အပိုင်း ၁၃၄
Vol. 9 Ch. 134
"အားလုံး ဂရုစိုက်ကြပါ!"
ဒီလိုစကားမျိုးပြောနေချိန်မှာ ဘာလို့နှစ်ထောင်းအားရဖြစ်နေတဲ့ အမူအရာမျိုးဖြစ်နေရတာလဲ? No-man's Land မှာ ဒုက္ခခံရမယ့်သူက ခင်ဗျားမှ မဟုတ်ဘဲ!
လူတိုင်း အံကြိတ်ရုံကလွဲပြီး ဘာမှမတတ်နိုင်ပါချေ။ သူတို့ ဘာမှပြန်မပြောရသေးခင် ဝန်ထမ်းတွေဆီကနေ ခေါ်သွားခံလိုက်ရသည်။
No-man's Land ဟာလည်း မှော်ဒေသနဲ့အတားအဆီးတွေရှိပေမယ့် ဒီအတားအဆီးဟာ အရမ်းနည်းတာကြောင့် ပျမ်းမျှအားဖြင့် လေယာဉ်အသေးစားတွေသာ အဲ့ဒီအထက်တွင် ပျံသန်းနိုင်ကြသည်။
သင့်တော်တဲ့နေရာကို ရှာဖွေပြီးတဲ့နောက် ဝန်ထမ်းတွေက ပါဝင်တဲ့သူတစ်ယောက်စီကို လေထီးတစ်လုံးစီ ပေးလာသည်။ နောက်တော့ ဝန်ထမ်းတွေက သူတို့ကို ပြုံးပြုံးကြီးကြည့်ကာ ပြောလာသည်။ "ကိုယ့်ရဲ့ လုံခြုံရေးကို ဂရုစိုက်ကြပါ!"
F*ck! ဒါက ဖျော်ဖြေရေးရှိုးတစ်ခုပဲ မဟုတ်ဘူးလား? ဘယ်လိုလုပ် ဒီလောက်ကြောက်စရာကောင်းနိုင်ရတာလဲ? ပထမဆုံးလုပ်ရမှာက skydiving များလား?
မော့ချူးနဲ့ စစ်တက္ကသိုလ်က တခြားသူတွေကတော့ အဆင်ပြေကြသေးသည်။ သူတို့မှာ အစကတည်းက အခြေခံကောင်းတွေ ရှိထားတာပင်။ ဒါ့အပြင် နည်းပြက သူတို့ကို စစ်ရေးလေ့ကျင့်တုန်းက ဒီလိုမျိုးလေ့ကျင့်ပေးခဲ့တာကြောင့် ဖိအားလုံးဝမခံစားရပါချေ။
စုန့်ချင်းစုန့်ရဲ့ အထူးစွမ်းရည်တွေက အနည်းငယ် ယိုယွင်းလာပေမယ့်၊ သူ့အတွက်ကတော့ skydiving က သဘာဝအလျောက် ပြဿနာမဟုတ်ပေ။
အခြားနာမည်ကျော် အမျိုးသမီးတွေကတော့ အခြေအနေ မကောင်းပေ။ အားလုံးက ကြောက်လွန်းလို့ မျက်နှာတွေ ဖြူဖျော့နေကြသည်။ တချို့က ဝန်ထမ်းတွေကိုဖက်ထားကာ သူတို့ကို ပေးမသွားကြပေ။
ဝန်ထမ်းတွေမှာ သူတို့ကို နောက်ဆုံးမှာ မစမ်းကြည့်ခင် အချိန်အတော်ကြာအောင် စည်းရုံးခဲ့ရသည်။ ပွဲမစခင်ကတည်းက နုတ်ထွက်တယ်လို့ ကြေညာလိုက်ရုံနဲ့ မပြီးသွားဘူးမဟုတ်လား? ဒီဟာကိုသာ ထုတ်လွှင့်ခဲ့မယ်ဆိုရင် အဖွဲ့ချုပ်ရဲ့ နိုင်ငံသားတွေတော့ သေအောင်ရယ်ကြတော့မှာ!
