← Chapters

အပိုင်း ၁၁၉

Vol. 8 Ch. 119

အပိုင်း ၁၁၉

Vol. 8 Ch. 119

ဓာတ်ခွဲခန်းထဲတွင်

မော့ချူးရဲ့အကူအညီနဲ့ ချန်ပိုင်ရဲ့ မှော်အပင်တွေအကြောင်း သုတေသနက ကြီးကြီးမားမားတိုးတက်မှုရှိခဲ့သည်။

အခန်း ၁ မှာ ပေါ်လာသည့် စိမ်းလန်းတဲ့အပင်လေးတွေကိုကြည့်ရုံနဲ့ သူ့ရင်ထဲက ရင်ခုန်သံတွေ တဟုန်ထိုးထက်လာသလို ခံစားလိုက်ရသည်။ ဒီအကြောင်းကို သူပိုတွေးလေ၊ မော့ချူးကို သူ့တပည့်အဖြစ် ရွေးချယ်ဖို့ဆုံးဖြတ်လိုက်တာ မှန်တယ်လို့ ပိုခံစားရလေပင်။ ကြည့်ပါဦး၊ ဒီကလေးမလေးက ပြီးပြည့်စုံတဲ့ ကံကောင်းတဲ့ ကြယ်ပွင့်ဘဲ။

ချန်ပိုင်မှာ မော့ချူးဓာတ်ခွဲခန်းကို ရောက်လာမှ သူ့အတွက် အရာအားလုံးက အဆင်ပြေချောမွေ့လာတယ်လို့ ခံစားမိလာသည်။

သေခါနီး မှော်အပင်တွေက တက်ကြွလန်းဆန်းလာရုံသာမက၊ သူတို့ရဲ့ သူတို့ရဲ့အလိုက်သင့် ပြောင်းလဲနိုင်စွမ်းကလည်း အမှတ်အနည်းငယ်စီ တိုးလာသည်။ သူတို့ဟာ သူတို့ရဲ့ယခင်က ညှိုးနွမ်းနေတဲ့ အသွင်အပြင်ကို ဖယ်ရှားနိုင်လိုက်ပြီဖြစ်သည်။ ဒါ့အပြင် မော့ချူးရဲ့သင်ယူနိုင်စွမ်းကလည်း အရမ်းကောင်းသည်။ ချန်ပိုင်အနေနဲ့ အချိန်မီ ပြီးမြောက်ဖို့အတွက် သူမကို ညွှန်ကြားသင်ပြပေးဖို့ မလိုအပ်တဲ့အရာများစွာလည်းရှိသည်။ သူတို့နှစ်‌ယောက်ကြားက ပူးပေါင်းဆောင်ရွက်မှုက အရမ်းကိုချောမွေ့လှသည်။

အနည်းငယ်အတွင်း သူတို့နှစ်ဦး မှော်အပင်တွေဆီမှ ထိရောက်သော ပါဝင်ပစ္စည်းတွေကို အောင်မြင်စွာနဲ့ထုတ်ယူနိုင်ခဲ့သည်။ အခြားစိုက်ပျိုးရေးပစ္စည်းတွေနဲ့အတူ ပျိုးပင်ငယ်တစ်ပင်ကိုလည်းရခဲ့သည်။

အဲ့ဒါကိုလျှော့တွက်လို့မရပေ။ ချန်ပိုင်ဟာ အဲ့ဒီဟာကိုရှာဖွေဖို့ မှော်ဒေသအသီးသီးတွင် ပထမဆုံးအနှစ် 50 လောက် ရှာဖွေခဲ့ရသည်။ သို့ပေမယ့် ယခု‌မော့ချူးရဲ့အကူအညီကြောင့် သူဟာကြိုးစားမှုတစ်ဝက်နဲ့ ရလဒ်နှစ်ကြိမ်တောင်ရခဲ့ပြီးပြီဖြစ်သည်။ တိုတောင်းတဲ့ သုံးလအတွင်းမှာပဲ သူအောင်မြင်ခဲ့သည်။

