အပိုင်း ၁၃၉
Vol. 10 Ch. 139
"အင်း အင်း!" မော့ချူးက ခေါင်းယမ်းလိုက်ပြီး "ဒါပေမယ့် အဆင့် ၃ အထူးစွမ်းရည် အသုံးပြုသူဖြစ်တဲ့ ရှင်က ကျွန်မအတွက်တော့ အများကြီးအကူအညီမဖြစ်ဘူး!"
မော့ချူးက အဆင့် ၆ အထူးစွမ်းရည်အသုံးပြုသူတစ်ဦးဖြစ်နေပြီဖြစ်တာကြောင့် ကျန်းရှောင်ချီရဲ့ စိုက်ပျိုးမှုအဆင့်ကို သဘာဝကျကျ မြင်တွေ့နိုင်သည်ဖြစ်သည်။ ယေဘူယျအားဖြင့်ပြောရလျှင် ဖျော်ဖြေရေးနယ်ပယ်ရှိလူအများစုတွင် အခြေခံအထူးစွမ်းရည်တွေ ရှိကြပေမယ့် အရည်အချင်းတွေက အရမ်းနိမ့်လွန်းတာကြောင့် ကျင့်ကြံမှုတွင် ဝေးဝေးမရောက်နိုင်ပေ။ ဒါကြောင့်လည်း ဖျော်ဖြေရေးနယ်ပယ်မှာ သူတို့ကိုယ်သူတို့ မြှုပ်နှံထားကြတာဖြစ်သည်။ သေချာပေါက်၊ ကျန်းရှောင်ချီဟာလည်း အထူးကိစ္စရပ်တစ်ခုပင်။
မော့ချူးရဲ့ ရိုးရိုးရှင်းရှင်း စကားကိုကြားတော့ ကျန်းရှောင်ချီမှာ စကားမပြောနိုင်တော့ပေ။ ယုတ္တိဗေဒအရပြောရလျှင် ဒီလိုဖြစ်သင့်သည်။ ဒါပေမယ့် သူမ အရှေ့မှာ ဘယ်သူကများ ဒီလိုတည့်တိုးပြောမှာတဲ့လဲ? ဒါက ဘယ်သူ့ကိုမဆို စော်ကားရာရောက်တယ်မဟုတ်ဘူးလား?
"ဆောရီးပါ ၊ ကျွန်မတို့ ကိုယ့်ဘာသာကိုယ်ပဲ လုပ်ကြတာပေါ့!" ကျန်းရှောင်ချီရဲ့ အရုပ်ဆိုးနေတဲ့အမူအရာကို လျစ်လျူရှုကာ မော့ချူးက မဟာမိတ်ဖွဲ့ဖို့ သူမရဲ့စိတ်ကူးကို ပယ်ချလိုက်သည်။ မော့ချူး သူမကိုလက်ယမ်းပြလိုက်ပြီး တခြားဘက်ကို လှည့်ထွက်သွားသည်။
ဒီကောင်မလေး... သူမက သာမန်လူလား?
မော့ချူးရဲ့တိုက်ခိုက်မှုကြောင့် သတိလက်လွတ်ဖြစ်နေတဲ့ ကျန်းရှောင်ချီဟာ အချိန်အတော်ကြာကြောင်အနေပြီးမှ တုံ့ပြန်လာသည်။ သူမ လှည့်ပတ်ကြည့်လိုက်ပြီး မော့ချူးနောက်ကို လိုက်သွားလိုက်သည်။ ဟမ့်! ဒီလမ်းက နင်တစ်ယောက်တည်း ပိုင်တာမဟုတ်ဘူး။ လူတိုင်း သွားပိုင်ခွင့် ရှိတယ်၊ ဟုတ်တယ်မဟုတ်လား?
