အပိုင်း ၁၂၃
Vol. 9 Ch. 123
“ အားလုံးက အသက်မပြည့်ကြသေးလို့လား? အရိုက်ခံရပြီးရင် ဘာလို့ငိုကြတာလဲ? ဘယ်လိုတိုင်ရမလဲဆိုတာတောင် သင်ထားကြသေးတယ်!”
"မင်းတို့တွေက စစ်တက္ကသိုလ်ရဲ့ ထိပ်တန်းကျောင်းသားတွေလား?" နျဉ်ယွိယွမ် နှာမှုတ်လိုက်ပြီး “ငါပြောမယ်၊ နောင်လာမယ့် လေ့ကျင့်ရေးတွေလည်း လွယ်ကူလာမှာမဟုတ်ဘူး။ အဲဒီအစား ပိုပိုပြီးခက်ခဲလာလိမ့်မယ်!"
“ဘယ်သူမဆို ကြောက်ရင် အခုချက်ချင်း ထွက်သွားနိုင်တယ်။ နောင်လည်း ထပ်မလာနဲ့!"
နျဉ်ယွိယွမ်ရဲ့ ရက်စက်တဲ့စကားလုံးတွေက လူတိုင်းရဲ့ မျက်နှာတွေကို နီရဲသွားစေပေမယ့် ဘယ်သူကမှနောက်ပြန်မလှည့်ရဲကြပေ။
နောက်ရက်အနည်းငယ် လေ့ကျင့်မှုတွင် နျဉ်ယွိယွမ်က သူပြောတဲ့အတိုင်း တကယ်လုပ်ခဲ့သည်။
skydiving တွင် ဆင်းသက်တဲ့ အနေအထားနဲ့ အမြန်နှုန်းကို ကန့်သတ်ထားဖို့ လိုသည်။ ပစ်ခတ်မှုမှာတော့ တိကျမှုနဲ့ အချိန်ကို အာရုံစိုက်ထားဖို့ လိုသည်။ ဘယ်လိုပွဲမျိုးဖြစ်ဖြစ်၊ သူတို့ရဲ့ အရင်လေ့ကျင့်မှုတွေထက် တစ်လှမ်းနှစ်လှမ်းလောက် ပိုခက်လာတယ်ဆိုတာ သိသာလှသည်။
ခါးလိုက်တာ! တော်တော်ခါးတယ်!
အထူးသဖြင့် မော့ချူးပင်။ သူမရဲ့ဖွဲ့စည်းပုံက အဆိုးဆုံးဖြစ်ပြီး သူမက အမြဲတမ်းအောက်ဆုံးနားက အဆင့်တွေမှာသာ အမြဲတမ်း ရှိနေသည်။ နျဉ်ယွိယွမ်က သူမကို လွယ်လွယ်နဲ့ လျော့ပေါ့ပေးဖို့ လုံးဝဆန္ဒမရှိသလို သူမအတွက် သူ့လိုအပ်ချက်တွေက သူများတွေထက်တောင် ပိုတင်းကျပ်နေသေးသည်။
သို့ပေမယ့် တစ်ချိန်တည်းမှာပဲ သက်ရောက်မှုတွေက အရမ်းသိသာလာသည်။
တစ်ပတ်မပြည့်ခင်၊ မော့ချူးက သူမရဲ့ဖွဲ့စည်းပုံ တစ်ခုလုံးကို တုန်လှုပ်ချောက်ချားသွားစေတဲ့ အပြောင်းအလဲတစ်ခုကို ကြုံတွေ့ခဲ့ရသည်။
သူမမှာ လေ့ကျင့်ရေးပြီးတိုင်း မြေပြင်ပေါ်လှဲကာ ခွေးတစ်ကောင်လို ပင်ပန်းနွမ်းနယ်နေပြီး အပြင်းအထန်ကိုမောဟိုက်နေသည်။ သို့ပေမယ့် သူမ တဖြည်းဖြည်း သန်မာလာတာကို ရှင်းရှင်းလင်းလင်း ခံစားရသည်။ ဒီလိုမျိုး တိုးတက်မှုမျိုးက သူမကို အရမ်းစိတ်ချမ်းသာလာစေသည်။
"မင်းအဆင်ပြေရဲ့လား? အနားယူဖို့ မင်းကိုချီသွားစေချင်လား?" သို့ပေမယ့် အဲ့ဒီအချိန်မှာ နျဉ်ယွိယွမ်တစ်ယောက် သွေးအေးတဲ့နည်းပြအဖြစ်ကနေ အသည်းအသန် လိုက်ပိုးပန်းနေသူအဖြစ် ချက်ချင်းပြောင်းသွားကာ အာရုံစူးစိုက်မှုရှိတဲ့ အမူအရာဖြင့် သူမကို ကြည့်နေသည်။
တစ်ဖက်တွင် မော့ယန်က ထရပ်ကာ သူ့ကို အေးစက်စက်နဲ့ငြင်းလိုက်ချင်သည်။ သို့ပေမယ့် သူလည်း မော့ချူးထက် မသာနေပေ။ သူ့တစ်ကိုယ်လုံး ချွေးတွေရွှဲပြီး ခြေလက်တွေလည်း အားနည်းနေသည်။
ဒီလိုအရေထူတဲ့ နျဉ်ယွိယွမ်က မော့ချူးကို လေ့ကျင့်ရေးကွင်းကနေ သူမရဲ့အခန်းထဲအထိပြန်ပို့ဖို့ အခွင့်အရေးတွေကို ဆုပ်ကိုင်ထားတာကြောင့်ပင်။
