← Chapters

အပိုင်း ၁၄၄

Vol. 10 Ch. 144

အပိုင်း ၁၄၄

Vol. 10 Ch. 144

အင်တာဗျူးထုတ်လွှင့်ပြီးတာ သုံးရက်ရှိပြီဖြစ်သည်။ ဒီ reality showရဲ့ hot နေမှုက အချိန်ကြာလာတာနဲ့အမျှ မှေးမှိန်မသွားသည်သာမက ပိုလို့ တောင်ပြင်းထန်လာသည်။ အဲ့ဒါက နိုင်ငံတော်နဲ့ဆိုင်တဲ့ အကြောင်းအရာတစ်ခု ဖြစ်လာဖို့ လမ်းကြောင်းပေါ် ရောက်နေတဲ့ပုံပင်။

အောက်မှာဖော်ပြထားတဲ့ အချက်အလက်တွေကို ကြည့်ပြီး ချင်ရှန့်က အပြုံးကြီးကြီးပြုံးလိုက်သည်။ ဒါပေါ့၊ ဒီအစီအစဉ်အပေါ် လူတိုင်းရဲ့ အာရုံစိုက်မှုက သူမျှော်လင့်ထားတာထက်တောင် ပိုနေတယ်။

ပီ ပီ-

အဲ့ဒီအချိန် ချင်ရှန့်ရဲ့ ခလုတ်ခုံက ရုတ်တရက် မြည်လာသည်။ သူအသာလေး ပွတ်ဆွဲလိုက်တော့ လင်ယဲ့ဟုန်ရဲ့ နည်းနည်း စိတ်ပျက်လက်ပျက်ဖြစ်နေ‌တဲ့ အသံထွက်လာသည်။ “ငါတို့ပြီးပြီ။ ဒီအစီအစဉ် ပြီးသွားပြီ!”

ဒါကိုကြားတော့ ချင်ရှန့် မထိန်းနိုင်ဘဲ အံ့ဩသွားမိသည်။ "ဒီလောက်တောင်မြန်တယ်လား?"

လူတစ်ယောက်ကို ထုတ်ဖို့ဆိုတာအနည်းဆုံး တစ်ပတ်လောက် စောင့်ရမယ်လို့ သူ အစကထင်ခဲ့ပေမယ့် လေးရက်အတွင်း ပြီးသွားဖို့ကိုတော့ သူ မမျှော်လင့်ထားပေ။

ချင်ရှန့်ရဲ့ အံ့ဩနေတဲ့လေသံကိုကြားတော့ လင်ယဲ့ဟုန်က မျက်လုံးကိုလှိမ့်ကာ ကျွတ်သပ်လိုက်သည်ပြီး မထီမဲ့မြင်ပြုကာပြောလာသည်။ “ဒါ‌တွေအားလုံးက မင်းရှာထားတဲ့လူတွေက အသုံးမကျလို့ဘဲ။ သူတို့က ပုတ်လိုက်ရုံနဲ့ တင်ကျိုးပျက်သွားနိုင်တဲ့ ပန်းထိုးခေါင်းအုံးတွေလိုပဲ"

"ဒါပေမယ့် စိတ်မပူပါနဲ့" လင်ယဲ့ဟုန်က ကင်မရာမြင်ကွင်းအမျိုးမျိုး ပေါင်းစပ်ထားတာကို ငုံ့ကြည့်လိုက်ပြီး ကျေနပ်စွာနဲ့ ခေါင်းညိတ်လိုက်သည်။ “ဒီအစီအစဉ်အတွက် ပစ္စည်းတွေကတော့ သေချာပေါက် ပေါမှာပဲ! မင်းဆီနောက်မှ ပို့ပေးလိုက်မယ်"

"အိုး?" ဒါကိုကြားတော့ ချင်ရှန့်မနေနိုင်ဘဲ မျက်ခုံးပင့်လိုက်မိသည်။ လင်ယဲ့ဟုန်ရဲ့ အဆိပ်ပြင်းတဲ့လျှာကြီးနဲ့ သူက 'သေချာပေါက်ပေါများမယ်' ဆိုတဲ့စကားကို တကယ်ကြီးပြောခဲ့တယ်။ ဒီအပိုင်းရဲ့ အကျိုးသက်ရောက်မှုက အရမ်းစိတ်ဝင်စားဖို့ကောင်းမှာဘဲ။

"ကောင်းပြီ၊ ပြီးပြီဆိုတော့ ပြီးပြီပေါ့။ မင်းတို့‌တွေ အမြန်ဆုံး ပြန်လာသင့်တယ်" လင်ယဲ့ဟုန်နဲ့ စကားစမြည်ပြောတာကို အဆုံးသတ်လိုက်ပြီး ခလုတ်ခုံကနေ သူပို့လာတဲ့ ဗီဒီယိုဒေတာကို ကြည့်ပြီးတဲ့နောက်၊ ချင်ရှန့် တခဏလောက် စဉ်းစားလိုက်ပြီး ခပ်တိုးတိုးပြောလိုက်သည်။ "ထုတ်လုပ်ရေး အဖွဲ့ခေါင်းဆောင်ကို လာဖို့ပြောလိုက်"

"ဟုတ်ကဲ့ပါ” ဘေးမှာရပ်နေတဲ့ အတွင်းရေးမှူးက ခေါင်းတညိတ်ညိတ်နဲ့ ထုတ်လုပ်ရေး အဖွဲ့ခေါင်းဆောင်ကို ချက်ချင်းလာခိုင်းလိုက်သည်။

