← Chapters

အပိုင်း ၁၃၂

Vol. 9 Ch. 132

အပိုင်း ၁၃၂

Vol. 9 Ch. 132

"အမှန်ပဲ!" ဝမ့်ရန်က မော့ယန်ကို ကြည့်လိုက်ပြီး နောက်တော့ သူမရဲ့ကာလကြာရှည်တွဲဖက်ကို တစ်ချက်ကြည့်လိုက်ကာ အလေးအနက်ပြောလိုက်သည်။ "ဒီငယ်ရွယ်တဲ့အသားတုံးလေးကို မြင်ပြီးတော့ ရှင့်မျက်နှာပေါ်က အရေးအကြောင်းတွေ ပိုသိသာလာတယ်လို့ ကျွန်မရုတ်တရက် ခံစားလိုက်ရတယ်!"

"အာ၊ အဲဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?" ခန်လေ့က သူ့မျက်နှာသူ ထိလိုက်သည်။ "ကျွန်တော် လွန်ခဲ့တဲ့ နှစ်ရက်လောက်ကဘဲ အရေးကြောင်းတွေကို ဖယ်ရှားနိုင်တဲ့ အစားအသောက်ကို လုပ်ထားတာ၊ ထိရောက်မှု မရှိတော့ဘူးလား?"

သူတို့ နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် စနောက်ကာ ရယ်မောစေတဲ့ စတိုင်တွေထဲကတစ်ခုဖြစ်သည်။

မော့ချူးနဲ့ မော့ယန်တို့လည်း ပြုံးလိုက်ကြပြီး ကျန်ရှိနေသေးတဲ့ သူတို့ရင်ထဲက စိတ်လှုပ်ရှားမှုတွေကလည်း လုံးဝပျောက်ကွယ်သွားတော့သည်။

ဒါကိုမြင်တော့ သူတို့နှစ်ယောက်က အဓိကအကြောင်းအရာဖြစ်တဲ့ Reality TV ဆီကို ချက်ချင်းပြန်သွားလိုက်သည်။ " ဒီလိုအစီအစဉ်မျိုးမှာ မင်းတို့တွေ ပထမဆုံးပါတာဆိုတော့ နည်းနည်းလောက် စိုးရိမ်ပူပန်တာမျိုး မခံစားရဘူးလား?"

" အဆင်ပြေနေပါသေးတယ်” မော့ယန်ရဲ့နှုတ်ခမ်းထောင့်တွေက အသာပွင့်လန်းသွားကာ ပူနေတဲ့အချိန်က လေပြေညင်းလေးတွေလိုမျိုး လူတွေကို သက်သောင့်သက်သာ ဖြစ်သွားစေသည်။ "ကျွန်တော့်ရဲ့ idol နဲ့ နီးနီးကပ်ကပ်တွေ့ရမယ်ဆိုတာကိုတွေးမိတော့ ပိုစိတ်လှုပ်ရှားမိတယ်!"

မော့ယန်ရဲ့ 'fangirl' ပုံစံက သူ့ရဲ့အရင်ကချောမောတဲ့အသွင်အပြင်ထက် ပိုပြီးလက်တွေ့ဆန်သည်။

"Idol?" ခန်လေ့က စူးစမ်းသလိုမေးလိုက်သည်။ “ဘယ်နတ်ဘုရားတွေများလဲ?”

"မဟုတ်ဘူး ကျွန်တော့်မှာ idol တစ်ယောက်ပဲရှိတယ်" မော့ယန်က ခေါင်းခါလိုက်ပြီး သူ့မျက်လုံးတွေက ရုတ်တရက် ပိုပြီးလေးနက်သွားသည်။ "စုန့်ချင်းစုန့်ပါ!"

"အာ-" ဝမ့်ရန်က နားလည်စွာနဲ့ ခေါင်းညိတ်လိုက်သည်။ “အမှန်ပဲ၊ နတ်ဘုရားစုန့်က ကျွန်မရဲ့ တစ်သက်တာလုံး idol လည်းဟုတ်တယ်!"

"ဘာ?" ခန်လေ့က ရုတ်တရက်ကြားဝင်လာပြီး သူမကို မျက်စိတစ်ဖက်မှိတ်ပြလိုက်ပြီး "ပြီးခဲ့တဲ့ တစ်ခေါက်ကျ ငါ့ကို မင်းရဲ့ မင်းသားလေးလို့ပြောခဲ့တာလေ။ အခုကျ ဘာလို့ ပြောင်းလဲသွားတာလဲ?"

ဝမ့်ရန်က ပြတ်ပြတ်သားသား ငြင်းလိုက်သည်။ "ဟမ့်၊ ရှင်နဲ့ Master စုန့်ကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ?"

နှစ်ယောက်သား တစ်ပြိုင်နက် ပြောလိုက်ကြပြီး မျက်လုံးအမူအရာ ပေါင်းစပ်မှုကြောင့် ပိုလို့တောင် ရယ်မိသွားစေသည်။

သူတို့နှစ်ယောက်ဆီကနေ စနောက်ခံရတော့ မော့ချူးလည်း မထိန်းနိုင်ဘဲ တိုးတိုးလေး ရယ်လိုက်သည်။ သူမရဲ့ ဝိုင်းစက်နေတဲ့ မျက်လုံးတွေက အပြုံးကြောင့် လခြမ်းကွေးပုံစံဖြစ်သွားကာ နှုတ်ခမ်းထောင့်က ပါးချိုင့်နှစ်ခုလည်း မသိမသာနဲ့ပေါ်လာသည်။

“ဟေး! ကြည့်ပါဦး၊ ဒီမှာ နောက်တစ်ယောက်ရှိသေးတာကို မေ့တော့မလို့!" ခန်လေ့က သူမကို ကြင်နာစွာနဲ့ ပြုံးပြလိုက်ပြီး “‌ မော့ချူးကရော ဘယ်လိုလဲ? မင်းကအသက်ငယ်တော့ မင်းအစ်ကိုထက် ပိုပြီးစိတ်လှုပ်ရှားနေမှာပေါ့ ဟုတ်တယ်မလား?"

