← Chapters

အပိုင်း ၁၃၇

Vol. 10 Ch. 137

အပိုင်း ၁၃၇

Vol. 10 Ch. 137

ရုတ်တရက် ကင်မရာက ရပ်သွားပြီး မော့ယန်လည်း နေရာမှာ ရပ်သွားသည်။

သူ့ကြည့်နေတဲ့နေရာကို လှမ်းကြည့်လိုက်တော့ မနီးမဝေးတွင် မှော်အပင်တစ်ပင်ကို တွေ့လိုက်ရသည်။ သုံးမီတာနီးပါးမြင့်တဲ့ အပင်ရဲ့ပင်စည်တွင် ခက်ရင်းခွတစ်ခုရှိကာ အထုပ်သေးလေးတစ်ထုပ်ကို အဲ့ဒီနေရာတွင် ထားထားသည်။ စားစရာတွေများလား?

ဒါကိုတွေးမိတော့ မော့ယန် မျက်လုံးတွေ ရုတ်တရက် တောက်ပလာသည်။ သူ့နဖူးပေါ်က ချွေးတွေကို သုတ်လိုက်ပြီး ရှေ့ကို လျှောက်သွားလိုက်သည်။

သူ မှော်အပင်နဲ့ ငါးမီတာလောက်အကွာကိုရောက်တော့ ကပ်ပါးနွယ်ပင်တွေ တစ်ဒါဇင်လောက် ဘေးကနေရုတ်တရက် ထွက်လာကာ မော့ယန်ကို အောင်ပွဲခံတဲ့ပုံစံမျိုးနဲ့ တိုက်ခိုက်လာသည်။

ဒါကိုမြင်တော့ သူ့နောက်က ကင်မရာမင်းတွေလည်း ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်ကာ သူတို့ရဲ့ ထိတ်လန့်တုန်လှုပ်နေတဲ့ ရင်ဘက်ကို ပွတ်သပ်လိုက်ကြသည်။ သူတို့တွေ ကြားညှပ်ခံလိုက်ရတော့မလို့!

သို့ပေမယ့် မော့ယန်ရဲ့မျက်နှာကတော့ တည်ငြိမ်နေသည်။ သူ့ရဲ့လက်ဖဝါးကြီးတွေကို နည်းနည်းလွှဲလိုက်တာနဲ့ လက်မအရွယ်လောက်ရှိတဲ့ လျှပ်စီးကြောင်းက ကပ်ပါးနွယ်တွေနဲ့ မှော်အပင်ရဲ့ စုပ်ခွက်နေရာဆီ တိုက်ရိုက်ရောက်သွားသည်။ ပစ်မှတ်ကို တစ်ချက်ချင်း ထိသွားတာပဲ!

ကျိုးပဲ့သွားတဲ့ ကပ်ပါးနွယ်ပင်တွေက နာကျင်စွာနဲ့ မြေပြင်ပေါ်တွင် လူးလိမ့်နေကြသည်။ ကပ်ပါးနွယ်တွေရဲ့အကူအညီမပါရင် မှော်အပင်ကလည်းလုံးဝမခြိမ်းခြောက်နိုင်ပေ။ မော့ယန် နီးကပ်လာသည်။ နောက်တော့ သစ်ပင်ကြီးပေါ်ကို အကြိမ်အနည်းငယ်လောက် ခုန်တက်လိုက်သည်။ သူ့လက်ရှည်ရှည်ကို ဆန့်ထုတ်လိုက်ကာ အထုပ်ကို လွယ်လွယ်ကူကူ ယူလိုက်သည်။

ကောင်းကောင်းပြီးသွားပြီ! ကင်မရာမင်းက အမြန်ပြေးကာ ကင်မရာနဲ့အနီးကပ်ရိုက်လိုက်သည်။

မော့ယန် လုံးဝအံ့အားသင့်သွားသည်။ သု့မျက်လုံးတွေက မယုံကြည်နိုင်သလို ပြူးကျယ်သွားသည်။

F*ck! လာကစားနေတာလား?

သူ အောက်ကိုငုံ့ကြည့်လိုက်တော့ မော့ယန်ဖွင့်ထားတဲ့အထုပ်ကို တွေ့လိုက်ရသည်။ ပြည့်ဖောင်းနေပုံရတဲ့အထုပ်က မွစာကြဲနေတဲ့စက္ကူစတွေနဲ့ အရွက်ခြောက်တွေနဲ့ပဲ ပြည့်နေကာ အထဲမှာ စားစရာလုံးဝမရှိပါချေ။

အထုပ်ရဲ့ထိပ်မှာတော့ သန့်ရှင်းတဲ့စက္ကူဖြူတစ်ရွက်ရှိနေသည်။ အဲဒီအပေါ်မှာ စာကြောင်းတစ်ကြောင်း ရေးထားသည်။ ဒီလိုအထက်စီးဆန်တဲ့လေသံက လူတွေကို အဲ့ဒီစာရေးထားတဲ့သူကို လာရှာကာ ရိုက်ပစ်ချင်စိတ်ပေါက်လာစေသည်။ “စိတ်မကောင်းပါဘူး၊ မင်းရဲ့စရိုက်က ဆိုးလွန်းတယ်။ ဘာစားစရာကိုမှ မင်းရှာတွေ့မှာမဟုတ်ဘူး။ ကောင်းကောင်းဆက်လုပ်၊ ကံဆိုးတဲ့ကောင်စုတ်လေး!"

