← Chapters

အပိုင်း ၁၂၅

Vol. 9 Ch. 125

အပိုင်း ၁၂၅

Vol. 9 Ch. 125

နျဉ်ယွိယွမ်က သူ့ကို လျစ်လျူရှုကာ ဝင်သွားခဲ့သည်။

ကျောလင်က ဒါကို သူ့ ဘော့စ်တစ်ယောက် စိတ်ပျက်ပြီး ခေါင်းယမ်းပြတဲ့ ပုံစံအဖြစ် မှတ်ယူလိုက်သည်။

“ဟေး! ဘော့စ်၊ ကြည့်!" ကျောလင်က နျဉ်ယွိယွမ်နောက်ကို လိုက်သွားကာ ဗျူဟာမှူးအဖြစ် အလိုအလျောက် ဝင်ပါလာသည်။ “‌ မော့ချူးကို လေ့ကျင့်ရေးမှာ နည်းနည်းလောက် လျော့ပေါ့ပေးဖို့ ကျွန်တော်အရင်က ပြောခဲ့သားပဲ။ ဒီလိုဆို သူမလည်းဒုက္ခခံစရာမလိုသလို ဘော့စ်လည်း သူမကို သနားနေစရာမလိုတော့ဘူးပေါ့"

"ကျောလင်" နျဉ်ယွိယွမ်ရဲ့ ခြေလှမ်းတွေ ရပ်သွားပြီး သူ့အမူအရာမှာ နည်းနည်း လေးနက်နေသည်။ "ငါ ဒီကောင်မလေးနဲ့ အကြာကြီးနေချင်တယ်"

အဲ့ဒီစကားကိုပြောပြီးတာနဲ့ နျဉ်ယွိယွမ်က စာဖတ်ခန်းထဲလှည့်ဝင်သွားကာ သူ့လက်ထဲက အလုပ်ကို ဆက်လုပ်ဖို့ပြင်ဆင်သည်။

ကျောလင်မှာ အင်တာနက်ကို ပြန်သုံးလာတာကြာပြီဖြစ်ကာ အဲ့ဒါကိုရင်ဆိုင်ဖို့ စစ်ရေးလေ့ကျင့်ချိန်အတွင်းမှာတောင် ညတိုင်း နောက်ကျတဲ့အထိနေသည်။ သို့ပေမယ့်နျဉ်ယွိယွမ်ရဲ့ လက်အောက်ခံတွေက အဖွဲ့ချုပ်ရဲ့ စစ်တပ်သုံးပုံနှစ်ပုံကို ထိန်းချုပ်ထားဆဲဖြစ်တာကြောင့် သူတို့အတွက် ဘယ်လိုလုပ်လွယ်ကူနိုင်မှာတဲ့လဲ?

အပြင်ဘက်မှာ ကျောလင်အကြာကြီး တွေးနေပေမယ့် သူ့မှာ ဘာသဲလွန်စမှမရှိသေးပေ။ သူက သူ့ဘေးနားရှိ ကျုံးဝမ်ကို လှမ်းဆွဲလိုက်သည်။ "ခုနတုန်းက ဘော့စ် ဘာကိုဆိုလိုချင်တာလဲ?"

သူဘာလို့ နားမလည်တာလဲ! ဘော့စ်က မော့ချူး နဲ့ အချိန်အကြာကြီး ရှိချင်နေတာလား? အဲ့ဒါက လေ့ကျင့်ရေးနဲ့ ဆိုင်တာလား မဆိုင်တာလား?

ကျုံးဝမ်က သူ့ကို မျက်လုံးလှိမ့်ပြလိုက်သည်။ ဒီအကြောင်းအရာတစ်ခုကိုပဲ စွဲနေတတ်တဲ့ အရူးကတော့!

ဟက်၊ ငတုံးလေး?

ကျောလင်က ‌ဒေါသမထွက်လာခင် ကျုံးဝမ်ကရှင်းပြလိုက်သည်။ "ဘော့စ်ရဲ့အရည်အချင်းနဲ့ဆို မော့ချူးကို သေချာပေါက် ကာကွယ်ပေးနိုင်ပေမယ့် မော့ချူးက အတောင်ပံတစ်စုံအောက်မှာ အကာအကွယ်လိုတဲ့လူမျိုးလို့ မင်းထင်လား?"

ကျောလင် ခဏလောက် စဉ်းစားလိုက်ပြီး ခေါင်းကို အခိုင်အမာ ခါလိုက်သည်။

ဒီကလေးမလေး မော့ချူးက နူးညံ့သိမ်မွေ့ပြီး ပျော့ညံ့ပုံရပေမယ့် သူမစိတ်ကတော့ အရမ်းခိုင်မာသည်။ ရက်ပေါင်းများစွာ ပြင်းပြင်းထန်ထန် လေ့ကျင့်ပြီးတဲ့နောက်တွင် သူမအနေနဲ့ အပင်ပန်းဆုံးဖြစ်မှာ သေချာပေမယ့် သူမဟာ တစ်ခါမှ မညည်းညူသလို မျက်ရည်လည်းမကျခဲ့ပေ။

"ငါသိပြီ!" ကျောလင်ရဲ့အကြည့်တွေက မော့ချူးအပေါ် လေးစားနေတာကို ထင်ရှားနေသည်။ "မော့ချူးက ပျံသန်းချင်တယ်ဆိုရင် ဘော့စ်က သူ့အတောင်ပံတွေကို မချိုးဘဲ ရှေ့ဆက်ဖို့အသန်မာဆုံး အတောင်ပံတစ်စုံကို ကူပြီးဖန်တီးပေးလိမ့်မယ်"

