← Chapters

အပိုင်း ၁၃၃

Vol. 9 Ch. 133

အပိုင်း ၁၃၃

Vol. 9 Ch. 133

ဒီreality show ရဲ့အကြောင်းအရာကို လူတိုင်းသိကြပေမယ့် သူတို့ရဲ့ပန်းတိုင်ကို အမှန်တကယ် ရောက်လာတဲ့အခါမှာတော့ ဒီ No-man's Land ရဲ့ တိတ်ဆိတ်ခြောက်ကပ်နေမှုကို ခံစားလိုက်ရသည်။ အထူးသဖြင့် လူစည်ကားတဲ့ မြို့လည်ခေါင်ကနေ သူတို့တွေ ဒီကိုမောင်းလာရတော့ ခြားနားမှုက ပိုလို့တောင်ထင်ရှားနေသည်!

“လာကြ" ထုတ်လုပ်ရေးအဖွဲ့က သေတ္တာကြီးတစ်လုံးကိုယူကာ သူတို့ရဲ့ ပိုက်ဆံအိတ်တွေနဲ့ အစားအသောက်တွေအားလုံးကို သိမ်းလိုက်သည်။ မိန်းကလေးတွေရဲ့ မျက်နှာပေါ်က စိတ်ပူနေတဲ့ အမူအရာတွေကို ကြည့်ရင်း လင်ယဲ့ဟုန်က ဒေါသတကြီး ပြုံးကာ ပြောလိုက်သည်။

" စိတ်မပူနဲ့ ဒီဟာတွေကို မင်းတို့ရဲ့နာမည်တွေရေးပြီးကပ်ထားပေးမယ်။ ဒီစွန့်စားရမယ့် ရက်သတ္တပတ်ပြီးရင်၊ ဒီဟာတွေကို မင်းတို့ဆီ ပြန်ပေးမယ်"

မော့ချူးနဲ့ တခြားသူတွေမှာ မျက်နှာ‌မှာအမဲစင်းကြောင်းတွေနဲ့အတူ လင်ယဲ့ဟုန်ကို စိုက်ကြည့်လိုက်ကြသည်။ သူတို့ ဒီကိစ္စကို စိုးရိမ်နေတာမဟုတ်ဘူးလို့ ဟုတ်ပြီလား?

“အခုချိန်ကစပြီး” လင်ယဲ့ဟုန်က ရုတ်တရက် အလေးအနက် ပြောလာသည်။ “မင်းတို့အားလုံး ဒီ No-man's Landမှာ တစ်ယောက်ထဲနေကြရမယ်။ မင်းတို့နဲ့ အတူရှိနေမယ့် ရိုက်ကူးရေးဝန်ထမ်းတွေကလည်း မင်းတို့ကို ဘာအကူအညီမှ ပေးမှာမဟုတ်ဘူး။ တောင့်မခံနိုင်တော့ဘူးလို့ ခံစားရတဲ့အခါကျရင်၊ ငါတို့ပေးထားတဲ့ အချက်ပြမီးကို လွှတ်တင်လိုက်လို့ရတယ်။ ဒါပေါ့၊ ဒီဟာက မင်းကို ဒီပရိုဂရမ်ကနေ ထုတ်လိုက်တယ်ဆိုတာကိုပြနေတာ!”

“မင်းတို့ရဲ့ စားစရာတွေ အားလုံးကို သိမ်းသွားပေမယ့် No-Man's Land ရဲ့ထောင့်တချို့မှာ ရိက္ခာတချို့ ချထားပေးတယ်။ အဲ့ဒါတွေကို အောင်‌အောင်မြင်မြင်နဲ့ ရှာတွေ့နိုင်နေသရွေ့ မင်းတို့ ဆက်တောင့်ခံရတဲ့နေရာမှာ ပြဿနာရှိမှာ မဟုတ်ဘူး"

ဒီစကားကိုကြားတဲ့အခါ မော့ချူးအမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။ သူမက သူမရဲ့ကိုယ်ပိုင် အစားအသောက်တွေကို စားနေတာကြာပြီဆိုတော့ အဖွဲ့ချုပ်က အစားအစာတွေနဲ့ ဓါတ်မတည့်ဘူးဆိုတာ လုံးဝမေ့သွားမိသည်။

သူမရဲ့ ခလုတ်ခုံထဲမှာ သိမ်းထားတဲ့ စိတ်ဝိညာဉ်အစားအသောက်တချို့ ရှိနေသေးပြီး တချို့တလေကိုစားဖို့ အနားမှာ ဘယ်သူမှမရှိချိန်ကို အခွင့်ကောင်းယူလို့ရပေမယ့်၊ အဖွဲ့ချုပ်ရဲ့အစားအစာကို သူမတစ်ပတ်ကြာလောက်အထိ ထိမှာမဟုတ်ပေ။ ဒါက သူမတစ်ခုခုမှားနေတာကို တခြားသူတွေကို ရှင်းရှင်းလင်းလင်းပြောပြလိုက်သလိုမဖြစ်သွားဘူးလား?

ဒါကမမှန်ဘူး! သူမ စားနိုင်တဲ့ဟာ နောက်ထပ်တစ်ခုရှိသေးတယ် - နို့အသန့်ပဲ!

"တောင်းပန်ပါတယ်" မော့ချူးက ရုတ်တရက်လက်မြှောက်လိုက်သည်။ "ဒီဧရိယာမှာ နို့ပင်တွေရှိလားဆိုတာသိလို့ရမလား?"

