← Chapters

အပိုင်း ၁၂၇

Vol. 9 Ch. 127

အပိုင်း ၁၂၇

Vol. 9 Ch. 127

ဒါကိုကြားတော့ ချန်ရှောက်လည်း ဒေါသထွက်လာသည်။ ချင်ယွဲ့ရဲ့ နှောင့်ယှက်မှုကြောင့် သူ စိတ်မရှည်တော့ပေ။ သူမျက်ခုံးတင်းတင်းတွန့်ချိုးလိုက်သည်။ ဟက်! အများဆုံးမှ မင်းက အဆင့်အတန်းတစ်ခုရှိတဲ့ သခင်ငယ်လေး တစ်ယောက်သာသာပဲလေ။ ဒီနေရာမှာ မင်းကိုယ်မင်း ပါဝါရှိတယ်လို့ ထင်နေတာလား?!

“ငါ မင်းကို အမှန်အတိုင်းပြောမယ်။ အစ်မချီက သူ့အလုပ်အတွက် စိတ်နှစ်ထားတာ။ ဒီရှိုးအတွက် ပြင်ဆင်ဖို့ အဝတ်အစားတွေ ဒါဇင်ပေါင်းများစွာ ယူလာတာ။ ဒီအခန်းက သေချာပေါက်မလောက်ဘူး..."

"မလောက်ဘူး? ဒါဆို ငါ့အခန်းထဲမှာ ထားလိုက်!" ရုတ်တရက် ဆိုသလိုဘဲ မပျော်မရွှင်ဖြစ်နေတဲ့အသံနဲ့အတူ လူတစ်ယောက်ရဲ့အသံက ရုတ်တရက်ဖြတ်ပြောလာသည်။

"မင်းက ဘယ်သူလဲ? မင်းနဲ့ဆိုင်လို့လား? ငါ့လမ်းကနေ ထွက်...” ချန်ရှောက် ရုတ်တရက် ခေါင်းလှည့်လိုက်‌ပြီး အဲ့ဒါကို တွေ့လိုက်ရတဲ့အခါ သူ့အမူအရာက ချက်ချင်းပြောင်းလဲသွားသည်။ သူ ဘာမှ ထပ်မပြောရဲတော့ဘဲ သူ့နှုတ်ခမ်းတွေ မရပ်မနား ထွန့်ထွန့်လူးနေတာကိုဘဲတွေ့ရတော့သည်။

"စုန့် အစ်ကိုစုန့်... ဘာလို့ဒီကိုရောက်နေတာလဲ?" ချန်ရှောက်က သူ့နဖူးပေါ်ရှိ ချွေးအေးတွေကို ထိလိုက်ပြီး အသာဦးညွှတ်လိုက်ကာ ခေါင်းအသာငုံ့ရင်း မေးလိုက်သည်။

"ငါသာမလာခဲ့ရင် ဒီမြင်ကွင်းကို မြင်ရမှာတဲ့လား?" အဲ့ဒီလူက ခပ်ဟဟရယ်လိုက်ပြီး ခြေတံရှည်နဲ့လျှောက်လာသည်။ "ကျန်းရှောင်ချီအတွက် နေရာမလောက်ဘူးတဲ့လား? ငါ့အခန်းနဲ့ လဲချင်လား?"

"မဟုတ်ပါဘူး၊ မလိုပဘူး!" ဒါကိုကြားတော့ ချန်ရှောက်ရဲ့ နဖူးပေါ်က ချွေးအေးတွေက ပိုလို့တောင် များလာပြီး သူ့ခေါင်းကို အလျင်အမြန် ခါယမ်းလိုက်သည်။ “တကယ်တော့ ပစ္စည်းတွေ များနေပေမယ့် သိပ်ထည့်ရင်တော့လောက်ပါတယ်"

"အမ်၊ အစ်ကိုစုန့် ကျွန်တော့်မှာ လုပ်စရာရှိသေးလို့ အရင်သွားလိုက်ပါဦးမယ်" ပြောပြီးသွားတော့ ချန်ရှောက်က သူတို့အဝတ်အစားတန်းတွေကို တွန်းလာတဲ့ လူတချို့ကို အချက်ပြလိုက်သည်။ နောက်တော့ သူ့နောက်ကို သရဲလိုက်လာသလိုမျိုး ခြေလှမ်းကြဲတွေနဲ့ ပြေးသွားတော့သည်။

ဒီအခိုက်အတန့်မှာ မော့ယန်ရဲ့ မျက်လုံးတွေ ပြူးကျယ်နေပြီး အဲ့ဒီလူကိုမျက်တောင်မခတ်တမ်း စိုက်ကြည့်နေသည်။ စုန့်ချင်းစုန့်ဟာ ငယ်ငယ်ကတည်းက သူ့ရဲ့ idol ပင်။

