← Chapters

အပိုင်း ၁၁၅

Vol. 8 Ch. 115

အပိုင်း ၁၁၅

Vol. 8 Ch. 115

သို့ပေမယ့် သူ့ရင်ခွင်ထဲက;နုနယ်တဲ့ ကောင်မလေးကို ကြည့်ရင်း နျဉ်ယွိယွမ် သူ့ကိုယ်သူ ထိန်းလိုက်ရသည်။ သူ သူမ နား နည်းနည်း ကပ်သွားလိုက်သည်။ နည်းနည်းလေးမှ နည်းနည်းလေးပင်။

"ရှင် ဘာလိုချင်လို့လဲ?" နျဉ်ယွိယွမ် ကပ်လာကို အာရုံခံမိကာ မော့ချူး ချက်ချင်း နောက်ဆုတ်လိုက်သည်။ သို့ပေမယ့် သူမက နံရံမှာကပ်နေတာဖြစ်သည်။ သူမ ဘယ်နားကို ဆုတ်လို့ရ‌ဦးတော့မှာလဲ?

သူမ စကားမဆုံးခင် အရမ်းလှပတယ်လို့ သူမ ထင်ခဲ့တဲ့ နှုတ်ခမ်းတွေက သူ့မျက်လုံးတွေကို ညင်သာစွာနမ်းရှိုက်လာသည်။ စိုစွတ်ပြီး နွေးထွေးတဲ့ ခံစားချက်က သူမရဲ့မျက်လုံးတွေကနေ နှလုံးသားအောက်ခြေအထိ လိုက်ပါလာသည်။ မော့ချူးမှာ သူမရဲ့ နှလုံးခုန်သံက " ဒိန်း ဒိန်း" ဆိုပြီး ပြင်းပြင်းထန်ထန် ခုန်ပေါက်နေတာကို ကြားလိုက်ရသည်။

ဒီအနမ်းမှာ တပ်မက်မှုတွေ နည်းနည်းလေးမှ မပါဝင်ပါချေ။ ဆန့်ကျင်ဘက်အနေနဲ့ နည်းနည်း ပိုပြီးစင်ကြယ်နေသည်။ နျဉ်ယွိယွမ်က သူ့ရဲ့ခံစားချက်အစစ်အမှန်အားလုံးကို အဲဒီထဲမှာ ထည့်သွင်းထားသလိုပင်။

တစ်ခဏလောက် ဒါမှမဟုတ် တစ်ရက်လောက်ကုန်လွန်သွားသလိုမျိုး မသိနိုင်တော့တဲ့ အချိန်အတွင်းမှာ နောက်ဆုံးတော့ နျဉ်ယွိယွမ် သူ့နှုတ်ခမ်းတွေကို ခွာလိုက်သည်။ အဲ့ဒီနွေးထွေးတဲ့ ခံစားချက်က သူနမ်းခဲ့တဲ့နေရာမှာ ကျန်ရစ်နေခဲ့သည်။ မော့ချူး ရင်ထဲက ခံစားချက်ကို ဖော်မပြနိုင်လောက်အောင် မောဟိုက်လာသည်။

သို့ပေမယ့် ဒီစိတ်အနှောက်အယှက်ဖြစ်စရာကောင်းတဲ့လူက သူမကိုလွှတ်ပေးဖို့ ဆန္ဒမရှိနေပေ။ သူ့ရဲ့သွယ်လျတဲ့လက်ချောင်းတွေကို သူမ နှုတ်ခမ်းတွေကို ပွတ်တိုက်သွားပြီး "တကယ်တော့ ခုနက ဒီနေရာကို နမ်းချင်ခဲ့တာ၊ ဒါပေမယ့်..."

ဒီနောင်တရနေတဲ့လေသံက ဘာလဲဟ?

မော့ချူးက နှုတ်ခမ်းအသာကိုက်ကာ နျဉ်ယွိယွမ်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ ခုနတုန်းက သူမရဲ့အာရုံခံစားမှုတွေ တစ်ခုခုမှားနေတာဖြစ်မယ်။ မဟုတ်ရင် ခုနက နျဉ်ယွိယွမ်ရဲ့ အနမ်းက သနားညှာတာမှုတွေ ပြည့်နေတယ်လို့ သူမ ဘာလို့ခံစားခဲ့ရမှာတဲ့လဲ?

သနားညှာတာတယ်? နောက်နေတာ တော်လိုက်ပါတော့!

အဲဒါက တပ်မက်မှုတွေနဲ့ ပြည့်နေတယ်ဆိုတာ ထင်ရှားနေတာကို!

"အယ်? မင်းတို့နှစ်ယောက် ဘာလုပ်နေတာလဲ?" ရုတ်တရက် ယောက်ျားလေးအသံ တစ်သံက သူတို့နှစ်ယောက်ကြားရှိ နီးကပ်နေမှုကို ချိုးဖျက်ပစ်လိုက်သည်။

နျဉ်ယွိယွမ်ရဲ့ မျက်လုံးတွေ အေးစက်သွားသည်။ လှည့်ကြည့်လိုက်တော့ မယုံနိုင်စရာကောင်းလောက်အောင် လှပတဲ့ အမျိုးသားတစ်ယောက်က သူတို့ဘေးမှာ ရပ်နေတာကို တွေ့လိုက်ရသည်။ နေရဲ့အလင်းရောင်က သူ့ခန္ဓာကိုယ်ပေါ် ဖြာကျနေပြီး သူ့ပတ်ဝန်းကျင်ကို ရောင်ခြည်စက်ဝန်းတွေနဲ့ ဖုံးလွှမ်းနေပုံပေါ်သွားစေသည်။ သူ့ပုံက နတ်ဘုရားတစ်ပါးလိုပင်။

"ချင်ရှန့် မင်းဘာလို့ ဒီကိုရောက်နေတာလဲ?"

