အပိုင်း ၁၂၂
Vol. 9 Ch. 122
နောက်တော့ အိုးကိုအပူပေးကာ ပဲဆီထည့်ပြီး မီးမလျှော့ခင် ဆီပူလာအောင် စောင့်လိုက်သည်။ ပြီးသွားတော့ နုပ်နုပ်စဉ်းထားတဲ့ ရေပေါင်းပင်တွေကိုထည့်ကာ အနံ့မွှေးလာတဲ့ထိ မွှေနေလိုက်သည်။
ပြီးတော့ နုပ်နုပ်စဥ်းထားတဲ့ ဝက်သားကို ထည့်ကာ ဆက်မွှေပေးရသည်။ ဝက်သားအရောင်ပြောင်းသွားပါက ဆားအနည်းငယ်ထည့်ပြီး ရေထည့်ရသည်။
မီးကိုမြှင့်လိုက်ပြီး ဆူအောင်စောင့်ရသည်။ ပြီးလျှင် ပြုတ်ထားတဲ့ တိုဟူးတုံးတွေထည့်ပြီး ရေနဲ့ဖြောကာ ညင်ညင်သာသာဖြန့်လိုက်သည်။
ရေသုံးပုံတစ်ပုံလောက်ကျန်တော့ သူမက ခေါက်ဆွဲငရုတ်သီးတစ်ဇွန်းနဲ့ ငရုတ်ကောင်းမှုန့်တစ်ဇွန်းထည့်လိုက်သည်။ သူမ အသာလေးမွှေလိုက်ကာ မွှေပြီးတဲ့နောက် တိုဟူးကို ရေအနည်းငယ်ထည့်လိုက်သည်။ နောက်ဆုံးတော့ သူမကရေပေါင်းပင် အပိုင်းတွေကို အပေါ်ကနေဖြူးလိုက်သည်။
မော့ချူး မီးဖိုချောင်မှာ ချက်ပြုတ်နေချိန်မှာ မော့ယန်၊ ဝိုင်းဝိုင်းနဲ့ တခြားလူတွေက ဘေးတွင်ရပ်ကာကြည့်နေကြသည်။
အရင်က မော့ယန်ရဲ့ကူကယ်ရာမဲ့နေတဲ့ အကြည့်နဲ့ ယှဉ်ပါက မော့ချူးကတော့ လုံးဝကိုပြေပြစ်ကျော့ရှင်းလှသည်။ သူမက မဆိုင်းမတွ လှီးချွတ်၊ ကြော်လှော်ကာ ဟင်းခတ်အမွှေးအကြိုင်တွေကို ထည့်သည်။ လှုပ်ရှားမှုတိုင်းသည် အကတစ်ခုလိုမျိုး စိတ်ဝိညာဉ်အပြည့်နဲ့ ဆွဲဆောင်မှုအပြည့်ရှိလှသည်။
သို့ပေမယ့် မော့ချူး ဟင်းနှစ်ပွဲယူလာတဲ့အခါ မော့ချူးအပေါ် သူတို့ရဲ့ချီးကျူးမှုတွေက အစားအသောက်ကြောင့် သွားရည်ယိုရတဲ့ဆီကို ပြောင်းသွားသည်။
အထူးသဖြင့် ဝိုင်းဝိုင်းပင်။ သူ့ရဲ့မျက်နှာကြီးက ကျေနပ်မှုအပြည့်နဲ့ပင်။ သူရဲ့မျက်လုံးဝိုင်းဝိုင်းတွေက လခြမ်းကွေးပုံစံဖြစ်တဲ့အထိ ပြုံးနေသည်။ "အာဝူး အာဝူးးး-" အရမ်းမွှေးတာပဲ! ဒီလိုအရသာရှိလတ်ဆတ်တာတွေကို စားနိုင်နေမှတော့ ဒီထက်ပိုပြီး ပျော်စရာမရှိတော့ဘူး!
