← Chapters

အပိုင်း ၁၃၀

Vol. 9 Ch. 130

အပိုင်း ၁၃၀

Vol. 9 Ch. 130

ဒေါက်ဒေါက်-

မော့ချူး ဖိနပ်ပြောင်းစီးပြီးသွားတဲ့အချိန် တစ်ယောက်ယောက်က တံခါးလာခေါက်တော့ ဖွင့်ပေးလိုက်သည်။ စောစောက သူတို့ကိုဒီနေရာဆီခေါ်လာတဲ့ လက်ထောက်က မျက်နှာပေါ်မှာ စိုးရိမ်မှုတွေနဲ့အနူ ပြောလာသည်။ “မြန်မြန် ထွက်လာကြ‌တော့။ မင်းတို့အလှည့်ရောက်ခါနီးပြီ"

“ကောင်းပြီ!” မော့ချူးနဲ့ မော့ယန်တို့ သဘောတူလိုက်ပြီး ထွက်မသွားခင် အသက်ပြင်းပြင်းရှူလိုက်ကြသည်။

သူတို့ရဲ့ နားနေခန်းက စတူဒီယိုနဲ့ မဝေး‌ပေ။ မီတာ 100 လောက်သာဝေးပေမယ့် မော့ယန်ကတော့ ချူးလေး မတော်တဆ ပြုတ်ကျမှာကို စိုးကာ ဂရုတစိုက်ကူထိန်းပေးသည်။

"ကောင်းပါပြီ ချီချီရောက်လာတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်"

"အမှန်ပဲ၊ သူ့ရဲ့ နောက်လာမယ့်အံ့ဩစရာကောင်းတဲ့ ဖျော်ဖြေတင်ဆက်မှုကို စောင့်မျှော်ကြည့်ရှုကြပါစို့!" မော့ချူးနဲ့ မော့ယန်တို့ စတူဒီယိုထဲ ဝင်လိုက်တာနဲ့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ ပူးပေါင်းတင်ဆက်နေတာကို ကြားလိုက်ရသည်။

စတူဒီယိုသည် ၈၀ စတုရန်းမီတာခန့် ကျယ်ဝန်းပြီး အလယ်တွင် ကုလားထိုင် ၃ လုံးရှိသည်။ သူတို့ပတ်လည်မှာ ကင်မရာတွေ ရှိကာ သူတို့ကို အဓိကရိုက်ကူးနေသည်။

ခုနကပြောခဲ့တဲ့ အမျိုးသားနဲ့ အမျိုးသမီးက hosting world ရဲ့ 'Golden Partners' လို့ ကောလာဟလတွေထွက်နေတဲ့သူတွေ ဖြစ်သည်။ သူတို့ထဲက တစ်ယောက်ကို ခန်လေ့ လို့ခေါ်ပြီး ကျန်တစ်ယောက်ကတော့ ဝမ့်ရန် လို့ခေါ်သည်။ သူတို့နှစ်ယောက်ရဲ့ hostingစတိုင်က အသိပညာနဲ့ ရယ်မောမှုအပေါ် အခြေခံကာ တစ်ဦးချင်းစီမှာ သူတို့ရဲ့ကိုယ်ပိုင် စရိုက်လက္ခဏာတွေ ရှိသည်။ သို့ပေမယ့် သူတို့က တစ်ယောက်ကိုတစ်ယောက် ကူအားဖြည့်ပေးနိုင်သည်။ ဒီတစ်ကြိမ်မှာတော့ ချင်ရှန့်က သူတို့ကို ဖိတ်ခေါ်နိုင်ခဲ့တဲ့အတွက် ဒါက ကြီးမားတဲ့ကိစ္စလို့ ယူဆနိုင်သည်။

"ကျေးဇူးတင်ပါတယ်!" ကုလားထိုင်ရဲ့ ညာဘက်ခြမ်းမှာ ထိုင်နေသူကတော့ ကျန်းရှောင်ချီ ဖြစ်သည်။ သူမရဲ့ ဖီးနစ်လိုမျက်လုံးတွေက ခပ်မြင့်မြင့်ဖြစ်ကာ၊ သူမရဲ့နှုတ်ခမ်းပါးတွေဟာလည်း ဆွဲဆောင်မှု ရှိသည်။ ရင်ဘတ်တစ်ဝိုက်က ငွေရောင်ဝတ်စုံဟာလည်း သူမရဲ့ရုပ်သွင်ကို ပိုမိုတင့်တယ်စေကာ သူမရဲ့အသံကလည်း အရမ်းမှတ်မိလွယ်တဲ့အသံဖြစ်သည်။ သူမရဲ့ အသံက ကြည်လင်ပြီး အနည်းငယ် စူးရှသည်။ “နောက်အစီအစဉ်မှာ ပရိသတ်တွေကို ပိုချပြနိုင်ဖို့ ကျွန်မအကောင်းဆုံး ကြိုးစားသွားမှာပါ”

"ရပြီ-cut!"

