အပိုင်း ၁၁၇
Vol. 8 Ch. 117
စစ်ထူရှို့ မျက်မှောင်ကြုတ်သွားသည်။ စုစုပေါင်း ရွေးချယ်ထားတဲ့သူ လေးယောက်ရှိပြီး သုံးယောက်ကို ရွေးချယ်ပြီးသွားပြီဖြစ်သည်။ ဒါကို ဆွေးနွေးချင်နေသလိုမျိုး ဘာလို့ ငါ့ကို လာကြည့်နေရတာလဲ?
"reality show?" နျဉ်ယွိယွမ်က မော့ချူးရဲ့နာမည်ကို ကြားတော့ ရုတ်တရက် ပြောလိုက်သည်။ သူက ဘေးဘက်မှာ တိတ်တဆိတ်ထိုင်နေပေမယ့် သူ့ရဲ့ဓားလိုစိတ်အခြေအနေကိုတော့ ဘယ်သူမှ လျစ်လျူမရှုရဲပေ။
“ဟုတ်တယ်၊ reality show” ချင်ရှန့်ရဲ့ မျက်လုံးထောင့်မှာ အပြုံးရေးရေးလေး ပေါ်လာသည်။ "ဘာလဲ? မင်းရဲ့ ကောင်မလေးကို စိတ်ပူလို့လား?"
စစ်ထူရှို့ ရေတစ်ခွက်ယူကာ သောက်လိုက်သည်။ သူ့ကိုယ်သူ တည်ငြိမ်အောင်လုပ်မလို့ ပြင်လိုက်ပေမယ့် ချင်ရှန့်က ဒီလို ကြီးကြီးမားမားသတင်းကြီးကို ထုတ်ဖော်လာလိမ့်မယ်လို့ မထင်ထားပါချေ။ “အဟွတ် အဟွတ်-” သူရေသီးသွားပြီး မျက်နှာနီရဲလာတဲ့အထိ ချောင်းဆိုးသွားသည်။
"ကလေး၊ မင်းမှာ ရည်းစားရှိနေပြီလား?" စစ်ထူရှို့ရဲ့မျက်လုံးထဲက ထိတ်လန့်နေမှုကို ဖုံးကွယ်ထားလို့မရပါချေ။ "မင်းကို ဒီလောက်ထိမြန်လိမ့်မယ်လို့ မမျှော်လင့်ထားဘူး!"
ဒီသတင်းကိုသာ ဖော်ထုတ်လိုက်ရင် မိန်းကလေးဘယ်နှစ်ယောက်လောက် အသည်းကွဲသွားမလဲဆိုတာ ဘယ်သူသိမှာလဲ!
နျဉ်ယွိယွမ်မှာ သူ့ရဲ့အထောက်အထားကို ဖုံးကွယ်ဖို့ ကောင်းကောင်းမွန်မွန် လုပ်ဆောင်ခဲ့ပေမယ့် သူ့ရဲ့အသွင်အပြင် အစစ်အမှန်ကို အဖွဲ့ချုပ်ရှိ လူအနည်းငယ်လောက်သာသိကြသည်။ ကျန်တဲ့သူတွေကတော့ အဖွဲ့ချုပ်ရဲ့တစ်ဦးတည်းသော စစ်ဗိုလ်ချုပ်ကြီးရဲ့ အထူးတလည် အချက်အလက်တွေကို မသိကြပေ။ သို့ပေမယ့် ဒီဟာက မိန်းကလေးအများစုရဲ့ စိတ်ထဲက သူရဲ့နေရာကို မထိခိုက်စေပေ။
လွန်ခဲ့တဲ့နှစ်အနည်းငယ်က အဖွဲ့ချုပ်ရှိထင်ရှားကျော်ကြားတဲ့ အမျိုးသားတစ်ရာကျော်ကို အတိအကျဖော်ပြထားတဲ့ စစ်တမ်းတစ်ခုရှိခဲ့ပြီး မိန်းကလေးတွေအား national husband ကို မဲပေးရွေးချယ်ခွင့်ပေးခဲ့တာကို သူမှတ်မိသေးသည်။ နျဉ်ယွိယွမ်က ထိပ်တန်း သုံးယောက်ထဲမှာ ပါခဲ့ပြီး သူ့ရဲ့ ကျော်ကြားမှုက အတော်လေး မြင့်မားခဲ့သည်။
ချင်ရှန့်ရဲ့စကားတွေကို သေချာစဉ်းစားကြည့်ပြီးတဲ့နောက်၊ စစ်ထူရှို့က အမြန်စွာတုံ့ပြန်လာသည်။ "မင်းပြောနေတာ အဲ့ဒီကောင်မလေး မော့ချူးများလား?"
