အပိုင်း ၁၁၆
Vol. 8 Ch. 116
"ဌာနမှူး စစ်ထူ၊ ခင်ဗျားဆီကနေ တကယ် ဖုံးကွယ်လို့ မရဘူးဘဲ" ချင်ရှန့်ရဲ့ ပန်းပွင့်လို နှုတ်ခမ်းတွေက နည်းနည်း ဟသွားပြီး သူ့အသံက စမ်းရေလို ကြည်လင်လှသည်။ "အရင်တစ်ခေါက်က ကျွန်တော်တို့ပြောခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ခင်ဗျားဘယ်လိုထင်လဲ?"
"reality show မှာ ပါဖို့ စစ်တက္ကသိုလ်က ကျောင်းသားတချို့ရွေးမယ့်ကိစ္စလား?" စစ်ထူရှို့က မျက်လုံးတွေကိုအသာမှေးကျဉ်းလိုက်သည်။ ဒီကိစ္စနဲ ပတ်သက်ပြီး အရင်တစ်ခေါက်က ချင်ရှန့် သူ့ကိုပြောဖူးသည်။ အဲဒီတုန်းက သူရုံးမှာ ခဏလောက် စောင့်နေခဲ့ရတာကို ဌာနမှူးမှတ်မိသည်။ နောက်ဆုံးတော့ စစ်တက္ကသိုလ် ညီလာခံကျင်းပတဲ့နေရာမှာ ဒီကောင်လေးကို သူတွေ့ခဲ့တာဖြစ်သည်။ အဲ့ဒီအချိန်တုန်းက သူတို့ Mecha သရုပ်ပြပွဲလုပ်နေခဲ့တာဖြစ်မည်။
သို့ပေမယ့် ဒီကောင်လေးက အဲ့ဒီအချိန်ကစကာ ပြန်မလာတော့ပေ။ ဒီကိစ္စက ဒီအတိုင်းဖြေရှင်းပြီးသွားပြီလို့ သူထင်ခဲ့တာဖြစ်သည်။ ချင်ရှန့်တစ်ယောက် ဒီနေ့ပြန်လာလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ?
"ဟုတ်တယ်။ ခင်ဗျား စဉ်းစားမိတဲ့လူတစ်ချို့တလေများရှိလား?" ချင်ရှန့် ခေါင်းအသာမော့လိုက်သည်။ သူ့မျက်လုံးတွေက နည်းနည်းစူးရှနေသည်။
နျဉ်မိသားစု၊ ချင်မိသားစုနဲ့ ချောင်မိသားစုတို့ဟာ ဖက်ဒရေးရှင်းတွင် ပထမအဆင့်မိသားစုတွေဖြစ်ကြသည်။ သူတို့က အကြမ်းဖျင်းအားဖြင့် တူညီတဲ့စွမ်းအားများ ရှိကြသည်။ သူတို့ထဲတွင် နျဥ်မိသားစုက စစ်တပ်လမ်းစဉ်ကိုလိုက်ပြီး ချင်မိသားစုကတော့ နိုင်ငံရေးလမ်းစဉ်ကိုလိုက်သည်။ ချောင်မိသားစုကတော့၊ အဂ္ဂိရတ်ဆရာအနည်းအကျဉ်းကို မွေးထုတ်ပေးသည်။
သို့ပေမယ့် သူတို့တွင် ခြွင်းချက်ရှိသည်။ ချင်ရှန့်က အဲ့ဒီထဲက တစ်ယောက်ပင်။ သူဟာ သူ့အကြီးအကဲတွေရဲ့ မျှော်မှန်းချက်နောက်ကို မလိုက်ဘဲ သူတို့နိုင်ငံရေးလောကထဲက ကြယ်ပွင့်အသစ်ဖြစ်လာသည်။
