အပိုင်း ၁၄၁
Vol. 10 Ch. 141
နို့အသန့် ခွက်တစ်ဝက်ကျော်လောက် သောက်ပြီးသွားတော့ မော့ချူးတစ်ယောက် နောက်ဆုံးရေငတ်တာကို ငြိမ်းသတ်ကာ ရှေ့ကိုဆက်လျှောက်သွားလိုက်သည်။
ကောင်းကင်မှာ နေဝင်နေပြီဖြစ်တာကြောင့် တိမ်တွေမှာ အနီရောင်သန်းနေသည်။ မြေပြင်ပေါ်မှာ လွင့်မြောနေတဲ့ အလင်းတန်းတွေကသာ အရိပ်အယောင်တွေအဖြစ် ကျန်ရစ်ခဲ့သည်။
နေဝင်ရီတရောအချိန်ပြီးသွားတော့ ညဘက်ရောက်လာကာ မှောင်လာပြီး အပူချိန်က ရုတ်တရက် ကျဆင်းလာသည်။
"အရမ်းအေးတာပဲ!" ကျန်းရှောင်ချီမှာ အရမ်းအေးလွန်းတာကြောင့်တစ်ကိုယ်လုံး ယားယံလာသည်။ သူမရဲ့ပုံစံကို ဂရုမစိုက်နိုင်တော့ဘဲ အပိုအဝတ်အစားတွေကို ခလုတ်ခုံကနေမြန်ထုတ်ကာ ဝတ်လိုက်သည်။
မော့ချူးကတော့ ကောင်းကောင်းပြင်ဆင်ထားသည်။ သူမက ပြဿနာကိုဖြေရှင်းဖို့ ဂွမ်းအနွေးထည်ကို ၀တ်လိုက်သည်။
ဟိုဟိုဒီဒီကြည့်ရင်း မော့ချူး စိုးရိမ်နေသေးသည်။ သစ်ကိုင်းသစ်ခက်တွေကို လိုက်ကောက်ပြီး မီးမွှေးဖို့ သူမ ပြင်လိုက်သည်။
"ဟက်! အခုတော့ မင်း တို့အကူအညီလိုပြီ!" ကျန်းရှောင်ချီက အခုတော့ကြွားဝါလာသည်။ သူမလက်ညှိုးကို အနည်းငယ် မြှောက်လိုက်တော့ အနီရောင်မီးတောက်က ညဘက်မှာ အထူးတလည်ကို နွေးထွေးနေပုံရသည်။ သူမက ပေပွနေတဲ့မျက်နှာလေးကို မော့လိုက်သည်။ သူမရဲ့အမူအရာက 'ငါ့ကိုလာတောင်းဆိုလိုက်စမ်းပါ' ဆိုပြီးပြောနေသလိုပင်။
မော့ချူးက သူမကို လျစ်လျူရှုလိုက်သည်။ သူမက ထင်းတွေကို ကောက်ပြီး အရှေ့မှာချလိုက်သည်။ နောက်တော့ ခလုတ်ခုံထဲကနေ ignite ကိုထုတ်ကာ ထင်းပေါ် ဖြန်းလိုက်သည်။ 'ဝုန်း' ခနဲ့ မီးတောက်က အမြန်တောင်လောင်လာကာ ကျန်းရှောင်ချီလက်ချောင်းက မီးတောက်ထက်တောင် အများကြီးကြီးသည်။
ကျန်းရှောင်ချီရဲ့ မျက်နှာအေးခဲသွားသည်။ သူမမျက်နှာပေါ်က စိတ်ကြီးဝင်နေမှုဟာလည်း အလျင်အမြန် မှိန်ဖျော့သွားကာ မော့ချူးကို စိုက်ကြည့်လာသည်။ "ဒါကို မင်းဘယ်လိုလုပ် လုပ်နိုင်ရတာလဲ? အာ.... မင်း လှည့်စားတာဘဲ!"
အပိုအဝတ်အစားတွေကလွဲပြီး ကျန်ပစ္စည်းတွေအားလုံးကို လင်ယဲ့ဟုန်က သိမ်းသွားတာဖြစ်သည်။ မော့ချူးမှာ ignite တစ်ခု ဘယ်လိုရှိနေတာလဲ?
သူမကို လျစ်လျူရှုပြီး မော့ချူးက ignite ကိုပြန်ထားလိုက်ကာ ရိုးရိုးတဲတစ်လုံးကို ထုတ်လိုက်သည်။ နောက်တော့ ပျော်ပျော်ရွှင်ရွှင် လှဲလျောင်းလိုက်သည်။
ကျန်းရှောင်ချီ အံသြသွားသည်။ သူမ ပါးစပ်မှာ အကျယ်ကြီးပွင့်နေသည်။ ခဏအကြာ သူမနောက်ဆုံးတော့ မော့ချူးရဲ့ စိတ်ကြီးဝင်နေတဲ့အပြုအမူကို တုံ့ပြန်လာပြီး သူမ နောက်က ဝန်ထမ်းတွေကိုအော်ပြောလိုက်သည်။ “သူ စည်းကမ်းဖောက်နေတာ။ ဘာမှမလုပ်ကြဘူးလား?"
