← Chapters

အပိုင်း ၁၁၄

Vol. 8 Ch. 114

အပိုင်း ၁၁၄

Vol. 8 Ch. 114

"စကားမစပ် မနေ့ပြန်လာတုန်းက အအေးမိသွားသေးလား?" ချောင်းဟုန်မိန် အပေါ်ထားတဲ့ အေးစက်စက် သဘောထားနဲ့ ဆန့်ကျင်ဘက်ဖြစ်စွာ နျဉ်ယွိယွမ်ရဲ့ မျက်လုံးတွေက မော့ချူးကို ကြည့်နေချိန် စိုးရိမ်မှုတွေဖြင့် ပြည့်နေသည်။ သူ လက်ဆန့်ပြီး မော့ချူး နဖူးပေါ် ကပ်ဖို့လုပ်လိုက်သည်။ သူမရဲ့ အပူချိန်က ပုံမှန်ဟုတ်မဟုတ် သူသိချင်တာဖြစ်သည်။

“ဟင့်အင်း!” နျဉ်ယွိယွမ် လက်မြှောက်လိုက်တာနဲ့ မော့ချူးက ထိတ်လန့်တကြားဖြစ်သွားတဲ့ ယုန်တစ်ကောင်လိုမျိုး ခြေလှမ်းနည်းနည်း နောက်ဆုတ်လိုက်သည်။ ဒီလို ချစ်စရာကောင်းတဲ့ပုံစံကိုမြင်တော့ နျဉ်ယွိယွမ်မှာ ရယ်ရမလား ငိုရမလားမသိတော့ပေ။ ဒီကောင်မလေးက ဒီလိုလုပ်နေတော့၊ တခြားသူတွေသာမြင်ရင် သူ သူမကိုတစ်ခုခုလုပ်နေတယ်လို့ ထင်သွားကြမှာပဲ။

"ကိုယ်က ဒီတိုင်းသိချင်လို့ပါ" နျဉ်ယွိယွမ်နဲ့ နှုတ်ခမ်းထောင့်တွေ တွန့်ကွေးသွားကာ သူ့မျက်နှာက အများကြီးနူးညံ့သွားတဲ့ပုံပင်။

"ကျေးဇူးပါ" မော့ချူးက ခေါင်းငုံ့လိုက်ပြီး နျဉ်ယွိယွမ်ရဲ့ အရေးတယူရှိနေမှုကို သိပ်အသားမကျသေးပေ။ "ဒါပေမယ့် မလိုပါဘူး။ ကျွန်မ လုပ်စရာရှိသေးလို့ အရင်သွားလိုက်ဦးမယ်"

မော့ချူး စကားမဆုံးခင် နျဉ်ယွိယွမ်က ရုတ်တရက် သူမဆီကို ခြေလှမ်းကျဲကျဲနဲ့ လျှောက်လာသည်။ သူကခြေလှမ်းနည်းနည်းလှမ်းလိုက်ပြီး သူမကိုအလျှော့မပေးဘဲ ထောင့်တစ်နေရာကို တွန်းပို့လိုက်သည်။

မလိုဘူး? ဒီကောင်မလေးက ဒီစကားလုံးနှစ်လုံးနဲ့တင် သူ့ကို ငြင်းလိုက်တာလား?

သူ့ရင်ခွင်ထဲက ကောင်မလေးကို ကြည့်ရင်း နျဉ်ယွိယွမ် အသက်ပြင်းပြင်းရှုလိုက်ကာ ဒီအခွင့်အရေးယူပြီး ပြောလာသည်။ "မော့ချူး၊ မင်း ကိုယ်ဘာတွေတွေးနေလဲဆိုတာ သိတယ်မဟုတ်လား?"

