အပိုင်း ၁၃၅
Vol. 9 Ch. 135
အဲ့ဒီလူက သူမကို အပြန်ပြန်အလှန်လှန် အကဲခတ်လိုက်ပြီး တံခါးကို လုံးလုံးဖွင့်ပေးလိုက်သည်။ “ပြောစရာရှိရင် ဝင်လာပြီးပြောပါ”
“ကောင်းပါပြီ" မော့ချူးက ခေါင်းညိတ်ပြပြီး နည်းနည်း ယိုယွင်းနေတဲ့ တံခါးကို ဖြတ်လျှောက်သွားလိုက်သည်။ အခန်းထဲရှိ မြင်ကွင်းက သူမကို အံ့ဩသွားစေသည်။ ပရိဘောဂအဟောင်းတွေနဲ့ ပစ္စည်းအမျိုးမျိုးနဲ့ ပြည့်နေတဲ့ အိမ်ဝင်းက မြို့တွင်းက လူစည်ကားတဲ့ အိမ်တွေနဲ့နှိုင်းယှဉ်လို့တောင်မရပေ။ ၂၁ ရာစုက သာမာန် အဆောက်အဦးတွေနဲ့ ယှဉ်ရင်တောင် နည်းနည်းအားနည်းနေသေးသည်။
"ငါ့မှာ သန့်ရှင်းရေးလုပ်ဖို့ အချိန်မရှိလို့ အိမ်က နည်းနည်းရှုပ်ပွနေတယ်" မော့ချူးရဲ့ မျက်လုံးတွေထဲက အံ့သြမှုကို မြင်လိုက်ရတော့ အဲ့ဒီလူက ရှက်ရွံ့စွာနဲ့ပြုံးလိုက်သည်။ ပြုံးလိုက်တော့ သူ့မျက်လုံးထောင့်က အရေးအကြောင်းတွေက ပိုသိသာလာသည်။
"ကောင်မလေး၊ ဘာကိစ္စရှိလို့လဲ?" သူက အတော်လေး သန့်ရှင်းသပ်ရပ်တဲ့ ကုလားထိုင်တစ်လုံးကို ထုတ်လာပြီး မော့ချူးကို ပေးလိုက်သည်။ အဲ့ဒီလူကတော့ ကျောက်ဆောင်ကြီးတစ်ခုပေါ်မှာ ထိုင်လိုက်သည်။
"အမ်၊ ကျွန်မ.... ဦးလေးဆီကနေ စားစရာဝယ်လို့ရမလား?" မော့ချူးက ဖက်ဒရယ်ဒင်္ဂါး ၁၀၀ ကို ထုတ်ကာ ညင်ညင်သာသာ မေးလိုက်သည်။
အဲ့ဒီလူက ကသိကအောက်နိုင်စွာနဲ့ မျက်မှောင်ကြုတ်လိုက်ပြီး “အင်း… တောင်းပန်တယ်။ ဒီမှာက ပစ္စည်းတွေဝယ်ရတာ ခက်တယ်။ မြို့ကိုသွားတိုင်း သင့်တော်တဲ့ပမာဏလောက်ကိုပဲ ဝယ်ဖြစ်တာ။ ငါ့မှာ မင်းကို ရောင်းပေးစရာ သိပ်အများကြီးမရှိဘူး"
"အာ-" ဒီတော့ ဒါကြောင့်ပေါ့! မော့ချူးက ခေါင်းညိတ်လိုက်ပြီး နှုတ်ခမ်းသပ်လိုက်သည်။ "ဒါဆို ကျေးဇူးတင်ပါတယ်!"
မော့ချူး မတ်တပ်ထရပ်ကာ ခြံဝင်းအလယ်ကတိုလီမိုလီပုံကြီးကို ငေးကြည့်ရင်း ထွက်သွားတော့မလို့ပြင်လိုက်သည်။ ရုတ်တရက် သူမ မျက်လုံးတွေတောက်ပလာသည်။ အယ်? အဲ့ဒါ နို့ပင်မဟုတ်ဘူးလား?
မော့ချူး ခြေလှမ်းအနည်းငယ် အမြန်လှမ်းကာ တိုလီမိုလီတွေထဲ ရောနေတဲ့ နို့ပင်တစ်ပင်ကို ကောက်ကိုင်လိုက်သည်။ တကယ်ပဲ! "တစ်ဆိတ်လောက်ပါ၊ ဒါကို ဘယ်မှာရှာတွေ့လာတာလဲဟင်?"
“အိုး၊ အဲ့ဒါ…” အဲ့ဒီလူက အပြင်ကို ညွှန်ပြလိုက်သည်။ “အဲဒါက တောင်အနောက်ဘက်က ထောင့်နားမှာရှိတယ်။ အဲဒီ ဧရိယာမှာ အများကြီးရှိတယ်။ မင်း လိုချင်လို့လား?"
