← Chapters

အပိုင်း ၁၃၈

Vol. 10 Ch. 138

အပိုင်း ၁၃၈

Vol. 10 Ch. 138

မျှော်လင့်ထားတဲ့အတိုင်း၊ မြေပုံပေါ်က လမ်းညွှန်ချက်တွေအတိုင်းသွားတော့ မော့ယန်တစ်ယောက် လမ်းကြောင်းမှန်ကို အမြန်ရှာတွေ့သွားကာ တစ်နာရီမပြည့်ခင်မှာဘဲ မှော်ဒေသကနေ အောင်မြင်စွာနဲ့ထွက်လာနိုင်လိုက်သည်။

ဒီအချိန်မှာ မော့ယန် အလုပ်ချင်ဆုံးအရာကတော့ ချူးလေးကို အမြန်ရှာဖို့ဖြစ်သည်။ သို့ပေမယ့် ဖြစ်ချင်တော့ ကံဆိုးစွာနဲ့ သူက ဆန့်ကျင်ဘက်လမ်းကိုသွားနေတာဖြစ်သည်။ သူတို့တွေ့ဖို့ အချိန်အတော်ကြာလိမ့်မည်ပင်။

တစ်ဖက်မှာ‌တော့ မော့ချူးက နို့အသန့်ငါးခွက်ကို ဖြည့်ပြီးသွားပြီဖြစ်သည်။ သူမက ခွက်တွေကို ခလုတ်ခုံထဲ ဂရုတစိုက် ထည့်လိုက်ပြီး သိပ်မထက်တဲ့ဓားကိုကိုင်ကာ ထွက်လာလိုက်သည်။

ဒီရှိုးက ပြိုင်ဘက်ကို ရှင်းလင်းဖယ်ရှားရမယ့်ရှိုးဖြစ်တာကြောင့် တစ်ယောက်ယောက်ကို ရှင်းလင်းဖယ်ထုတ်ရမည်ဖြစ်သည်။

မော့ချူးမှာ သူမအသက်ရှင်သန်နိုင်ဖို့ နို့အသန့်တွေကိုသာ သုံးနိုင်ပေမယ့် တစ်ချိန်တည်းမှာပဲ သူမ အပြင်ထွက်ပြီး ဖွက်ထားတဲ့ အစားအသောက်တွေကို လုယူချင်တဲ့ ပြိုင်ဆိုင်လိုစိတ်တွေ ပြင်းထန်လာသည်။ ဒါက ပြဿနာကို တွန်းအားပေးရင်းနဲ့ အစီအစဉ်အချိန်ကို တိုတောင်းသွားစေမည်ဖြစ်သည်။

ဝိုင်းဝိုင်းမှာ မော့ချူးနဲ့အတူ အစီအစဉ်ကို လိုက်လို့မရဘဲမြေခွေးပျံလေးနဲ့သာ အိမ်တွင်နှစ်‌ယောက်ထဲ နေခဲ့ရမှာကို သိလိုက်ရပြီးကတည်းက ချက်ချင်း ဒေါသထွက်သွားသည်။ သူ့ရဲ့ မျက်နှာပြည့်ပြည့်လေးက မကျေနပ်ချက်ကြောင့် ဖောင်းပွလာပြီး နီရဲတောက်ပနေတဲ့ မျက်လုံးတွေကလည်း ရေကြည်ဖွဲ့လာသည်။ တစ်ခါမှာ သူက မော့ချူးကို အေးစက်စက်နဲ့ ကြမ်းကြမ်းတမ်တမ်းဆက်ဆံသည်။