သူ့မျက်စိနဲ့ ကိုယ်တိုင်သာမမြင်ခဲ့ရရင် ချန်ပိုင် ယုံမှာမဟုတ်ပေး

ဒီရက်ပိုင်းအတွင်း မော့ချူးက စစ်ရေးလေ့ကျင့်မှုကြောင့် ဓာတ်ခွဲခန်းကို မရောက်ပေ။ အသစ်စိုက်ပျိုးထားတဲ့ ဒီမှော်အပင်ကတဖြည်းဖြည်း နွမ်းလျလာသည်။ သူ့ရဲ့အရွက်တွေတောင် အဝါရောင်နည်းနည်းပြောင်းလာကာ ချန်ပိုင်ကို စိတ်ပူမိစေသည်။ သူ့အနားတွေမှာ အရည်ကြည်ဖုတွေ ပေါက်လာပြီး ဓာတ်ခွဲခန်းထဲမှာဘဲ တစ်နေကုန်စိမ်ထားရသည်။

မော့ချူး အားတာနဲ့ သူမကို သူချက်ချင်းလာခိုင်းလိုက်သည်။

" ‌ချူးလေး၊ တစ်ချက်လာကြည့်ကြည့်။ 'လုရှီး' တစ်ခုခုဖြစ်နေတဲ့ပုံပဲ။ မော့ချူးရဲ့ ပုံရိပ်ကိုမြင်တာနဲ့ ချန်ပိုင်က သူမကို ချက်ခြင်းဆွဲကာ အခန်း ၁ ဆီစိုးရိမ်တကြီးပြေးသွားသည်။ 'လုရှီး'ဆိုတာက ဒီမှော်အပင်ကို ချန်ပိုင်ပေးထားတဲ့ နာမည်ဖြစ်သည်။ ဒီအပင် ပုံမှန်ပြန်ဖြစ်လာဖို့ မျှော်လင့်ချက်တစ်ခုရှိလောက်မယ်လို့ သူမျှော်လင့်ထားတာဖြစ်သည်။

"တကယ်ကြီးပဲ!" မော့ချူးက အခန်းအပြင်ဘက်ကနေ အကြိမ်အနည်းငယ် လှမ်းကြည့်ကာ မနေနိုင်ဘဲမျက်မှောင်ကြုတ်လိုက်မိသည်။ သူမ ပိုးသတ်ထားတဲ့ ကုတ်အင်္ကျီကို အမြန်ဝတ်ပြီး ပြောလိုက်သည် “ဆရာ၊ ကျွန်မအရင်ဝင်ကြည့်လိုက်မယ်။

ချန်ပိုင်ကတော့ အပြင်မှာဘဲနေခဲ့သည်။ ရက်အနည်းငယ်ကြာ စောင့်ကြည့်ပြီးတဲ့နောက် မော့ချူးဟာ မှော်အပင်တွေနဲ့ အထူးတလည် ရင်းနှီးနေပုံပေါ်ကြောင်း သူတွေ့ရှိခဲ့ရသည်။ သူမ သူတို့ အနားကိုရောက်သွားတာနဲ့ တပြိုင်နက် အစက စိတ်ဓာတ်ကျနေပုံပေါ်တဲ့မှော်အပင်တွေက ချက်ချင်း စိတ်လှုပ်ရှားလာသည်။

မျှော်လင့်ထားတဲ့အတိုင်း မော့ချူး 'လုရှီး' နဲ့နီးကပ်လာတာနဲ့အမျှ အသေးလေးက ချက်ချင်း တက်ကြွလာသည်။ ပျိုးပင်လေးတွေတောင် စပြီးလှုပ်ရှားလာသည်။