"မင်းတို့က အစီအစဉ်မှာ ပါဖို့ရောက်လာကြတဲ့ ဗိုလ်လောင်းတွေ မဟုတ်လား?" စုန့်ချင်းစုန့်က သူတို့ကို လှည့်ကြည့်လာပြီး ပေါ့ပေါ့ပါးပါး ပြုံးပြလိုက်သည်။ ဒီလူက သူ့နာမည်နဲ့အညီ နေထိုင်တာဖြစ်သည်။ သူဟာ လေအေးတွေကြားထဲမှာ ဝင့်ကြွားစွာရပ်နေတဲ့ ထင်းရှူးပင်တစ်ပင်နှင့် တူသည်။ သူ့ရဲ့ စိတ်နေသဘောထားက ဖြူစင်ကာ ကြည့်ကောင်းပေမယ့် လောကဓံအပြောင်းအလဲကိုကြုံခဲ့ဖူးတဲ့ အရိပ်အယောင်တွေက ရောထွေးနေသည်။

“ဟုတ်ပါတယ်" မော့ယန်က ကမန်းကတန်း ခေါင်းညိတ်ပြလိုက်ပြီး သူ့အဝတ်အစားတွေကို ပြင်လိုက်သည်။ "မင်္ဂလာပါ၊ ကျွန်တော်က မော့ယန်၊ အစ်ကို့ရဲ့ ဖန်ပါ"

"အိုး?" မော့ယန်ရဲ့မျက်နှာပေါ်က စိတ်လှုပ်ရှားမှုတွေကို မြင်လိုက်ရတော့ စုန့်ချင်းစုန့်က ညင်သာစွာ ပြုံးပြလိုက်သည်။ "ဟယ်လို အနာဂတ်မှာ ကောင်းကောင်းလက်တွဲကြရအောင်"

စုန့်ချင်းစုန့်ရဲ့စကားတွေက မော့ယန်ကို Steroids တွေလိုမျိုးခံစားရစေသည်။ သူ့စိတ်တွေ တက်ကြွလာပြီး ကျယ်လောင်စွာနဲ့ပြန်ဖြေလိုက်သည်။ “ဟုတ်ကဲ့!"

စုန့်ချင်းစုန့်က ပိုလို့တောင် စိတ်ဝင်စားလာသည်။ သူ့နှုတ်ခမ်းတွေ ပိုဟလာလေလေ ဒီကောင်လေးက ပိုပြီးချစ်စရာကောင်းလာလေပင် ! နောက်တော့ သူကလူအုပ်စုကို ဖြတ်ကာ ဝေ့ဝဲကြည့်လိုက်... အာ! သူတို့အားလုံးက အရည်အချင်းရှိတဲ့ ကလေးတွေပဲ။ သူတို့ကတော့ တောက်ပတဲ့ အနာဂတ်ကို သေချာပေါက် ရကြမှာပဲ။

"တောင်းပန်ပါတယ်။ ကိုယ့်မှာလုပ်စရာကိစ္စတွေရှိသေးလို့ မင်းတို့နဲ့ စကားပြောလို့မရတော့ဘူး" စုန့်ချင်းစုန့်က အသာပြုံးပြလိုက်သည်။ သူ့မျက်လုံးတွေထဲက ဝမ်းနည်းမှု အရိပ်အယောင်တွေကို မြင်နေရသည်။ အဲဒါအမှန်ပင်။ တစ်ချိန်က စုန့်ချင်းစုန့်ဟာလည်း အခြေခံအထူးစွမ်းရည် အသုံးပြုသူဖြစ်သည်။ အခုတော့ သူ့စွမ်းအားတွေ တစ်နေ့ပြီးတစ်နေ့ ပျောက်ကွယ်နေတာကိုပဲ ကြည့်နေနိုင်တော့သည်။ သူ ဘယ်လိုလုပ် စိတ်မပျက်ဘဲ မနေရမှာလဲ? အထူးသဖြင့် ဒီကလေးတွေကို မြင်ရင်ပေါ့။

“ကောင်းပြီ၊ ဂရုစိုက်ကြ”

စုန့်ချင်းစုန့် ထွက်သွားတဲ့အခါ၊ ချင်ယွဲ့က ချက်ချင်းပြောလာသည်။ "ပြောကြည့်ကြည့်၊ လူတွေက ဘာလို့ တစ်ယောက်နဲ့တစ်ယောက် အရမ်းကွာခြားနေရတာလဲ? ကျန်းရှောင်ချီကို ငါ သဘောကျခဲ့ဖူးပေမယ့် အခုချိန်မှာတော့ နတ်ဘုရားမတစ်ယောက်အဖြစ် သူ့အပေါ်ထားတဲ့ ငါ့ခံယူချက်တွေကတော့ လုံးဝပျက်စီးသွားပြီ"

"ငါတို့ရဲ့နတ်ဘုရားစုန့်ကိုကြည့်ပါဦး" ချင်ယွဲ့ကချီးကျူးသည်။ "သူက ရုပ်ရည်ချောမောပြီး သရုပ်ဆောင်ကောင်းရုံတင်မကဘူး သူ့ရဲ့ အကျင့်စရိုက်ကလည်း အရမ်းကောင်းတာပဲ!"