မော့ချူး စိတ်လှုပ်ရှားစွာနဲ့ ခေါင်းညိတ်လိုက်သည်။ ဒါကို ရှာတွေ့ဖို့ တကယ်ကြီး အချိန်နဲ့ ကြိုးစားအားထုတ်မှုတွေကို ဖြုန်းခဲ့ရတာ။ "အဲ့ဒီနေရာကို ခေါ်သွားပေးလို့ရမလားဟင်?"
အဲ့ဒီလူက ဟက်ဟက်ပက်ပက် ရယ်ပြီး ပြောလိုက်သည်။ "ဒါပေါ့၊ ငါ့နောက်ကလိုက်ခဲ့!"
တံခါးကိုပိတ်ပြီးသွားတော့ အဲ့ဒီလူက ရှေ့ကနေဦးဆောင်ကာ မော့ချူးက နောက်ကနေလိုက်သွားလိုက်သည်။
အဲ့ဒီလူက သွားရတာလွယ်တယ်လို့ပြောပေမယ့် လမ်းကတော့ အကွေ့အကောက်တွေ အပြည့်ပင်။ ဝင်္ကပါလိုပင်။ လမ်းပြပေးတဲ့လူသာမရှိရင် သူမတော့ ဒီနေရာကိုသေအောင်ရှာရင်တောင် တွေ့မှာမဟုတ်ပေ။
"ကောင်းပြီ၊ ဒီနေရာပဲ" အဲ့ဒီလူက မြေပြင်ပေါ် လှမ်းတက်ကာ ရှေ့ကိုညွှန်ပြလိုက်သည်။ မော့ချူး အရှေ့ကိုလှမ်းကြည့်လိုက်ချိန် မျက်လုံးတွေတောက်ပလာသည်။ ဘုရားရေ၊ ဘယ်လိုတောင်ကြီးလိုက်တဲ့အပင်အုပ်ကြီးလဲ!
ဒီအပင်အုပ်ကြီးနဲ့ဆို မော့ချူးအတွက် တစ်ပတ်စာလောက်က စိတ်မပူရတော့ပေ။
သူမအနောက်က ကင်မရာသမားတွေလည်း စိတ်လှုပ်ရှားသွားကြသည်။ အိုး၊ ဒီကလေးမလေးရဲ့ ကံကတကယ် အရမ်းကောင်းတာပဲ။ ခဏလေးပဲရှိသေးတယ်၊ ဒါပေမယ့် ဒီအစားအစာအားလုံးကို ရှာတွေ့သွားပြီ!
"ဦးလေးကို ဒုက္ခပေးမိလို့ တောင်းပန်ပါတယ်" မော့ချူးက အဲ့ဒီလူကို ခေါင်းညိတ်ပြလိုက်ပြီး ဖက်ဒရယ်ဒင်္ဂါး ၁၀၀ ကို ပေးလိုက်သည်။ "ကျေးဇူးအရမ်းတင်ပါတယ်။ ဒါက ကျေးဇူးပြန်ဆပ်တာမို့လို့ ကျေးဇူးပြုပြီး လက်ခံပေးပါ!"
“ဟေး ဟေး" အဲ့ဒီလူက ခြေလှမ်းအနည်းငယ် အမြန်နောက်ပြန်ဆုတ်ကာ လက်ကိုဝှေ့ယမ်းလိုက်သည်။ “ဒါက ကြီးကြီးမားမား ကိစ္စမှမဟုတ်တာ၊ ဘာလို့ပိုက်ဆံတွေ အများကြီးပေးရတာလဲ?"
ဖက်ဒရယ်ဒင်္ဂါး ၁၀၀ က သူ့ရဲ့လစဉ်လစာသုံးပုံတစ်ပုံနှင့် ညီမျှသည်။
“ရပါတယ် ယူလိုက်ပါ !” မော့ချူးက ပိုက်ဆံတွေကို သူ့လက်ထဲ တွန်းထည့်ပေးလိုက်သည်။ “ဘာပဲဖြစ်ဖြစ် ဒီမှာက အသုံးမဝင်ဘူး။ ယူလိုက်ပါ !”
