အပိုင်း ၁၄၂
Vol. 10 Ch. 142
နေ့တစ်ဝက်လောက် လိုက်ရှာပြီးတဲ့နောက် ကျန်းရှောင်ချီမှာ ပင်ပန်းလွန်းလို့ မောဟိုက်လာသည်။ အဆုံးမှာ သူမရပ်လိုက်ပြီး ကွဲသွားတဲ့ မီးပုံးပျံတစ်ခုလို ဖြစ်နေသည်။ သူမ လုံးဝ စိတ်ဓာတ်ကျသွားသည်။
သူမနောက်က ဝန်ထမ်းတွေက သူမကို အလုပ်ရှုပ်စွာနဲ့ရှာဖွေနေတာကိုကြည့်ပြီး သူမ သူတို့ကိုအသိပေးဖို့ အသံမပြုလိုက်ပေ။ အမှန်တော့ မော့ချူး မတုံးပါချေ။ သူမအနေနဲ့ ကျန်းရှောင်ချီကို တချိန်လုံး သူမနောက်ကိုလိုက်ခွင့်ပေးထားပြီးပြီဖြစ်သည်။ သူမ ဘာမှ မလုပ်ခဲ့ပေ။
မော့ချူး အန္တရာယ်နဲ့ ကြုံလာတဲ့အခါ ကျန်းရှောင်ချီကနောက်မှာပုန်းနေပြီး အကျိုးခံစားခွင့်တွေ ရလာတဲ့အခါ သူမက အရင်ထွက်လာပြီးတောင်းသည်။ ကျန်းရှောင်ချီက တခြားလူတွေကို ငတုံးတွေလို ဆက်ဆံပြီး သူ့ကိုစောင့်ပေးဖို့ မျှော်လင့်နေတာလား?
နာမည်ကြီးတွေအားလုံး No-man's Land မှာမတူညီတဲ့ဘဝနဲ့ နေခဲ့ကြရသည်။ အပြင်မှာ ချင်ရှန့်လည်း အလုပ်ရှုပ်နေသည်။
အကောင်းဆုံး လူသိရှင်ကြား အကျိုးသက်ရောက်မှုကို ရရှိဖို့အတွက် ချင်ရှန့်က အရမ်းနာမည်ကြီးတဲ့ထုတ်လုပ်ရေး အဖွဲ့ကို ရှာတွေ့ခဲ့ပြီး အင်တာဗျူး ဗီဒီယိုဖိုင်ကို သူတို့ဆီ လွှဲပြောင်းပေးလိုက်သည်။ သူ နှစ်ညဆက်တိုက် မအိပ်မနေလုပ်ခဲ့ရပြီး အဲ့ဒီတော့မှ အင်တာဗျူး ဗီဒီယိုဖိုင်ကို ထုတ်လုပ်ရေးအဖွဲ့ခေါင်းဆောင်ဆီ လွှဲပြောင်းပေးနိုင်လိုက်သည်။
“မဆိုးပါဘူး” ခလုတ်ခုံမှာဖွင့်ထားတဲ့ ဗီဒီယိုရဲ့အကျိုးသက်ရောက်မှုကိုကြည့်ရင်း ချင်ရှန့်ရဲ့ နှုတ်ခမ်းထောင့်တွေ နည်းနည်း မြင့်တက်သွားသည်။ သူ့ရဲ့ လက်ရာမြောက်လှတဲ့မျက်နှာက ဗျူဟာမြောက်အစီအစဉ်ဆွဲနိုင်သလိုပုံပေါ်နေသည်။
