အပိုင်း ၁၄၃
Vol. 10 Ch. 143
[ မော့ယန်၊ မြန်မြန် ငါ့ရင်ခွင်ထဲဝင်လာရင် ပိုကောင်းမယ်!]
မှတ်ချက်တွေက တိုးလာကာ ဒေတာကို အာရုံစိုက်နေကြတဲ့ ဝန်ထမ်းတွေလည်း ဝမ်းသာအားရ စူးစိုက် ကြည့်နေကြသည်။ ဒီရှိုးက အရမ်းရေပန်းစားနေသရွေ့ သူတို့ရဲ့ ဒီနှစ်လစာကလည်း နှစ်ဆတိုးသွားနိုင်သည်။
သို့ပေမယ့် သူတို့သုံးယောက်အနက် အငြင်းပွားစရာအကောင်းဆုံးမှာ မော့ချူးဖြစ်သည်။
တစ်ခုက သူမရဲ့ ထူးခြားတဲ့ မိတ်ကပ်ကြောင့်ပင်။
ရိုးရိုးသားသား ပြောရရင် ပရိသတ်တွေရဲ့ အလှခံစားမှုတွေလည်း ပင်ပန်းလာပြီဖြစ်သည်။ ပထမဆုံး နာမည်ကြီး မင်းသမီးနှစ်ယောက် သုံးယောက်လောက်နဲ့ ယောင်မန်ဝမ်တို့က ဆွဲဆောင်မှုရှိကာ ကလက်တက်တက် နိုင်လှသည်။ သူတို့တွေက ချောမောကြပေမယ့် နည်းနည်းဆင်တူတယ်လို့ ခံစားမိစေသည်။
မော့ချူး ထွက်လာတာနဲ့ အားလုံးရဲ့ မျက်လုံးတွေက ချက်ချင်းတောက်ပလာသည်။ သန့်စင်ပြီးကျက်သရေရှိတဲ့ ပန်းဖူးလေးက ရုတ်တရက် အနီရောင်တောက်တောက် ပန်းပွင့်လေးအဖြစ် ရုတ်တရက် ပေါ်လာသည်။ လူတိုင်းက သူမအပေါ် ပိုအာရုံစိုက်ကြမှာမလွဲမသွေပင်။
ဒီဗီဒီယိုဖိုင်က တကယ့်ကို တစ်ခုခုပဲ။ သူတို့က မော့ချူးကို အနီးကပ်တောင်ရိုက်ပေးသေးသည်။
ကျက်သရေရှိပြီး သဘာဝကျတဲ့မျက်နှာပေါ်တွင် ကြည်လင်တဲ့ အပြုံးတစ်ခုရှိနေသည်။ သူမရဲ့တစ်ကိုယ်လုံးက ကျက်သရေရှိတဲ့ ရောင်ဝါတွေ ထွက်ပေါ်နေသည်။ သူမကို ဘယ်လိုကြည့်ကြည့် စိတ်ချမ်းသာတဲ့ခံစားမှုကိုပေးစွမ်းနေသည်။
[ဟေး ထူးဆန်းလိုက်တာ! ယုတ္တိရှိရှိပြောရရင် မော့ချူးရဲ့မိတ်ကပ်က လက်ရှိဖက်ရှင်ရဲ့ အဓိကရေစီးကြောင်းမဟုတ်ပေမယ့် ဘာလို့... အရမ်းလှတယ်လို့ ခံစားနေရတာပါလိမ့်!]
[အမှန်ပဲ ငါလည်း ဒီလိုဘဲခံစားရတယ်။ နတ်ဘုရားမရှောင်ချီရဲ့ sexy ကျတဲ့ပုံစံနဲ့ ယှဉ်လိုက်ရင် ဒီလို သဘာဝကျတဲ့စတိုင်မျိုးကို ပိုကြိုက်တယ်]
[မော့ချူးကို မိတ်ကပ်ပြင်ပေးတဲ့သူဘယ်မှာများလဲ? ကျေးဇူးပြုပြီး ဒီလိုမိတ်ကပ်အမျိုးအစားနဲ့ ပုံစံတူကို အွန်လိုင်းမှာတင်ပေးပါ။ ငါချက်ချင်းဝယ်ပြီးစမ်းကြည့်ချင်လို့]
[+1!]