အဲ့ဒီအချိန်တွင် မော့ယန်က ထမင်းခူးပြီးသွားကာ စားဖို့မော့ချူကို ထိုင်စောင့်နေသည်။
မော့ချူးက အရံဟင်းလျာတွေနဲ့ မာဖို့တို့ဟူးကို စားပွဲပေါ် ယူလာသည်။ "လာ၊ ဒီဟင်း နှစ်မျိုးမြည်းကြည့်ကြည့်"
သူမမှာ မော့ယန်ကိုသာ မြည်းကြည့်ခိုင်းလို့ရသည်။ ဝိုင်းဝိုင်းတိုနှစ်ယောက်ကတော့ သူတို့ရဲ့ခေါင်းတွေကို အစားအစာထဲမှာ မြှုပ်ထားရမယ်ဆိုတာလောက်ဘဲ သိကြပြီး ထင်မြင်ချက်ပေးနိုင်လိမ့်မယ်လို့ သူမ မမျှော်လင့်ထားပေ။
မော့ယန်က တို့ဟူးတစ်ပိုင်းကိုညှပ်ကာ သူ့ပါးစပ်ထဲထည့်လိုက်သည်။
သူ အရသာတွေ အများကြီး စားဖူးပေမယ့် ဒီနေ့ အရသာကတော့ သူ့ကို အံ့ဩသွားစေသည်။ လတ်လတ်ဆတ်ဆတ် ပြုတ်ထားတဲ့ တို့ဟူးက နူးညံ့ချောမွေ့နေကာ စပ်ပြီး လတ်ဆတ်တဲ့ ရနံ့အနည်းငယ်လည်း ရသည်။ အရသာက ရိုးရိုးရှင်းရှင်းလေးပင်။
ဝိုင်းဝိုင်းနဲ့ မြေခွေးပျံလေးတို့ကတော့ အစားအသောက်တွေကို အငမ်းမရစားနေကြသည်။ ဒီအခိုက်အတန့်မှာ သူတို့ရဲ့မျက်နှာထဲမှ အစာအသောက်တွေနဲ့သာ ပြည့်နှက်နေပြီး ရက်စက်ကြမ်းကြုတ်တဲ့ တိရစ္ဆာန်တွေနဲ့ လုံးဝကိုမတူပေ။
မော့ချူး အစားအစာချက်ပြုတ်တဲ့ အချိန်တိုင်း နောက်ကျကျန်ခဲ့မှာကိုစိုးကာ သူတို့တွေ ဝိုင်းအုံလာတတ်ကြသည်။ အထူးသဖြင့် ဝိုင်းဝိုင်းနဲ့ မြေခွေးပျံလေးတို့နှစ်ယောက်ပင်။
သူတို့က ဗိုက်ပြည့်တဲ့အထိစားကြသည်။ ကျေနပ်အားရစွာနဲ့ လူနှစ်ယောက်နဲ့ သားရဲနှစ်ကောင်က ထိုင်ခုံပေါ်ကို တညီတညွတ်တည်း လှဲချလိုက်ကြသည်။
မော့ယန် သက်ပြင်းအသာချလိုက်သည်။ ရွေးချယ်စရာမရှိဘဲ သူရှုံးသွားတာကိုတော့ ဝန်ခံရမည်။ မျှော်လင့်ထားတဲ့အတိုင်း ချက်ပြုတ်ခြင်းဟာလည်း အနုပညာတစ်ရပ်ဖြစ်သည်။ အဲ့ဒီအတွက် အရည်အချင်းတွေလည်း လိုအပ်သေးသည်။ မေ့လိုက်သင့်တယ်! ဒီကြီးမားပြီး ခက်ခဲကြမ်းတမ်းတဲ့တာဝန်ကို ချူးလေးဆီပဲ အပ်ထားရတော့မယ်။
မျက်စိတစ်မှိတ်အတွင်းမှာဘဲ တစ်နေ့တာက ကုန်လွန်သွားသည်။ ဆေးကုသမှု ခံယူကာအနားယူပြီးသွားတော့ ယခင်က အအေးမိထားကြတဲ့ ကျောင်းသားတွေအားလုံး ပုံမှန်အတိုင်း ပြန်ရောက်လာကြသည်။ စစ်ရေးလေ့ကျင့်မှုတွေလည်း ဆက်လုပ်ရသည်။
“ငါ ကျောင်းအုပ်ကို တိုင်ထားပြီးပြီ။ ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် ငါတို့တွေ ခံနိုင်ရည်ရှိကြတော့မှာ မဟုတ်ဘူး” မော့ချူးသည် အသင်းထဲ လျှောက်သွားတုန်း ဆူပူသံ ကြားလိုက်ရသည်။ "နောက်လာမယ့်လေ့ကျင့်ရေးတွေတော့ သေချာပေါက် အရမ်းမခက်ခဲလောက်တော့ဘူး"
တခြားမိန်းကလေးတွေကလည်း ခေါင်းညိတ် သဘောတူကြသည်။ "ဟုတ်တယ်။ ငါ့မိသားစုလည်း ကျောင်းကို သဘောမတူကြောင်းပြောထားတယ်"
"ဟုတ်တယ်။ ငါတို့ရဲ့ လေ့ကျင့်ရေးအခက်အခဲက ထိပ်တန်းတပ်ဖွဲ့တွေရဲ့ လေ့ကျင့်ရေးနဲ့ ယှဉ်လို့ရတယ်တဲ့ ငါအစ်ကို ပြောတယ်"
ဒါကိုကြားတော့ လူတိုင်းက စိတ်သက်သာရာရသွားသလို ခံစားလိုက်ရသည်။ သူတို့ကို နောက်ဆုံးတော့ နည်းနည်း လျှော့ပေါ့ပေးတော့မည်။ သူတို့သာဆက်ပြီးပြင်းပြင်းထန်ထန် လေ့ကျင့်ရရင် သူတို့တွေမသန်စွမ်းဖြစ်ကြတော့မှာ!
ကံဆိုးစွာနဲ့ နျဉ်ယွိယွမ် ရောက်လာတဲ့အခါ သူ့အမူအရာက ခါတိုင်းထက်ပင် ကြမ်းတမ်းနေသည်။ သူတို့ရဲ့မျှော်လင့်ချက်တွေက နောက်တစ်ကြိမ် ပြိုပျက်သွားတယ်လို့ ခံစားရပေမယ့် မတတ်နိုင်ပါချေ။
မျှော်လင့်ထားတဲ့အတိုင်း နျဉ်ယွိယွမ်ရဲ့စူးရှရှ အကြည့်တွေက သူတို့အပေါ် ကူးလူးသွားပြီး သူ့မျက်ခုံးတွေက အသာမြင့်တက်သွားသည်။
"မင်းတို့တွေ လေ့ကျင့်ရေးက အရမ်းတင်းကျပ်တယ်ဆိုပြီး ဌာနမှူးကို ကန့်ကွက်ကြောင်းပြောတယ်လို့ ငါကြားခဲ့ရတယ်"