အပိုင်း ၁၃၆
Vol. 10 Ch. 136
မော့ယန်ကတော့ မော့ချူးလောက် ကံမကောင်းပေ။ skydiving လုပ်ပြီးတာနဲ့ မှော်ဒေသထဲတိုက်ရိုက်ဆင်းသက်မိကာ ရုပ်ဆိုးတဲ့မုဆိုးလို့ခေါ်တဲ့ အဆင့် ၆ မှော်သားရဲတစ်ကောင်နဲ့ သွားတိုးသည်။
ထိုမှော်သားရဲဟာ သူ့နာမည်အတိုင်း အရမ်းရုပ်ဆိုးသည်။ ရှုံ့မဲ့နေတဲ့ သူ့မျက်နှာက အတွန့်တွေနဲ့ပြည့်နှက်နေပြီး သူ့ရဲ့ ရှည်လျားကျဉ်းမြောင်းတဲ့ မျက်လုံးနှစ်လုံးဟာလည်း မမြင်ရသလောက်ပင်။ ကြီးမားတဲ့နှာတံကြီးတစ်ခုသာ သူ့မျက်နှာအလယ်တွင် ရှိနေသည်။
ဒီလိုမျိုး ရုတ်တရက်ဆန်တဲ့ အခြေအနေမျိုးမှာတောင် မော့ယန်ရဲ့ အမူအရာက တည်ငြိမ်နေသည်။ သူက သူ့ကိုယ်ပေါ်ရှိ လေထီးကိရိယာကို အမြန်ချွတ်လိုက်သည်။ အဲ့ဒီအတောတွင်းမှာ၊ သားရဲက ရုတ်တရက်တိုက်ခိုက်လာမှာစိုးတာကြောင့် သူ့မျက်နှာချင်းဆိုင်က ရုပ်ဆိုးတဲ့မုဆိုးကို သတိထားပြီး စိုက်ကြည့်နေသည်။
မမျှော်လင့်ထားစွာနဲ့၊ ရုပ်ဆိုးတဲ့မုဆိုးက မော့ယန်ကို မြင်တာနဲ့ ချက်ချင်း မတိုက်ခိုက်ပေ။ အဲဒီအစား၊ နေရာမှာဘဲ ငြိမ်ငြိမ်သက်သက် ရပ်နေကာ သူ့ကို စူးစူးစိုက်စိုက် ကြည့်နေသည်။
'အယ်? ဒီကောင်လည်း ငါ့အဖော်ပဲလား? သူကဘယ်လိုလုပ်... အရမ်းရုပ်ဆိုးနေရတာလဲ?'
ရုပ်ဆိုးတဲ့မုဆိုးက မော့ယန်ကို ဂရုတစိုက် ကြည့်လိုက်ပြီး ရွံရှာသလို အကြိမ်အနည်းငယ်လောက် နှာရှုံ့လိုက်သည် 'ကျွတ်စ်ကျွတ်စ်... သူ့မှာ အမွေးထူပြီး သန်မာတဲ့ ခန္ဓာကိုယ်လည်း မရှိဘူး။ သူက အရမ်းအားနည်းတော့ ဒီမှာလာရောဖို့ ကြိုးစားနေတာပဲ။ ဟင်းး၊ အရမ်းတုံးလိုက်တာ!'