“လာ၊ ဒီမှာကြည့်ကြည့်” အလင်းဖန်သားပြင်ပေါ်က ဗီဒီယိုဒေတာကို ဖွင့်လိုက်ကာ ချင်ရှန့်နဲ့ ထုတ်လုပ်ရေးအဖွဲ့ခေါင်းဆောင်တို့ အတူတူကြည့်လိုက်ကြသည်။

"ဘယ်လိုလဲ?" ဗီဒီယိုကိုကြည့်ပြီးတဲ့နောက် ချင်ရှန့်ကထုတ်လုပ်ရေးအဖွဲ့ခေါင်းဆောင်ကို ကြည့်ကာစုံစမ်းမေးမြန်းတဲ့လေသံနဲ့ မေးလိုက်သည်။

"ဒီဟာက အရမ်း... အရမ်းကောင်းတယ်!" အဖွဲ့ခေါင်းဆောင်ရဲ့ ဦးနှောက်က အလျင်အမြန်အလုပ်လုပ်နေကာ သူ့မျက်လုံးတွေကလည်း တောက်ပလာသည်။ “ဒီအချက်အလက်ကို အပိုင်းသုံးပိုင်းခွဲလို့ရတယ်။ ပထမပိုင်းရဲ့ ဗီဒီယိုအပြည့်အစုံကို ကျွန်တော်တို့‌တွေနှစ်ရက်အတွင်း လာပေးပါမယ်"

"အရမ်းကောင်းတယ်" ဒါကိုကြားတော့ ချင်ရှန့်က ကျေနပ်စွာ နဲ့ခေါင်းညိတ်လိုက်သည်။

လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း၊ ဒီ reality show အကြောင်းအရာက စတားနက်တစ်ခုလုံးတွင် ပျံ့နှံ့သွားသည်။ လူအများရဲ့ စိတ်အားထက်သန်မှု အထွတ်အထိပ်ကို ရောက်နေတဲ့အချိန်မှာ ချင်ရှန့်တို့ရဲ့ ချင် Entertainment ကုမ္ပဏီကနေ ရုတ်တရက် ကြေငြာချက်တစ်ခု ထုတ်ပြန်လာသည် - [ဒီအပတ် ကိုးနာရီမှာ 'ဘယ်သူက အသန်မာဆုံးလဲ' ဆိုတဲ့ reality showကို စတားနက်က ချင် TV မှာတရားဝင်ထုတ်လွှင့်ပြသတော့မှာဖြစ်ပါတယ်။ အဲဒီအချိန်ကျရင် လူတိုင်း အားပေးကြည့်ရှုပေးကြပါခင်ဗျာ]

သတင်းထွက်လာတာနဲ့ တပြိုင်နက် ချင် Entertainment အောက်တွင် မှတ်ချက်တွေက အလျင်အမြန် လွှမ်းမိုးလာသည်။ သတင်းအချက်အလက်နဲ့ ရလဒ်တွေကို တောင်းရမ်းနေတဲ့ မှတ်ချက်အမျိုးမျိုးဟာလည်း တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။

[ဒီအပတ်မှာ ထုတ်လွှင့်တော့မှာလား? ငါ့လက်နဲ့ ရေကြည့်လိုက်မယ်၊ သေစမ်း! သုံးရက်‌တောင် ကျန်သေးတယ်၊ ဒီသုံးရက်ကို ငါ ဘယ်လိုကုန်ဆုံးရမှာလဲ?]

[ဘယ်သူလဲ? ဘယ်သူ အထုတ်ခံရတာလဲ? အာ၊ ရလဒ်ကို ငါတကယ်သိချင်နေပြီ၊ ငါ့ရင်ထဲမှာယားနေပြီ!]

[မော့ချူးလို့ ထင်တာပဲ။ ဘာပဲဖြစ်ဖြစ် သူက သူတို့ကြားထဲမှာ အငယ်ဆုံးဖြစ်တော့ အတွေ့အကြုံလည်း လုံလုံလောက်လောက်မရှိဘူးလေ။ သူ အထုတ်ခံရတာကိုတော့ နားလည်ပေးလို့ရတယ်]

[မဟုတ်ဘူး၊ ငါ ဒီကောင်မလေးကို ကြိုက်တယ်! သူတောင့်ခံထားနိုင်မယ်လို့ မျှော်လင့်တယ်!]

[ထောက်ခံတယ်!]

[ဘယ်လိုပဲပြောပြော နတ်ဘုရားစုန့်လည်း အဆင်ပြေလောက်မှာ! သူက အရမ်းတော်တယ်!]

[ငါတို့ရဲ့ နတ်ဘုရားစုန့်ပေါ်လာရင် ငါစခရင်ကိုလျက်မှာ၊ စခရင်ကိုလျက်မှာ!]

စောင့်ရတဲ့ အချိန်က အမြဲတမ်းကြာတယ်လို့ ခံစားရသည်။

ဒီသုံးရက်အတွင်း၊ စိတ်လှုပ်ရှားနေကြတဲ့ ပရိသတ်တွေမှာ သုံးနှစ်တောင်ကြာသွားပြီလို့ ခံစားခဲ့ရသည်။ သူတို့က ချင် Entertainment အောက်မှာ မှတ်ချက်တွေနဲ့ ဗုံးကြဲတိုက်ခိုက်တော့သည်။ ပို့စ်တွေလွန်းပြီး အချိန်တွေက သိပ်သည်းနေတာကြောင့် ချင် Entertainmentရဲ့ စနစ်ကို ပြိုလဲသွားစေတော့သည်။ တကယ်ကို၊ လူထုရဲ့ ပါဝါက တန်ခိုးကြီးတာပဲ!

All Chapters