ခန်လေ့ ရုတ်တရက် မေးလာတဲ့အချိန် မော့ချူးမှာ အံ့ဩတာ မပျောက်‌သေးပေ။ သူမရဲ့ မျက်နှာလေးက နည်းနည်းကြောင်အသွားပြီး အမှန်အတိုင်း ထုတ်ပြောလိုက်သည်။

“မဆိုးပါဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်မစိတ်လှုပ်ရှားတာ ဖြစ်ဖြစ်မဖြစ်ဖြစ် ဆုကြေးငွေကိုတော့ ကျွန်မရဲ့ခလုတ်ခုံထဲ လွှဲပေးရမှာ!”

“ဒါပေါ့” ခန်လေ့ရဲ့ နှုတ်ခမ်းထောင့်မှာ လှုပ်ရှားသွားသည်။ ဒီလိုအမှန်အတိုင်းပြောတတ်တဲ့ ကောင်မလေးကို ပထမဆုံးအကြိမ် မြင်ဖူးတာဖြစ်ပေမယ့် သူ့မျက်လုံးတွေထဲမှာတော့ သဘောကျတဲ့ အရိပ်အယောင်တွေ ပေါ်လွင်နေသည်။ “မဆိုးဘူး၊ အရမ်းရိုးသားတာပဲ၊ ဒီပုံစံကို ကြိုက်တယ်!"

တကယ်တော့ သူတို့နှစ်ယောက်ဟာ ဖျော်ဖြေရေးလောကထဲတွင် ဆယ်နှစ်ကျော်ကြာအောင် ကျင်လည်နေခဲ့တာဖြစ်ကာ အနုပညာရှင်မျိုးစုံကိုလည်း တွေ့ခဲ့ဖူးသည်။ မော့ချူးလို အရမ်းရိုးသားတဲ့ ကောင်မလေးကိုတွေ့ဖူးတာ ဒါပထမဆုံးအကြိမ်ပင် ။

သူတို့ထဲက အနည်းစုက တစ်ယောက်ကိုတစ်ယောက် အမြင်ကောင်းရှိကြသည်။ နောက်လာတဲ့မေးခွန်းတွေကိုလည်း ချောမွေ့စွာ ဖြေပေးကြသည်။ ဒါရိုက်တာက သူတို့ကို ရပ်ဖို့မပြောတဲ့အတွက် တစ်ကြိမ်တည်းနဲ့ ပြီးသွားကြသည်။

ဒီ reality showရဲ့ လူကြိုက်များမှုကြောင့် ထုတ်လုပ်သူဟာ ဒုတိယပတ်တွင် အပိုင်းတိုင်းကို ရိုက်ကူးနေရင်း ထုတ်လွှင့်မယ့်ပုံစံကို အသုံးပြုဖို့ ဆုံးဖြတ်လိုက်သည်။ ဒီဟာက အဖွဲ့ချုပ်ရဲ့ သမိုင်းမှာဆန်းသစ်တီထွင်မှုရှိတဲ့အရာတစ်ခုလို့ ယူဆနိုင်သည်။

မော့ချူးနဲ့ကျန်သူတွေ ရိုက်ကူးတာ ပြီးသွားတော့၊ အချိန်ကန့်သတ်ချက်ကြောင့် သူတို့ရဲ့ဦးတည်ရာကို ပြောင်းလဲကာ ခရိုင် ၅ ရှိ No-man's Land ဆီဦးတည်သွားလိုက်ကြသည်။

No-man's Land သည် 21 ရာစုရဲ့မြို့ပြနဲ့ကျေးလက်ဆုံရာနဲ့ဆင်တူသည်။ အဖွဲ့ချုပ်တွင်ဆိုပါက မှော်ဒေသနဲ့လူနေထိုင်သည့်နေရာနဲ့ ဆုံရာဖြစ်လိမ့်မည်ပင်။ ဒီနေရာတွင် နေထိုင်သူ နည်းပါးတာကြောင့် 'No-man's Land'လို့ အမည်ပေးထားတာဖြစ်သည်။

သူတို့နောက်လုပ်ရမှာကတော့ No-man's Land မှာ တစ်ပတ်လောက် တစ်ယောက်ထဲ နေရမှာဖြစ်သည်။ ထုတ်လုပ်သူက သူတို့တစ်ဦးချင်းစီကို ဒီရက်သတ္တပတ်အတွက် နေထိုင်စရိတ်အဖြစ် အနည်းဆုံး ဖက်ဒရယ်ဒင်္ဂါး ၁၀၀ ပေးမည်ဖြစ်သည်။ သို့ပေမယ့် No-man's Land တွင် အရင်းအမြစ်တွေ မရှိတာကြောင့် ဖက်ဒရယ်ဒင်္ဂါး ၁၀၀ကို သုံးဖို့ဆိုတာ လွယ်ကူမည်မဟုတ်ပေ။ ဒါက နာမည်ကြီးတစ်ယောက်ရဲ့ လှပတဲ့ဘဝကို မထောက်ပံ့နိုင်ဘူးဆိုတာ သေချာပေါက်ပင်။ ဒီအယူအဆက နိုင်ငံသားတွေကြားတွင် အတော်လေး ရေပန်းစားသည်။

All Chapters