ရက်အနည်းငယ်ကြာပြီးတဲ့နောက် အောက်ကျို့ခယတဲ့ စာချုပ်အတွဲလိုက်မှာ လက်မှတ်ထိုးပြီးမှ နောက်ဆုံးတော့ မော့ချူးတစ်ယောက် သူ့ကို ချော့မော့နိုင်လိုက်သည်။ အခုတော့ သူမမှာ တတ်နိုင်သမျှမြန်မြန်ပြန်လို့ရမယ့် အခွင့်အရရလာတော့ ဒါကိုဘယ်လိုလုပ်မကြိုးစားကြည့်ရမှာလဲ? ပြီးတော့ ဒီနို့က အရသာကောင်းပေမယ့် တစ်ပတ်လုံးတော့ ကြာရှည်ခံမှာမဟုတ်ပေ။

စိတ်ပြောင်းသွားပြီးတဲ့နောက် မော့ချူးက ချက်ချင်း လှုပ်ရှားလိုက်သည်။ ပစ္စည်းတွေ ထုပ်ပိုးပြီးတာနဲ့ တောင်ထိပ်က ဆင်းကာ တခြားနေရာကို သွားဖို့ ပြင်ဆင်လိုက်သည်။

မော့ချူး တစ်ယောက် အရမ်းကံကောင်းနေခဲ့သည်။

သူမ တောင်ပေါ်ကနေ ဆင်းလာတဲ့အချိန် ကျူပင်တွေကြားထဲမှာ ဖွက်ထားတဲ့အထုပ်တစ်ထုပ်ကို ရှာတွေ့လိုက်သည်။ သူမ မျက်နှာလေးက မနေနိုင်ဘဲ တောက်ပသွားသည်။ သူမ ချက်ချင်း ယူဖွင့်ကြည့်လိုက်တော့ အထဲမှာ စွမ်းအင်သုံးအရည်ပုလင်းတွေ ရှိနေတာကို တွေ့လိုက်ရသည်။

မဆိုးဘူး၊ သူမ ချက်ချင်း တစ်ခုခုရသွားပြီး!

မော့ချူး မျက်လုံးတွေ ကျဉ်းမြောင်းသွားတဲ့အထိ ပြုံးလိုက်သည်။ သူမ ခလုတ်ခုံထဲကို စွမ်းအင်သုံးပုလင်းကိုထည့်ကာ မတ်တပ်ထရပ်လို့ ထွက်ဖို့ပြင်နေတုန်း ခေါင်းမော့လိုက်ချိန် ကျန်းရှောင်ချီက သူမအရှေ့မှာ ရပ်နေတာကို တွေ့လိုက်ရသည်။

နှစ်ယောက်သား တယောက်နဲ့ တယောက် ဒီလိုမျိုး လာဆုံကြသည်။ ရန်သူတွေမဟုတ်ရင် ဘယ်တော့မှဆုံမှာမဟုတ်ဘူး ဆိုတဲ့ ရှေးဆိုရိုးစကားအတိုင်း အရမ်းကိုတိုက်ဆိုင်လွန်းလှသည်။

သို့ပေမယ့် နေ့တစ်ဝက်အတွင်းမှာဘဲ ကျန်းရှောင်ချီတစ်ယောက် ယခင်ကလို မာနကြီးတဲ့ နတ်ဘုရားမပုံရိပ်ကို လုံးဝကိုဆုံးရှုံးသွားသည်။ သူမရဲ့ ထုံးထားတဲ့ဆံပင်တွေက ပုံတွေပျက်နေပြီ။ သူမရဲ့ ရှုပ်ပွနေတဲ့ဆံပင်တွေက ဖရိုဖရဲဖြစ်နေပြီး လက်ရာမြောက်‌မြောက် လိမ်းထားတဲ့ မိတ်ကပ်ဟာလည်း ချွေးတွေနဲ့ ပျက်စီးလုနီးပါး ဖြစ်နေသည်။ ဒီအချိန်မှာ တောက်ပပြီး လှပတဲ့ အမျိုးသမီး အနုပညာရှင်လို့မပြောနဲ့ သာမန် ဖြတ်သွားဖြတ်လာတွေတောင် သူမထက် ပိုကြည့်ကောင်းနေဦးမည်။