[+2!]
မိတ်ကပ် tutorial ဗီဒီယိုကိုတောင်းထားတဲ့ မှတ်ချက်တွေကို ကြည့်ပြီး မော့ချူးကို မိတ်ကပ်လိမ်းပေးရတဲ့လက်ထောက်လေးက အံ့ဩသွားသည်။ ကံကောင်းထောက်မစွာနဲ့ အဲ့ဒီတုန်းက သူဘေးမှာကြည့်နေခဲ့တာကြောင့် အမြင်ကောင်းတစ်ချို့ရှိခဲ့သည်။ ခဏလောက်စဉ်းစားပြီးတဲ့နောက်၊ မော့ချူးရဲ့မိတ်ကပ်အတွက်အသုံးပြုတဲ့ မိတ်ကပ်အမျိုးအစားနဲ့ အရောင်နံပါတ်တို့ကို သူ့ရဲ့ကိုယ်ပိုင်ပင်မစာမျက်နှာမှာတင်လိုက်သည်။
နောက်တော့ လက်ထောက်ရဲ့ကိုယ်ရေးကိုယ်တာစာမျက်နှာရှိ ပရိသတ်အရေအတွက်က ၁၀၀၀ အောက်ကနေ ၅၀၀၀၀၀ ကျော်အထိ ချက်ချင်းတက်လာတော့သည်။ ဒီကြောက်စရာကောင်းတဲ့ တိုးနှုန်းက လက်ထောက်ရဲ့ရင်ကို တုန်လှုပ်ချောက်ချားသွားစေသည်။
မော့ချူးရဲ့ အထူးတလည် မိတ်ကပ်ပုံစံကလွဲပြီး သူမရဲ့ရိုးရိုးသားသား ပြန်ဖြေပေးတဲ့အကြောင်းကို သတိပြုမိတဲ့သူတွေလည်း ရှိသည်။
[ဒီကောင်မလေးက အရမ်းချစ်စရာကောင်းတယ်လို့ ခံစားရတယ်။ host က သူ့ကို စိတ်လှုပ်ရှားနေလားလို့ မေးတော့ သူက ကျွန်မစိတ်လှုပ်ရှားတာ ဖြစ်ဖြစ်မဖြစ်ဖြစ် ဆုကြေးငွေကိုတော့ ကျွန်မရဲ့ခလုတ်ခုံထဲ လွှဲပေးရလိမ့်မှာပဲ! ဒါဆိုကိစ္စမရှိပါဘူး ဆိုပြီးပြောလိုက်တာဘဲ]
[အမှန်ပဲ မော့ချူး။ ဖျော်ဖြေရေးနယ်ပယ်မှာ ရိုးသားတာက တကယ်ဘဲ အဆင်ပြေပါ့မလား? ဒါကိုကြားလို့ မင်းရဲ့ထုတ်လုပ်သူတွေက မင်းရဲ့လစာကို ဆိုင်းငံ့ထားသွားမှာကို သတိထားဦး]
အဖွဲ့ချုပ်မှ အနုပညာရှင်အများစုက ကျန်းရှောင်ချီလိုမျိုး စိန်ကြီးဝင်တဲ့ပုံစံတဲ့ လမ်းလျှောက်ကြသည်။ သူတို့က နတ်ဘုရားမတစ်ပါးရဲ့ကိုယ်ဟန်အနေအထားကို အမြဲထိန်းသိမ်းထားကာ လူတွေကို မျှော်ကြည့်စေသည်။
အစတုန်းကတော့ လူတိုင်းက သိပ်ပြီး မစဉ်းစားခဲ့ကြပေ။ အခုကျတော့ မော့ချူးလိုမျိုး အကျိုးကြောင့်သင့်တဲ့ပုံစံမျိုးနဲ့ ထိတွေ့မိသွားတဲ့အခါ သူတို့ကြားက အကွာအဝေးက ပိုပြီးနီးကပ်လာတယ်လို့ ခံစားလိုက်ရသည်။ သူတို့ရဲ့ ခံစားချက်တွေကလည်း ပိုပြီးတော့ ကိုယ်ချင်းစာတတ်လာသလို သူတို့ရဲ့ ချစ်ခင်မှုတွေဟာလည်း ပိုပြီးတော့ ပေါ်လွင်လာသည်။
သို့ပေမယ့် လူတိုင်းတော့ မော့ချူးကို သဘောမကျကြပါပေ။ လှောင်ပြောင်ကြတဲ့ မှတ်ချက်အချို့လည်း တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။
[ဟက်! မိတ်ကပ်လိမ်းပြီးတာတောင် သူ့ပုံက ဘာမှမထူးခြားသွားဘူး။ ငါတို့ရဲ့ ပြိုင်ဘက်ကင်း အလှနတ်ဘုရားမ ရှောင်ချီနဲ့ ဘယ်လိုလုပ် နှိုင်းယှဉ်နိုင်မှာလဲ? မင်းတို့ရဲ့ဆိုးလွန်းတဲ့ အကြိုက်နဲ့ မဟုတ်တာတွေပြောနေတာ ရပ်လိုက်ရင်ကောင်းမယ်!]
