← Chapters

အပိုင်း ၁၄၀

Vol. 10 Ch. 140

အပိုင်း ၁၄၀

Vol. 10 Ch. 140

ဘေးနားမှာ ကြည့်နေကြတဲ့သူတွေအားလုံး မော့ချူးကိုယ်စား ချွေးအေးတွေ ထွက်လာကြသည်။ သူတို့အားလုံး လက်ထဲတွင် စွမ်းအင်ရှာဖွေစက်တွေ ရှိသည်။ သူတို့နည်းနည်းနီးနီးကို သွားလိုက်တော့ မှော်အပင်ရဲ့ အဆင့်ကို သိလိုက်ရသည်။

မော့ချူးကို တိုက်ခိုက်နေတဲ့ မှော်အပင်ဟာ အလယ်အလတ် အဆင့် ၇ မှော်အပင်ဖြစ်သည်။ သူမထက် အဆင့်တစ်ဆင့် ပိုမြင့်နေသည်။

သို့ပေမယ့် မော့ချူးကတော့ ဒီသေးငယ်တဲ့စွမ်းအင်ကွာခြားချက်ကို ဂရုမစိုက်ပါချေ။ ဆရာချန်ပိုင်ရဲ့ ဓာတ်ခွဲခန်းထဲဝင်ပြီးကတည်းက အဖွဲ့ချုပ်မှာရှိတဲ့ မှော်အပင်အမျိုးမျိုးတွေအကြောင်း သူမ နားလည်နိုင်စွမ်းကတဖြည်းဖြည်း နက်ရှိုင်းလာခဲ့သည်။ ထုံးစံအတိုင်း၊ သူမက သူတို့ရဲ့အားနည်းချက်တွေကို သိသည်။

အာရုံစိုက်ကြည့်နေရင်း မော့ချူးလက်ထဲက ပုစဉ်းရင်ကွဲတောင်ပံလိုမျိုး ပါးလွှာတဲ့ရေဓားကို အပင်ရဲ့ပင်စည်အလယ်ရှိ အနက်ရောင်အစက်ဆီ ချက်ခြင်းပစ်လွှတ်လိုက်သည်။

ကျယ်လောင်လှတဲ့ 'ဘမ်း!' ခနဲအသံနဲ့အတူ ခုနလေးကတင် သူ့ရဲ့အစွယ်နဲ့အဆူးတွေကို ဝှေ့ရမ်းဝင့်ကြွား‌နေခဲ့တဲ့မှော်အပင်က မြေပေါ်ကို ပြုတ်ကျသွားခဲ့သည်။ အဲဒီနောက်မှာတော့ နောက်ထပ် အထုပ်နှစ်ထုပ် ပြုတ်ကျလာသည်။

ဟက်! မော့ချူး မျက်ခုံးပင့်လိုက်သည်။ ဒီဇိုင်းဆွဲတဲ့သူက တကယ်လုပ်ရဲတာပဲ။ ဒီလိုအဆင့်မြင့်မှော်အပင်ပေါ်မှာတောင် အထုပ်တွေကို တကယ်ထားရဲတယ်။

မော့ချူးက ရှေ့ကိုလျှောက်သွားပြီး သူမနဲ့အနီးဆုံး အထုပ်ကို ယူလိုက်သည်။ ဒုတိယအထုပ်ဆီသွားခါနီးမှာဘဲ အဆုံးမှာ ပုန်းနေတဲ့ ကျန်းရှောင်ချီက မြှားတစ်စင်းလို ပြေးဝင်လာသည်။ သူမက မော့ချူးကိုဖြတ်ပြေးကာ ဒုတိယအထုပ်ကို လုယူလိုက်သည်။

"ဒါ ကျွန်မချထားတာ!" ဒါကိုမြင်တော့ ‌မော့ချူးမနေနိုင်ဘဲမျက်မှောင်ကြုတ်မိသည်။ ဘယ်လိုပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့အကျိုးအမြတ်တွေကို တခြားလူတွေလာလုတာကိုတော့ ဘယ်သူမှ မမြင်ချင်ကြဘူးလေ။

"ဟက်! ဒီအထုပ်မှာ မင်းနာမည်ရေးထားလို့လား?" ကျန်းရှောင်ချီက မော့ချူးကို စူးစူးရဲရဲစိုက်ကြည့်ကာ တရားနည်းလမ်းကျသလို ပြောလာသည်။ "တို့ကောက်ထားတဲ့ဟာက တို့ဟာပဲ!"

ဟေး! ကျန်းရှောင်ချီတစ်ယောက် အရင်တုန်းက ဒီလောက်အရေထူတယ်ဆိုတာ သူမဘာလို့မသိခဲ့ရတာလဲ? မော့ချူးအနောက်က ကင်မရာမင်းမှာ သူမထက် ပိုဒေါသထွက်နေသည်။ ကျန်းရှောင်ချီကို အထင်သေးတဲ့အကြောင်း တိုက်ရိုက်မဖော်ပြရဲတာကြောင့် သူမနောက်က ကင်မရာမင်းကိုဘဲ စူးစိုက်ကြည့်နေရသည်။

ကျန်းရှောင်ချီအနောက်က ရိုက်ကူးရေးဝန်ထမ်းတွေရဲ့ မျက်နှာပေါ်မှာတော့ အပြစ်ကင်းတဲ့အကြည့်တွေ ရှိနေသည်။ ဒါက ငါတို့နဲ့ ဘာဆိုင်လို့လဲ?