မော့ချူးက မြေပြင်ပေါ်ကို အောင်အောင်မြင်မြင်နဲ့ ဆင်းသက်နိုင်လိုက်သည်။ လျင်မြန်တဲ့ လှုပ်ရှားမှုနဲ့ သူမခန္ဓာကိုယ်ပေါ်က လေထီးကိရိယာကို ချွတ်ပစ်လိုက်သည်။ ပြီးတော့ ဘေးဘက်မှာ ပစ်ထားလိုက်မယ့်အစား သပ်သပ်ရပ်ရပ် လုပ်လိုက်ကာ သူမရဲ့ခလုတ်ခုံထဲထည့်လိုက်သည်။ ဘာပဲဖြစ်ဖြစ်၊ ဒါက အရင်းအမြစ်တစ်ခု ဖြစ်နေတုန်းပဲ၊ သူမအနေနဲ့ အဲဒါကို မဖြုန်းတီးနိုင်ဘူး!
သူမနောက်က ရိုက်ကူးနေကြတဲ့ ဝန်ထမ်းတွေက တိတ်တိတ်လေး အားပေးလိုက်ကြသည်။ အတွေ့အကြုံရှိတဲ့ နတ်ဘုရားစုန့်၊ မော့ယန်နဲ့ ချင်ယွဲ့တို့ကလွဲပြီး ကျန်သူတွေမှာ မြေပြင်ပေါ်ကို အောင်အောင်မြင်မြင် ဆင်းသက်ပြီးတာနဲ့ လေထီးအတွက် ပစ္စည်းတွေကို ဘေးဘက်ဆီ ပစ်ထားခဲ့ကြကြောင်း တွေ့လိုက်ရသည်။ ဒီနည်းနဲ့ နှစ်ဖက်ကိုနှိုင်းယှဥ်ကြည့်တဲ့အခါ ဒီကောင်မလေး မော့ချူးရဲ့ ဉာဏ်ရည်ဉာဏ်သွေးကို သဘာဝအလျောက် ထုတ်ဖော်ပြသနေတာပင်။
ဂရုတစိုက် လှည့်ပတ်ကြည့်ပြီးတဲ့နောက် မော့ချူးက သူမ ကံကောင်းနေကြောင်း သိလိုက်ရသည်။ တိုက်တိုက်ဆိုင်ဆိုင် သူမဟာ လူတွေနေထိုင်တဲ့ နေရာဆီ ဆင်းသက်ခဲ့မိသည်။ ခပ်ဝေးဝေးက ရှည်လျားပြီး လေထန်တဲ့ တောင်ကုန်းလမ်းပေါ်တွင် အိမ်တစ်အိမ် နှစ်အိမ်လောက်ကို သူမဝိုးတိုးဝါးတားမြင်လိုက်ရသည်။
No-man's Land ဟာ မြို့နဲ့အတော်အတန်ဝေးတာကြောင့် စီးပွားရေးအခြေအနေမှာ အတော်လေး နောက်ကျကျန်နေသည်။ ဒီကအိမ်တွေရဲ့ အခြေအနေဟာလည်း သဘာဝအလျောက် သူမတို့လက်ရှိ နေထိုင်နေကြတဲ့ သက်တောင့်သက်သာ အခြေအနေတွေနဲ့ နှိုင်းယှဉ်လို့မရပေ။ ဒီအိမ်တွေက၂၁ ရာစုက အုတ်အိမ်နဲ့ ခပ်ဆင်ဆင်တူသည်။
စောစောက စည်းမျဉ်းတွေကိုကြေညာပြီးသွားတော့ မော့ချူးတစ်ယောက် သူမရဲ့စိတ်ထဲမှာ အစီအစဉ်တွေတိတ်တဆိတ် ဆွဲလိုက်သည်။
ရိက္ခာတွေ အကုန်လုံးကို သိမ်းသွားတာဖြစ်သည်။ သူမအတွက် အရေးကြီးဆုံးက နို့ပင်တွေကို အရင်ရှာဖို့ပင်။ သို့ပေမယ့် သူမသာ တစ်ယောက်ယောက်နဲ့ဆုံပါက သူမရဲ့ကံကိုစမ်းကြည့်ရမည်ပင်။ ဒါ့အပြင် သူမအနေနဲ့အစားအသောက်တွေကို အလဲအလှယ် လုပ်နိုင်သည်။ သူမကိုယ်တိုင် စားလို့မရပေမယ့် မော့ယန်ကိုပေးလို့ရသည်။