“အလုပ်စလုပ်ဖို့ ပြန်ကြားရေးအဖွဲ့ကို ချက်ချင်းအကြောင်းကြားထားလိုက်။ ဒီနေ့ ၁၂ နာရီ နောက်ဆုံးထားပြီး ဖျော်ဖြေရေး ဘုတ်အဖွဲ့တွေမှာ ကျွန်တော်တို့ရဲ့ reality show သတင်းကို မြင်ချင်တယ်”
“ကောင်းပြီ” ဒီစကားကိုကြားတော့ သူ့လက်ထောက်က လေးလေးစားစား ခေါင်းညိတ်ပြကာ ချင်ရှန့်ရဲ့မက်ဆေ့ခ်ျကို အလျင်အမြန် ဖြန့်ဝေပေးလိုက်သည်။
ချင်ရှန့် လက်အောက်မှာ အလုပ်လုပ်နိုင်တဲ့သူက ဘယ်လိုလုပ် သာမန်လူဖြစ်နိုင်မှာလဲ? သူတို့အားလုံးက အရည်အချင်းရှိတဲ့ လူတွေပင်။
နံနက် ၁၀ နာရီမှာ ထုတ်ပြန်ခဲ့တဲ့ အင်တာဗျူး ဗီဒီယိုဖိုင်ကို တစ်နာရီအတွင်း လူပေါင်းသန်းနဲ့ချီပြီး ပြန်လည်မျှဝေခဲ့ကြသည်။ Like အရေအတွက်ဟာလည်း သမိုင်းတစ်လျှောက် အမြင့်ဆုံးမှတ်တိုင်ကို ရောက်ရှိခဲ့သည်။
'စိတ်ဝိညာဉ်အစားအသောက်ဆိုင်'ရဲ့ ကျော်ကြားမှုကိုတောင် လွှမ်းမိုးသွားသည်။ ဒီ reality showက လူကြိုက်များတဲ့ ရှာဖွေမှုစာရင်းရဲ့ ထိပ်ဆုံးကိုတစ်ကြိမ်တည်းနဲ့ ခုန်တက်သွားသည်။
[သေစမ်း! ဒါက အရမ်း ရက်ရောလွန်းတာပဲ! အားလုံးက ငါ့နတ်ဘုရားမတွေနဲ့ idol တွေ! မအောင့်နိုင်တော့ဘူး။ ငါ အရမ်း ဝမ်းသာလွန်းလို့ မူးလဲမိတော့မယ်!]
[ပြောနေတာ ရပ်လိုက်ပါတော့၊ ငါ့ကို တိတ်တိတ်ဆိတ်ဆိတ် ပေးကြည့်လို့ရမလား?]
[နတ်ဘုရားစုန့်၊ နတ်ဘုရားစုန့်၊ ကျေးဇူးပြုပြီး ငါ့ရဲ့ယောက်ျားဖြစ်ပေးပါ!]
[ထွက်သွား! ငါ့ယောက်ျားကို နင်ဘယ်လိုတောင်ပြောရဲတာလဲ? ယုံချင်ယုံ မယုံချင်နေ ငါ နင့်ကို တစ်မိနစ်အတွင်းသတ်ပစ်လိုက်လို့ရတယ်!]
[မင်းတို့မိန်းကလေးတွေ ထွက်သွားပေးလို့ရမလား? မင်းတို့က ငါ့နတ်ဘုရားမရဲ့ အလှကို ပိတ်ဆို့နေတာပဲ!]
