← Chapters

အပိုင်း ၁၂၀

Vol. 8 Ch. 120

အပိုင်း ၁၂၀

Vol. 8 Ch. 120

တံခါးပေါ်က မျိုးရိုးဗီဇလော့ခ်ကို ဖွင့်ပြီးတာနဲ့‌ မော့ချူးပြေးထွက်လာလိုက်သည်။ သူမ မနေနိုင်ဘဲ တွေးလိုက်မိသည်၊ ဒါတွေအားလုံး နျဉ်ယွိယွမ်ကြောင့်ပဲ! သူက မဟုတ်တာတွေ ပြောနေတာကိုး၊ ဒါပေမယ့် ဖွင့်ပြောတုန်းက သူ့မျက်နှာမှာရှိတဲ့ ရိုးသားမှုတွေကိုပြန်စဉ်းစားကြည့်မိတဲ့အခါ မော့ချူး နှလုံးသားလေးမှာ မတတ်နိုင်ဘဲ အရိုင်းဆန်စွာ ခုန်ပေါက်သွားတော့သည်။

"မင်း ဒီမှာရှိမယ်ဆိုတာ သိနေတယ်" သူမအနားကနေ ကြည်လင်ပြတ်သားတဲ့ အမျိုးသားအသံတစ်သံ ထွက်လာသည်။

အသံကိုကြားတော့ မော့ချူး ခေါင်းမော့လိုက်သည်။ သူမရှေ့တွင် လူတစ်ယောက် ရပ်နေသည်။ သူ့ရဲ့သွယ်လျတဲ့ အသွင်အပြင်က နေရောင်အောက်တွင် ရှည်လျားတဲ့အရိပ်တစ်ခုအဖြစ် ထင်ဟပ်နေစေသည်။ ချင်ရှန့်လား?

"ရှင် ဘာလို့ဒီကိုရောက်နေတာလဲ?" ချင်ရှန့်ကိုမြင်တော့ မော့ချူးတစ်ယောက် သူမနဲ့ နျဉ်ယွိယွမ်တို့ကြားက နီးနီးကပ်ကပ် မြင်ကွင်းကို သတိရလိုက်မိသည်။ သူ့ကိုမြင်လိုက်ရတာနဲ့ သူမ ချက်ချင်း ရှက်သွေးဖြာသွားရသည်။ "ရှင် ချင်ယွဲ့ကို ရှာနေတာလား?"

“မဟုတ်ဘူး” ချင်ရှန့်က ခေါင်းခါလိုက်ပြီး မော့ချူးကိုတည့်တည့်ကြည့်လိုက်သည်။ "ကိုယ် မင်းကို ရှာနေတာ"

မော့ချူးနဲ့ မော့ယန်တို့က ရွေးချယ်ထားတဲ့သူ နှစ်ယောက်ဖြစ်ကြောင်း အတည်ပြုထားပေမယ့် မော့ယန်ဟာ သူ့ညီမအနောက်ကို လိုက်မှာဖြစ်ကြောင်း ခဏဆုံဖူးကတည်းက သူသိခဲ့ရသည်။ တစ်နည်းဆိုရသော် မော့ချူးကို သူသိမ်းသွင်းနိုင်သရွေ့ မော့ယန်လည်း ပြဿနာမဟုတ်တော့ပေ။

"ကျွန်မကို ရှာနေတာလား?" မော့ချူး နည်းနည်း အံ့အားသင့်သွားသည်။

“ဟုတ်တယ် ဒီမှာ” ချင်ရှန့်က စာရွက်စာတမ်းတစ်ခုကို ကမ်းပေးလိုက်သည်။ “မင်းနဲ့ မော့ယန်တို့ ငါတို့ရဲ့ နောက်ဆုံးထွက် reality show မှာ ပါဝင်ဖို့ ဖိတ်ချင်တယ်။ မင်း ငါတို့နဲ့အတူ လက်တွဲနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”

"reality show?" လက်ထဲမှာ စာရွက်စာတမ်းကို ကိုင်ထားရင်း မော့ချူးမှာ ကြောင်တက်တက် ဖြစ်နေသည်။ “ကျွန်မနဲ့ အစ်ကိုနဲ့လား?”

“ဟုတ်တယ်" ချင်ရှန့်က ခေါင်းညိတ်ပြပြီး သူ့ညီလေးကို ရောင်းထုတ်လိုက်တော့သည်။ "ချင်ယွဲ့လည်း ပါတယ်။ မင်းတို့ တွေ အတူတူ ပါပြီး တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်နိုင်မယ်လို့ မျှော်လင့်တယ်”

"ဒါပေါ့၊ ပရိုဂရမ်မှာ မင်းရဲ့ပါဝင်မှုအတွက် လစာကိုလည်း စာရွက်စာတမ်းရဲ့အနောက်ဘက်မှာ ဖော်ပြထားတယ်" ချင်ယွဲ့က ပေါ့ပေါ့ပါးပါး ပြုံးကာ မော့ချူးကို ငြင်းဖို့ အခွင့်အရေးမပေးချေ။ "မင်းတို့နဲ့ လက်တွဲနိုင်ဖို့ မျှော်လင့်ပါတယ်"

နောက်တော့ မော့ချူးမှာ စာရွက်စာတမ်းအိတ်ကို လက်ထဲမှာကိုင်ရင်း စိတ်ရှုပ်ထွေးစွာနဲ့ ပြန်လာခဲ့တော့သည်။

ချင်ယွဲ့က သတင်းရထားပြီး ဖြစ်သည်။ မော့ချူး လက်ထဲက စာရွက်စာတမ်းအိတ်ကို မြင်လိုက်တဲ့အခါ သူ့မျက်လုံးတွေက မနေနိုင်ဘဲ တောက်ပသွားသည်။ “ငါ့အစ်ကို မင်းကိုပြောထားတာ၊ သဘောတူလား?"

