အပိုင်း ၁၁၈
Vol. 8 Ch. 118
အမှန်ပင်၊ ယခင်က 'ပစ္စည်းပို့သမားဟာ မှော်သားရဲ' ဆိုတဲ့ သတင်းကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့သေးသည်။ အခု အတည်ပြုလိုက်တော့ ချက်ချင်းဆိုသလို စတားနက်တွင် လှိုင်းလုံးကြီးတစ်ခု ဖြစ်ပေါ်လာသည်။
ကဏ္ဍပေါင်းစုံမှ မှတ်ချက်တွေနဲ့ ပြည့်လျှံနေသည်။
[သေစမ်း! ဒီဆိုင်က အရမ်းမိုက်တာပဲ။ မှော်သားရဲကို တကယ်ကြီး ပစ္စည်းပို့သမားအဖြစ်နဲ့ သုံးတယ်။ သတ္တိရှိတာပဲ ငါကြိုက်တယ်!]
[ဟယ်လို ဆိုင်ပိုင်ရှင် 'ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်း'ရေ။ ဆိုင်မှာ ဝန်ထမ်း လိုသေးလား? ဒီမှာ စာရင်းပေးဖို့ စိတ်အားထက်သန်နေတဲ့ ကောင်မလေးတစ်ယောက်ရှိပါတယ်!]
[လစ်လိုက်! ဆိုင်ပိုင်ရှင်၊ ငါက ပိုကောင်းပါတယ်။ ပျက်စီးဆုံးရှုံးတာကို ခံနိုင်ရည်ရှိရုံတင်မကဘူး အစားအသောက်နဲ့ နေထိုင်စရိတ်ကိုလည်း ငါ့ဘက်ကနေပေးဦးမှာ။ ဘယ်လိုထင်လဲ? ကျေးဇူးပြုပြီး လေးလေးနက်နက် စဉ်းစားပေးပါဦး]
'အလုပ်ရှာခြင်း' ကဏ္ဍတွင် မှတ်ချက်တွေက ဆက်ကာများပြားနေသည်။ လူထုရဲ့စိတ်အားထက်သန်မှုကို ထင်ရှားနေစေသည်။
[စကားမစပ်၊ ဒီစိတ်ဝိညာဉ်အစားအသောက်ရဲ့ ဘေးကင်းမှုကို မင်းတို့အားလုံး စိတ်မပူကြဘူးလား?] 'အရှင်လျန့်ချန်' ရဲ့ပို့စ်တစ်ခုမှာ လူတိုင်းကို တစ်ခဏလောက် နှုတ်ဆိတ်သွားစေသည်။ "မှော်သားရဲပို့ပေးတဲ့ အစားအသောက်ကို စိတ်အေးလက်အေး စားနိုင်ရဲ့လား?"
ပို့စ်တင်ပြီးတာနဲ့ တခဏလေးအတွင်းမှာဘဲ စိတ်လှုပ်ရှားစွာနဲ့ ဆူပွက်နေတဲ့ ဝဘ်စာမျက်နှာက ချက်ချင်း ငြိမ်ကျသွားသည်။
အမှန်ပင်။ အရင်က လူတိုင်း ဒီပြဿနာကို လုံးဝ မစဉ်းစားမိခဲ့ကြဘဲ အရမ်းစိတ်လှုပ်ရှားခဲ့ကြသည်။
[မင်း အဲလိုပြောလို့မရဘူး] ပထမဆုံးဝယ်ယူသူ 'ကျေးဇူးပြုပြီး ငါ့ကိုဘုရင်ကြီးလို့ခေါ်ပါ' ဆိုတဲ့သူက စတားနက်တွင်တစ်ချိန်လုံးတက်ကြွနေသည်။ အခု သူထပ်ပြီး ခုန်ထွက်လာပြန်သည်။ [ဒီစိတ်ဝိညာဉ်အစားအစာကို စားပြီးရင် ဘာပြဿနာမှမရှိဘူး။ ငါ့ခန္ဓာကိုယ်က အရမ်းအဆင်ပြေနေတယ်!]