တကယ်တော့ ဒါကလည်း ကောင်းပါသည်။ ဘာဘဲဖြစ်ဖြစ် ဘော့စ်ရဲ့ အခြေအနေ အဆင့်အတန်းက မြင့်သည်။ မော့ချူး တတ်နိုင်သလောက် လျှောက်မှသာ သူတို့နှစ်ယောက်ရဲ့ အနာဂတ်က ပိုမိုသဟဇာတဖြစ်လိမ့်မည်ပင်။

တစ်ဖက်မှာက ဘော့စ်၊ ကျုံးဝမ် ကျွတ်သပ်ကာ သက်ပြင်းချလိုက်သည်။ ဘော့စ်က ပထမဆုံးအကြိမ် ချစ်မိသွားပေမယ့် အဲ့ဒါကိုသူကိုယ်တိုင် သင်ယူခဲ့တဲ့ပုံပင်။ ချစ်ခြင်းမေတ္တာရဲ့ စစ်မှန်တဲ့အဓိပ္ပါယ်ကို အောင်အောင်မြင်မြင် နားလည်သွားတာက အမှန်တကယ်ကို အရည်အချင်းတစ်ခုဖြစ်သည်။

နောက်တစ်နေ့တွင် နျဉ်ယွိယွမ်နဲ့ တခြားသူတွေ တိတ်တဆိတ် ထွက်ခွာသွားကြသည်။ စစ်ရေးလေ့ကျင့်မှု ကတော့ တရားဝင်ပြီးသွားပြီဖြစ်သည်။ မော့ချူးမှာ သူတို့နဲ့ ခွဲခွာဖို့ နည်းနည်းဝန်လေးသလို ခံစားရပေမယ့် သူမက အဲ့ဒီကိစ္စကို သိပ်ပြီးမစဉ်းစားတော့ပေ။ မကြာခင်မှာ reality show ကို စရိုက်ကူးတော့မှာဖြစ်လို့ အိမ်စာတွေကို ကြိုပြီး လုပ်ထားရဦးမည်။

တစ်ပတ်ခန့် ပြန်လည်အနားယူပြီးတဲ့နောက်မှာ ချင်ယွဲ့၊ မော့ချူး၊ မော့ယန်နဲ့ ယောင်မန်ဝမ်တို့ ခရိုင် ၅ ဆီ ခေါ်လာသည်။

ယောင်မန်ဝမ်က Mecha သရုပ်ပြပွဲတွင် ချင်ရှန့်ကိုတားကာ သူမရဲ့ ချစ်ခြင်းမေတ္တာကို ပြသဖို့အစပြုခဲ့သော မိန်းကလေးဖြစ်သည်။ အဲ့ဒီအချိန်တုန်းက သူမရဲ့မျိုးရိုးဗီဇအဆင့်ကို ထုတ်ဖော်ပြသခဲ့ပြီး မော့ချူးမှာ သူမအပေါ် အထင်ကြီးမှုအချို့ရှိနေဆဲဖြစ်သည်။

ရှိုးက တရားဝင်မစသေးပေ။ အဲဒီမတိုင်ခင် ကလစ်အတိုလေးတွေနဲ့ မှတ်တမ်းတင်သည်။ ဒါကြောင့် သူတို့အဖွဲ့ကို ခရိုင် ၅ ရှိ စတူဒီယိုဆီ ခေါ်လာခဲ့တာဖြစ်သည်။

“လာကြ၊ ဒါက မင်းတို့ရဲ့နားနေခန်းပါ” လိမ္မာယဉ်ကျေးပုံရတဲ့ လက်ထောက်တစ်ယောက်က ပြုံးကာရှင်းပြလာသည်။ “ကျန်တဲ့သူတွေတော့ မရောက်သေးဘူး။ မင်းတို့တွေ ခဏလောက်‌တော့ စောင့်ရလိမ့်မယ်"

"ကောင်းပါပြီ၊ ကျွန်မတို့ နားလည်ပါတယ်။ ကျေးဇူးပါ" မော့ချူး နားလည်ပေးကာ ခေါင်းညိတ်ပြလိုက်သည်။ သူမတို့တွေက အရင်ရောက်နေပေမယ့် ဘာပဲဖြစ်ဖြစ် တခြားသူတွေက ဖျော်ဖြေရေးနယ်ပယ်က နာမည်ကြီး တွေဖြစ်သည်။ ယှဥ်ကြည့်လိုက်ရင် သူတို့လေးယောက်ကို ပြောဖို့တောင်မတန်ပေ။ သူတို့ရဲ့ အင်တာဗျူးကို နောက်ပိုင်းမှ စီစဉ်ပေးတာက ပုံမှန်ပင်။

မော့ချူးနဲ့ တခြားသူတွေရဲ့ တုံ့ပြန်မှုတွေကို မြင်လိုက်ရတော့ လက်ထောက်ကလေးက စိတ်အေးသွားသလို သက်ပြင်းတစ်ချက်ချလိုက်သည်။ သူလည်း သူတို့အ‌ပေါ် အမြင်ကောင်းရှိသွားသည်။

ချင်ရှန့်က ဒီကဏ္ဍတွင် အရမ်းရက်ရောသည်။ သူတို့တွေကလေးယောက်သာရှိပေမယ့် အနားယူခန်းနှစ်ခန်း ပေးထားသေးသည်။ အဲ့ဒီမှာ သူတို့လိုအပ်တာတွေလည်းအကုန်ရှိသည်၊ ၂၁ ရာစုထက် မနိမ့်ပေ။ ဒါကိုမြင်တော့ မော့ချူးက သဘောကျစွာနဲ့ မနေနိုင်ဘဲ ကျွတ်စ် သပ်လိုက်သည်။

All Chapters