မော့ချူးလည်း ကူကယ်ရာမဲ့ဖြစ်သွားသည်။ ကျန်းရှောက်ချီက သူမနောက်ကို လိုက်လာနေတယ်လေ။ သူမနောက်ကို လိုက်မနေသင့်ဘူးလေ ဟုတ်တယ်မလား? သူမကို မမြင်ချင်ယောင်ဆောင်ကာ လမ်းကြောင်းအတိုင်း ဆက်လျှောက်လိုက်သည်။
ဒီနေထိုင်ရာဧရိယာငယ်လေးကို မော့ချူးအများစုလောက်စူးစမ်းပြီးပြီဖြစ်သည်။ အစမှာ သူမတွေ့ခဲ့တဲ့ အစားအသောက်တွေပါတဲ့ အထုပ်ကလွဲရင် တခြားအထုပ်တွေအကုန်လုံးက အလွတ်တွေဖြစ်သည်။
အဝေးကို လှမ်းကြည့်လိုက်ရင်း မော့ချူး အသက်ပြင်းပြင်းရှူလိုက်သည်။ ကြည့်ရတာ သူမ မှော်ဒေသကိုပါ စူးစမ်းရတော့မယ့်ပုံပဲ!
သူမ မှော်ဒေသကိုလျှောက်သွားတာနဲ့ တပြိုင်နက် မော့ချူးရဲ့ သတိကလည်း သဘာဝအလျောက် မြင့်တက်လာသည်။ သူမမျက်လုံးတွေက စူးစူးရဲရဲနဲ့ လှည့်ပတ်ကြည့်နေသည်။ ကျန်းရှောင်ချီကလည်း သူမနောက်ကိုလိုက်လာသည်။ မှော်ဒေသရှိ နတ်ဆိုးအပင်တွေဟာလည်း ဒီနေ့မှာအထူးတလည်ကို စိတ်လှုပ်ရှားနေပုံပေါ်ကြောင်း သူမ ရုတ်တရက် ခံစားလိုက်ရသည်။
ဘယ်လိုလုပ် စိတ်မလှုပ်ရှားဘဲ နေနိုင်ပါ့မလဲ? မော့ချူးရဲ့ ကိုယ်ကနေထုတ်လွှတ်တဲ့ စွမ်းအင်က ပျားအမျိုးမျိုးကို ဆွဲဆောင်နိုင်တဲ့ ပျားရည်လိုပင်။ ဒီဟာက နတ်ဆိုးအပင်တွေ အားလုံးကို ဂနာမငြိမ်ဖြစ်စေသည်။
သို့ပေမယ့် မော့ချူးရဲ့ခွန်အားကို သူတို့ သတိထားမိတဲ့အခါအဆိုပါ အဆင့်နိမ့်နတ်ဆိုးအပင်တွေက ရပ်တန့်သွားသည်။ မွှေးရနံ့က စွဲမက်ဖွယ်ကောင်းပေမယ့် အသက်ကိုတော့ အဆုံးရှုံးမခံနိုင်ပေ။
မော့ချူးက သူမရဲ့ အသက်ရှုလမ်းကြောင်းကို ချိန်ညှိလိုက်ပြီး အရှိန်အဟုန်နဲ့ရှေ့ကိုဆက်သွားသည်။ ပူပြင်းတဲ့ နေရောင်အောက်မှာ သူမရဲ့နဖူးပေါ်တွင် ချွေးအလွှာလေးတွေ တဖြည်းဖြည်းထွက်လာသည်။
မော့ချူးတောင် ဒီလိုအခြေအနေဆိုတော့ သူမနောက်ကနေလိုက်နေတဲ့ ကျန်းရှောင်ချီလည်း ဒီထက်ပိုပြီးမကောင်းနေပေ။ သူမရဲ့ မျက်နှာမှာပေပွနေပြီး ပိုပြီးတော့ကံဆိုးတာက သူမက ဒူးထိရှည်တဲ့စကတ်ကို ၀တ်ထားတာပင်။ တကယ်တော့ သူမက လှသည်။ သို့ပေမယ့် သူမရဲ့သွယ်လျတဲ့ ခြေတံရှည်တွေဟာ မှော်ဒေသရှိ သစ်ကိုင်းတွေနဲ့ ထိမိရှမိတာကြောင့် ပြတ်ရာရှရာတွေနဲ့ပြည့်နေသည်။
မော့ချူး မှော်ဒေသရဲ့ အလယ်ဗဟိုကိုလျှောက်သွားတုန်းမှာ နတ်ဆိုးအပင်တစ်ပင်က သူမကို ရုတ်တရက်တိုက်ခိုက်လာသည်။ ချွန်ထက်တဲ့ ဆူးအကိုင်းအခက်တွေက ကြာပွတ်လို မော့ချူးကို အဖက်ဖက်ကနေ တိုက်ခိုက်နေသည်။ သူမသာ ထိသွားမယ်ဆိုရင် ပြိုင်ပွဲကနေ ချက်ချင်းထွက်ရလိမ့်မည်ပင်!
