← Chapters

အပိုင်း ၁၂၉

Vol. 9 Ch. 129

အပိုင်း ၁၂၉

Vol. 9 Ch. 129

နောက်တစ်ခုကတော့ အရေးကြီးဆုံးဖြစ်တဲ့ မျက်လုံးမိတ်ကပ်ပင်။

မော့ချူးအနေနဲ့ သူမရဲ့မျက်နှာတစ်ခုလုံးမှာ အကျေနပ်ဆုံးအပိုင်းလည်းဖြစ်သည်။

သူမရဲ့ မျက်လုံးပုံစံက ကြောင်မျက်လုံးတွေနဲ့ နည်းနည်းဆင်သည်။ သူမရဲ့ ဘဲဥပုံသဏ္ဍာန် အနက်ရောင် မျက်လုံးတွေက အရည်နည်းနည်းလဲ့နေကာ မျက်လုံးထောင့်တွေက နည်းနည်းညွှတ်ကျနေသည်။ သူမရဲ့အပြစ်ကင်းတဲ့ပုံစံထဲမှာ ကျက်သရေရှိသလို ခံစားချက်လည်းရသည်။

သူမရဲ့ထူထဲတဲ့အနက်ရောင် မျက်တောင်တွေက ရှည်လျားကာ ကော့ညွှတ်နေသည်။ သူမရဲ့ သဘာဝမျက်တောင်တွေက အတုတွေထက်တောင် ပိုလှသည်။

မော့ချူးက eyeliner ကိုယူကာ မျက်ခွံအောက်ဘက်နားတလျှောက် ခပ်ပါးပါးဆွဲလိုက်သည်။ မျက်လုံးကို ချဲ့တဲ့နေရာမှာ အကျိုးသက်ရောက်မှု ရှိစေဖို့အတွက် eyeliner အဆုံးကို နည်းနည်းရှည်လိုက်သည်။

သူမက ပန်းရောင်ဖျော့ဖျော့ eye shadow ကို သူမရဲ့မျက်ခွံပေါ် ညီညီညာညာလိမ်းလိုက်တော့ ပေါ့ပေါ့ပါးပါးနဲ့ ချစ်စရာကောင်းတဲ့ပုံ ပေါ်သွားစေသည်။

နောက်ဆုံးမှာ သူမက blush တချို့နဲ့ highlight တွေ shadow တွေ နည်းနည်းထည့်လိုက်ကာ နှူတ်ခမ်းနီအရောင်တောက်တောက် ဆိုးလိုက်သည်။ ပြီးပြီ!

"ရှင် ဘယ်လိုထင်လဲ?" မော့ချူး မှန်ထဲက သူမကိုယ်သူ မကြည့်ပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ မဆိုးဘူး! မိတ်ကပ်မလိမ်းရတာ ကြာပြီဆိုပေမယ့် သူမရဲ့ အရည်အချင်းကတော့ လျော့မသွားသေးဘူး!

သို့ပေမယ့် သူမဘေးနားက လက်ထောက်ကို ကြည့်လိုက်တဲ့အခါ မော့ချူး နည်းနည်းရတတ်မအေးဖြစ်သွားသည်။ သူမကတော့ မဆိုးဘူးလို့ ခံစားမိပေမယ့် ဒီနေရာက အလှအပဆိုင်ရာ စံနှုန်းတွေကို ကျော်ဖြတ်နိုင်ပါ့မလားဆိုတာတော့ သူမ မသိပေ။

သူမဘေးက လက်ထောက်ကတော့ အံ့ဩနေသည်။

တစ်ဖက်တွင်မှာ မော့ချူးရဲ့ ကျွမ်းကျင်တဲ့မိတ်ကပ်စွမ်းရည်က သူ့ကိုအမှန်တကယ် တုန်လှုပ်သွားစေသည်။ အိုး ဘုရားရေ! ဒါက သူတို့လို ပရော်ဖက်ရှင်နယ်တွေနဲ့တောင် ယှဉ်နိုင်တယ်!

မော့ချူးက ဒီ reality show မှာ ပါဖို့ဒီနေရာမှာရောက်နေတာကို သူ မသိထားရင် ဒီကောင်မလေးက သူ့အလုပ်ကို လုယူဖို့ ဒီနေရာကို ရောက်နေတာလို့ သေချာပေါက်ထင်လိုက်မိမှာ!

မြင့်မားတဲ့ပြင်းပြမှုနဲ့ မြင့်မားတဲ့စွမ်းဆောင်မှုတွေကြောင့် 21 ရာစုတွင် အမျိုးသမီးအများစုက ဒီလိုပြောင်မြောက်အောင် လေ့ကျင့်ခဲ့ကြသည်ကို သူသိမှာမဟုတ်ပေ။ မော့ချူးလည်း ခြွင်းချက်မဟုတ်ပေ။

လက်ထောက်ကို အံ့အားသင့်စေတဲ့ တခြားအပိုင်းမှာ မော့ချူးရဲ့မိန်းကပ်လိမ်းခြယ်မှုရလဒ်ဖြစ်သည်။ အရောင်ဖျော့ဖျော့ အနည်းငယ်သာ ရှိပေမယ့် မော့ချူးက ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုပြီးတဲ့နောက်မှာ ကွဲပြားတဲ့အလှကို အမှန်တကယ် ထုတ်ပြနိုင်ခဲ့သည်။

"သိပ်ကြည့်လို့ မကောင်းဘူးလား?" လက်ထောက်က အချိန်အတော်ကြာတဲ့တိုင်အောင် ပြန်မဖြေတာကို မြင်တော့ မော့ချူးရဲ့ မျက်နှာလေးက မထိန်းနိုင်ဘဲ ညှိုးကျသွားသည်။ သူမ ဘေးနားရှိ မိတ်ကပ်ဖျက်ဆေးကို ကောက်ကိုင်လိုက်ပြီး သူ့မျက်နှာကို ဖြန်းဖို့လုပ်လိုက်သည်။ "တောင်းပန်ပါတယ် ကျွန်မ ရှင့်ကို ဒုက္ခပေးမိ..."