ဒီလိုဟာမျိုးကို ရှာတွေ့ဖို့ သူအရမ်းကြိုးစားခဲ့ရတာလား? မော့ယန်အနေနဲ့ ဒေါသကို ကောင်းကောင်းကြီး ထိန်းနိုင်ပေမယ့် မနေနိုင်ဘဲ ကျိန်ဆဲလိုက်မိသည်။ သူ့ရဲ့မကျေနပ်မှုအတွက် ထွက်ပေါက်ရှာဖို့ မြေပြင်ကိုပြင်းပြင်းထန်ထန် ထုရိုက်လိုက်သည်။

ဟင်းး! ဝန်ထမ်းတွေက မော့ယန်ကို စာနာစိတ်နဲ့ ကြည့်လိုက်သည်။ ဒါရိုက်တာလင် တစ်ယောက်ပဲ ဒီလိုကပ်သီးကပ်သတ်နိုင်တဲ့ ပရိုဂရမ်ပုံစံမျိုး တွေးနိုင်တာ။

No-man's Land တွင် အထုပ်တစ်ရာကျော် ဝှက်ထားပေမယ့် အားလုံးထဲတွင် စားစရာတွေ မပါချေ။ အဲ့ဒီထဲက တချို့ကတော့ အထူးသဖြင့် ပြိုင်ပွဲဝင်တွေကို စိတ်ရှုပ်အောင်လုပ်ထားတဲ့ ပါဆယ်အလွတ်တွေသာဖြစ်သည်။

သိသိသာသာကို၊ မော့ယန်ရဲ့ကံက အဲ့ဒီလောက်ထိ မကောင်းနေပေ။

မျက်မှောင် တင်းတင်းကြုတ်ထားတဲ့ ချောမောတဲ့လူငယ်လေးကို မြင်တဲ့အခါ သူ့နောက်လိုက်လာတဲ့ ကင်မရာမင်းတွေမှာ သူ့အတွက် သက်ပြင်းချပေးရုံပဲ တတ်နိုင်တော့သည်။ မတတ်နိုင်ဘူး။ ဘယ်သူကများ မင်းကို ကံဆိုးအောင် ဒါရိုက်တာလင်ရဲ့ အစီအစဉ်မှာ ရွေးလိုက်တာလဲ? ဒါရိုက်တာလင်က ဒီဟာနဲ့ နာမည်ကြီးတယ်ဆိုတာ သိထားရမယ်လေ! သူနဲ့တွေ့တဲ့သူတိုင်း ကံမကောင်းကြဘူး... မော့ယန် ရုတ်တရက် လှုပ်ရှားလာတဲ့အချိန် ကင်မရာမင်းတွေက လင်ယဲ့ဟုန်ကို လှောင်ပြောင်နေတာမပြီးသေးပေ။

သူ့မျက်လုံးများက အထုပ်ကို စဉ်းစဉ်းစားစားနဲ့စိုက်ကြည့်နေသည်။ နောက်တော့ သူလက်လှမ်းကာ နည်းနည်းညစ်ပတ်ကာကြေမွနေတဲ့စက္ကူအပိုင်းတွေကို ရွေးထုတ်လိုက်သည်။ ပြီးတော့ သူဂရုတစိုက်ပြန့်အောင်လုပ်လိုက်ကာ ဘေးပို့ထားလိုက်သည်။

သူဘာလုပ်နေတာလဲ? ကင်မရာမင်းတွေလည်း နားမလည်ဖြစ်သွားကြသည်။

မော့ယန်က စက္ကူစတွေအားလုံးကို ကောက်ယူကာ အတူစုစည်းဖို့ စတင်ကြိုးစားလိုက်သည်။ သူအကြမ်းဖျင်းပုံ ဖော်လိုက်သည်။ ဒီတော့မှ ကင်မရာမင်းက ဖြည်းဖြည်းချင်း တုံ့ပြန်လာသည်... F*ck၊ ဒါက မှော်ဒေသရဲ့ မြေပုံမဟုတ်ဘူးလား?

ဒါရိုက်တာလင်ရဲ့အတွေးက အရမ်းလှတာပဲ!

ဒီလိုစက္ကူအပိုင်းအစတွေမှာ တကယ်ကြီး ဖုံးကွယ်ထားတဲ့ အဓိပ္ပါယ်ရှိနေမယ်လို့ ဘယ်သူသူထင်ထားမှာလဲ? ပိုကြောက်စရာကောင်းတာက မော့ယန်က အဲဒါကို တကယ်ကြီး ဖော်ထုတ်နိုင်လိုက်တာ! ဘုရားရေ၊ အံ့သြစရာပဲ!

မိနစ်အနည်းငယ်ကြာပြီးတဲ့နောက် မော့ယန်တစ်ယောက် ဒီစက္ကူအပိုင်းအစ တစ်ဒါဇင်လောက်ကို ပြီးပြည့်စုံတဲ့ မြေပုံတစ်ခုအဖြစ် အောင်မြင်စွာ ဆက်နိုင်လိုက်သည်။

ဒီဟာရဲ့အကူအညီနဲ့ဆို မော့ယန်အနေနဲ့ ဒီမှော်ဒေသကနေ ထွက်ခွာဖို့ ပိုလွယ်ကူသွားမည်ဖြစ်သည်။

All Chapters