"ဟုတ်တယ်” နျဉ်ယွိယွမ်က ပြန်ဖြေလိုက်သည်။ သူက စစ်ထူရှို့ရဲ့ ထိတ်လန့်တုန်လှုပ်နေတဲ့ အမူအရာကို လျစ်လျူရှုကာ ချင်ရှန့်ကို လှည့်ကြည့်လိုက်သည်။ သူ့အကြည့်တွေက နည်းနည်း ရန်လိုနေသည်။ “ဒီပရိုဂရမ်မှာ ပါမလား မပါဘူးလားဆိုတဲ့အပေါ်မှာ ငါ့ရဲ့ထင်မြင်ချက်ကို မေးဖို့လိုတယ်"
"ဒါပေါ့" ချင်ရှန့်က ပြုံးကာခေါင်းညိတ်ပြလိုက်ပြီး စစ်ထူရှို့ ဘက်ကိုလှည့်လိုက်သည်။ "ကျွန်တော့်မှာလုပ်စရာတွေ ရှိသေးလို့ အရင်သွာနှင့်တော့မယ်"
“နောက်မှတွေ့ကြတာပေါ့” နျဉ်ယွိယွမ်က စစ်ထူရှိ့ကိုလှည့်ကြည့်လိုက်ပြီး နောက်တော့ ထွက်သွားတဲ့ ချင်ရှန့်ကိုကြည့်လိုက်ကာ "ခင်ဗျား ကျွန်တော့်ကို ရှာနေတယ်လို့ကြားတယ်"
"ဟုတ် ဟုတ်တယ်!" စစ်ထူရှို့က ချောင်းနှစ်ကြိမ်ဆိုးလိုက်ပြီး နျဉ်ယွိယွမ်ရဲ့မျက်လုံးတွေကို မကြည့်ရဲပေ။ “အင်း၊ ဒီတလော ကျောင်းသားတော်တော်များများ ငါ့ဆီ တိုင်လာကြတယ်။ လေ့ကျင့်ရေးရဲ့ ပြင်းထန်မှုက အရမ်းမြင့်တယ်လို့ သူတို့ ခံစားရတယ်တဲ့။ မင်းနည်းနည်း လျှော့ပေါ့ပေးလို့ရမလား?"
"နည်းနည်းလျှော့ပေါ့ပေးရမယ်?" နျဉ်ယွိယွမ်က တစ်ခုခုကို ရည်ညွှန်းကာ ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။ "ခင်ဗျားမေ့သွားပြီလား? နောက်ထပ်တစ်နှစ်ခွဲလောက်ကြာရင် အဲ့ဒါက..."
"အမှန်ပဲ!" နျဉ်ယွိယွမ်စကားမဆုံးခင် စစ်ထူရှို့က ချက်ချင်းတုံ့ပြန်လိုက်သည်။ သူ့နှလုံးက ခုန်ပေါက်လာပြီး သူ့အမူအရာကလည်း ချက်ချင်းပြောင်းသွားသည်။ တင်းမာပြီး ဖြောင့်မတ်တဲ့အကြည့်ကို ပြောင်းသွားသည်။ "လေ့ကျင့်ပေးရမယ်၊ ငါတို့ သူတို့တွေကို ကောင်းကောင်း လေ့ကျင့်ပေးရမယ်!"
"ဟုတ်တယ်" နျဉ်ယွိယွမ်က အမူအရာမဲ့စွာခေါင်းညိတ်လိုက်သည်။ သူ လှည့်ထွက်သွားပြီးနောက် သူ့ခြေလှမ်းတွေက ခိုင်မာနေသည်။ ' ကြည့်လေ၊ ချူးလေး၊ ကိုယ်လိုချင်တာကို အမြဲတမ်းရတယ်လို့ ပြောခဲ့သားပဲ '
" ဘော့စ်၊ လာကြည့်ပါဦး!" နျဉ်ယွိယွမ် အခန်းတံခါးဝကိုရောက်တဲ့အချိန်မှာဘဲ ကျောလင်ရဲ့ အော်သံကိုကြားလိုက်ရသည်။
သူခြေထောက်ကို မြှောက်ကာအခန်းထဲ ဝင်လိုက်သည်။ သူ ဧည့်ခန်းထဲ မရောက်ခင် ကျောလင်ဘက်ကနေ သူ့ကိုအစပြုကာ ကြိုဆိုလိုက်သည်။ "ဘော့စ်၊ ကြည့်ပါဦး၊ 'စိတ်ဝိညာဉ်အစားအသောက်ဆိုင်'မှာ ထပ်ပြီးစည်ကားနေပြန်ပြီ!"
ပြောနေရင်းနဲ့ ကျောလင်က စခရင်ကိုလက်ချောင်းနဲ့ အသာထိလိုက်သည်။ စခရင်က ချက်ချင်းကြီးသွားပြီး စခရင်ပေါ်ရှိ အကြောင်းအရာတွေက သူတို့ရှေ့တွင်ရှင်းရှင်းလင်းလင်း ပေါ်လာသည်။
“စောစောတုန်းကပြထားတဲ့ ဓါတ်ပုံနှစ်ပုံကို အတွေ့အကြုံရှိတဲ့ လူတွေက ခွဲခြမ်းစိတ်ဖြာပြီးဖော်ထုတ်ထားတယ်။ 'စိတ်ဝိညာဉ်အစားအသောက်ဆိုင်'ရဲ့ ပစ္စည်းပို့သမားက အရမ်းမြန်မြန်ပျံသန်းနိုင်တဲ့ 'မြေခွေးပျံ' ဆိုတဲ့မှော်သားရဲတစ်ကောင်ဖြစ်တယ်ဆိုပြီး အတည်ပြုထားတယ်"
စစ်တက္ကသိုလ်ရဲ့ signalတွေကို ပိတ်ထားပေမယ့် ကျောလင်လိုမျိုး တစ်စုံတစ်ယောက်အတွက်ကတော့ ဘာမှမဟုတ်ပေ။ ဒီနှစ်ရက်အတွင်း သူလည်း လေ့ကျင့်ရေးနဲ့ပတ်သတ်တဲ့ကိစ္စတွေနဲ့ ရှုပ်နေတာကြောင့် စတားနက်က သတင်းတွေကို အာရုံစိုက်ဖို့ အချိန်မရှိခဲ့ပေ။ အခု သူကြည့်ကြည့်တော့၊ ဘုရားရေ၊ အရမ်းစိတ်ဝင်စားဖို့ကောင်းတာပဲ!