သူမ စကားမဆုံးခင် လက်ထောက်က မော့ချူးရဲ့လက်ကို ဖမ်းဆွဲလိုက်သည်။ ဒီလိုမိတ်ကပ်ပုံစံမျိုးကို သူအရင်က တစ်ခါမှ မမြင်ဖူးပေ၊ ဒါကလှုပ်ရှားနေတယ်လို့တောင် သူ အလိုလို ခံစားမိသည်။ "မင်း အရမ်းကြည့်ကောင်းတယ်။ ဒီအတိုင်းပဲ ထားရအောင်!"

အဲ့ဒီအချိန် မော့ယန်က အဝတ်အစားလဲပြီး အဝတ်လဲခန်းကနေ ထွက်လာသည်။

လက်ထောက်က သူ့အတွက် အဖြူရောင်ဝတ်စုံကို ရွေးပေးထားသည်။ ဒီအရောင်က ဘယ်သူမဆို အောင်အောင်မြင်မြင်နဲ့ ထိန်းချုပ်နိုင်တဲ့ အရာမဟုတ်ပေ။ သို့ပေမယ့် ဒီဝတ်စုံကတော့ မော့ယန်အတွက် အရမ်းသင့်တော်ကြောင်း ထင်ရှားသည်။ ဝတ်စုံဒီဇိုင်းက သူ့ကို ပိုလို့တောင် ချောမောကာ ကြည်လင်နေစေသည်။

"မဆိုးဘူး!" လက်ထောက်က နှုတ်ခမ်းကို စုဝိုင်းလိုက်သည်။ မော့ချူးဆီကနေ ဖြိုခွဲခံခဲ့လိုက်ရတဲ့ ယုံကြည်မှုမှာ နောက်ဆုံးတော့ ပေါက်ထွက်လာသည်။ ခလုတ်ခုံပေါ်က အချိန်ကိုကြည့်ရင်း လက်ထောက်က မနေနိုင်ဘဲမျက်မှောင်ကြုတ်လိုက်မိသည်။ သူ့ရဲ့ ပြောင်မြောက်လှတဲ့ အလုပ်ကို လေးလေးနက်နက် အသိအမှတ်ပြုဖို့ သူမ သည်းမခံနိုင်တော့ပေ။ သူမက မော့ချူးအတွက် သင့်တော်တဲ့ဝတ်စုံကို အမြန်ရွေးကာ သူမကိုပေးလိုက်သည်။ “လာ၊ မြန်မြန်လဲလိုက်။ အချိန်သိပ်မရှိတော့ဘူး”

ဒါကိုကြားတာနဲ့ မော့ချူးလည်း အဝတ်လဲခန်းထဲကို လှမ်းကာ အဝတ်အမြန်လဲလိုက်သည်။

"မင်းရဲ့ဖိနပ်ကိုလည်းမမေ့နဲ့ဦး!" မော့ချူး အဝတ်လဲခန်းကနေ ထွက်လာတဲ့အချိန် လက်ထောက်က သူမကို အဖြူရောင် ဒေါက်မြင့်ဖိနပ်တစ်ရံ လှမ်းပေးလာသည်။ "မြန်မြန် လဲစီးလိုက်"

မော့ယန်က ဘေးမှာရပ်ကာ ၁၀ စင်တီမီတာရှည်တဲ့ ဒေါက်ဖိနပ်ကို လှမ်းကြည့်လိုက်သည်။ သူ မျက်မှောင်ကြုတ်သွားသည်။ "ကျွန်တော့်ညီမကို ဒေါက်နည်းနည်းတိုတဲ့ ဖိနပ်တစ်ရံ ပေးလို့ရမလား?" ဒီလို သေးသွယ်တဲ့ ဒေါက်ဖိနပ်တွေနဲ့ ဆိုနောက်ကျ သတိမထားမိရင် ခြေထောက်တွေ ညောင်းလာနိုင်သည်။

"ဒါ...တောင်းပန်ပါတယ်" လက်ထောက်က ခေါင်းကုတ်ပြီး နောက်ဘက်လှည့်ကာ ဖိနပ်အပိုကို ထုတ်ပြသည်။ "ဒီဖိနပ်တွေရဲ့ ဒေါက်ဖိနပ်တွေကလည်း အမြင့်ချင်းတူတူဘဲ၊ ဒီဖိနပ်က သူ့ရဲ့အဝတ်အစားနဲ့ဆို တော်တော်လိုက်ဖက်လို့ပါ"

မော့ယန် အဲ့ဒီဖိနပ်တွေရဲ့ ဒေါက်တွေကို သေချာကြည့်လိုက်တော့ မော့ချူးလက်ထဲက ဖိနပ်အမြင့်နဲ့ သိပ်မကွာခြားကြောင်း တွေ့လိုက်ရသည်။ နောက်ဆုံးတော့ သူလည်း အရှုံးပေးရုံသာ ရှိတော့သည်။

All Chapters