ဆန့်ကျင်ဘက်အနေနဲ့ ချင်ရှန့်က အသက်အရွယ်ရတဲ့အချိန် ဖျော်ဖြေရေးနယ်ပယ်ထဲ စတင်ဝင်ရောက်လာသည်။ အစကနေ အခုချိန်အထိ သူဟာ အချိန်ငါးနှစ်သာသုံးကာ နာမည်ကြီးလာခဲ့သူဖြစ်သည်။ ချင်မိသားစုမှ ပံ့ပိုးကူညီမှုမပါပေမယ့် ချင်ရှန့်ရဲ့ကိုယ်ပိုင်အရည်အချင်းကိုတော့ လျှော့တွက်လို့မရပေ။
ပြတ်ပြတ်သားသားပြောရလျှင် ဒီသခင်လေးသာ တစ်နေ့မှာ ဖျော်ဖြေရေးနယ်ပယ်ထဲတွင် အလုပ်မလုပ်ချင်တော့ဘူးဆိုပါက နိုင်ငံရေးနယ်ပယ်ထဲ အချိန်မရွေး ပြန်လာနိုင်သည်။ ဒါ့အပြင် ဖျော်ဖြေရေးနယ်ပယ်မှာလည်း အဆက်အသွယ်တွေ များတာကြောင့် ဒီထက်ပိုကောင်းအောင် လုပ်နိုင်သည်။
ချင်ရှန့်က ဖျော်ဖြေရေးနယ်ပယ်မှာ အောင်မြင်နေပြီး နျဉ်ယွိယွမ်သည်လည်း စစ်တပ်ထဲတွင် ပြောရေးဆိုခွင့်ရှိသူဖြစ်သည်။ နျဉ်ယွိယွမ်ရဲ့ နာမည်ကို ပြောလိုက်တာနဲ့ စစ်တပ်ထဲဝင်တဲ့ စစ်သားအရေအတွက်ဟာ ၂၀% လောက်တိုးလာတယ်လို့ ကောလဟာလတွေလည်းရှိသည်။ ဒီလူရဲ့ ဆွဲဆောင်နိုင်စွမ်းက ထင်ရှားလှသည်။
ဒါကြောင့် နှစ်ယောက်သား တစ်ယောက်နဲ့တစ်ယောက် သိကြတာက မထူးဆန်းပေ။ တကယ်တော့ သူတို့နှစ်ယောက်စလုံးက လူတွေကိုးကွယ်ကြတဲ့ နယ်ပယ်တွင် ထင်ရှားကျော်ကြားကြတဲ့သူတွေပင်။
သူ့ရှေ့က ကိုယ်စီကိုယ်စီ အရည်အချင်းတွေရှိကြတဲ့ လူငယ်နှစ်ယောက်ကို ကြည့်ပြီး စစ်ထူရှို့မှာ မလေးစားဘဲမနေနိုင်ပေ။ သူအသက်ကြီးနေပြီဆိုတာကို ဘယ်လိုဘဲ လက်မခံချင်ပါစေ သူလုပ်နိုင်တာ ဘာမှမရှိပေ။ အခုက ဒီလူငယ်တွေရဲ့ ကမ္ဘာဖြစ်နေတာပဲ!
စစ်ထူရှို့က ချင်ရှန့်ရဲ့မေးခွန်းကို ဖြေပေးဖို့မမေ့ချေ။ သူ စာရင်းကိုထုတ်ကာ သူ့ဆီကမ်းပေးလိုက်သည်။ “စဉ်းစားထားပြီးပြီ။ စီနီယာကျောင်းသားတချို့ကို ရွေးချယ်သင့်တယ်လို့ အကြုံပြုချင်တယ်။ သူတို့မှာ အတွေ့အကြုံရော ခွန်အားရောရှိတယ်”
ချင်ရှန့်က စာရင်းကိုငုံ့ကြည့်လိုက်ပြီ ခေါင်းအသာခါလိုက်သည်။ “ကျွန်တော့် အတွေးတွေကတော့ ခင်ဗျားနဲ့ ဆန့်ကျင်ဘက်ပဲ။ ကျွန်တော်တို့ရဲ့ reality show အသစ်က စစ်မှန်မှုကို လိုလားတာ။ ခင်ဗျားက ကျွန်တော့်ကို သွေးပြီးသားကျောက်စိမ်းတွေ ပေးရင်အဓိပ္ပါယ်မရှိတော့ဘူးလေ"
......