တစ်ဖက်မှာ‌တော့ မော့ချူးက ဆန့်ကျင်ဘက်ဖြစ်နေသည်။

သူမရဲ့ မျက်နှာက ဖြူဝင်းကာ ချောမွေ့နေသေးပြီး သပ်သပ်ရပ်ရပ် ၀တ်စားထားသည်။ သူမရဲ့ ရိုးရှင်းတဲ့အဝတ်အစားတွေက သူမရဲ့ကျက်သရေရှိတဲ့ စိတ်နေသဘောထားကို ပေါ်လွင်နေစေသည်။

ကျန်းရှောင်ချီလည်း ဒီမြင်ကွင်းကို သဘာဝအလျောက် မြင်လိုက်ရသည်။ သူမရဲ့မျက်လုံးတွေ အနည်းငယ်ပြူးကျယ်သွားပြီး မော့ချူးဆီကို လျှောက်လာသည်။ "မော့ချူး၊ မင်းနဲ့တွေ့ရတာ အရမ်းကောင်းတာပဲ! တို့တွေ မဟာမိတ်ဖွဲ့ကြရင်ရောဘယ်လိုလဲ?"

တခြားသူတွေသာဆို ချက်ချင်း သဘောတူကြလိမ့်မည်ပင်။ တစ်ဖက်မှာ၊ စူပါစတား ကျန်းရှောင်ချီနဲ့ နှစ်ယောက်ထဲအတူရှိဖို့ဆိုတာ အရမ်းရှားသည်။ တစ်ဖက်မှာတော့၊ သူတို့အနေနဲ့ ကင်မရာကနေတစ်ဆင့် ပရိသတ်တွေကို သူတို့ရဲ့ ကြင်နာဖော်ရွေမှုကို ပြသနိုင်သည်။

သို့ပေမယ့် ဒီနေ့မှာ‌တော့ ပုံမှန်လမ်းကြောင်းအတိုင်းမလျှောက်တတ်တဲ့ မော့ချူးနဲ့ သူတို့လာတွေ့တာဖြစ်သည်။

အစောပိုင်းက မော့ချူးနဲ့ ကျန်းရှောင်ချီကြားမှာ ရန်စရှိခဲ့တာကြောင့် သဘာဝအလျောက် သူမက ချက်ခြင်းသဘောမတူပေ။ သူက ဇီဇာကြောင်သလို အပြန်ပြန်အလှန်လှန်ကြည့်လိုက်ပြီး “ရှင့်ရဲ့ အားသာချက်က ဘာလဲ? ကျွန်မက ဘာလို့ ရှင်နဲ့ မဟာမိတ်ဖွဲ့ရမှာလဲ?"

သူမပြောပြီးတာနဲ့ ကျန်းရှောင်ချီတင်မက သူတို့နှစ်ယောက် နောက်က ကင်မရာမင်းတွေလည်း အံ့ဩသွားကြသည်။

"ကောင်းပြီ၊ ငါ... ငါလည်း အထူးစွမ်းရည်သုံးနိုင်တဲ့သူတစ်ယောက်ပဲ!" ခဏလောက် အံ့အားသင့်သွားပြီးတဲ့နောက် ကျန်းရှောင်ချီက ချက်ချင်းပြောလိုက်သည်။ သို့ပေမယ့် သူမရဲ့မျက်လုံးတွေက နည်းနည်းမရှင်းမလင်းဖြစ်နေသည်။ ဒီ ကောင်မလေးက သူ့အတွက် ဘာကောင်းလဲဆိုတာ တကယ်မသိဘူးဘဲ။ သူမရဲ့ကျော်ကြားမှုတိုးလာအောင် သူမနဲ့ မဟာမိတ်ဖွဲ့ဖို့ လိုလားလိမ့်မယ်လို့ ထင်ခဲ့ပေမယ့် ဒီလိုလုပ်ဖို့ သူမက ဆန္ဒမရှိဘူး။ ဒီကောင်မလေးက တကယ်အရှက်မရှိတာဘဲ!

All Chapters