မော့ချူးက မဖြေပေ။ သူမရဲ့ခေါင်းက လည်ပင်းထဲနစ်ဝင်လုနီးပါး ဖြစ်နေသည်။ သို့ပေမယ့်လည်း သူမမျက်နှာပေါ်က တင်းမာမှုတွေကိုတော့ ဖုံးကွယ်ထားလို့မရပါချေ။ နျဉ်ယွိယွမ် သူ့လက်‌တွေကို လှုပ်ချင်စိတ်ပြင်းပြနေသည်။ သူ့လက်ချောင်းထိပ်တွေကို နည်းနည်းလှုပ်ရှားလိုက်တာနဲ့ သူ့လက်ဖဝါးကြီးက သူမ မျက်နှာကို ကြင်ကြင်နာနာ ပွတ်သပ်လိုက်သည်။ အထိအတွေ့က သူ စိတ်ကူးထားတဲ့အတိုင်း လှပလှသည်။ နူးညံ့ချောမွေ့နေသည်။ ကြမ်းတမ်းတဲ့ သူ့လက်ချောင်းထိပ်တွေက သူမ မျက်နှာကို ထိခိုက်မိသွားစေမှာ ရုတ်တရက်စိုးရိမ်သွားမိသည်။

“ကောင်းပြီ နည်းပြ” မော့ချူးက နောက်ဆုံးတော့ သူမပါးစပ်ကို ဖွင့်လိုက်ကာ လွတ်မြောက်ဖို့အတွက် အဆင့်မြင့်ချန်ပိုင်ရဲ့ နာမည်ကိုတကယ် သုံးလိုက်သည်။ “ကျွန်မဓာတ်ခွဲခန်းကို အမြန်သွားရတော့မယ်။ ဆရာ ကျွန်မကို စောင့်နေတယ်!"

ဒီကောင်မလေးရဲ့ ကိုးရိုးကားယားနိုင်တဲ့ တုံ့ပြန်မှုကို ကြည့်ရင်း နျဉ်ယွိယွမ် မနေနိုင်ဘဲ အူမြူးသွားရသည်။ ဒီဟာက မော့ချူး အရင်က အချစ်အကြောင်း မသိခဲ့ဘူးလို့ ဆိုလိုတာပင်။ ဒါကိုစဉ်းစားမိတော့ နျဉ်ယွိယွမ်က ပိုနီးကပ်အောင် ခြေလှမ်းတစ်လှမ်း လှမ်းလာသည်။ “ချူးလေး၊ ကိုယ် မင်းကိုသဘောကျတယ်!"

"ကိုယ် မင်းကိုသဘောကျတယ်!" သူ ဒီလိုနူးနူးညံ့ညံ့ စကားမျိုး ပြောဖူးတာ ဒါပထမဆုံးအကြိမ်ပင်။ နျဉ်ယွိယွမ်ရဲ့ မျက်နှာမှာ ရှက်ရွံ့မှု နည်းနည်းလေးတောင် မရှိပေ။ ဆန့်ကျင်ဘက်အနေနဲ့ သူ့ရဲ့အမူအရာက အရမ်းကိုလေးနက်နေသည်။ သူ့ပုံက မင်္ဂလာပွဲမှာ ကျမ်းသစ္စာကျိန်ဆိုနေသလိုမျိုး လေးနက်တည်ကြည်နေသည်။

“ရှင်…” ဒီစကားကိုကြားတော့ မော့ချူးမှာ လုံးဝ ထိတ်လန့်သွားသည်။ နျဉ်ယွိယွမ်ရဲ့ ရုတ်တရက် ဖွင့်ပြောမှုကြောင့် သူမ လုံးဝ အံ့အားသင့်သွားသည်။

“မကြောက်ပါနဲ့” မော့ချူးရဲ့ မျက်နှာပေါ်က ဗလာကျင်းနေတဲ့ အကြည့်ကို မြင်လိုက်ရတော့ နျဉ်ယွိယွမ်က သူမမျက်နှာကို သူလက်ခုပ်ထဲ ညင်ညင်သာသာ ထည့်ကာ မျက်လုံးချင်းဆုံစေလိုက်သည်။ "မင်း ကိုယ့်ကိုပြန်သဘောကျရမယ်"

.....