No-man's Land ရှိ မှော်သားရဲတွေနဲ့ မှော်ဒေသများရှိ မှော်သားရဲတွေကြားတွင် ကွာခြားချက်ကြီးကြီးမားမားရှိသည်။ ရှေးယခင်က မှော်သားရဲအများအပြားဟာ လူသားတွေနဲ့တိုက်ပွဲကို တစ်ခါမျှမကြုံဖူးပေ။ အမှန်တော့၊ ဒီနေရာဟာ အရမ်းလူခြေတိတ်ပြီး အထူးစွမ်းရည်အသုံးပြုသူတွေတောင် အဲ့ဒီနေရာသို့ ခြေမချတဲ့အတွက်၊ ဒါက ဒီအနီးနားမှာ ရွာသားတွေ ဘာလို့နေထိုင်ရဲရလဲဆိုတဲ့ အကြောင်းရင်းတစ်ခုလည်းဖြစ်သည်။
ဒီလိုမှော်သားရဲနဲ့တွေ့ရင် အရမ်းစိုးရိမ်နေစရာ မလိုပေ။ သူတို့ကို ရန်မစသရွေ့ သူတို့ဘက်ကစပြီး တိုက်ခိုက်မှာမဟုတ်ပေ။
သို့ပေမယ့် မှော်သားရဲရဲ့မျက်လုံးတွေထဲက တောက်ပနေတဲ့ အထင်အမြင်သေးမှုကို ကြည့်ပြီး မော့ယန်ရဲ့နှုတ်ခမ်းထောင့်တွေ မနေနိုင်ဘဲ မဲ့သွားရသည်။ တစ်ရက်မှာ ရုပ်ဆိုးတဲ့မုဆိုးလို သားရဲဆီကနေ မထီမဲ့မြင်ပြုတာခံရလိမ့်မယ်လို့ သူ မထင်ထားပါချေ။
လေထီးကိရိယာကို ခလုတ်ခုံထဲ သူတိတ်တဆိတ်ထားလိုက်တဲ့ မော့ယန်ရဲ့ လုပ်ရပ်တွေက သဘာဝအလျှောက်ကို အန္တရာယ်ကင်းသည်။
သူ ရုပ်ဆိုးတဲ့မုဆိုးကို တိုက်ခိုက်ဖို့ မရည်ရွယ်ပါချေ။ သူ့ရဲ့ဒြပ်စင်စွမ်းရည်က မှော်သားရဲထက်သာလွန်ပြီး သတ်ဖို့မခက်ပေမယ့်၊ ဒါက ဒီ reality showရဲ့ ပန်းတိုင်မဟုတ်ပေ။ နှစ်ဘက်စလုံး ဘေးကင်းတာကပိုကောင်းသည်။
မော့ယန်အနေနဲ့ အဲ့ဒါကိုကိုင်တွယ်ဖို့ ဒြပ်စင်စွမ်းအင်ကို သုံးဖို့မလိုပေ။ နေရာအမျိုးမျိုးမှာ ဖွက်ထားတဲ့ အစားအသောက်တွေကို ရှာဖို့ ခွန်အားပိုလိုသည်။
အမ်းး... အရမ်းရုပ်ဆိုးတယ်၊ အရမ်းရုပ်ဆိုးတယ်! ခေါင်းကိုခါယမ်းကာ ဒီပုံမှန်မဟုတ်သော သတ္တဝါကို ရုပ်ဆိုးတဲ့မုဆိုးက နောက်ဆုံးတော့ ကျေနပ်သွားသည်။ သူကခေါင်းခပ်မြင့်မြင့် မော့ထားရင်း ယုံကြည်မှုအပြည့်နဲ့ အဝေးကို လျှောက်သွားတော့သည်။
နောက်ကနေလိုက်လာတဲ့ ရိုက်ကူးရေးအဖွဲ့သားတွေလည်း သက်ပြင်းတိုးတိုးလေးချလိုက်သည်။ ဘုရားရေ၊ တိုက်ပွဲကြီးဖြစ်တော့မယ်လို့ ထင်လိုက်တာ။ နောက်ဆုံးမှာတော့၊ ဇာတ်ကွက်က တင်းမာတဲ့လေထုအပြည့်နဲ့ အက်ရှင်ဇာတ်လမ်းကနေ နားမလည်နိုင်တဲ့ ဟာသဇာတ်လမ်းအဖြစ် ရုတ်တရက် ပြောင်းလဲသွားသည်။
မော့ယန်လည်း ရုပ်ဆိုးတဲ့မုဆိုးထွက်သွားမှ စိတ်အေးသွားရသည်။ သူ မတ်မတ်ရပ်လိုက်ကာ ပတ်ပတ်လည်ကို ဂရုတစိုက်ကြည့်ရင်း မျက်မှောင်နည်းနည်းကြုတ်သွားသည်။
ဒီမှော်ဒေသရဲ့ ပတ်ဝန်းကျင်က အတော်လေး ရှုပ်ထွေးသည်။ ဒါ့အပြင် သူတို့လက်ထဲမှာရှိတဲ့ ကိရိယာအားလုံးလည်း အသိမ်းခံထားရသည်။ ခန့်မှန်းတာတွေ လုပ်ဖို့ သူ့ရဲ့အတိတ်က အတွေ့အကြုံကိုဘဲ အားကိုးရမည်။ ကံဆိုးစွာနဲ့၊ ဒီနေရာတွင် လူအနည်းငယ်သာ ရှိခဲ့သည်။ ချန်ခဲ့တဲ့ သဲလွန်စတွေကတောင် သနားစရာကောင်း လောက်အောင်နည်းလှသည်!