မော့ချူးကို မထုတ်ပစ်ရင်တောင်မှ ဒီဟာတွေကို သိမ်းလိုက်သင့်တယ်။
ဝန်ထမ်းတွေက သူမကိုကြည့်ကာ ဂရုမစိုက်သလိုပြောလာသည်။ "မော့ချူးရဲ့အပြုအမူတွေက စည်းကမ်းတွေနဲ့ညီပါတယ်"
ဝန်ထမ်းရဲ့မျက်နှာပေါ်က အေးစက်တဲ့အမူအရာကိုမြင်လိုက်ရတော့ ကျန်းရှောင်ချီလည်း သတိပြန်ဝင်လာသည်။ မော့ချူးက ဒါတွေကို သူတို့အရှေ့မှာ သတ္တိရှိရှိသုံးခဲ့တာကြောင့် ဒီဟာတွေရဲ့ရင်းမြစ်မှာ ပြဿနာမဟုတ်ကြောင်း သက်သေပြနေသည်။ သို့ပေမယ့် သူမက မော့ချူးကို အရမ်းစိတ်တိုနေကာ ဒါကို လုံးဝ မတွေးခဲ့မိပေ။
အပြင်မှာ လေအေးတွေ တိုက်နေသည်။ မော့ချူးကတော့ သူမကို လေနဲ့မိုးဒဏ်ကနေ အကာအကွယ်ပေးထားတဲ့ တဲထဲမှာ လဲလျောင်းနေသည်။ သူမကိုဂွမ်းအနွေးထည်က လွှမ်းခြုံထားတာကြောင့် သူမတစ်ကိုယ်လုံး နွေးထွေးနေသည်။ အစောပိုင်းက လူကို သူမ မနေနိုင်ဘဲ ကျေးဇူးတင်မိသည်။ မော့ချူးက ဒီမှာတစ်ညနေမယ်လို့ အဲ့ဒီလူသိလိုက်ရတော့ သူ့အိမ်ကို အမြန်ပြေးကာ ignite တစ်ခုနဲ့ ရိုးရိုးတဲတစ်လုံးကို ပေးခဲ့သည်။
ဒီလိုမှမဟုတ်ရင် သူမတော့ အရိုးစိမ့်တဲ့အထိအေးတဲ့လေကို အပြင်မှာ ကျန်းရှောင်ချီလိုမျိုး ခံနေရမှာ။
မျက်စိတစ်မှိတ်အတွင်းမှာ ညတာက ကုန်ဆုံးသွားပြီး ကောင်းကင်ကြီးကလည်း လင်းထိန်လာသည်။
ကျန်းရှောင်ချီလည်း အိပ်ငိုက်နေတဲ့မျက်လုံးတွေကို ဖွင့်လိုက်သည်။ ဒီညက သူမအတွက် တကယ်ကို ရက်စက်လွန်းသည်။ သူမမှာ အေးစက်နေပြီး ဆာလောင်နေခဲ့ရတာ နွေးထွေးမှုရဖို့ မော့ချူးမွှေးထားတဲ့ မီးပုံကိုသာ အားထားခဲ့ရသည်။ ဒါတောင် ကောင်းကောင်းမအိပ်ရပေ။ ညဘက်မှာ သားရဲအော်သံတွေကို ရံဖန်ရံခါကြားနေရတဲ့အတွက် သူမမှာ ကြောက်လန့်နေခဲ့ရသည်။
သူမ အိပ်တော့အိပ်ခဲ့သည်။ မဟုတ်ရင် နောက်တနေ့ လှုပ်ရှားမှုတွေကိုဆက်လုပ်ဖို့ သူမမှာ ခွန်အားတွေ ဘယ်လိုလုပ်ရှိတော့မှာလဲ?
သန်းခေါင်ယံအချိန်နားလောက်မှာ ကျန်းရှောင်ချီ တစ်ခဏလောက် အိပ်စက်နိုင်လိုက်သည်။ သို့ပေမယ့် မီးက တဖြည်းဖြည်း ငြိမ်းသွားပြီး အအေးဒဏ်ကြောင့် သူမ နိုးလာရပြန်သည်။
တစ်ညလုံး အပြန်ပြန်အလှန်လှန် ဒီလိုဖြစ်နေပြီးတဲ့နောက် ကျန်းရှောင်ချီတစ်ယောက် စိတ်ပိုင်းဆိုင်ရာ ပြိုကွဲလုနီးပါး ဖြစ်ခဲ့ရသည်။ သို့ပေမယ့် သူမမျက်လုံးတွေကို ငိုက်မျဉ်းစွာနဲ့ဖွင့်လိုက်တဲ့အခါ မော့ချူးနဲ့ သူမရဲ့တဲလေး ပျောက်နေတာကို တွေ့လိုက်ရတော့ သူမ အံ့သြသွားမိသည်။
အယ်... သူမ ဘယ်ရောက်သွားတာလဲ?
ကျန်းရှောင်ချီ ချက်ချင်း သတိဝင်လာပြီး ကြောက်ရွံ့စွာဘေးပတ်ပတ်လည်ကို လှည့်ပတ်ကြည့်လိုက်သည်။ မော့ချူးရဲ့ပုံရိပ်ကို မပြောနဲ့ သူမရဲ့တဲနဲ့တခြားပစ္စည်းတွေရဲ့ သဲလွန်စတောင်မကျန်ဘဲ ပျောက်ကွယ်သွားသည်။ သူမကို ရှာဖို့ လမ်းစမရှိတော့ပေ။