အပိုင်း ၁၃၁
Vol. 9 Ch. 131
ကျန်းရှောင်ချီက သူမရဲ့ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပင်။ ချန်ရှောက်မှာ ဘယ်လိုလုပ် ဘေးမှာရပ်နေနိုင်ပါ့တော့မလဲ? ဒါကြောင့် သူက သူတို့ကို အသာဦးညွှတ်ကာ နှိမ့်ချတဲ့လေသံနဲ့ပြောလိုက်သည်။
“ငါ တကယ်တောင်းပန်ပါတယ်။ အမှားလုပ်ခဲ့မိတယ်။ မင်းတို့က သဘောထားကြီးတယ်ဆိုတော့ စိတ်ထဲမထားဘူးမလား?"
အမှား? ဘာအမှားလုပ်ခဲ့တာရှိလို့လဲ?
အသစ်လေး နှစ်ယောက်ကို အနိုင်ကျင့်ဖို့ လွယ်တယ်လို့ သူထင်နေတာလား? ဘာလဲ? အတင်းအဖျင်းတွေ ပြန့်သွားပြီး နာမည်ပျက်မှာကို ကြောက်နေတာလား? ဒီတော့ သူကဖြေရှင်းဖို့ ဒီလိုရိုးရှင်းတဲ့ရှင်းပြချက်ကို အားကိုးချင်နေတာလား?
ဒါက ဘယ်လိုသဘောထားကြီးမှုမျိုးလဲ? ပြတ်ပြတ်သားသားပြောရရင် သူ ကနစ်နာသူကို ကစားဖို့ကြိုးစားနေတာပဲ။ ကြည့်၊ နာမည်ကြီးတစ်ယောက်ရဲ့ လက်ထောက်က တောင်းပန်ပြီးပြီလေ၊ အဲ့ဒါကိုဆက် ထားထားဦးမှာလား?
"အမှားလုပ်မိတာ?" မော့ချူးရဲ့လက်ရာမြောက်တဲ့ မျက်နှာလေးက အေးစက်သွားပြီး ပြောလာသည်။ "ဒါက လုံးဝကိုရှင့်အပြစ်ပဲ!"
မော့ချူးက သူတို့ကို မလွှတ်ပေးချေ။ အဲဒီအစား၊ ချန်ရှောက်က တခြားသူတွေကို သူ့အာဏာနဲ့ အနိုင်ကျင့်နေတယ် ဆိုတဲ့အချက်ကို သူမက ထုတ်ဖော်လိုက်သည်။ ကျန်းရှောင်ချီနဲ့ ချန်ရှောက်တို့မှာ ဒီပုံမှန်မဟုတ်တဲ့အပြုအမူကြောင့် အံ့အားသင့်သွားရသည်။
ယေဘူယျအားဖြင့်ပြောရရင် သူမအနေနဲ့ ဒီလိုမျိုးမတုံ့ပြန်သင့်ပေ။ အသစ်ရောက်လာတဲ့သူက သူမရဲ့အမြီးကို မဆွဲရုံတင်မက ဒီအသိုင်းအဝန်းထဲက လူတွေကြားထဲမှာလည်း သူမကို ဒေါသတကြီးပြောဆိုရဲသေးသည်။ သူမက ဒီနယ်ပယ်ထဲမှာဆက်ပြီးမနေချင်တော့ဘူးလား?
“ ဒီကိစ္စကို တို့အခုလေးတင် ရှင်းရှင်းလင်းလင်း ရှင်းပြပြီးပြီလေ" ကျန်းရှောင်ချီက အသံမြှင့်လိုက်သည်။ "မင်း တစ်ခုခု နားလည်မှုလွဲနေတာဖြစ်မယ်!"
နားလည်မှုလွဲနေတာ မရှိပေ။ ဒီမှာရှိနေကြတဲ့သူတိုင်း ကောင်းကောင်းသိကြသည်။ မကြာသေးမီကပင် ကျန်းရှောင်ချီက သူ့ကိုယ်သူ အရေးပါတဲ့သူလိုပုံစံနဲ့ လူသစ်တွေကို အနိုင်ကျင့်တယ်ဆိုတဲ့ သတင်းတွေဟာလည်း အကြိမ်ကြိမ် ထွက်လာတတ်သည်။ သို့ပေမယ့် သူမရဲ့ပရိတ်သတ်တွေ အများအပြားနဲ့ အထက်ပိုင်းက သူမရဲ့အဆက်အသွယ်တွေကြောင့် လူတိုင်းက သည်းခံခဲ့ကြသည်။
ဒီနေ့ မော့ချူးရဲ့ စကားတွေက လူအများစုကို အမြင်တစ်မျိုးနဲ့ မြင်လာစေသည်။ အဖွဲ့ချုပ် စစ်တက္ကသိုလ်မှ ထိပ်တန်းကျောင်းသားတစ်ဦးက မျှော်လင့်ထားတဲ့အတိုင်း အာဏာကို မကြောက်ကြပေ။
လင်ယဲ့ဟုန်လည်း သူတို့ထဲက တစ်ယောက်ပင်။ သူ့ရဲ့ ပင်ကိုယ်စရိုက်က အတန်ငယ် ကြမ်းတမ်းကာ ရမ်းကားသည်။ မော့ချူးက သူနဲ့ဆင်သည်။ မတတ်နိုင်ဘဲမျက်ခုံးတွေ ပင့်တက်သွားသည်။ သူ့အနေနဲ့ ကြင်ကြင်နာနာနဲ့ ထုတ်ပြောပြီး ကြားဝင်ဖြေရှင်းပေးတယ်ဆိုတာ ရှားသည်။ “ကောင်းပြီ၊ ရိုက်ဖို့ မင်းတို့အလှည့်ရောက်ပြီ၊ မြန်မြန်လာကြ!"