မော့ချူးရဲ့မျက်နှာမှာ နီရဲနေပြီး သူမရဲ့နှလုံးခုန်သံတွေလည်း မြန်လာသည်။ နောက်ဆုံးတော့ နျဉ်ယွိယွမ်ရဲ့ သန်မာတဲ့လက်တွေက သူမရဲ့ကျောနဲ့ခြေထောက်တွေကို ရစ်ပတ်ထားသည်။ ပူလောင်တဲ့ခံစားမှုက အဝတ်အစားတွေကတဆင့် သူမဆီ ကူးစက်သွားတဲ့ပုံပင်။
မော့ချူးရဲ့မျက်နှာလေးက အနည်းငယ် ထွေနေသည်။ သူမ သူတို့နှစ်ယောက်ကြားကို ခြားဖို့အတွက် သူ့ရင်ဘတ်ပေါ် လက်တစ်ဖက်တင်ထားသည်။
နျဉ်ယွိယွမ်က ဒါကို မကျေနပ်ပေ။ သူက သူ့လက်မောင်းကို နည်းနည်း အားစိုက်ထုတ်လိုက်ပြီး မော့ချူးရဲ့ အားနည်းနေတဲ့ ခန္ဓာကိုယ်ကို သူ့ရင်ဘတ်ပေါ် အထိန်းအကွပ်မရှိ မှီစေလိုက်သည်။ သူမရဲ့ခေါင်းမှာ နျဉ်ယွိယွမ်ရဲ့ ကြံ့ခိုင်လှတဲ့ ရင်ဘတ်မှာ ဖိခံထားရပြီး သူမမှာ ခုခံနိုင်စွမ်းလုံးဝမရှိပေ။
မော့ချူးက နျဉ်ယွိယွမ်ကို အကြိမ်အနည်းငယ်လောက် စိုက်ကြည့်လိုက်သည်။ သူက အမူအရာမဲ့တဲ့ မျက်နှာနဲ့ ပြောလာသည်။ “မင်း ကိုယ့်ကို ဒီလိုမျိုး ဆက်ကြည့်နေရင် မင်းကို နမ်းဖို့ ကိုယ်မထိန်းထားနိုင်လောက်တော့ဘူး"
F*ck!
မော့ချူးမှာ ချက်ချင်း ရှုံးနိမ့်သွားရသည်။ K.O!
သို့ပေမယ့် အချိန်ကြာလာတာနဲ့အမျှ နျဉ်ယွိယွမ်ဆီကနေ သူမကို ချီပြန်လာရတဲ့ အကြိမ်အရေအတွက်က တဖြည်းဖြည်း တိုးလာသည်။ မော့ချူးက ဒါကို ကျင့်သားရလာကာ သူ့ကို အခမဲ့ လူသယ်လူသားအဖြစ် ရိုးရိုးရှင်းရှင်း ဆက်ဆံသည်။ တခါတလေ သူမကိုယ်တိုင်က အနေအထားကိုတောင် ချိန်ညှိကာ သက်တောင့်သက်သာအရှိဆုံး ရှုထောင့်ကိုလည်း ရှာတတ်သည်။
"အိုး ဟုတ်သားပဲ၊ မင်း ချင်ရှန့်ရဲ့ reality show မှာ ပါဖို့ ပြင်ဆင်နေပြီလား?" အပြန်လမ်းမှာ သူတို့နှစ်ယောက် ခဏခဏ စကားစမြည်ပြောဖြစ်ကြသည်။
“ဟုတ်တယ်” မော့ချူးက ခေါင်းမော့ကာ မျက်နှာပေါ်မှာရှိနေတဲ့ ဆံပင်တချို့ကို ဖယ်ထုတ်လိုက်သည်။ “အစ်ကိုရောနဲ့ ကျွန်မရော တော်တော်ကောင်းတယ်လို့ခံစားရတယ်။ ကျွန်မတို့ ပါလိမ့်မယ်"
ဒါကိုမြင်တော့ နျဉ်ယွိယွမ် ရုတ်တရက် ရပ်လိုက်ပြီး မော့ချူးကို ဘေးနားက ခုံတန်းမှာ ချလိုက်သည်။ သူ့လက်ကြီးတွေက သူမရဲ့နဖူးပေါ်ရှိ ဆံပင်တွေကို ဂရုတစိုက် ဖယ်ပေးလိုက်သည်။ "အခုတော့ မျက်လုံးတွေကို မကာနေတော့ဘူး!"
မော့ချူး မတုံ့ပြန်ရသေးခင်မှာ သူက သူမကို ပြန်ချီကာ ရှေ့ကို ဆက်လျှောက်သည်။
"မနက်ဖြန် စစ်ရေးလေ့ကျင့်မှု ပြီးပြီဆိုတာ မင်းသိလား?" မော့ချူး တံခါးကို ဖွင့်လိုက်တဲ့အခါ နျဉ်ယွိယွမ်က သူမကို ဆိုဖာပေါ်ချပေးလိုက်သည်။ ခါတိုင်းလို သူက မပြန်သေးပေ။ အဲဒီအစား သူက သူမရှေ့မှာ ရပ်ပြီး သူမရဲ့မြင်ကွင်းတစ်ခုလုံးကို ပိတ်ဆို့လိုက်သည်။