ဒါကိုကြားတော့ ချင်ရှန့်ခပ်ဖျော့ဖျော့ ပြုံးလိုက်တဲ့အခါ နွေဦးပန်းတွေ ပွင့်လာသလို ခံစားလိုက်ရသည်။ "အကူအညီများလိုသေးလား?" ဒီစကားတွေက မော့ချူးကို ရည်ရွယ်တာပင်။

အာရုံပျံ့လွင့်နေတာကို အခွင့်ကောင်းယူပြီး မော့ချူးက နျဉ်ယွိယွမ်ကို ခွန်အားရှိသလောက် တွန်းထုတ်လိုက်သည်။ သူမရဲ့ မျက်နှာလေးက နီရဲနေပြီး ချင်ရှန့်ကိုမော့မကြည့်ရဲပေ။ သူမ ပြောလိုက်သည်။ "ဟင့်အင်း၊ ကျေးဇူးတင်ပါတယ်"

နောက်တော့ သူမ ချက်ချင်း ထွက်ပြေးသွားသည်။

“တော်တော်ကြာသွားပြီပဲ” ချင်ရှန့်က နှုတ်ခမ်းကို နည်းနည်း တွန့်ကွေးလိုက်သည်။ သူ့မျက်လုံးများသည် ကြယ်ထောင်ပေါင်းများစွာနဲ့ ပြည့်နေသလိုပင်။ "ဒီကောင်မလေးက အရင်အတိုင်း စိတ်ဝင်စားဖို့ကောင်းတယ်!"

“ချင်ရှန့်–” စကားလုံးနှစ်လုံးသာဖြစ်ပေမယ့် နျဉ်ယွိယွမ်ရဲ့လေသံမှာ သတိပေးတဲ့ အရိပ်အယောင်တွေအပြည့်ပင်။

“အများကြီး မတွေးပါနဲ့။ မင်း ကောင်မလေးတွေကို အနိုင်ကျင့်တဲ့အချိန် ငါသဘောမကျရုံပါ" ချင်ရှန့်က ရယ်မောလိုက်သည်။ သူက တုံ့ဆိုင်းမနေဘဲ ချက်ချင်းတုံ့ပြန်လိုက်သည်။

"ဒါပေါ့" နျဉ်ယွိယွမ်ရဲ့ အမူအရာက မပြောင်းလဲပေ။ သူလှည့်ထွက်သွားပြီး ဌာနမှူးရုံးခန်းဆီ လျှောက်သွားလိုက်သည်။

"အိုး?" ချင်ရှန့် မျက်ခုံးပင့်လိုက်သည်။ နျဉ်ယွိယွမ်ရဲ့ လမ်းကြောင်းကို သူမြင်တော့ မရယ်ဘဲ မနေနိုင်တော့ပေ။ “ဘယ်လို‌တောင် တိုက်ဆိုင်လိုက်လဲ။ ငါတို့ သွားမယ့်နေရာက အတူတူပဲ ထင်တယ်!”

ဌာနမှူးရုံးခန်းထဲတွင်

"လာပါ ကျေးဇူးပြုပြီး ထိုင်ကြပါ" သူ့ရှေ့က လူနှစ်ယောက်ကို ကြည့်လိုက်ရင်း စစ်ထူရှို့တစ်ယောက် မတတ်သာဘဲ သူ့နဖူးပေါ်က ချွေးတွေကို သုတ်လိုက်သည်။ ဒီဆရာကြီးနှစ်ယောက် ဒီနေ့ ဘာလို့ဒီမှာလာစုနေကြတာလဲ?

နျဉ်ယွိယွမ်က ရောက်တာနဲ့ ထောင့်တစ်နေရာမှာ ထိုင်လိုက်သည်။ အဲ့ဒါကတော့ သူနောက်ဆုံးမှပြောမယ်ဆိုတာ သိသာလှသည်။ စစ်ထူရှို့လည်း ရွေးချယ်စရာမရှိတော့ဘဲ ပြုံးနေတဲ့ကျားကို ကိုင်တွယ်ဖို့ သူ့စွမ်းအင်တွေကိုစုကာ ချင်ရှန့်ဘက်လှည့်ကြည့်လိုက်သည်။ "ချင်ရှန့် ဒီနေ့ ဘာလို့ ဒီကိုရောက်လာတာလဲ?"

"ဘာလဲ? ဘာမှလုပ်စရာမရှိရင် လာလို့မရတော့ဘူးလား?" ချင်ရှန့်က လက်ဖြန့်ကာ စစ်ထူရှို့ကို ပြုံးပြလိုက်သည်။ သူ့ရဲ့လှပတဲ့မျက်ခုံးတွေနဲ့ မျက်လုံးတွေက စွဲမက်ဖွယ်ရာကောင်းနေသေးသည်။ သူ့မျက်လုံးထောင့်တွေ ရွေ့သွားတော့ သူ့ရောင်ဝါက ပိုတိုးလို့ပင်ရင်သပ်ရှုမောဖွယ်ရာ ဖြစ်နေသည်။

“မင်းဘာပြောမလဲဆိုတာ နားထောင်မလို့လေ" စစ်ထူရှို့က ခေါင်းခါပြီး စိတ်အေးလက်အေး ပြန်ဖြေလိုက်သည်။ "မင်းက အကြောင်းပြချက်မရှိဘဲ လုပ်တတ်တဲ့ ပုံစံမျိုး မဟုတ်ဘူးလေ!"

All Chapters