ဒါကိုကြားတော့ မော့ယန်နဲ့ မော့ချူးလည်း ကျန်းရှောင်ချီဆီကနေ အကြည့်ပြန်ရုတ်ကာ စတူဒီယိုအလယ်ဘက်ဆီ လျှောက်သွားလိုက်သည်။
ကျန်းရှောင်ချီက အသက်ပြင်းပြင်းရှူကာ ခေါင်းမော့ပြီး ရင်ဘတ်ကိုဖိလိုက်သည်။ သူမ မေးကိုအသာမြှောက်ကာ ဘုရင်မတစ်ပါးလိုမျိုး ထွက်လာလိုက်သည်။
အခန်းထဲပြန်ရောက်တာနဲ့ ကျန်းရှောင်ချီရဲ့အမူအရာက ချက်ချင်းပြောင်းလဲသွားသည်။ သူမက မျက်ခုံးပင့်လိုက်ပြီး သူမရဲ့ စကားထဲမှာလည်း ရွဲ့စောင်းနေတာကို ရှင်းရှင်းလင်းလင်း ဖော်ပြနေသည်။ "ဒီလူသစ်နှစ်ယောက်က တော်တော် သတ္တိရှိနေတာပဲ!"
“အတိအကျပဲ” ချန်ရှောက်က သူ့လက်ထဲကပန်ကာလေးကိုကိုင်ကာ ကျန်းရှောင်ချီကို ဂရုတစိုက်ဖွင့်ပေးလိုက်သည်။ "အဲ့ဒီနှစ်ယောက်ကို စစ်ကြည့်ပြီးပြီ။ သူတို့မှာ ဘာနောက်ခံမှ မရှိဘူး၊ ဒါပေမယ့် တော်တော် စိတ်ကြီးဝင်နေကြတာပဲ!"
“ကောင်းပြီ” ကျန်းရှောင်ချီက စိတ်မရှည်စွာနဲ့ လက်ယမ်းလိုက်သည်။ “ဘာပဲဖြစ်ဖြစ် ဒီတစ်ခေါက် အကြာကြီးရိုက်ကူးရမှာ။ ငါတို့ သူတို့နဲ့ ရင်ဆိုင်ဖို့ အခွင့်အရေးတွေ အများကြီးရှိတယ်”
"ဒါပေမယ့်" ကျန်းရှောင်ချီ အကြောင်းအရာကို ပြောင်းလိုက်ပြီး သူမရဲ့ လက်ထောက်ကို ကြည့်လိုက်သည်။ “နောက်တစ်ကြိမ်တော့ သတိထားရမယ်။ သူတို့ကို နာခံအောင်လုပ်ပြီး တခြားသူတွေကို နင့်အကြောင်း မပြောခိုင်းတာ အကောင်းဆုံးပဲ"
“ဟင်းး" ချန်ရှောက်က အမြန်ခေါင်းညိတ်ကာ သဘောတူလိုက်သည်။ “ဒီတစ်ခေါက် သတိမထားမိလိုက်ဘူး။ နောက်တစ်ခါကျ ထပ်မလုပ်တော့ပါဘူး"
“ကောင်းပြီ” ကျန်းရှောင်ချီရဲ့ မျက်နှာကပိုကောင်းလာသည်။ “သွားပြီးတော့ နောက်အစီအစဉ်တွေအကြောင်း မေးလိုက်။ တခြားဘာမှမရှိရင် သွားကြရအောင်။ ဒီအခန်းသေးသေးလေးထဲမှာ ထိုင်နေရတာ နမိတ်ကိုမကောင်းဘူး!"
"ကောင်းပြီ ချက်ချင်းသွားမေးလိုက်ပါ့မယ်" ချန်ရှောက်က အခြေအနေကို မေးဖို့ချက်ချင်းလှည့်ထွက်သွားသည်။
တစ်ဖက်မှာ မော့ချူးနဲ့ မော့ယန်တို့ နေရာတကျဖြစ်တာနဲ့ အင်တာဗျူးကို တရားဝင် စတင်လိုက်သည်။
"အားလုံး မင်္ဂလာပါ ကျွန်မကတော့ မော့ချူးပါ"
"ကျွန်တော်ကတော့ မော့ချူးရဲ့ အစ်ကို မော့ယန်ပါ" ရိုးရိုးရှင်းရှင်း မိတ်ဆက်ပြီးသွားတော့ host နှစ်ယောက်က အကြောင်းအရာကိုတင်ပြဖို့ အခွင့်အရေး ယူလိုက်သည်။ “ဟုတ်ပါတယ်၊ ဒီနှစ်ယောက်က ကျွန်တော်တို့ရဲ့ reality show မှာ ပါဝင်လာတဲ့သူတွေပါ။ သူတို့ကို ကြည့်ရတာ အရမ်းငယ်တာပဲနော်!"