ရိုးရိုးသားသားပြောရလျှင် ချင်ရှန့်ရဲ့ 'စူပါစတားအကျိုးသက်ရောက်မှု' က တကယ်ထိရောက်သည်။ သူတို့ရဲ့ ပြည်တွင်းပရိုမိုးရှင်းတွေကို မပြောနဲ့ဦး၊ ဒီနာမည်ကြီးတွေရဲ့ အမာခံပရိသတ်အဖွဲ့တွေတောင် အလုပ်ကြိုးစားကြသည်။ နေ့တစ်ဝက်အတွင်းမှာဘဲ ဒီ reality show က မထုတ်လွှင့်ရသေးတာတောင် တစ်နိုင်ငံလုံးမှာ ရေပန်းစားလာသည်။
ဒီစူပါစတားတွေရဲ့အကူအညီနဲ့ လူတိုင်းက ပေါ်လာတဲ့လူသစ်တွေကို သဘာဝအတိုင်း စိတ်ဝင်စားလာကြသည်။
ယောင်မန်ဝမ်က စတိုင်ကျကျ၊ sexy ကျကျလျှောက်လာသည်။ သို့ပေမယ့် ထင်ရှားပေါ်လွင်နေတဲ့ ကျန်းရှောင်ချီ၊ အခြားသူတွေနဲ့ ယှဥ်ကြည့်ပါက သူမက ချက်ခြင်း နောက်ကောက်ကျသွားသည်။ ထုံးစံအတိုင်း၊ သူမလည်း သိပ်ပြီးအာရုံစိုက်မခံရပေ။
သို့ပေမယ့် မော့ချူး၊ မော့ယန်နဲ့ ချင်ယွဲ့တို့အကြောင်း ဆွေးနွေးကြတာတွေတော့ အများကြီးရှိသည်။
အဲဒါနဲ့ ပတ်သက်ပြီး သူတို့လုပ်နိုင်တာ ဘာမှမရှိပေ။ ဒီလူသစ်သုံးယောက်တွင် ကွဲပြားတဲ့ပုံစံတွေရှိကြသည်။
ချင်ယွဲ့ရဲ့ မျက်နှာသွင်ပြင်က ကြည့်ကောင်းတယ်လို့ ယူဆလို့မရပေမယ့် သူ့တွင်ပြောမပြနိုင်တဲ့ အရိုင်းဆန်တဲ့ ခပ်ကြမ်းကြမ်းပုံစံရှိသည်။ သူ့လက်ထောက်က သူရဲ့အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း ဆုပ်ကိုင်ထားကာ သူ့ရဲ့ အဝတ်အစားမှာလည်း ဒီစရိုက်လက္ခဏာကို ပေါ်လွင်စေဖို့ အတတ်နိုင်ဆုံး ကြိုးစားထားသည်။ ဒါက အမျိုးသားအများအပြားကို ချင်ယွဲ့နဲ့ တူညီတဲ့အရာတစ်ခုရှိကြောင်း ခံစားရစေပြီး သူတို့ရဲ့လက်ခံနိုင်မှုအဆင့်များမှာလည်း တဖြည်းဖြည်းမြင့်တက်လာသည်။
ဒါပေါ့၊ အမျိုးသမီးတွေကတော့ ရုပ်ရည်နဲ့ ပတ်သက်ပြီး ပိုစိုးရိမ်ကြသည်။
ချင်ယွဲ့နဲ့ ယှဉ်ရင် မော့ယန်ရဲ့ ကြော့ရှင်းပြီး ချောမောတဲ့ အသွင်အပြင်က ဖန်ဂဲအုပ်စုတွေကို အောင်မြင်စွာနဲ့ ဖမ်းစားနိုင်လိုက်သည်။
[အိုး! မော့ယန်ရဲ့ နွေးထွေးပြီးအေးစက်တဲ့ မျက်လုံးတွေကို ကြည့်ပါဦး! သူ ငါ့ကိုကြည့်နေတာဖြစ်မယ်!]
[သွားပြီ၊ ငါတော့ မြားနတ်မောင်ဆီကနေ အပစ်ခံလိုက်ရပြီ! ကျေးဇူးပြုပြီး ငါ့ကိုကယ်တင်ပေးကြပါဦး!]
[ငါ့နှလုံးသားကိုလည်း မြားနဲ့အပစ်ခံလိုက်ရပြီ!]
[အားး! နတ်ဘုရားစုန့်အကြောင်း မော့ယန်ပြောတဲ့အချိန် အရမ်းချစ်စရာကောင်းတယ်လို့ ဘယ်သူမှ မထင်ကြဘူးလား? ငါတော့ သူ့ကိုဆွဲဖက်ပြီး နမ်းလိုက်ချင်တယ်!]