မော့ယန်က သူ့ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။ “ငါ့ idol နဲ့ အဲဒီမိန်းမကို တစ်တန်းထဲမထားနဲ့။ အရမ်းနိမ့်တယ်! သူတို့နှစ်ယောက်က လယ်ဗယ်မတူဘူး!"

"ဟုတ်တယ်!" ချင်ယွဲ့ကလည်း ခေါင်းညိတ်သဘောတူလိုက်သည်။

ပြောရရင် ကျန်းရှောင်ချီ ဒီလိုအပြုအမူမျိုးလုပ်တာကမထူးဆန်းပါချေ။ အဖွဲ့ချုပ်ရဲ့ ဖျော်ဖြေရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှာ နောက်ကျကျန်နေပေမယ့် အဖွဲ့ချုပ်က အနုပညာရှင်တွေကို သဘောကျမှုဟာ ၂၁ ရာစုထက် အများကြီးသာလွန်သည်။ ဒါ့အပြင် နိုင်ငံရေးအကျော်အမော်တွေနဲ့ စစ်ဘက်အကောင်ကြီး အနည်းစု‌တွေတောင် သူတို့ရဲ့ပရိတ်သတ်တွေ ဖြစ်ကြသည်။

အဖွဲ့ချုပ်ရဲ့ယမန်နှစ်က ထိပ်တန်းပံ့ပိုးမှုထူးချွန်ဆုတွေကို နမူနာအဖြစ် ယူရမည်။ စုန့်ချင်းစုန့်ဟာ ရုပ်မြင်သံကြားဇာတ်လမ်းတွဲတွင် အမျိုးသားဇာတ်ဆောင်အဖြစ် သရုပ်ဆောင်ခဲ့တာကြောင့် လူအများရဲ့ချစ်ခင်မှုကို ရရှိခဲ့သည်။

"ဟဲလို၊ ငါတို့က မင်းတို့ရဲ့မိတ်ကပ်နဲ့ styling လုပ်ပေးဖို တာဝန်ယူထားတဲ့ လက်ထောက်တွေပါ" နူးညံ့ပြီး ချောမောလှပတဲ့ ကောင်လေးနှစ်ယောက်က ရောက်လာပြီးပြုံးပြုံးရွှင်ရွှင်နဲ့ ပြောလာတဲ့အချိန် မော့ချူးနဲ့ တခြားသူတွေက တံခါးနားတွင် ရပ်နေကြသည်။

“ကောင်းပါပြီ” မော့ချူးနဲ့တခြားသူတွေက သူတို့ကို ခေါင်းညိတ်ပြပြီး အခန်းထဲ ပြန်သွားကြသည်။

မိန်းကလေးတွေကို မိတ်ကပ်ပြင်ရတာက ယောက်ျားလေးတွေထက် ပိုလက်ဝင်တဲ့အတွက် နောက်မှပြင်ကြမည်ဖြစ်သည်။ ကောင်ချောလေးက အလှပြင်ပုံးကို ယူကာ မော့ယန်ဆီ လျှောက်သွားလိုက်သည်။ သူက မော့ယန်ကို ဂရုတစိုက်ကြည့်လိုက်ပြီး ရုတ်တရက် ချီးကျူးလာသည်။ "မင်က အရမ်းကြည့်ကောင်းတာပဲ၊ မင်းရဲ့အသားအရေက မဆိုးဘူး"

မော့ယန်မှ တိုက်ရိုက်ချီးကျူးခံရတာ ဒါပထမဆုံးအကြိမ်ပင်။ သူက ချောင်းအနည်းငယ် ဆိုးပြီး မျက်နှာနည်းနည်းနီလာသည်။

မော့ယန်ရဲ့ ပုံစံကို ကြည့်ပြီး မော့ချူး အကျယ်ကြီး ရယ်လိုက်သည်။ သူမ အစ်ကိုမှာ ဒီလိုချစ်စရာကောင်းတဲ့ဘက်ရှိလိမ့်မယ်လို့ သူမ မထင်ထားဘူး!

All Chapters