ဒါတွေက မော့ချူးတစ်ယောက် စိတ်ဝိညာဉ်အစားအသောက်ကို အချိန်အတော်ကြာ စားသုံးခဲ့တာကြောင့် သူမရဲ့ခန္ဓာကိုယ်ထဲ ပြန့်ကျဲနေတဲ့ စွမ်းအင်အချို့ကြောင့်ဆိုတာကို ချန်ပိုင် ဘယ်လိုလုပ်သိမှာတဲ့လဲ? ပမာဏက အရမ်းနည်းပေမယ့် အရမ်းသန့်ရှင်းသည်။ မော့ချူး အနားရောက်လာနေသရွေ့ ဒီစွမ်းအင်ကို မှော်အပင်တွေက စုပ်ယူသွားလိမ့်မည်ပင်။ သူတို့ကိုချည်နှောင်ထားလို့သာ မဟုတ်ရင် သူတို့ မော့ချူးကို ဆွဲယူပြီး တစ်ခါတည်းနဲ့ မျိုချလိုက်မှာ။

ချန်ပိုင်မှာ နောက်ကွယ်က အကြောင်းရင်းကို မသိပေမယ့် အကျိုးသက်ရောက်မှုတွေကိုတော့ သူမြင်နိုင်သည်။ ဒါ့အပြင် မော့ချူးက ထူးခြားတဲ့ရေစွမ်းရည်ရှိတာကြောင့် သူမအနေနဲ့ ရေတွေကို အလွယ်တကူ ထုတ်လုပ်နိုင်ကာ အပင်တွေကို ပြုစုပျိုးထောင်နိုင်သည်။ ပြီးရင်တော့ သူမရဲ့လေ့လာတွေ့ရှိချက်တွေကို မှတ်တမ်းတင်ထားလိမ့်မည်။

အရင်တုန်းကတော့ မော့ချူးတစ်ယောက် အရမ်းကောင်းကောင်းမွန်မွန်နဲ့ လုပ်သည်။ သို့ပေမယ့် ဒီနေ့မှာတော့ သူမနည်းနည်း သတိလက်လွတ်ဖြစ်နေပုံရသည်။ အခန်း ၁ ကနေ ထွက်လာပြီးတဲ့နောက်၊ သူမက အစီရင်ခံစာရဲ့အခြေခံပုံစံကိုတောင် မှားယွင်းရေးသားခဲ့သေးသည်။

အခု ချန်ပိုင်က သူ့တပည့်ကို တန်ဖိုးထားသည်။ “ဘာဖြစ်လို့လဲ? နေမကောင်းဘူးလား?"

"အာ?" ဒီတော့မှ မော့ချူး ခေါင်းမော့လာသည်။ သူမမျက်နှာမှာ အံ့ဩမှုတွေနဲ့ ပြည့်နေသည်။ သူမက ခေါင်းယမ်းပြီး ချန်ပိုင်ကို ပြန်ဖြေလိုက်သည်။ "မဟုတ်ဘူး၊ ဘာမှမဖြစ်ပါဘူး"

"မေ့လိုက်တော့။ ဒီနေ့ မင်းအာရုံတွေပြန့်နေတဲ့ပုံပဲ" တခြားဆရာတွေနဲ့ ယှဉ်ရင် ချန်ပိုင်က ပိုပွင့်လင်းသည်။ မော့ချူး အာရုံလွင့်နေတာကို သူမြင်ပေမယ့် အများကြီးမပြောလိုက်ပေ။ “ဒီစာရွက်စာတမ်းတွေကို ပြန်ယူသွားပြီး အရင်ဖတ်ထားလိုက်။ မင်း ဒီနေ့ပြန်လို့ရပြီ!"

မော့ချူးရဲ့ မျက်နှာက နည်းနည်းနီသွားသည်။ ဒီနေ့ သူမ စိတ်လွင့်နေမှန်း သူမ သိသည်။ သူမ ချန်ပိုင်ကို တောင်းပန်ဟန်နဲ့ ခေါင်းညိတ်ပြလိုက်ပြီး စာရွက်စာတမ်းတွေနဲ့အတူ ထွက်လာလိုက်သည်။

All Chapters