နို့ပင်တွေဟာ နို့အသန့် ပြုလုပ်ရာတွင် အသုံးပြုသည့် ကုန်ကြမ်းတွေဖြစ်သည်။ အခုချိန်မှာ မော့ချူးကတော့ သက်ဆိုင်တဲ့အကြောင်းအရာတွေကို ရှာကြည့်မိခဲ့တဲ့အတွက် များစွာဝမ်းသာမိသည်။ ကြည့်လေ၊ သူမအဲ့ဒါကိုအသုံးချလို့ရပြီ!

"နို့ပင်?" လင်ယဲ့ဟုန် အံ့သြသွားသည်။ "စည်းမျဉ်းတွေအရ၊ No-man's Land မှာ ပါဝင်တဲ့အရာတွေကို ပြောပြခွင့်မရှိပါဘူး"

“မဟုတ်ဘူး!” မော့ယန်က ဒီပြဿနာကို တွေးမိပြီး သူ့မျက်နှာက ပြောင်းသွားသည်။ “ကျွန်‌တော့်ညီမမှာ အစားအသောက်နဲ့ ဓါတ်မတည့်တဲ့ တုံ့ပြန်မှုတွေ ရှိလို့ပါ"

ဒါကို ဘယ်သူမှ မမျှော်လင့်ထားမိခဲ့ပေ။

ချင်ရှန့်က မော့ချူးနဲ့ တခြားသူတွေကို အချက်အလက်တွေပေးတုန်းက reality show ရဲ့ အကြောင်းအရာကို အကြမ်းဖျင်း ဖော်ပြခဲ့ပေမယ့် အသေးစိတ်ကိုတော့ လျှို့ဝှက်ထားခဲ့သည်။ ဘာပဲဖြစ်ဖြစ် တစ်ခုခုသာမှားသွားရင် ပရိုဂရမ်တစ်ခုလုံးရဲ့ အကြောင်းအရာတွေက အခြားသူတွေဆီ ပေါက်ကြားသွားမည်ဖြစ်သည်။ ထုံးစံအတိုင်း၊ ဒါက ပရိသတ်တွေ မျှော်လင့်ထားတာကို လျော့ကျသွားစေလိမ့်မည်ပင်။

‌ဒါကြောင့်၊ ဒီအစီအစဉ်ရဲ့ အကြောင်းအရာဟာ No-man's Land တွင် ဖက်ဒရေးရှင်းက အစားအသောက်တွေ ပိုမိုရရှိအောင်ရှာဖွေရမှာဖြစ်ကြောင်း မော့ချူးနဲ့ တခြားသူတွေလည်း အခုမှသဘောပေါက်သွားကြသည်။ ဒီတော့မှ သူတို့တွေအနေနဲ့ ရှင်သန်နိုင်ဖို့ တခြားပြိုင်ပွဲဝင်တွေကို ဖယ်ရှားနိုင်လိမ့်မည်ဖြစ်သည်။

မော့ယန်ရဲ့စကားကိုကြားတဲ့အခါ လင်ယဲ့ဟုန် မနေနိုင်ဘဲ နည်းနည်း မျက်မှောင်ကြုတ်သွားမိသည်။ အဖွဲ့ချုပ် အစားအသောက်တွေနဲ့ ဓါတ်မတည့်တဲ့သူအချို့ ရှိပေမယ့် ဒါက ရှားရှားပါးပါး ခြွင်းချက်တစ်ခုသာ ဖြစ်သည်။ ဒါကြောင့် သူတို့တွေ ဒီပရိုဂရမ်ကို ဒီဇိုင်းဆွဲတဲ့အခါ ဒီပြဿနာကို သတိမထားမိခဲ့ကြပေ။ မော့ချူးက အဲ့ဒီထဲက တစ်ယောက်ဖြစ်နေမယ်ဆိုတာ ဘယ်သူသိမှာတဲ့လဲ!

ပြောရရင် ဒါက သူတို့ရဲ့ ပြဿနာလို့ ယူဆနိုင်သည်။ သို့ပေမယ့် မော့ချူးက သူတို့ကိုပြောလာလို့ ကံကောင်းသွားသည်။ မဟုတ်လို့ သူမနဲ့ ဓာတ်မတည့်တဲ့ အစားအသောက်တွေကို တကယ်စားမိခဲ့ရင် ဒါက ကိစ္စကြီး ဖြစ်သွားမှာပင်။

စဉ်းစားပြီးသွားတော့ လင်ယဲ့ဟုန်က သူ့အနားရှိ ဝန်ထမ်းတစ်ယောက်ကို ခေါ်ကာ ခေါင်းငုံ့ရင်းတစ်ခုခုကိုမေးလိုက်သည်။ အချက်အလက်တွေ မှန်ကန်ကြောင်း အတည်ပြုပြီးသွားတော့ သူက မော့ချူးကို ခိုင်မာတဲ့‌အဖြေပေးလိုက်သည်။ “ဒီဟာကို မင်းစိတ်ချထားလို့ရတယ်၊ ဒီ No-man's Land မှာ နို့သစ်ပင်တွေ အများကြီးရှိတယ်လို့ ပြောတယ်!”

ဒါကိုကြားတော့ မော့ချူးနဲ့ မော့ယန် မနေနိုင်ဘဲ စိတ်အေးသွားသလို သက်ပြင်းချလိုက်မိသည်။

“ကောင်းပြီ” လင်ယဲ့ဟုန်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ “အားလုံးပဲ၊ ခုနက ပြောခဲ့တာတွေကို သတိရပါ။ အခုချိန်ကနေစပြီး၊ No-man's Land မှာ မင်းတို့ကို ဝန်ထမ်းတွေက မတူညီတဲ့နေရာတွေဆီ လိုက်ပို့ပေးလိမ့်မယ်!"

All Chapters