မော့ချူး နည်းနည်း မျက်တောင်ပေကလပ်ပေကလပ်ဖြစ်သွားသည်။ သူမရဲ့ ရင်ထဲက တုန်လှုပ်ချောက်ချားမှုတွေဟာလည်း အနည်းငယ် လျော့ပါးသွားကာ နည်းနည်း ရယ်စရာကောင်းတာကို တွေ့လိုက်ရသည်။ ဒီလူရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေက ဘယ်ကလာတာလဲဟ?

“ဟားဟား” မော့ချူးရဲ့ အတွေးတွေကို မြင်လိုက်ရသလိုမျိုး နျဉ်ယွိယွမ်က နှစ်ကြိမ်လောက် ရယ်လိုက်သည်။ သူ့လက်ချောင်းတွေက သူမပါးပြင်ကို ညင်သာစွာ ပွတ်သပ်နေသည်။ "ကိုယ်လိုချင်တာကို ကိုယ် အမြဲတမ်းရတယ်။ မင်းလည်း ဘယ်တော့မှမလွတ်နိုင်ဘူး"

ပြတ်သားတဲ့သူတစ်ယောက်အနေနဲ့ နျဉ်ယွိယွမ်က အခြားသူတွေထက် သတ္တိရှိသည်။ ဒါကို လူအနည်းငယ်ကသာ သတိပြုမိကြသည်။

တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင်နေရင်း မော့ချူးတစ်ယောက် နျဉ်ယွိယွမ်ရဲ့တောက်လောင်နေတဲ့ အကြည့်နဲ့မဆုံရဲဘဲ အကြည့်အောက်ပို့လိုက်သည်။ ဒါကြောင့် သူမရဲ့ ရှည်လျားတဲ့ အနက်ရောင် မျက်တောင်တွေက သူမမျက်လုံးအောက်နားကို အရိပ်ကျသွားစေသည်။ နျဉ်ယွိယွမ် ပုံမှန်ဆိုရင် ဒါကိုသတိမထားမိပေမယ့် အခုအချိန်မှာတော့ သူ သတိထားမိသွားသည်။

ရိုးရိုးသားသားပြောရရင် နျဉ်ယွိယွမ် တွေ့ဖူးတဲ့ မိန်းကလေးတွေအားလုံးထဲမှာ မော့ချူးကို အလှဆုံးလို့ မယူဆနိုင်ပါချေ။ သို့ပေမယ့် သူမရဲ့ထူးခြားပြီး အေးချမ်းတဲ့စိတ်က သူ့ကို နက်နက်ရှိုင်းရှိုင်း ဆွဲဆောင်သွားသည်။ ပိုပြီးနီးစပ်လာလေ၊ ဒီကောင်မလေးရဲ့ ထူးခြားတဲ့ စရိုက်လက္ခဏာတွေကိုပိုပြီး ဖော်ထုတ်လာနိုင်လေပင်။ အဲ့ဒါက သူ့ကိုငွေမျှင်ကြိုးတွေလိုမျိုး သူ့ကိုတင်းတင်းကျပ်ကျပ် ရစ်ပတ်လာနေသည်။ သူ မလွတ်မြောက်နိုင်သလို လွတ်မြောက်ဖို့လည်း ဆန္ဒမရှိပေ။

အနှစ် ၄၀ ကျော် အသက်ရှင်လာခဲ့ပြီးတဲ့နောက် ဒါက နျဉ်ယွိယွမ်ဆီ ယောက်ျားဆန်တဲ့တွန်းအားတွေ ပထမဆုံးအကြိမ်‌ ပေါ်ပေါက်လာတာဖြစ်သည်။ လူတစ်ယောက်ကို သူကိုယ်တိုင် လိုချင်တဲ့တွန်းအား၊ အခြားသူတွေ သူမနဲ့နီးကပ်လာတဲ့အခါ တားဆီးလိုတဲ့တွန်းအားပင်။ ရုတ်တရက် ဒီတွန်းအားက ပြင်းထန်လွန်းတော့ သူတောင် ထိတ်လန့်မိသည်။

All Chapters