[ဟုတ်တယ်။ ဒီကောင်မလေးက အသက် ၁၆ နှစ် ၁၇ နှစ်လောက်ပဲ ရှိသေးတယ်လို့ ကြားတယ်။ မုန်လာဥနီခေါင်းလေးကို ဘယ်လိုလုပ်လှတယ်လို့ ယူဆနိုင်မှာလဲ?]
[အမှန်ဘဲ၊ မစ်ရှောင်ချီ၊ ငါတို့ မင်းကိုပဲ အားပေးတယ်!]
[သတင်းထူး! သတင်းထူး! မော့ချူးက ရောက်တာနဲ့ရှောင်ချီကို အတိုက်အခံလုပ်ရဲတယ်လို့ ပြောတာကြားတယ်။ သူက မကောင်းတဲ့သူပဲဖြစ်ရမယ်!]
စတားနက်မှာ ရုန်းရင်းဆန်ခတ်ဖြစ်နေတာကို စတားနက်ဖန် တစ်ယောက်ဖြစ်တဲ့ ကျောလင်လည်း သဘာဝအလျောက် ထင်ထင်ရှားရှားတွေ့လိုက်ရသည်။
သူက ဗီဒီယိုဖိုင်နဲ့ သက်ဆိုင်ရာဖိုရမ်တွေက လင့်ခ်တွေကို နျဉ်ယွိယွမ်ဆီ အမြန်ပို့လိုက်သည်။ နောက်ဆုံးမှာ သူကထပ်ထည့်လိုက်သည်။ [နာမည်မချန်ဘဲ ကုသိုလ်ကောင်းမှု လုပ်တာပါ။ ဘော့စ်၊ ကျွန်တော့်ကို ကျေးဇူးတင်စရာမလိုပါဘူး!]
နျဉ်ယွိယွမ်တစ်ယောက် ဒီတစ်လော အလုပ်များနေတာဖြစ်သည်။ စစ်တပ်က စည်းကမ်းတွေကို ပြောင်းလဲထားပြီး စစ်သားတွေရဲ့ လူမှုဖူလုံရေးကို အကောင်အထည် ဖော် ဆောင်ရွက်နေတာဖြစ်သည်။ ပြဿနာမျိုးစုံလည်း ပေါပေါက်လာသည်။ သူ့ရဲ့ စွမ်းဆောင်ရည် ဘယ်လောက် ကောင်းနေပါစေ သူ မတတ်နိုင်ဘဲ နည်းနည်း ပင်ပန်းနွမ်းနယ်သလို ခံစားလိုက်ရသည်။
တင်းတောင်!