[ဟုတ်တယ်၊ ဒြပ်စင်စွမ်းအင်အဆင့်ငါးဆင့် တိုးလာတယ်ဆိုတာ ပြဿနာတစ်ခုလို့ ယူဆရင် အဲ့ဒါက ပြဿနာပဲ]
[ဟက်! အခုတော့ မင်းတို့ အဆင်ပြေနေတာပေါ့၊ ဒါပေမယ့် အနာဂတ်မှာ ဝယ်သူအားလုံး အဆင်ပြေမယ်လို့ မဆိုလိုဘူးလေ။ ဒါက ထောင်ချောက်တစ်ခု ဖြစ်နိုင်တယ်!] 'အရှင်လျန့်ချန်'က သူ့ရဲ့အထင်အမြင်သေးမှုကို အပြည့်အ၀ ဖော်ပြပြီး ရယ်တော့သည်။
[ထောင်ချောက်? စိတ်ဝိညာဉ်အစားအသောက်က ဒီအကျိုးသက်ရောက်မှုကို အာမခံနိုင်နေသရွေ့တော့ ထောင်ချောက်တစ်ခုဖြစ်နေပါစေဦး ငါကတော့ စိတ်လိုလက်ရကို ခုန်ချလိုက်မယ်] 'ကျေးဇူးပြုပြီး ငါ့ကိုဘုရင်ကြီးလို့ခေါ်ပါ' ဆိုတဲ့သူက ချက်ချင်း စိတ်ပျက်တဲ့လေသံနဲ့ပြန်ဖြေလာသည်။
[ဆိုင်ပိုင်ရှင်က မင်းကို နာမည်ပျက်စာရင်းသွင်းထားတယ်ဆိုတာ မမေ့နဲ့နော်၊ ဒါတောင် 'စိတ်ဝိညာဉ်အစားအသောက်ဆိုင်' အတွက် တကယ်ကြီးပြောပေးနေတာလား? ရူးသွားပြီလား?]
[ငါဆန္ဒရှိလို့လေ။ အဲဒါနဲ့ပတ်သတ်ပြီး မင်းဘာလုပ်နိုင်လို့လဲ?] 'ကျေးဇူးပြုပြီး ငါ့ကိုဘုရင်ကြီးလို့ခေါ်ပါ' ဆိုတဲ့သူက ရုတ်တရက် သူ့ပုံစံကိုပြောင်းလိုက်သည်။ [ပြီးတော့ ငါက ရိုးသားပြီး ကြင်နာတတ်တဲ့သူတစ်ယောက်ပဲ။ အမှန်အတိုင်းပြောဖို့ဆိုတာကို ငါ့တာဝန်လို့ အမြဲတမ်းမှတ်ယူတယ်!]
ဒါကို မြင်တဲ့ သူတွေ အားလုံး မျက်မှောင်ကြုတ်သွားကြသည်။ နင့်ရဲ့အရှက်မရှိတဲ့ပုံစံနဲ့ ဘယ်လိုလုပ်ရိုးသားပြီး ကြင်နာတတ်တာဖြစ်နိုင်ပါ့မလဲ? လူတိုင်းကို ကန်းနေတယ်လို့ ထင်နေတာလား?
[ဒါ့အပြင်၊ 'စိတ်ဝိညာဉ်အစားအသောက်ဆိုင်'က လူကြိုက်အရမ်းများနေလို့ နင်တမင်တကာ အပြစ်ရှာနေတာမဟုတ်ဘူးလား?]
[ခင်ဗျားက အဖွဲ့ချုပ်ကပေးတဲ့ ကွန်ရက်ကိရိယာကို သုံးနေတာ မဟုတ်လား? ပြဿနာလာရှာနေတာလား?]