အဲ့ဒီလူက နှုတ်ခမ်းသပ်လိုက်ပေမယ့် မော့ချူးနဲ့ မငြင်းခုံနိုင် တော့တာကြောင့် လက်ခံဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။ အဲ့ဒီလိုနဲ့ သူလည်း သူမကို ကျေးဇူးတင်စကားဆိုလိုက်သည်။
"ကျွန်မ ကျေးဇူးတင်ရမယ့်အလှည့်ပဲ!" သူမရှေ့က နို့ပင်အုပ်ကြီးကိုကြည့်ရင်း မော့ချူးရဲ့ မျက်နှာက တောက်ပနေသည်။
နို့ပင်ကနေ နို့အသန့်အဖြစ် လုပ်ဖို့ဆိုတာက တကယ်ရိုးရှင်းသည်။ သူမ လုပ်ရမှာက ပင်စည်ထဲက တစ်ပိုင်းကို ဖြတ်လိုက်ရင် သဘာဝအတိုင်း သန့်ရှင်းတဲ့နို့က အလိုအလျောက် ထွက်လာမှာဖြစ်သည်။
သို့ပေမယ့် သူမမှာ နို့ထည့်ဖို့ သင့်လျော်တဲ့ ကိရိယာ ထည့်စရာတွေမရှိပေ။ ဖက်ဒရယ် ဒင်္ဂါး ၁၀၀ ကိုယူထားရတဲ့ အဲ့ဒီလူကစိတ်မသက်မသာဖြစ်နေသည်။ မော့ချူးရဲ့အမူအရာကိုမြင်တော့ သူကပြောလာသည်။ "ငါ့အိမ်မှာ အဲ့ဒီပစ္စည်းတွေရှိတယ်။ ခဏစောင့်၊ မင်းဆီ ချက်ချင်းလာပို့ပေးမယ်!"
သူက မော့ချူးကို ငြင်းခွင့်မပေးဘဲ ချက်ချင်းပြေးပြန်ကာ နို့အသန့်ထည့်ဖို့ အလုံပိတ်ခွက်တချို့နဲ့ ဓားတစ်လက်ကိုယူလာသည်။
"ဒီမှာ ယူသွားလိုက်!" အဲ့ဒီလူက ပစ္စည်းတွေကို မော့ချူးဆီပေးလိုက်ပြီး ရှက်ရွံ့စွာနဲ့ပြုံးလိုက်သည်။
“ကောင်းပါပြီ” မော့ချူးက မငြင်းခဲါပေ။ "ဒါဆို ဒီဓားကိုတော့သုံးပြီးရင် ကျွန်မပြန်ပေးပါ့မယ်။ ဒီခွက်ကိုတော့ အရင်ယူထားလို့ရမလား? ရက်ပိုင်းလောက်နေရင် ဦးလေးကိုပြန်ပေးပါမယ်"
“မလိုပါဘူး” အဲ့ဒီလူက ခေါင်းခါလိုက်သည်။ “မင်းပေးခဲ့တဲ့ ပိုက်ဆံတွေက မင်းကို ငါပေးခဲ့တဲ့ ပစ္စည်းပမာဏရဲ့ သုံးဆလောက်ကို အေးဆေးဝယ်လို့ရတယ်။ ဒါ့ပြင် ငါ့အိမ်မှာ အပိုတွေရှိသေးတယ်။ ဒါတွေကို မင်းကိုသုံးခွင့်ပေးမယ်!"
ပြောပြီးတာနဲ့ အဲ့ဒီလူက မော့ချူးကို လက်ဝှေ့ယမ်းပြကာ ခြေလှမ်းကျဲကျဲနဲ့ ထွက်သွားတော့သည်။
သူမလက်ထဲက ပစ္စည်းတွေကို ကြည့်ပြီး မော့ချူး မပြုံးဘဲမနေနိုင်တာ့ပေ။ သူမ တကယ်ကို အရေးကြီးတဲ့ လူတစ်ယောက်နဲ့ တွေ့ခဲ့တာပဲ!
သေသေချာချာကြည့်လိုက်တော့ ခွက်တွေက တစ်လီတာနီးပါး ဆံ့သည်။ အားလုံး စုစုပေါင်းငါးခွက်ရှိသည်။ ဒါတွေကို အပြည့်ဖြည့်ထားလိုက်ရင် သူမအနေနဲ့ တစ်ပတ်စာအတွက် စိတ်ပူစရာလိုတော့မှာ မဟုတ်ချေ!