မော့ယန်က သူ့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်အပေါ် အခြေခံကာ ထွက်ခွာဖို့ ဦးတည်ချက်တစ်ခုကို အရင်ရွေးချယ်ဖို့ကလွဲပြီး တခြားရွေးချယ်စရာမရှိပေ။ သို့ပေမယ့် ဒီမှော်ဒေသက အံ့ဩစရာကောင်းလောက်အောင်ကြီးမားရုံတင်မက လမ်းကြောင်းတွေကလည်း အကွေ့အကောက်တွေ များသည်။ သူသုံးနာရီပြည့်အောင် လမ်းလျှောက်ခဲ့ပေမယ့် နောက်ဆုံးတော့ သူ မလျှောက်နိုင်တော့ပေ။
ခရိုင် ၅ ရှိ ရာသီဥတုသည် ခရိုင် ၃ နဲ့နည်းနည်းကွာခြားသည်။ ဒီဟာက ၂၁ ရာစုက တိဗက်လိုနေရာမျိုးနဲ့ အနည်းငယ်ဆင်တူသည်။ မနက်ပိုင်းနဲ့ ညနေပိုင်းက အပူချိန်ကွာခြားချက်မှာ အရမ်းကြီးသည်။
မွန်းတည့်ချိန်ဖြစ်၍ နေကအရမ်းကို တောက်ပနေသည်။ မော့ယန်မှာ နာရီတချို့လောက် လမ်းလျှောက်ခဲ့ရတာကိုမပြောနဲ့ ဒီတိုင်းရပ်နေရင်တောင် ချွေးတွေက တစ်ကိုယ်လုံးထွက်လာတာဖြစ်သည်။ သူ့ကိုယ်အပေါ်ပိုင်းကအဝတ်အစားမှာ ချွေးတွေရွှဲနေပြီး၊ အဖြူရောင်ရှပ်အင်္ကျီက သူရဲ့ကြွက်သားတွေနဲ့ခန္ဓာကိုယ်မှာ ခပ်တင်းတင်းကပ်နေသည်။ သူ့ရဲ့ကြံ့ခိုင်လှ ကြွက်သားတွေဟာလည်း မသိမသာ ထင်ရှားနေသည်။
ဘယ်လိုတောင် ကြီးမားလိုက်တဲ့အကျိုးအမြတ်လဲ! သူ့နောက်က ကင်မရာမင်းတွေရဲ့ မျက်လုံးတွေက တောက်ပနေသည်။ ထုံးစံအတိုင်း၊ သူတို့က ဒီလိုပေါက်ကွဲစေတတ်တဲ့ မြင်ကွင်းကို လက်လွတ်မခံနိုင်ပါချေ။ သူတို့လည်း အပူဒဏ်ကြောင့် ချွေးတွေအလျှံပယ်ထွက်နေပေမယ့် မော့ယန်ကိုတော့ ကင်မရာတွေနဲ့ သေသေချာချာ ချိန်နေဆဲပင်။