'ကျေးဇူးပြုပြီး ငါ့ကိုဘုရင်ကြီးလို့ခေါ်ပါ' ဆိုတဲ့သူက အရှိန်အဟုန်ပြင်းပြင်းနဲ့ ရှေ့တိုးလာသည်။
ဒီတိုက်ပွဲက ရှောင်လွှဲလို့မရတာကို မြင်တော့ ကြည့်နေကြတဲ့သူတွေ ရင်ခုန်သွားကြသည်။ ဒီလို ပြင်းထန်တဲ့ ဇာတ်ကွက်မျိုးကို တွေ့လိုက်ရတော့ သူတို့အရမ်းပျော်သွားသည်။
ဒီအခိုက်အတန့်မှာ ဝယ်သူတစ်ယောက်က ရိုးရိုးရှင်းရှင်း စကားလုံး ၁၂ လုံးသာပါတဲ့ မက်ဆေ့ခ်ျကို ရုတ်တရက် တင်လိုက်သည်။ [ကျွမ်းကျင်သူတွေရဲ့ အကဲဖြတ်ချက်အရ ဒီစိတ်ဝိညာဥ်အစားအသောက်က ဘေးကင်းပြီး အန္တရာယ်ကင်းတယ်]
'အရှင်လျန့်ချန်' က 'ကျေးဇူးပြုပြီး ငါ့ကိုဘုရင်ကြီးလို့ခေါ်ပါ' ကိုအနိုင်မယူနိုင်လိုက်ပေ။ သူက ချက်ချင်း မြားဦးကို အဲ့ဒီဝယ်သူဘက်လှည့်ကာဗုံးခွဲဖို့ ပြင်လိုက်သည်။ [ဟားဟား၊ အကဲဖြတ်ချက်တွေက ဘေးကင်းတယ်လို့ ပြောတာကို ငါမယုံဘူး]
ဘာကြောင့်လဲ?
'အရှင်လျန့်ချန်က' ကကြောက်နေပြီဖြစ်သည်။ မဟုတ်ဘူး၊ လူတိုင်းကပဲ ကြောက်နေသင့်တာ!
ဒီဝယ်သူက တစ်ခုတည်းကိုသာ လုပ်ခဲ့တာဖြစ်သည် — သူက သူ့ရဲ့နာမည်အပြည့်အစုံကို လူသိရှင်ကြားကြေညာခဲ့တာပင်။
အဲ့ဒီမှာတုန်လှုပ်စရာကောင်းတဲ့ စကားလုံးနှစ်လုံးကို ရေးထားသည် — သိုက်ရှန့်!
F*ck! ဒီဟာက ဖက်ဒရေးရှင်း Mecha ရဲ့အဖွဲ့ခေါင်းဆောင် အဆင့်မြင့်သိုက်ရှန့်လား?
မဖြစ်နိုင်ဘူး! အဆင့်မြင့်သိုက်ရှန့်က ဒီလိုဝဘ်ဆိုဒ်အသေးလေးထဲကို ဘယ်လိုလုပ်ဝင်ကြည့်နိုင်လောက်မှာလဲ? ဒါကိုမျှော်လင့်နေတာလား အံ့ဩနေတာလားဆိုတာ ပြောဖို့ခက်သည်။ ဝယ်သူ 'သိုက်ရှန့်' ဘေးနားက ဓာတ်ပုံကို နှိပ်လိုက်တော့ လူတိုင်းရဲ့ လက်တွေတုန်ရီသွားသည်။
စတားနက်ရဲ့ အထူးသဘာ၀ကြောင့် အင်တာနက်ပေါ်တွင် နာမည်အရင်းသုံးတဲ့ သူတိုင်းက သူတို့ရဲ့နာမည်ရင်းအမှန်ကို အတည်ပြုဖို့ လိုအပ်သည်။ ဒါ့အပြင် အမည်တူဖြစ်နိုင်ခြေကို တားဆီးဖို့အတွက် သူတို့ကိုယ်တိုင် ဓာတ်ပုံတစ်ပုံကို အထောက်အထားအဖြစ် တင်ဖို့လိုသည်။
ပုံကိုမြင်တော့ အားလုံး ရူးသွပ်သွားကြသည်။
ဓာတ်ပုံထဲတွင် စူးရှတဲ့အကြည့်တွေနဲ့ မျက်လုံးထောင့်နားမှာ အမာရွတ်ရှိတဲ့ အေးစက်စက်ယောက်ျားက 'သိုက်ရှန့်' ကလွဲပြီး တခြားသူမရှိပေ။ တခြားဘယ်သူများဖြစ်နိုင်ဦးမှာလဲ?