နျဉ်ယွိယွမ် သူ့လက်ကောက်ဝတ်က ခလုတ်ခုံကိုဖွင့်ကြည့်လိုက်သည်။ ပေါ်လာတဲ့ပုံက ရင်းနှီးနေတဲ့မော့ချူးရဲ့ ချိုမြိန်တဲ့ အပြုံးလေးဖြစ်သည်။
နျဉ်ယွိယွမ်မှာ ချက်ချင်း အားပြည့်လာရသည်။
နောက်ထပ်တွေ့ရဖို့ သူ မစောင့်နိုင်တော့ဘူး! မော့ချူးရဲ့ တစ်ကိုယ်တည်း အင်တာဗျူး ဗီဒီယိုကိုတောင်သူကဖြတ်ကာ ရတနာတစ်ပါးလိုမျိုး ခလုတ်ခုံထဲတွင် ကုဒ်ဝှက်ဖိုင်ထဲ၌ သိမ်းဆည်းထားသည်။
တခြားလင့်ခ်ကိုဖွင့်ပြီး မှတ်ချက်တွေကို သူ ဖတ်လိုက်သည်။ သူ မြင်လေ ပိုပြီးမျက်မှောင်ကြုတ်လာလေပင် !
ဒီကောင်တွေ ဘာမဟုတ်တာပြောနေကြတာလဲ! ငါ့ချူးလေးက အရမ်း ချောတာ။ အဲ့ဒီနာမည်ကြီးအမျိုးသမီးတွေထက် အများကြီးပိုချောတယ်!
အင်တာနက်ပေါ်မှ ပိုပြင်းထန်လာတဲ့ မှတ်ချက်တွေကို ကြည့်ရင်း နျဉ်ယွိယွမ် မျက်လုံးတွေကို မှေးကျဉ်းကာ ခလုတ်ခုံမှာတစ်ခုခုကိုနှိပ်လိုက်သည်...
"ဖွီ!" အပြင်ဘက်မှာ ကျောလင်က သူ့ဘော့စ်ရဲ့ လုပ်ရပ်တွေကို အာရုံစိုက်နေသည်။ ဖိုရမ်ရဲ့အောက်ခြေက 'ချူးလေးကို ငါအချစ်ဆုံး' ဆိုတဲ့နာမည်တစ်ခု ပေါ်လာတဲ့အခါ ကျောလင်ချက်ချင်း အကျယ်ကြီး ရယ်လိုက်မိသည်။
အားယိုး၊ ဘော့စ်ရေ နည်းနည်းလောက်ထိန်းထားလို့မရဘူးလား?
ဒါကိုမြင်လိုက်တာနဲ့ သူ့ ဘော့စ်ဖြစ်မယ်မှန်းသိလိုက်သည်။ မော့ချူးကို အချစ်ဆုံးက ဘော့စ်ပဲလေ။ ဒီလိုဆို မော့ယန်က ဘယ်လိုထင်သွားမလဲ?
နျဉ်ယွိယွမ်ရဲ့ မှတ်ချက်က အကြောင်းအရာကို ကြည့်လိုက်တော့ ကျောလင်တစ်ယောက် တစ်ကိုယ်လုံးတုန်တဲ့အထိ ရယ်တော့သည်။ [ချူးလေးက အရမ်းချောတယ်။ ငါ သူ့ကို လူကိုယ်တိုင်တွေ့ဖူးတာ။ မယုံရင် ကိုယ်တိုင်လာကြည့်ကြ!]
ဒီမှတ်ချက်က အရမ်းအားကောင်းကာ ကြီးစိုးလွန်းသည်။ နျဉ်ယွိယွမ်ရဲ့ ထုံးစံအတိုင်းပုံစံနဲ့ အတော်လေးကိုက်ညီလှသည်။
ကံဆိုးစွာနဲ့ 'ချူးလေးကို ငါအချစ်ဆုံး' ဆိုတဲ့သူက အဖွဲ့ချုပ်ရဲ့ တစ်ဦးတည်းသော စစ်ဗိုလ်ချုပ်ကြီးနျဉ်ယွိယွမ်ဖြစ်မှန်း တခြားဘယ်သူမှ မသိကြပေ။ ဒါကြောင့် သူ့မှာ အတိုက်အခိုက် အတားအဆီးတွေနဲ့ ကြိုဆိုခံလိုက်ရသည်။
[ဘယ်သူက မင်းကိုယုံမှာလဲ? ငါဆိုလည်း အရှင်မင်းကြီးနဲ့တောင် တွေ့ဖူးတယ်]
[ အရှင်မင်းကြီးကို ကိုယ်တိုင်လား? ငါလည်းသူ့ကို တွေ့ဖူးတယ်] နျဉ်ယွိယွမ်က ဂရုမစိုက်စွာနဲ့ ပြန်ဖြေလိုက်သည်။
[ကျုံးဝမ်၊ ကျုံးဝမ် မြန်မြန်လာခဲ့!] ကျောလင်က သူ့သူငယ်ချင်းလေးကို လက်ပြလိုက်သည်။ သူ့မျက်နှာအိုကြီးက အော်ရယ်မိတော့မည်။ "ဘော့စ်အခု တစ်ယောက်ယောက်နဲ့ငြင်းခုံနေတယ်! မင်း တိုက်ရိုက်ထုတ်လွှင့်တာကို ကြည့်ချင်လား?"
