးသည်။

"မလိုဘူး” မော့ချူးက ခေါင်းခါပြီး ဝိုင်းဝိုင်း ခေါင်းပေါ်က အမွှေးလေးတွေကို ထိလိုက်သည်။ သူမက တချို့ပစ္စည်းတွေရဲ့ကုန်ကျစရိတ်ကို အကြမ်းဖျင်းခန့်မှန်းလိုက်သည်။ "နင့်ဘာသာစားထား၊ ငါအရင်သွားလိုက်ဦးမယ်။ နင်တို့နှစ်ယောက် အိမ်မှာ လိမ်လိမ်မာမာနေ"

ဝိုင်းဝိုင်းက ရှားရှားပါးပါး နာခံစွာနဲ့ ခေါင်းညိတ်ပြလိုက်သည်။ သို့ပေမယ့် မော့ချူးအရှေ့က ပန်းကန်နှစ်လုံးကို အမြန်ပြန်ယူလိုက်သည်။ ဒီကပ်စေးနည်းတဲ့ပုံစံက သူမကို ရယ်မိစေသည်။

သူမ နေတဲ့နေရာနဲ့ ဓာတ်ခွဲခန်းက သိပ်မဝေးပေ။ ထောင့်ချိုးနှစ်ခုကိုချိုးကာ နည်းနည်းလောက် လျှောက်ရုံပင်။

"မော့ချူး၊ ခဏနေဦး" ရုတ်တရက် သူမအနောက်ကနေ ရင်းနှီးတဲ့ ယောက်ျားလေးတစ်ယောက် အသံထွက်လာသည်။

.....

"နည်းပြ?!" မော့ချူး လှည့်ကြည့်လိုက်တော့ အံ့သြသွားသည် ။ ဒီတော့မှ နျဉ်ယွိယွမ်ရဲ့ခန္ဓာကိုယ်က သူမအနောက်မှာ နီးနီးကပ်ကပ် ရှိနေကြောင်းသိလိုက်ရသည်။ ဒီလူက ဘယ်တုန်းက သူမအနောက်ကနေလိုက်လာပြီး ဘာလို့ဒီလောက်အရမ်းကပ်နေရတာလဲ?

မော့ချူး အနည်းငယ် ထိတ်လန့်သွားသည်။ သူမ ဂရုတစိုက်နဲ့ ခြေလှမ်းနည်းနည်းလောက်လှမ်းကာ သူမတို့ကြားက အကွာအဝေးကို ဖြည်းဖြည်းချင်းတိုးလိုက်သည်။

အခုတော့ သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် အရမ်းရင်းနီးကပ်‌သွားကြသည်။ နျဉ်ယွိယွမ်ရဲ့ကိုယ်ပေါ်က ချွေးနံ့ကိုတောင် သူမ ရလုနီးနီးပင်။ အဲ့ဒါက မနှစ်မြို့စရာမကောင်းပေမယ့် သူမ ကျင့်သားမရနေပါချေ။ ခြေလှမ်းတစ်ဝက်လောက် နောက်ဆုတ်ပြီးတဲ့နောက် နောက်ဆုံးတော့ မော့ချူးသက်သာရာရသွားသလို သက်ပြင်းချလိုက်သည်။

မော့ချူး မသိလိုက်ပေမယ့် နျဉ်ယွိယွမ်ကတော့ သူမရဲ့အပြုအမူသေးသေးလေးကိုတောင် ရှင်းရှင်းလင်းလင်း မြင်နေရသည်။ သူ့မျက်လုံးတွေ မနေနိုင်ဘဲ မည်းမှောင်သွားသည်။ သူက ရှေ့နှစ်လှမ်းတိုးလိုက်ကာ သူနဲ့မော့ချူးကြားက အကွာအဝေးကို ချက်ချင်းတိုးလိုက်သည်။ “တစ်ရက်လောက် အနားယူရဖို့ဆိုတာ မလွယ်ဘူး။ ဘယ်ကိုသွားဖို့ စီစဉ်နေတာလဲ?"

မော့ချူးရဲ့ပုံစံက နည်းနည်းသေးသွယ်သည်။ နျဉ်ယွိယွမ် ခေါင်းငုံ့လိုက်တဲ့အခါ သူမကို သူ့ရင်ခွင်ထဲဆွဲသွင်းလိုက်သလိုပင်။ သူ့ရဲ့ အသက်ပြင်းပြင်းရှူသံက သူမနားရွက်ကို ရိုက်ခတ်သွားသည်။

"ကျွန်မ ဆရာရဲ့ ဓာတ်ခွဲခန်းကို သွားမလို့" ၂၁ ရာစုမှာဖြစ်ဖြစ်၊ ဒီနေရာမှာဖြစ်ဖြစ်၊ မော့ချူးအနေနဲ့ ဆန့်ကျင်ဘက်လိင်တစ်ယောက်နဲ့ ဒီလိုမျိုး နီးနီးကပ်ကပ်ထိတွေ့ဆက်ဆံတာမျိုး မရှိဖူးပေ။ မတတ်နိုင်ဘဲ သူမ ရှက်သွေးဖြာသွားမိသည်။

နျဉ်ယွိယွမ်နဲ့ မျက်လုံးချင်း ဆုံဖို့တောင်မပြောနဲ့ သူမ အခုချိန်မှာသူ့မျက်နှာအောက်ပိုင်းကိုပဲ ကြည့်ရဲသည်။ သူမ သာမာန်ကာလျှံကာ တစ်ချက်ကြည့်လိုက်တော့ နျဉ်ယွိယွမ်ရဲ့မျက်နှာက တကယ် လက်ရာမြောက်ကြောင်းမော့ချူး ရုတ်တရက် သဘောပေါက်လိုက်သည်။

သူ့ရဲ့ ရှင်းလင်းပြတ်သားတဲ့မျက်နှာ၊ အထူးသဖြင့် နှုတ်ခမ်းအစိတ်အပိုင်းတွေရဲ့ ဖွဲ့စည်းတည်ဆောက်ပုံတွေက နက်နဲလှသည်။ နှုတ်ခမ်းတွေက ခပ်ပါးပါးနဲ့ ‌ညွှတ်ပြောင်းနေကာ နည်းနည်း ဆွဲဆောင်မှုရှိသည့်တောက်ပြောင်စိုစွတ်မှုကိုလည်း သယ်ဆောင်ထားသည်။ သူက ၂၁ ရာစုရဲ့ နာမည်ကြီး 'ကောင်ချောလေးတွေ'နဲ့ မတူပေ။ နျဉ်ယွိယွမ်က ပိုပြီးယောကျာ်းပီသကာ ကြီးစိုးခြယ်လှယ်တတ်တဲ့လေထုကို ပိုင်ဆိုင်ထားသည်။

All Chapters