F*ck၊ အဲဒါက အဆင့်မြင့်သိုက်ရှန့်ပဲ!
ငါတကယ်ကြီးအင်တာနက်ပေါ်မှာ သိုက်ရှန့်နဲ့ စကားပြောခဲ့ရတာလား? ! ပတ်ပတ်လည်ရှိ လူအုပ်ကြီးမှာ ရူးသွပ်သွားကြသည်။ ဘဝကြီးက တကယ်ကိုဆန်းကြယ်တာပင်။ အခါအားလျော်စွာ အံ့သြစရာကောင်းတာတွေလည်း ရှိလာတတ်သည်။
ဒီလိုနဲ့ လေးရက်လောက်အကြာ၌။
[သိုက်ရှန့်က 'စိတ်ဝိညာဉ်အစားအသောက်ဆိုင်'အတွက် ကြော်ငြာပေးတယ်!]
[ 'စိတ်ဝိညာဉ်အစားအသောက်ဆိုင်' မှ ပစ္စည်းပို့သမားဟာ မြေခွေးပျံဖြစ်တယ်လို့ အတည်ပြုခဲ့တယ်!]
[ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်း၊ ဝန်ထမ်းလိုသေးလား?]
စတဲ့မက်ဆေ့ချ်သုံးခုက ရေပန်းစားနေတဲ့ ရှာဖွေမှုသုံးနေရာကို ထိပ်တန်းသတင်းတွေကို ကျော်လွန်ကာ အောင်မြင်စွာနဲ့ သိမ်းပိုက်နိုင်ခဲ့ပြီး အခြားသတင်းအားလုံးကို သူတို့ရဲ့ခြေထောက်အောက် နင်းချေခဲ့သည်။ သူတို့က ရေပန်းစားနေတဲ့နေရာတွင် ဂုဏ်ယူစွာနဲ့ အချိန်အတိုင်းအတာတစ်ခုအထိ ရပ်တည်ခဲ့ကြသည်။
"ဘော့စ်၊ အဆင့်မြင့်သိုက်ရှန့်ရဲ့နောက်ခံနဲ့ဆို 'စိတ်ဝိညာဉ်အစားအသောက်ဆိုင်'ရဲ့လမ်းကြောင်းမှာ ဘာမှမရှိနိုင်တော့ဘူး"
“ဒါလည်း တော်တော်ကောင်းတယ်” အလင်းစခရင်ပေါ်က အလင်းရောင်က နျဉ်ယွိယွမ်ရဲ့ရှင်းလင်းပြတ်သားတဲ့ မျက်နှာပေါ်မှာ ဖြာကျနေပြီး သူ့ကိုပိုလို့တောင် ချောမောကာ တုနှိုင်းမမီတဲ့ ပုံရိပ်ဖြစ်သွားစေသည်။
"သိုက်ရှန့်ရဲ့နောက်ခံကြောင့် လူတွေက 'စိတ်ဝိညာဉ်အစားအသောက်ဆိုင်'ကို မတိုက်ခိုက်ခင် နှစ်ကြိမ်လောက်တော့ စဉ်းစားရလိမ့်မယ်"
“ ဘော့စ်ဆိုလိုတာက…” နျဉ်ယွိယွမ်ရဲ့စကားကိုကြားတော့ ကျောလင်မျက်နှာက မနေနိုင်ဘဲ ပြောင်းလဲသွားသည်။ "တစ်စုံတစ်ယောက်က သူတို့ကို တိုက်ခိုက်တော့မှာလား?"
“အတိအကျပဲ” ဒါကိုကြားတော့ ဘေးနားရှိ ကျုံးဝမ်လည်း သတိပြန်ဝင်လာကာ ခေါင်းညိတ်လိုက်သည်။ “ဒီစိတ်ဝိညာဉ်အစားအစာနဲ့ဆို မိုးလောက်ထိအောင် ဈေးကြီးတဲ့ဆေးပြားကို ဘယ်သူတွေက ဝယ်ဦးမယ်လို့ထင်လဲ?"