ကျုံးဝမ်က အခန်းတစ်ဖက်တွင် ထိုင်ကာ စာရွက်စာတမ်းတွေကို ပြုစုနေသည်။ ဒီစကားကို ကြားတော့ သူ မနေနိုင်ဘဲ အံ့အားသင့်သွားသည်။ နောက်တော့ စာရွက်စာတမ်းတွေကို ဘေးပို့ကာ ထရပ်လိုက်ပြီးကျောလင်ဆီ သွားလိုက်သည်။ "ဘာတွေဖြစ်နေတာလဲ? ငါ့ကိုပေးကြည့်ပါဦး!"
ဟမ့်! ကျောလင်က ကျုံးဝမ်ကို တစ်ချက်ကြည့်လိုက်သည်။ ဒီကောင်က တကယ်မျက်နှာများတယ်လို့ သူပြောဖူးပေမယ့် တခြားသူတွေက မယုံကြဘူး။ သူတို့တွေတကယ် မျက်စိကန်းနေတာဘဲ!
[ဟား! မင်းက အရမ်းအံ့သြစရာကောင်းတာပဲ။ မင်းကကောင်းကင်မှာ ပျံနေတာလို့ ငါတို့ကို ဘာလို့မပြောလိုက်သလဲ?] စောစောက အင်တာနက်သုံးစွဲသူမှာ နျဉ်ယွိယွမ်ရဲ့စကားကြောင့် နင်သွားရသည်။ သူ့မှာအကြောင်းပြန်ဖို့ အချိန်အတော်ကြာသွားသည်။
[ငါအရင်က ကောင်းကင်ကို ရောက်ဖူးတယ်။ ကြယ်အစုအဝေးကြားက သင်္ဘောကို စီးရုံပဲ]
သူ့ရဲ့ရက်စက်ကြမ်းကြုတ်တဲ့ အင်အားက ဝါဂွမ်းထိုးနေရသလိုမျိုး ခံစားရကာ နျဉ်ယွိယွမ်ရဲ့အဖြေကြောင့် အင်တာနက်သုံးစွဲသူမှာ သွေးအန်တော့မတတ်ဖြစ်သွားရသည်။ သူတို့မှာ ရိုးရိုးရှင်းရှင်းဘဲ အရှုံးပေးလိုက်ရတော့သည်။
ကျောလင်နဲ့ ကျုံးဝမ်တို့လည်း သဘောကျစွာနဲ့ကျွတ်စ််သပ်လိုက်ကြသည်။ သူတို့ရဲ့ ဘော့စ်မှာလည်း ဒီလိုဘက်ခြမ်းမျိုး ရှိလိမ့်မယ်လို့ သူတို့ မသိခဲ့ပေ။ စာအုပ်တစ်အုပ်ကိုအဖုံးနဲ့ အကဲဖြတ်လို့ မရဘူးဘဲ။
ဒီလိုနဲ့၊ နေ့ခင်းတစ်ခုလုံး၊ စစ်ဗိုလ်ချုပ်ကြီးရဲ့ရုံးခန်းထဲမှာ ဘာမှမပြီးလိုက်ဘဲ အချိန်ကုန်သွားတော့သည်။