သို့ပေမယ့် မော့ချူးနဲ့ ကျန်းရှောင်ချီတို့ အထုပ်ကို တစ်ချိန်တည်းဖွင့်လိုက်တဲ့အခါ အားလုံးရဲ့စိတ်တွေ နောက်ဆုံးတော့ ငြိမ်သက်သွားသည် — မော့ချူးရဲ့အထုပ်ထဲမှာ အာဟာရ‌တောင့်လေးခုပါပြီး ‌ကျန်းရှောင်ချီရထားတဲ့အထုပ်မှာတော့ အလွတ်ကြီးဖြစ်နေသည်။

ဟား ဟား၊ မျှော်လင့်ထားသလိုပဲ၊ ကောင်းကင်ဘုံမှာ မျက်လုံးတွေရှိတယ်။ တရားမျှတအောင် လုပ်ပေးတယ်။

ကျန်းရှောင်ချီက အထုပ်အလွတ်ကို မြေပြင်ပေါ်ပစ်ချလိုက်ပြီး မော့ချူးကို မုန်းတီးသလို စိုက်ကြည့်လိုက်သည်။ သေစမ်း! ဒီကောင်မလေးက ဘာလို့ဒီလောက်ကံကောင်းရတာလဲ?

မော့ချူး ခေါင်းမော့လိုက်တော့ သူမရဲ့မကျေမနပ် အကြည့်ကို မြင်လိုက်ရသည်။ သူမက ရိုးရိုးရှင်းရှင်းနဲ့ချိုချိုသာသာအပြုံး ပေးလိုက်သည်။ ဟမ့်! နည်းတောင်နည်းသေးတယ်! ကိုယ့်ပုံစံကိုယ် ပြန်ကြည့်လိုက်ဦး!

ကျန်းရှောင်ချီမှာ ‌မော့ချူးရဲ့အကြည့်ကြောင့် တုန်လှုပ်သွားသည်။ သူမ နာမည်ကြီးလာကတည်းက ဘယ်သူမှ သူမကိုဒီလိုမျိုးမဆက်ဆံရဲကြပေ။ မော့ချူးက ပထမဆုံးဘဲ! ကင်မရာတွေသာမရှိရင် ကျန်းရှောင်ချီတစ်ယောက် မော့ချူးကို အပိုင်းပိုင်းဖြစ်အောင် ရိုက်နှက်ပစ်လိုက်မှာ!

ဒါပေမယ့် အခြေအနေက သူမကိုထိန်းမနိုင်သိမ်းမရ ဖြစ်သွားစေသည်။ ကျန်းရှောင်ချီအနေနဲ့ ဒီမှော်ဒေသထဲမှာ မော့ချူးကိုပဲ အားကိုးရမှာဖြစ်ကြောင်း ကောင်းကောင်းသိတာကြောင့် သူမဒေါသကို ပြန်မြိုချရုံဘဲတတ်နိုင်တော့သည်။

သူမရထားတဲ့ အာဟာရဆေးတောင့်တွေကို ထားလိုက်ပြီးတော့ မော့ချူးက ခလုတ်ခုံကနေ ခွက်တစ်ခွက်ကိုထုတ်ကာ နို့အသန့်ကို ပါးစပ်အပြည့်တစ်ငုံသောက်လိုက်သည်။

ကျန်းရှောင်ချီမှာ မော့ချူး နို့အသန့်သောက်နေတာကို ကြည့်ပြီး တံတွေးမြိုချလိုက်ကာ သူမကိုမျက်တောင်မခတ်တမ်း စိုက်ကြည့်နေသည်။ သူမ တစ်နေကုန် ဘာမှမစားရသေးပေ။ သာမာန်အချိန်တွေဆိုရင်တော့ ဟုတ်တာပေါ့။ နာမည်ကြီးမင်းသမီးတွေက အစာစားချင်စိတ်နည်းပါးပြီး များများစားစား မစားကြပေမယ့် ဒီနေ့ လှုပ်လှုပ်ရှားရှားလုပ်ရတဲ့ ပမာဏက အံ့အားသင့်စရာပင်။ အခုတော့ သူမ ဗိုက်ဆာနေပြီ။

ကင်မရာမင်းက ကင်မရာကိုစောင်းလိုက်ပြီး ကျန်းရှောင်ချီရဲ့ သနားစရာကောင်းတဲ့အကြည့်ကို ကင်မရာထဲမှာမှတ်တမ်းတင်ကာ ဓါတ်ပုံပါရိုက်လိုက်သည်။

မော့ချူးရဲ အာရုံတွေက အရမ်းစူးရှတာကြောင့် သဘာဝအလျောက် ကျန်းရှောင်ချီရဲ့ တံတွေးမြိုချသံကို ပြတ်ပြတ်သားသား ကြားလိုက်ရသည်။ သူမက အဲ့ဒါကို စိတ်ထဲမထားရုံသာမက တမင်တကာ အသံပိုကျယ်အောင် သောက်ပြလိုက်သေးသည်!

မော့ချူးရဲ့ လိမ္မာပါးနပ်တဲ့ အပြုအမူကို မြင်လိုက်ရတော့ လူတိုင်းမနေနိုင်ဘဲ ရယ်သံတွေကို ထိန်းလိုက်ရသည်။ ဒီကောင်မလေးက တကယ်စိတ်ဝင်စားဖို့ကောင်းတာပဲ!

All Chapters