မော့ချူး လမ်းလျှောက်တာက မြန်လွန်းလို့ သူမနောက်ကိုမလိုက်နိုင်တော့လို့ မကျေမနပ်ဖြစ်နေတဲ့ ကျန်းရှောင်ချီက အခုတော့ ပျော်ရွှင်မှုတွေနဲ့ ပြည့်သွားသည်။ ကံကောင်းထောက်မစွာနဲ့ သူမ အဲ့ဒီလောက်မမြန်လို့ပင်၊ မဟုတ်လို့ရှိရင် သူမလည်း အဲ့ဒီလိုအခြေအနေထဲ ပိတ်မိသွားလိမ့်မည်ပင်။
ကျန်းရှောင်ချီမှာ မော့ချူးကို ကူညီပေးဖို့ ရည်ရွယ်ချက်နည်းနည်းလေးတောင် မရှိပေ။ သူမကို တွေ့သွားမှာစိုးတာကြောင့် တခြားသစ်ပင်တစ်ပင်ရဲ့အနောက်မှာ ဂရုတစိုက်သွားပုန်းလိုက်သည်။
သူမရဲ့အနောက်က ကင်မရာမင်းတွေလည်း အံ့သြသွားသည်။ စောစောတုန်းကကျ ကျန်းရှောင်ချီတစ်ယောက် မော့ချူးနောက်လိုက်ကာ သူမကို လမ်းဖွင့်ပေးဖို့တောင်းဆိုခဲ့သေးသည်။ အခု မော့ချူး ဒုက္ခရောက်နေတော့ သူမကဘေးမှာ ပုန်းနေတယ်တဲ့လား?
သို့ပေမယ့် မော့ချူးလည်း ကျန်းရှောင်ချီ သူမကို လာကူပေးလိမ့်မယ်လို့ လုံးဝမမျှော်လင့်ထားပါချေ။ အခုချိန်မှာ သူမကဒီမှော်အပင်ကိုဘဲ ကိုင်တွယ်ဖို့ အာရုံစိုက်ထားသည်။
မော့ချူးရဲ့သေးသွယ်ပြီး သွက်လက်တဲ့ ခန္ဓာကိုယ်က ဒီအချိန်မှာ အားသာချက်ကြီးကြီးမားမားကို ပြနေသည်။ မှော်အပင်ရဲ့တိုက်ခိုက်မှုမှာ အရမ်းပြင်းထန်ပြီး အန္တရာယ်ရှိပုံလည်း ရသည်။ မော့ချူးက ကခုန်နေသလိုမျိုး ပေါ့ပေါ့ပါးပါးနဲ့ လှည့်ပတ်ခုန်နေသည်။ သူမက အကိုင်းအခက်တိုင်းရဲ့ တိုက်ခိုက်မှုကိုလည်း အချိန်မီ ရှောင်တိမ်းနိုင်သည်။