....

"အခုထိတော့ သဘောမတူရသေးဘူး!" မော့ချူးက ခေါင်းခါပြီး မော့ယန်ကို ကြည့်လိုက်သည်။ "အစ်ကိုနဲ့ ဆွေးနွေးရဦးမယ်"

"အမှန်ပဲ" ဒါကိုကြားတော့ ချင်ယွဲ့က ခေါင်းညိတ်ပြပြီး သူတို့အတွက် သီးသန့်နေရာပေးလိုက်သည်။ "ဒါဆို ငါအရင်ပြန်လိုက်မယ်။ အချိန်ကျလို့ မင်းတို့ ဆုံးဖြတ်ပြီးရင် ငါ့ကိုပြောလို့ရတယ်"

“ကောင်းပြီ" မော့ယန်က ခေါင်းညိတ်ပြပြီး ချင်ယွဲ့ကို လိုက်ပို့ပေးခဲ့သည်။ သူလှည့်လိုက်တော့ မော့ချူးကို တွေ့လိုက်ရတဲ့အခါ သူ့မျက်လုံးတွေက သံသယတွေနဲ့ ပြည့်သွားသည်။ "ဘာတွေဖြစ်နေတာလဲ?"

ချင်ယွဲ့က ရိုးရိုးရှင်းရှင်း စကားနည်းနည်းလောက်သာ ပြောခဲ့ပြီး ရှင်းရှင်းလင်းလင်း မရှင်းပြတာကြောင့် မော့ယန် နားမလည်ဖြစ်နေသည်။

"ဒီမှာ" မော့ချူးက စာရွက်စာတမ်းအိတ်ကို မော့ယန်ဆီ ပေးလိုက်သည်။ “ဒါကိုကြည့်ကြည့်”

မော့ချူး အပြန်လမ်း၌ အကြောင်းအရာကို သေချာဖတ်ပြီးပြီဖြစ်သည်။ ရိုးရိုးသားသားပြောရရင် reality show ရဲ့ အကြောင်းအရာက သိပ်တော့မကောင်းပေ။ အနည်းဆုံးတော့ ပေါက်ကွဲတတ်တဲ့ reality show တွေမှာ အတွေ့အကြုံရှိတဲ့ မော့ချူးအမြင်မှာတော့၊ ဒါက ငြီးငွေ့စရာကောင်းတယ်လို့သာဖော်ပြနိုင်သည်။

သို့ပေမယ့် ရိုက်ကူးရေးမစခင်မှာတောင်၊ ဒီရှိုးက စတားနက်တွင် လူကြိုက်များမှု အတိုင်းအတာတစ်ခုအထိ ရရှိနေပြီဖြစ်သည်။

ဒီလိုဖြစ်ရခြင်းရဲ့ အဓိကအကြောင်းအရင်းကတော့ အဖွဲ့ချုပ် ဖျော်ဖြေရေးကဏ္ဍရဲ့ ခေတ်နောက်ကျမှုကြောင့် ဖြစ်သည်။ လွန်ခဲ့တဲ့ နှစ်တစ်ထောင်လောက်က ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းအတွင်း အစိုးရသည် နည်းပညာနဲ့ စစ်တပ် ဖွံ့ဖြိုးတိုးတက်ရေးကိုသာ အာရုံစိုက်ခဲ့သည်။

နောက်ဆုံးတော့ တိုင်းပြည်အင်အားက တိုးတက်လာခဲါသည်။ သို့ပေမယ့် လူတွေကတော့ ပျင်းရိ ငြီးငွေ့လာကြသည်။

ဒါဟာအချိန်အတော်ကြာ လျစ်လျူရှုထားခဲ့တဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေလည်း တဖြည်းဖြည်း ဖွံ့ဖြိုးတိုးတက်လာတာကြောင့် ဖြစ်သည်။

ဒါတောင် ဖျော်ဖြေရေးနယ်ပယ်က မြန်မြန်ဆန်ဆန် တိုးတက်လာဖို့ဆိုတာ မဖြစ်နိုင်ပေ။ သူရဲကောင်းတစ်ယောက်ရဲ့ အခက်အခဲတွေကို ဖြတ်ကျော်ပြီး နောက်ဆုံးကမ္ဘာကြီးကို ကယ်တင်ရာမှာ အောင်မြင်သွားတဲ့ ရိုးရှင်းတဲ့ဇာတ်လမ်းကတောင် လူတွေရဲ့ စိတ်အားထက်သန်မှုကို နှိုးဆွပေးနိုင်သည်။

အဲ့ဒါက အရမ်းကို ရိုးရှင်းလွန်းသည်။ မော့ချူးမတတ်နိုင်ဘဲ သက်ပြင်းချလိုက်မိသည်။ ဒီလို ပလော့မျိုးက အဖွဲ့ချုပ်မှာ ထူးခြားတယ်လို့ ယူဆလို့ရပြီး လူအများအပြားရဲ့အာရုံကိုလည်း အလျင်အမြန်ဆွဲဆောင်နိုင်သည်။

All Chapters