အလယ်ရှိ ကင်မရာတစ်လုံးက သူတို့သုံးယောက်ကို မျက်နှာမူထားသည်။ သူတို့ရှေ့မှာ ပခုံးထိကျနေတဲ့ဆံပင်ရှည်ရှည်နဲ့လူတစ်ယောက် ထိုင်နေသည်။ အခုချိန်မှာ သူက ကင်မရာက မြင်ကွင်းကို အသေအချာ စိစစ်နေသည်။

သူက မော့ချူးနဲ့ မော့ယန်တို့ကို ကျောခိုင်းထားတာကြောင့် သူ့မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရပေမယ့် သူကတော့ ဒီ reality show ရဲ့ ဒါရိုက်တာဖြစ်တဲ့ လင်ယဲ့ဟုန် ဆိုတာကိုတော့ သူတို့သိကြသည်။

ဒီလူအကြောင်းပြောရရင် တကယ်စိတ်ဝင်စားဖို့ကောင်းသည်။ ဖျော်ဖြေရေးနယ်ပယ်မှာ အရမ်း နာမည်ကြီးတဲ့သူဖြစ်သည်။ သူ့မှာ ဒေါသကြီးပြီး စိတ်မရှည်တာက သူ့စရိုက်တစ်ခုလို ဖြစ်သည်။ ဂရုမစိုက်ဘဲ သူ့ကိုဆွမိရင်ဝောာ့ သူက ဆဲဆိုကြိမ်းမောင်း အော်ဟစ်လိမ့်မည်ပင်။

ဒါပေမယ့် ဒီလူက တော်တော်ကို တစ္ဆေသရဲနည်းနည်းတော့ဆန်သည်။ သူ ဒါရိုက်တာလုပ်တဲ့ လက်ရာအများစုက နေ့ချင်းညချင်း ကျော်ကြားလာတတ်သည်။ သူတို့မှာ နာမည်ကောင်းနဲ့ ကြည့်ရှုသူ အဆင့်သတ်မှတ်ချက်တွေလည်း ရှိသည်။ ဒီအတွက်ကြောင့် လူတိုင်းက သူ့ရဲ့ ကြောက်စရာကောင်းတဲ့ ဒေါသကို သည်းခံကြရသည်။

“ကောင်းပြီ၊ ဒါပဲ" လင်ယဲ့ဟုန်က မျက်မှောင်ကြုတ်ကာ အသံတိုးတိုးနဲ့ ညည်းညူလိုက်သည်။ "ငါတို့ ဒီအတွက် ခံစားချက်မရမချင်း ရိုက်နေတာ တတိယအကြိမ်ရှိပြီ။ မင်းရဲ့သရုပ်ဆောင်စွမ်းရည်က ကောင်းတယ်လို့ ဘယ်လိုတောင်ပြောရဲရတာလဲ!"

လင်ယဲ့ဟုန်ရဲ့အသံက သိပ်မကျယ်ပေမယ့် ကျယ်ဝန်းတဲ့ စတူဒီယိုထဲမှာ‌တော့ အရမ်းသိသာလှသည်။

သို့ပေမယ့် လူတိုင်းက သူ့ရဲ့မှတ်ချက်တွေနဲ့ အသားကျနေတာကြောင့်ဖြစ်မည် သူတို့မျက်နှာပေါ်တွင် အံ့သြရိပ်တွေတောင်မရှိပေ။ တစ်ဖက်မှာတော့ ညာဘက်မှာထိုင်နေတဲ့ ‌ကျန်းရှောင်င်ချီရဲ့ပါးစပ်ထောင့်က အပြုံးဟာ တစ်ခဏလောက် အေးခဲသွားသည်။ သို့ပေမယ့် အလျင်အမြန် မူလအခြေအနေကို ပြန်ရောက်သွားသည်။ ဒါရိုက်တာလင်ကို မစော်ကားရဲတာကြောင့် သူမရဲ့စကတ်ကို ပြန်ပြင်ဟန်ဆောင်ကာ မတ်တပ်ရပ်ရင်း ထွက်သွားလိုက်သည်။

ခုနလေးကတင် မာနထောင်လွှားနေတဲ့ ချန်ရှောက်သည်လည်း ခွေးတစ်ကောင်လိုမျိုး သူမဆီ ချက်ချင်းရောက်လာသည်။ သူ့လက်ထဲမှာ အဆင့်တစ် စွမ်းအင်ရည်ပုလင်းကိုကိုင်ထားတာ လှည့်ဖွင့်လိုက်ပြီး ကျန်းရှောင်ချီကို ပေးလိုက်သည်။ "လာ၊ အစ်မချီ ပင်ပန်းနေလောက်ပြီ။ မြန်မြန်သောက်လိုက်ဦး!"

ကျန်းရှောင်ချီက အမူအရာမဲ့စွာနဲ့ သူမရဲ့ ခပ်ခွာခွာပုံစံကို ထိန်းသိမ်းထားသည်။ ချန်ရှောက်ကလွဲရင် သူမနောက်မှာ လက်ထောက်လေး သုံး လေးယောက်ရှိသေးသည်။ သူတို့ထဲက တစ်ယောက်က သူမအိတ်ကို ကူသယ်ပေးရပြီး ကျန်နှစ်ယောက်ကတော့ သူမရဲ့စကတ်ကို အနောက်ကနေ ကိုင်ထားပေးရသည်။

မော့ချူးနဲ့ မော့ယန်တို့ကို ဖြတ်သွားတဲ့အခါ သူမကရုတ်တရက် ရပ်လိုက်ပြီး သူတို့ကို လှည့်ကြည့်လိုက်ကာ မေးလာသည်။ “မင်းတို့နှစ်ယောက်က ခုနတုန်းက ဗိုလ်လောင်းနှစ်ယောက်လား?”

သူတို့မဖြေရသေးခင် ကျန်းရှောင်ချီက သူမရဲ့အနီရောင်နှုတ်ခမ်းတွေကို ရုတ်တရက် ကွေးညွှတ်လိုက်ကာ “ခုနတုန်းက တို့ရဲ့လက်ထောက်မှားသွားတယ်။ မင်းတို့တွေ တို့ကိုနည်းနည်းလောက်တော့ ခွင့်လွှတ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”

သူမက ပြောနေရင်းနဲ့ ချန်ရှောက်ကို စိုက်ကြည့်ဟန်ဆောင်လိုက်သည်။

All Chapters