သို့ပေမယ့် ဓားကနည်းနည်း တုံးသွားသည်။ မော့ချူး ကျောက်တုံးတစ်တုံးကို ရှာလိုက်ပြီး အကြိမ်အနည်းငယ်လောက် သွေးလိုက်သည်။ ဓါးသွားကိုကြည့်ကာ ရလောက်ပြီလို့ ခံစားရတော့ သူမ ပစ္စည်းတွေကို နို့ပင်အုပ်ထဲ သယ်သွားလိုက်သည်။
အတော်အသင့်ကြီးတဲ့ နို့ပင်တစ်ပင်ကို သူမရှာတွေ့လိုက်သည်။ မော့ချူး ခပ်ကြမ်းကြမ်း ခုတ်လိုက်တော့ သစ်ပင်ပေါ်မှာ အက်ကွဲကြောင်း ပေါ်လာကာအဖြူရောင်အရည်တွေက တဖြည်းဖြည်း ထွက်လာသည်။ မော့ချူးက ခွက်ကို အက်ကွဲကြောင်းအောက်နားမှာ ကမန်းကတန်း ချလိုက်ပြီး လျှာသပ်လိုက်သည်။ သူမမှာ နေ့တစ်ဝက်လောက် အလုပ်ရှုပ်နေခဲ့တာကြောင့် တကယ်ကိုရေနည်းနည်း ငတ်နေပြီဖြစ်သည်။
သို့ပေမယ့် သူမသောက်ဖူးတဲ့ နို့အသန့်ရဲ့ ကြောက်စရာကောင်းတဲ့အရသာကို သတိရသွားတော့ သူမ မျက်မှောင်ကြုတ်မိကာ ရင်ထဲ တုန်လှုပ်သွားသည်။
ခွက်ထဲနို့တွေ တရွေ့ရွေ့ ကျလာသံကို နားထောင်ရင်း မော့ချူး ရှုံ့မဲ့သွားမိသည်။ နောက်ဆုံးတော့၊ သူမရဲ့ ရုပ်ပိုင်းဆိုင်ရာ ရေငတ်တာက သူမရဲ့ စိတ်ပိုင်းဆိုင်ရာ ကြောက်ရွံ့မှုကို အနိုင်ရသွားကာ သူမရဲ့ညာလက်ကိုသုံးပြီး တခြားခွက်ကို ယူလိုက်ကာ သူမပါးစပ်အောက်မှာထားလိုက်သည်။ နို့တဝက်ပြည့်နေတဲ့ခွက်ကို ပါးစပ်နားကပ်ကာ မျက်လုံးတွေကိုမှိတ်ရင်း တစ်ငုံသောက်လိုက်သည်။
ဟမ်... တစ်ခုခုတော့ မမှန်နေဘူး...
ဒီနို့သည် အရင်ကလို သုတ်ဆေးနဲ့တူတဲ့ ပုံစံမျိုးမရှိနေပေ။ အဲ့ဒီအစား ချောမွေ့နေသည်။ အရသာကလည်း နည်းနည်းချိုသည်။ ၂၁ ရာစုက အုန်းနို့နဲ့တောင် နည်းနည်းဆင်သည်။
ဘာတွေဖြစ်နေတာလဲ?
မော့ချူးသောက်တာ မရပ်နိုင်တော့ပေ။ သို့ပေမယ့် သူမရဲ့ စိတ်ထဲမှာတော့ လည်နေသည်။ တကယ်တော့ သူမသောက်ဖူးတဲ့ နို့အသန့်က စွမ်းအင်ပါဝင်မှုကို တိုးမြင့်စေဖို့အတွက် တခြားဖြည့်စွက်ပါဝင်ပစ္စည်းတွေ ထည့်ထားတဲ့ပုံပင်။
အားယား! မော့ချူး ခေါင်းခါလိုက်သည်။ ဒီလို အရသာရှိတဲ့ နို့အသန့်ကို ထူးထူးဆန်းဆန်း အရသာရှိတဲ့ နို့အသန့်တစ်မျိုးအဖြစ် ပြောင်းလဲနိုင်လိုက်တဲ့ ဒီအစားအသောက် ကျွမ်းကျင်သူတွေက တကယ်ကို အံ့သြစရာကောင်းတာပဲ။
မော့ချူးက နို့ပင်ကြီးကြီးတစ်ပင်ကို ရှာပြီး မှီလိုက်သည်။ သူမ မျက်လုံးအသာမှိတ်လိုက်သည်။ နေရောင်က သူမမျက်နှာပေါ်ကို ဖြာကျနေကာ တဖျတ်ဖျတ်ဖြစ်နေသည်။
ကင်မရာမင်းက တာဝန်အရ ဒီမြင်ကွင်းကို ရိုက်ကူးပြီး ထာဝရ ထိန်းသိမ်းထားလိုက်သည်။
ခဏကြာတော့ ခွက်တစ်ခွက် ပြည့်သွားသည်။ မော့ချူးက အမြန်အဖုံးပိတ်လိုက်ပြီး ခလုတ်ခုံထဲ ထားလိုက်သည်။ သူမက နောက်ထပ်ခွက်ယူကာ ထပ်ဖြည့်လိုက်သည်။ သူမ ဟိုဟိုသည်သည် တွေးလိုက်မိသည်... ကျွတ်စ် ကျွတ်စ်၊ သူမအစ်ကိုနဲ့ ချင်ယွဲ့တို့ရော ဘယ်လိုဖြစ်နေကြမလဲမသိဘူး။