သူမ စိတ်ကိုပြင်ဆင်ပြီးတဲ့နောက် မော့ချူးတောင်ပေါ်ဆီ လျှောက်လာလိုက်သည်။ ကံကောင်းထောက်မစွာနဲ့၊ စစ်ရေးလေ့ကျင့်မှုဟာ မော့ချူးရဲ့ ခန္ဓာကိုယ်ကို အဆင့်သစ်တစ်ခုဆီ မြှင့်တင်ပေးနိုင်လိုက်ပြီး သူမကိုအဆက်မပြတ် အရှိန်နဲ့ လျှောက်လာနိုင်စေသည်။ သူမနဖူးမှာ ချွေးတွေမထွက်ရုံသာမက အသက်ရှုသံကတောင် ငြိမ်နေသေးသည်။ သူမအနောက်က ကင်မရာမင်းတောင် အံ့အားသင့်သွားကြသည်။
ဒီအစီအစဉ်ရဲ့ စွဲမက်စရာ အကျိုးသက်ရောက်မှုတွေကို သေချာစေဖို့အတွက် ဒါရိုက်တာလင်က ကင်မရာမင်းတွေကို ကိုယ်တိုင်ရွေးချယ်ခဲ့သည်။ အားလုံးက ကိုယ်လုံးကိုယ်ပေါက် ကောင်းကြသည်။ ဒါတောင် အဆုံးမှာ ကင်မရာမင်းတွေတောင် နည်းနည်း မောဟိုက်နေတုန်းပင်။
ဒီကောင်မလေး မော့ချူးကို ကြည့်ကာ သူတို့ သဘောကျသွားမိသည်။ စစ်တက္ကသိုလ်က ကလေးတွေကတော့ မျှော်လင့်ထားတဲ့အတိုင်းပဲ။ သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာက လုံးဝကိုထိပ်တန်းပဲ!
နောက်ဆုံးတော့ သူတို့ရောက်လာသည်။ မော့ချူးက သူမရဲ့အဝတ်အစားတွေကို သပ်သပ်ရပ်ရပ် ဖြစ်အောင်လုပ်ကာ အိမ်တံခါးဆီ လျှောက်သွားလိုက်သည်။ သူမ တံခါးကို ခပ်ဖွဖွခေါက်လိုက်သည်။ "ဟဲလို တစ်ယောက်ယောက်များရှိလား?"
"ဘယ်သူလဲ?" ယောက်ျားတစ်ယောက်အသံ ထွက်လာသည်။ အသံကြားပြီးတာနဲ့ တံခါးက ပွင့်သွားသည်။ တံခါးနောက်မှာ အသက်နည်းနည်းကြီးတဲ့ အဘိုးအိုတစ်ယောက် ရပ်နေသည်။
အဲ့ဒီလူက မျက်မှောင်နည်းနည်းကြုတ်သွားသည်။ ဖြူဖွေးနုနယ်တဲ့ မိန်းကလေးဟာ No-man's Land ကမဟုတ်ဘူးဆိုတာ သိသာလှသည်။ ဘာလို့ တံခါးလာခေါက်တာလဲ?
"တစ်ဆိတ်လောက်ပါ၊ ကျွန်မ စားစရာဝယ်လို့ရမလားဟင်?" မော့ချူးက လက်ထဲ၌ ဖက်ဒရယ်ဒင်္ဂါး ၁၀၀ကို ကိုင်ထားရင်း နည်းနည်းစိုးရိမ်နေမိသည်။