"မင်းပြောချင်တာက ဒီရှိုးမှာ ကျောင်းသားသစ်တွေကို ပါစေချင်တာလား?" စစ်ထူရှို့ မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။
"ခင်ဗျားစိတ်ပူစရာ မလိုပါဘူး" ချင်ရှန့်က စစ်ထူရှို့စိုးရိမ်နေတာကို နားလည်သည်။ သူ့မျက်လုံးတွေကို အသာမော့လိုက်တော့ နွေဦးလေညင်းက သူ့မျက်နှာကိုတိုက်ခတ်သွားသလို ခံစားလိုက်ရသည်။ “ဒီ reality show က စိတ်လှုပ်ရှားစရာကောင်းပေမယ့် လုံခြုံဘေးကင်းမှုကိုလည်း လုံးဝအာမခံပါတယ်"
တကယ်တော့၊ ချင်ရှန့်ရဲ့ လက်ရှိအခြေအနေအပေါ် အခြေခံပြီး ပရိုဂရမ်တစ်ခုမှာပါမယ့်သူတွေကို ကိုယ်တိုင်ကိုယ်ကျ ဆုံးဖြတ်တာက အရည်အချင်းတွေကို အလဟသဖြစ်စေသည်။ သို့ပေမယ့် သူက ဒီ reality showရဲ့ နေရာကို အရမ်းစိတ်ဝင်စားနေသည်။ ဒါ့အပြင် အဖွဲ့ချုပ်စစ်တက္ကသိုလ်က သာမန်သင်တန်းကျောင်းမဟုတ်တာကြောင့် သူကိုယ်တိုင် ရောက်လာတာကို နားလည်နိုင်သည်။
သေချာပေါက်ကို ဒါက စစ်တက္ကသိုလ်အတွက် win- win solution လည်းဖြစ်သည်။ ဘာဘဲဖြစ်ဖြစ်၊ တစ်လျှောက်လုံး တခြားကျောင်းတွေက ထုတ်ထားတဲ့ ဦးစားပေးမူဝါဒတွေကြောင့် စစ်တက္ကသိုလ်ရဲ့ ထူးချွန်တဲ့ကျောင်းသားတွေကို အခြားကျောင်းတွေက အမြဲတစေ လုယူနေခဲ့သည်။ ဒီအခွင့်အရေးက လူသိရှင်ကြားဖြစ်အောင် အသုံးချဖို့ အခွင့်ကောင်းပင်။
"ရွေးမယ့်လူတွေကို စဉ်းစားထားပြီးပြီလား?" စစ်ထူရှို့က ခဏလောက် စဉ်းစားပြီး ခပ်တိုးတိုးမေးလိုက်သည်။
"ဟုတ်တယ်။ ကျောင်းသားလေးယောက်ရွေးမယ်။ စီနီယာကျောင်းသား နှစ်ယောက်၊ ကျောင်းသားသစ် နှစ်ယောက်" ချင်ရှန့်ရဲ့ ဖြောင့်စင်းသွယ်လျတဲ့ လက်ချောင်းတွေက စားပွဲပေါ်တွင် အသံထွက်အောင် ပုတ်နေသည်။ “ကျောင်းသားသစ်တွေကိုတော့ မော့ချူးနဲ့ သူ့အစ်ကို မော့ယန်ကို ရွေးမယ်။ စီနီယာကျောင်းသားနှစ်ယောက်ကျတော့ ချင်ယွဲ့တစ်ယောက်ကို ရွေးမယ်၊ ကျန်တစ်ယောက်ကိုတော့ ယာယီဆုံးဖြတ်လိုက်မယ်"