“ ဆေးလုံးတွေကို မရောင်းနိုင်တော့ရင်၊ သူတို့ကိုယ်သူတို့ သိပ်ပြီးအထင်ကြီးနေတဲ့ အဂ္ဂိရတ်သမားတွေက 'စိတ်ဝိညာဉ်အစားအသောက်ဆိုင်' တိုးပွါးလာတာကို ဒီတိုင်းကြည့်နေဖို့ ဆန္ဒရှိမှာတဲ့လား?"
"ဒါဆို မင်းပြောတဲ့အတိုင်းဆို" ကျောလင်က တံတွေးမျိုချလိုက်ပြီး “ဝိညာဉ်အစာဆိုင်က အန္တရာယ်ရှိလာတော့မှာပေါ့ ဟုတ်လား?"
"အဲ့လောက်လည်း မဆိုးလောက်ဘူး" နျဉ်ယွိယွမ်က မျက်လုံးနည်းနည်း မှေးကျဉ်းလိုက်ပြီး “အရင်ဆုံး သူတို့ရဲ့ အထောက်အထားတွေကို ရှာမတွေ့ဘူးဆိုရင်သူတို့လုပ်နိုင်မှာ မဟုတ်ဘူး။ ဒုတိယအနေနဲ့၊ အဲဒီ အဂ္ဂိရတ်ဆရာတွေက ဒီအခွင့်အရေးကိုသုံးပြီး စိတ်ဝိညာဉ်အစားအစာကို သုတေသနလုပ်ချင်နေတာ ဖြစ်လောက်မယ်။ သုတေသန ရလဒ်တွေ ရပြီးတာနဲ့ ဒီဆိုင်ရဲ့ တည်ရှိမှုက ထပ်ပြီးအဓိပ္ပါယ် အများကြီးရှိတော့မှာ မဟုတ်ဘူး”
"ဟုတ်တယ်" ကျုံးဝမ်က ခေါင်းညိတ်သဘောတူလိုက်သည်။
"ကျောလင် ချူးလေးက အခုဆိုအသက်ဘယ်လောက်ရှိပြီလဲ?" နျဉ်ယွိယွမ်က ရုတ်တရက် မေးလာသည်။
“အာ” ကျောလင်မှာ ခဏလောက်အံ့အားသင့်သွားပြီး သူ့ဘော့စ်ရဲ့အတွေးဖြစ်စဉ်ကို လိုက်မမီနိုင်တော့ပေ။ " ၁၇ နှစ်လောက်ဖြစ်မယ်။ ဘာဖြစ်လို့လဲ?"
"သူမက ၁၇ နှစ်ဘဲရှိသေးတယ်" နျဉ်ယွိယွမ်ရဲ့ အသံက တဖြည်းဖြည်း တိုးဝင်သွားသည်။ “တစ်နည်းပြောရရင် သူအရွယ်ရောက်ဖို့ ၁၃ နှစ်တောင် လိုသေးတာပေါ့?"
နျဉ်ယွိယွမ်က ဘယ်တုန်းကမှ စိတ်ရှည်သည်းခံမှု မကင်းမဲ့ပေမယ့် ဒီနေ့မှာတော့ မော့ချူးနဲ့ ဒီလိုမျိုးနီးကပ်ခဲ့ရပြီးတဲ့နောက်မှာ ၁၃ နှစ်တာက ရှည်လွန်းတယ်လို့ သူရုတ်တရက် ခံစားလိုက်ရသည်။
နျဉ်ယွိယွမ်ရဲ့ မျက်နှာပေါ်က နူးညံ့သိမ်မွေ့မှုကို မြင်လိုက်ရတဲ့အတွက် ကျောလင်မှာ ပြင်းပြင်းပြပြ ခေါင်းခါလိုက်မိသည်။ သူတို့တွေက အခု လေးလေးနက်နက် ဆွေးနွေးနေကြတာလေ။ ဘော့စ်ရေ၊ နည်းနည်းလောက် အလေးအနက် ထားပေးလို့ရမလား?